← Chapters

ပုံရိပ်ယောင်များ

Vol. 49 Ch. 4.247

ပုံရိပ်ယောင်များ

Vol. 49 Ch. 4.247

"အတုအယောင်တွေက အတုတွေချည်းပဲ.... မင်းငါ့ကို ခိုးဝင်တိုက်ခိုက်ပြီး ငါ့ကို သစ္စာဖောက်ဖို့ လုပ်ခဲ့တာက မင်းရဲ့အတွင်းစိတ် နတ်ဆိုးဖြစ်လာဖို့ ရည်မှန်းထားပြီးသားလို့ ဆိုလိုတာပဲ... မင်းဆက်ပြီး အားကောင်းလာတာနဲ့အမျှ မင်းရဲ့အတွင်းစိတ်ထဲက နတ်ဆိုးတွေက ဆက်ပြီးပေါက်ဖွားလာလိမ့်မယ်...ငါယုံတယ် မင်းတစ်​နေ့ သေရလိမ့်မယ်"

လုရွှမ် အော်လိုက်ပြီး သူ့လက်ကို ကောင်းကင်ပေါ် မြှောက်ပြီး

"ဒါကမှ တကယ့် လေပြင်းလက်ဝါးပဲ"

လုရွှမ်၏ လက်ဖဝါးမှ ပြင်းထန်သော အလင်းတန်းများ လွင့်ထွက်သွားပြီး လက်ဖဝါးသည် ချက်ချင်းပင် ကျယ်ပြန့်သွားလေသည်။

အရောင်သည် တောက်ပသော အဖြူမှ အနီ၊ အနီမှ အဝါသို့ ပြောင်းလဲကာ နောက်ဆုံးတွင် ခရမ်းရောင် လေပြင်း၏ အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ ထိုအရှိန်အဟုန်သည် ကောင်းကင်နှင့် မြေကြီး၏ နိယာမ စွမ်းအင်များကို ညှဉ်းဆဲလုနီးပါးပင်။

လေထုအလယ်တွင် အက်ကွဲကြောင်းများ ပွင့်ထွက်လာပြီး လေပြင်းများ မှုတ်ထုတ် တိုက်ခတ်လာသည့် အကြား၌ လုရွှမ်သည် မလှုပ်မယှက် ရပ်နေ၏။

ကြီးမားသော လက်ဝါး​ကြီး နှစ်ခု ထိပ်တိုက် ပြေးဆောင့်မိသွားသည့် အခိုက်တွင် ဧကရာဇ်ကျိုးရန်၏ လက်ဝါးကြီးသည် အပိုင်းပိုင်း ကွဲအက်သွားကာ လုရွှမ်ရဲ့ လက်ဝါးကြီးက ဖုံးအုပ်ပစ်လိုက်သည်။

ဧကရာဇ်ကျိုးရန်၏ ရုပ်ပုံမှာ ကွဲအက်သွားသော်လည်း ကြီးမားသော လက်ဝါးသည် အရှိန်အဟုန်ဖြင့် စုစည်းနေဆဲဖြစ်သည်။ ပတ်ဝန်းကျင်ရှိ တောက်ကျင့်စဥ် ပုံစံနိယာမများသည် တုန်လှုပ်သွားကာ ပုံရိပ်ယောင်ကမ္ဘာ အတွင်းရှိ အက်ကြောင်းများသည် အဆက်မပြတ် ဆန့်ထွက်နေခဲ့၏။

နောက်ဆုံးတွင် ၎င်းတို့အားလုံး ကျယ်လောင်သော အသံနှင့်အတူ ကွဲအက်သွားခဲ့သည်။ လုရွှမ်၏ မျက်လုံးများ တောက်ပလာကာ သူ့မျက်စိရှေ့က မြင်ကွင်းမှာ ပြောင်းလဲသွားကာ အဘိုးအိုတစ်ယောက် ပေါ်လာ၏။

အဘိုးအို၏ မျက်နှာသည် ရိုးရှင်းသော်လည်း ကြင်နာမှုရှိသော အရိပ်အယောင်တချို့ ရှိ​နေသည်။ လုရွှမ်ကို မြင်သောအခါ ရယ်မောကာ လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။

လုရွှမ် ခန္ဓာကိုယ်သည် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူ့မျက်လုံးများက ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အဘိုးအို လှုပ်ရှားလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်က နိယာမဥပဒေများက သူ့ကို ချုပ်နှောင်ပြီးသား ဖြစ်နေပြီ။

တစ်ချိန်က ရွှေကျီးကန်း ပြောခဲ့သော စကားတစ်ခွန်းသည် သူ့နားထဲတွင် ရုတ်ချည်းဆိုသလို ပဲ့တင် ထပ်လာခဲ့သည်။ နိယာမစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဥပဒေသာ ဖြစ်သည်။ ၎င်းကို ဤလောက၌ ထားရှိပါက ဤလောက၏ ဥပဒေသာ ဖြစ်သည်။

ခန္ဓာကိုယ်နှင့် တောက်ကျင့်စဥ် ပုံစံက ပေါင်းစည်းပြီး ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းနေလျှင်ပင် ပေါင်းစပ်ထားတဲ့အရာက ဒီကမ္ဘာလေးထဲက ဒီကမ္ဘာငယ်လေးပဲ ဖြစ်နေမှာ ဖြစ်လေသည်။

လူတွေရဲ့ အပြင်မှာ လူတွေရှိကြသလို ကောင်းကင်ရဲ့ အပြင်မှာလည်း ကောင်းကင်ကြီး ရှိသေးသည်။ ကောင်းကင်နဲ့ မြေကြီးဆိုတာ ပြင်ပစွမ်းအားတွေ ဖြစ်ပြီး တကယ့် နိယာမဥပဒေက မိမိကိုယ်ပိုင် ခန္ဓာကိုယ်ပဲ ဖြစ်ပေ၏။

ကောင်းကင်ဖီးနစ်မီးသည် တစိမ့်စိမ့် ထွက်လာပြီး ခန္ဓာကိုယ်အနှံ့ လောင်ကျွမ်းသွားသည်။ လုရွှမ်ရဲ့ စိတ်ဝိညာဥ်က လှုပ်ရှားသွားကာ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာခဲ့သည်။

ယွမ်ယန်စွမ်းအင်သည် တဒုန်းဒုန်း ပြေးလွှားနေပြီး သူ့ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ လင်းလက်လာသည်။ အလင်းရောင် အောက်တွင် တောက်ကျင့်စဥ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းနေသည်။

ခန္ဓာကိုယ်ကို တောက်ကျင့်စဥ် ပုံစံဖြင့် ပေါင်းစည်းနေခြင်း မဟုတ်သော်လည်း တောက်ကျင့်စဥ် စွမ်းအင်များက အဆက်မပြတ် ပြိုကွဲနေပြီး သူ့ခန္ဓာကိုယ် အတွင်းသို့ စွမ်းအင်စီကြောင်းများ အဖြစ်သို့ ပြောင်းလဲ ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။

တခဏချင်းတွင် လုရွှမ် ခန္ဓာကိုယ်ထဲက တောက်ကျင့်စဥ် ပုံစံများသည် လုရွှမ်၏ စိတ်ဝိညာဥ် စိတ်နှင့်အတူ ပြောင်းလဲသွားပြီး နိယာမဥပဒေ စည်းမျဉ်းများအဖြစ် အလိုအလျောက် ပေါင်းစပ်သွားခဲ့သည်။

ခန္ဓာကိုယ်တွင် ပိတ်မိနေသော နိယာမဥပဒေများ ပြောင်းလဲသွားပြီးသည်နှင့် လုရွှမ်သည် အဖိုးအို၏လက်မှ အလွယ်တကူ ထွက်သွားလေသည်။

ဝုန်းကနဲ ပေါက်ကွဲသံ နှင့်အတူ ပုံရိပ်ယောင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားကာ ယခင်က အဘိုးအိုသည် ရွှေကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို ငှက်မျက်လုံး တစ်စုံဖြင့် စိုက်ကြည့်နေ၏။

"ကောင်လေး.... ဒီအဘိုးရဲ့ သေရည်က ဘယ်မှာလဲ?? အဲဒါတွေ မင်းအကုန် ကစားပစ်ပြီမလား?"

ရွှေကျီးကန်းသည် အစစ်နှင့် အလွန်တူသောကြောင့် လုရွှမ် ရွှေကျီးကန်းကို ကြည့်ကာ မသိစိတ်အလျောက် လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။ ရွှေကျီးကန်းက လုရွှမ်ရဲ့ လက်ဖဝါးကို အတောင်ပံတွေနဲ့ ရိုက်လိုက်ပြီး

"မင်းဘာလုပ်နေတာလဲ?.... ငါသိပါတယ် မင်းဒုက္ခရောက်နေတာ ငါသိပါတယ်... ရားရားသာ မင်းကိုကယ်ပေးဖို့ မတောင်းပန်ရင် ဒီသခင်က ထွက်လာမှာ မဟုတ်ဘူး"

"မင်းအစောက ဝက်တစ်ကောင်ကို ပစ်ထည့်လိုက်တယ်မလား? ကောင်လေး အဲဒါက ဖြုန်းတီးတယ်လို့ မယူဆပေမယ့် တကယ်တော့ ကောင်းတဲ့အချက်တွေလည်း တွေ့လိုက်ရပါတယ်လေ... အခု မင်းသွေးစတေးမှု အခင်းအကျင်းရဲ့ နောက်ဆက်တွဲဒဏ်ကို ခံစားနေရတုန်းပဲ.... ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး မင်းနဲ့အတူ ရတနာ စုဆောင်းရတာ ဘာပြဿနာမှ မရှိဘူး.... ဒီမှာ ရှားပါးတဲ့ ရတနာတစ်ခုရှိမှန်း ငါနားလည်တယ်..."

လုရွှမ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ရွှေကျီးကန်းကို လွှတ်ပေးလိုက်သည်။

"ရွှေကျီးကန်းက အရမ်းဆိုးတယ်... အပြော မကောင်းပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခိုက်အတန့် မဟုတ်ရင် ထွက်လာမှာ မဟုတ်ဘူး.... အရင်က ကောင်းကင်မီးတောက်ဖြစ်တဲ့ ယွမ်ယန်အလင်းမှုန်ကို စုဆောင်းခဲ့လို့ အခု ရွှေကျီးကန်းက သူ့အသွေးကို သန့်စင်ရင်း အိပ်ပျော်နေလောက်ပြီ ဘယ်လိုလုပ် ဒီနေရာမှာ ထွက်လာမှာလဲ?"

ရွှေကျီးကန်း၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်သည် ပြောင်းလဲသွားခဲ့ပြီး သူသည် ယခင်က အဘိုးကြီး ဖြစ်လာခဲ့သည်။

"ကောင်လေး.... အံ့သြစရာပဲ ငါဘယ်သူလဲ ဆိုတာ မင်းသိနေတာပဲ ဟုတ်တယ် ငါက အဘိုးကြီးရွှမ်ဟွမ်ပဲ... နှစ်တွေကြာလာခဲ့ပြီ ငါတည်ဆောက်ထားတဲ့ အရာငါးခုကို လူတစ်ယောက်တည်းကပဲ မြင်ပြီး ငါမြှုပ်နှံထားတဲ့ အခွင့်အရေး ငါးခုလုံးကို ရခဲ့တယ်ဆိုတော့ အရမ်းကောင်းတယ်.... မင်းက ငါရွေးချယ်ထားတဲ့ ဆက်ခံသူပဲ"

လုရွှမ်သည် အဘိုးကြီးရွှမ်ဟွမ်ကို လျစ်လျူရှုကာ သခင်တစ်ဦး၏ အရိပ်အယောင်ဖြင့် ကြည့်နေသူ အဘိုးကြီးအား ပြန်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် မျှော်လင့်ချက်များ ပြည့်နှက်နေသော်လည်း ဖူးမြော်ခံခြင်းအပြင် သူ၏ အားပေးမှုမှာလည်း ကြမ်းတမ်းနေသလိုပင်။

ဤသည်မှာ အမှန်ပင် သခင်တစ်ဦး၌ ရှိသင့်သော ပုံရိပ်ဖြစ်သည်။ လုရွှမ်၏ မျက်လုံးများသည် ရွှေရောင် အလင်းတန်းများ ထွန်းလင်းလာကာ လှည့်စားမှုများကို မြင်နိုင်​လေသည်။

"ခင်ဗျားရဲ့ အထူးချန်ထားခဲ့တဲ့ ရတနာကို ကျုပ်ရပြီး​ပြီဆိုတာ သိတယ်ဆိုမှတော့ ကျုပ်မျက်လုံး အစွမ်းတွေက ခန်းဟွေ နတ်ဘုရား မျက်လုံးတွေထက် မနိမ့်ဘူးဆိုတာ ပိုရှင်းရှင်းလင်းလင်း သိထားမှာပါ... ပုံရိပ်ယောင် ထောင်ပေါင်းများစွာကို ကျုပ်မြင်နေရပြီ... ခင်ဗျား ဘာလို့ကျုပ်ကို မြန်မြန် ပြန်မလွှတ်​​သေးတာလဲ?"

…

လုရွှမ်သည် သူ၏ အတိတ်အတွေ့အကြုံ အားလုံးကို အဆက်မပြတ် ဆွဲထုတ်နေသကဲ့သို့ ခံစားလာရသည်။ သူ့စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု သို့မဟုတ် အတွေးတစ်ခု ရှိလိုက်တဲ့အခါတိုင်း ၎င်းကို ပုံရိပ်ယောင်ကမ္ဘာထဲသို့ အဆက်မပြတ် ဆွဲသွင်းကာ အထပ်ထပ် ဖြတ်ကျော်နေရသည်။

သူ့စိတ်ဝိညာဥ်က အဆက်မပြတ် ကျယ်​ပြန့်လာပြီး လူငါးဦး၏ ရုပ်များကို ပြန်မြင်ရတဲ့အထိ မျက်စိများ ကြည်လင်လာခဲ့သည်။

"နိုးပြီလား? အဆင်ပြေလား?"

အောင့်ယွဲ့က စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး ရုတ်တရက် လုရွှမ်ရင်ခွင်ထဲသို့ ကလေးတစ်ကောင်လို ပြေးဝင်သွား​တော့သည်။ ချန်ယီးနဲ့ တခြားသူတွေက သူတို့နှစ်ယောက်ကို အပြုံးတွေနဲ့ ကြည့်နေကြပြီး မျက်လုံးတွေ နီရဲနေကာ စိတ်လှုပ်ရှားမှုတွေကလည်း လျှံထွက်နေ၏။

"ညီလေးလုရွှမ်"

တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် လာခဲ့ကြပေမယ့် ခံစားချက်တွေက လုံးဝကို သိမ်ငယ်သွားသလိုပင်။ သူ့ခန္ဓာကိုယ်ထဲကို ဓားရှည်တစ်ချောင်းက ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။

နတ်သမီးအောင့်ယွဲ့သည် သူ့ရင်ခွင်ထဲမှ နောက်သို့ ဆုတ်သွားပြီး လုရွှမ်ကို ရယ်မောကာ ကြည့်လိုက်သည်။

"ဟုတ်တယ်.... ကျွန်မတို့က ရှင့်ကို ကျေးဇူးနေတာ... ဒါပေမဲ့ ရှင်က ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးလို ဖြစ်လာတော့ ဖယ်ရှားပစ်လိုက်တာက အကောင်းဆုံးပဲလေ!"

"အတုအယောင် ဆန်လွန်းတယ်!"

စကား တစ်ကြောင်းတည်းကပင် ကမ္ဘာကြီးကို ပြိုလဲသွား​စေခဲ့သည်။ လုရွှမ်သည် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သော ဓားသည် ဘာမှမဖြစ်သွား သကဲ့သို့ ပျောက်ကွယ်သွားသည်။

သွေးမိုးများ ရွာချလိုက်တဲ့အခါ လုရွှမ် ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ တောက်လောင်လာခဲ့သည်။ သွေးမိုးများ ပူလောင်လာကာ သွေးအရောင် လျော့သွားကာ စိတ်ဝိညာဉ် စွမ်းအင်များ တဟုန်ထိုး တက်လာကာ ချိုမြသောမိုးရေများ အဖြစ်သို့ ပြောင်းလဲသွားသည်။

လုရွှမ်သည် ချန်ယီးနှင့်အတူ တခြား သန့်စင်သော ကောင်းကင်နှင့် မြေကြီး၏ သူတော်စင် ဝိညာဉ်စွမ်းအင် အငွေ့အသက်တွေနဲ့ ပြည့်နေသော အရိပ်လေးခုကို မြင်လိုက်ရသည်။

သူထိုပုံရိပ်​ယောင်အတိုင်း လက်မခံဘဲ ခေတ္တဖယ်ထားလိုက်ပြီး သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ကောင်းကင်နှင့် မြေကြီးကြားတွင် လေထု တံခါးတစ်ချပ် ပေါ်လာခဲ့ရာ လုရွှမ် တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။

…

"လုရွှမ်... သွေးစ​တေးခြင်းရဲ့ တုံ့ပြန်မှုကို တကယ် ခံနိုင်ရည် ရှိပါ့မလား?"

လုရွှမ်ရဲ့ ဘေးနားမှာ ရပ်နေတဲ့ အောင့်ယွဲ့တစ်ယောက် နောက်ဆုံးမှာတော့ သူမအာရုံကို ပြန်စုစည်းနိုင်သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ရန် တင်ပျဉ်ခွေထိုင်နေသော လူလေးယောက်သည် မျက်လုံးဖွင့်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ညီတစ်ညွတ်တည်း ပြောကြသည်။

"လုရွှမ် ထွက်လာနိုင်မှာ သေချာတယ်!"

"အဲဒါမဖြစ်ခင်....သစ္စာဖောက်တွေကို အရင်သတ်လိုက် ကြရအောင်"

လိရှောင်းက ရုတ်တရက် အော်လိုက်သည်။ သူသည် လူသတ်ခြင်း ကျင့်စဥ်ကို လေ့ကျင့်ထားခဲ့တာကြောင့် လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို အထိခိုက် မခံနိုင်ဆုံး ဖြစ်သည်။

ထိုအခိုက် လူတိုင်းသည် တောင်ထိပ်ဆီသို့ မျှော်ကြည့်ကြတဲ့အခါ လူတစ်စုက တောင်ပေါ်မှ ပြေးဆင်းလာကြ​လေသည်။ တစ်အုပ်စု၊ နှစ်အုပ်စု နောက်ဆုံး လူတစ်ရာထက်မနည်း ရှိနေတာ တွေ့ရ၏။

သူတို့သည် တောင်ကုန်းပေါ်မှ အလျင်အမြန် ပြေးဆင်းလာကာ လူခြောက်ယောက်ကို ဝိုင်းထားလိုက်သည်။

All Chapters