← Chapters

သခင်လေးရှောင်းရောင်

Vol. 49 Ch. 4.248

သခင်လေးရှောင်းရောင်

Vol. 49 Ch. 4.248

"ဟမ့် အစောကတည်းက ဒီနေရာမှာ အပြောင်းအလဲတွေ ဖြစ်နေတာ သတိထားမိလိုက်တယ်... တစ်ယောက်ယောက် ဒီမှာ သွေးစတေးမှု အခင်းအကျင်းကို လုပ်သွားခဲ့တာပဲ မင်းတို့ ငါးယောက်က ငါတို့ အနီးနား ကမ္ဘာငယ်လေးက ပါရမီရှင်တွေလို့ သတ်မှတ်ထားကြတာတောင် မင်းတို့ ဒီလို မကောင်းမှုမျိုးတွေကို တကယ်လုပ်ခဲ့တာပဲ... သေသင့်တယ်"

"ဒီနေ့ သခင်လေးရှောင်းရောင် ငါက ကောင်းကင်ဘုံအတွက် တရားမျှတအောင် လုပ်ပေးပြီး မင်းတို့နတ်ဆိုးတွေကို သတ်ပစ်မယ်!!"

အသံရှင်သည် သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ဖက်ထုပ်လို လုပ်နေသည့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ရုပ်ဖျက်မထားသော တပ်မက်မှုက နတ်သမီးအောင့်ယွဲ့နှင့် နတ်သမီးရှန်းရှဲ့ တို့အပေါ်၌ တောက်ပနေ၏။

သူ့ခန္ဓာကိုယ်မှ သွေးခြေရာများ ပြန့်ကျဲနေပြီး သူသည် အရူးအမူး လူသတ်ခဲ့ကြောင်း ထင်ရှား​​လေသည်။

ရှန်းရှဲ့က သူ့ပတ်ဝန်းကျင်က လူတွေကို စိုက်ကြည့်ပြီး အနည်းငယ် ပြုံးလိုက်ကာ။

"လတ်စသတ်တော့ ဒါတွေအားလုံးရဲ့ နောက်ကွယ်က ရှင်ဖြစ်နေတာကိုး....ရှင့်ရဲ့ ရုပ်သေးပညာက မဆိုးပါဘူး... ကျင့်ကြံသူ တော်တော်များများက ရှင့်ရဲ့ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းပစ်လိုက်နိုင်တယ် ဆိုတော့ သခင်လေးရှောင်းရောင်က တကယ်ကို အံ့သြစရာ ကောင်းပါတယ်”

"ဘာ!! ဒီလူတွေက ရုပ်သေးတွေလား?"

ရဟန်းငယ်လေး ချန်ယီး တစ်ဖြစ်လည်း ရှောင်းဟဲရှန်းက အော်လိုက်သည်။

“အများစုကတော့ ဒီသခင်လေးရှောင်းရောင်ဆီမှာ လက်နက်ချပြီးပြီ”

အောင့်ယွဲ့ကလည်း ဆိုလိုက်သည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားမှာလည်း ထူးခြားတာ​ကြောင့် သည်းခံနိုင်သော စိတ်ဝိညာဉ်များနှင့် ကွဲအက်နေသော ဝိညာဉ်များကိုလည်း သူမ ခံစားနိုင်သည်။ ထိုလူများသည် လူတစ်ယောက်ဆီက ထိန်းချုပ်တာကို ခံနေရခြင်းပဲ ဖြစ်လေ၏။

လိရှောင်းသည် ဓားရှည်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးလိုက်ပြီး

"ကောင်လေး.... ဒါ မင်းပေါ့လေ... အရင်က အဲဒီလူလေးယောက်မှာ ဘာမှားနေလဲလို့ စဥ်းစားနေတာ... လတ်စသတ်တော့ သူတို့အားလုံးကို မင်း ရုပ်သေးဖြစ်အောင် ပြောင်းပစ်လိုက်တာကိုး... သိပ်ကောင်းတယ် မင်းငါ့မျက်လုံးထဲ ဝင်လာပြီဆိုတော့ ငါမင်းကို သတ်ပစ်တော့မယ်"

သခင်လေးရှောင်းရောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

"သခင်လေးလိရှောင်း ဒီလိုမျိုး ပိုင်းခြားသိမြင်နိုင်တာ ကျုပ်အတွက်တော့ တကယ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်.... ဒါပေမဲ့ တိုက်ခိုက်တာက ဒီသခင်လေးကို မထီမဲ့မြင်ပြု​စေတယ်.. အဲဒါက ကြမ်းတမ်းတဲ့ လူတွေပဲ လုပ်ကြတာလေ နောက်ပြီး ဒီသခင်လေးမှာ ရုပ်သေးတွေ အများကြီးရှိတယ်....ကျုပ်ကို ခင်ဗျားလိုပဲ ဦးနှောက်မရှိဘူးလို့ ထင်နေလား?"

"အတင့်ရဲနေချက်!"

လိရှောင်း သူ့ဓားကို ဆွဲထုတ်လိုက်ပြီး သခင်လေးရှောင်းရောင်ကို ခုတ်ထစ်ဖို့ပြင်ရင်း အော်ဟစ်လိုက်သည်။

ဒါပေမဲ့ သူ့ဘေးနားက တစ်ယောက်က အရင်လှုပ်ရှားပြီးပြီ။ သားသတ်သမားက ပုဆိန်ကြီးကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သခင်လေးရှောင်းရောင်ကို တစ်ချက် လွှဲရိုက်လိုက်သည်။

"လူတွေကို ရုပ်သေးဖြစ်အောင် လုပ်တယ်... ကောင်းကင်က ဒီလူကို မဖယ်ရှားရင် ငါ ဖယ်ရှားပစ်မယ်"

"ကိုယ့်နေရာကို မသိတဲ့ကောင်ပဲ!"

သခင်လေးရှောင်းရောင်က အော်ဟစ်ကာ ကျိန်ဆဲလိုက်သည်။ သူသည် လက်တစ်ဖက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ရုံဖြင့် သူ့အနားရှိ သူတော်စင်နယ်ပယ် တတိယအဆင့်မှ အမျိုးသားတစ်ဦး ပြေးတက်လာကာ လေထုအလယ်က သားသတ်သမားရဲ့ ပုဆိန်ကို ပိတ်ဆို့ထားလိုက်သည်။

"သေချင်းဆိုး!!"

လိရှောင်းကလည်း ကျိန်ဆဲလိုက်သည်။

သားသတ်သမားမှာ ဘယ်လို အစွမ်းသတ္တိတွေ ရှိလဲ? သူက သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံတဲ့ကာလဆိုတဲ့ အရာကိုပဲ မကြည့်ပါနဲ့။

ထိုလူသည် သူ့နယ်ပယ်ကို တစ်ချိန်လုံး ဖိနှိပ်ထားခဲ့ပြီး ရွှမ်ခုန်းတောင်သို့ ဝင်ရောက်ကာ အမွေကို ရယူပြီးနောက် တစ်ရှိန်ထိုး ဖြတ်ကျော်ကာ သူတော်စင်နယ်ပယ် ဖြစ်လာခဲ့သည်။

နယ်ပယ် ထိုးဖောက်သွားတဲ့အခါ သူတော်စင်နယ်ပယ် အဆင့်၅ အဆင့်၆အထိ တိုက်ရိုက် ထိုးဖောက်သွားတာကြောင့် သူ့ရှေ့မှာ သူတော်စင်နယ်ပယ် အဆင့်၃ ဆိုတာ သေလမ်းရှာနေတဲ့ အရူးတစ်ယောက်လိုပဲ ဖြစ်သည်။

သေချာတာကတော့ ပုဆိန်နဲ့ အခုတ်ခံရပြီးနောက် ထိုကျင့်ကြံသူလည်း နှစ်ပိုင်း ပြတ်သွားတော့သည်။

ကြောက်စရာ ကောင်းတာက သွေးတွေပျံပြီး အသားကွဲတွေ နေရာအနှံ့ ပြန့်ကျဲသွားတာ မဟုတ်ချေ။ သားသတ်သမားရဲ့ ပုဆိန်အောက်မှာ ထိုလူရဲ့ ခန္ဓာကိုယ်သည် နှစ်ခြမ်းခွဲထွက်သွားကာ အသားနဲ့ အသွေးမှာ သွေးတစ်ခြမ်း၊ သစ်သားတစ်ခြမ်း ဖြစ်နေလေ၏။

ဖြောင်း! ဖြောင်း!

သခင်လေးရှောင်းရောင်က ပြင်းပြင်းထန်ထန် ချီးကျူးလိုက်ဟန်ဖြင့် လက်ခုပ်တီးရင်း

"အံ့သြစရာပဲ.... အံ့သြစရာပဲ သားသတ်သမားက သားသတ်ရင်း ကိုယ်ခံပညာကို လေ့ကျင့်ကြတယ်လို့ ကြားဖူးတယ်.... ခင်ဗျားရဲ့ သိုင်းပညာက သစ်သားခွဲခြင်း မဟုတ်လား? ဘယ်လောက်မာတဲ့ သစ်သားဖြစ်ဖြစ် နှစ်ခြမ်းခွဲထုတ်ပစ်နိုင်တယ်... ဒီသခင်လေးက အဲဒါကို ကောလဟာလလို့ အမြဲထင်ခဲ့နေခဲ့တာ... တကယ်ရှိနေမယ်လို့ မထင်ထားဘူး.... ခင်ဗျားက တကယ် ပါရမီရှင်တစ်ယောက်ပဲ လေးစားပါတယ် လေးစားပါတယ်"

"ကျင့်​ကြံမှုစွမ်းရည်နဲ့ ပတ်သက်လာရင် ကျုပ် ခင်ဗျားနဲ့ မယှဉ်နိုင်ဘူး.... ကံမကောင်းတာက ခင်ဗျားကို အရည်အချင်းနဲ့ မယှဉ်ဘူး ကိန်းဂဏန်းနဲ့ ပြိုင်မယ် ဟားဟား.... အတူတူ တက်!"

သခင်လေးရှောင်းရောင် စကားဆုံးသောအခါ သူသည် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားပြီး လူအုပ်ကြီးထဲ ဝင်နေလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး အတန်ငယ် နီရဲနေ၏။

သူသည် ချန်ယီးနှင့် တခြားသူများကို ဒဏ္ဍာရီလာ ပါရမီရှင်များ ဖြစ်မည်ဟု တွေးတောကြံဆခဲ့သော်လည်း ယခုအခါ အနီးနားရှိ ကမ္ဘာငယ်လေးတွင် ကျော်ကြားလာသည့် ဤပါရမီရှင်များကို လျှော့တွက်ထားမိကြောင်း သူသိသွား​လေသည်။

ရန်သူတွေ လုပ်ထားပြီးသား ဆိုရင်တော့ သေတဲ့အထိ တိုက်ရုံပဲ ရှိတော့၏။

ရုပ်သေးများသည် ဓား၊ လှံရှည်၊ တုတ်များ၊ လက်နက်မျိုးစုံ၊ လျှပ်စီးကြောင်းများ၊ မှော်စွမ်းအားအမျိုးမျိုးတို့ဖြင့် လူငါးဦးဆီသို့ အပြင်းအထန် ပြေးသွားကြသည်။ လူငါးဦးသည် လုရွှမ်ကို အလယ်ဗဟိုတွင် တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးကာ ကြိုတင် ဇာတ်တိုက်ထားခြင်းမရှိပဲ အစွမ်းကုန် ပြေးထွက်ကာ ရုပ်သေးတွေနဲ့ သွေးထွက်သံယို တိုက်ပွဲအား ဆင်နွှဲကြတော့သည်။

"သူတို့က ကာကွယ်နေတာ အလယ်က လူပဲ.... အဲဒီလူကို အရင်သတ်ပစ်!!"

သခင်လေးရှောင်းရောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယခုတိုက်ခိုက်မှုသည် စွဲချက်တစ်ခုမျှသာ ဖြစ်ပြီး လူနှစ်ဆယ် သို့မဟုတ် သုံးဆယ် သေဆုံးသွားပေမယ့် စုစုပေါင်း လူသုံးရာကျော်လောက် ရှိသေးသည်။

လူငါးဦးသည် တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက် ကြည့်ကာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်များက သူတို့ မျက်လုံးများထဲ ပြည့်လျှံလာ၏။

တခဏချင်းတွင် လူငါးဦး၏ အမူအရာမှာ ပြောင်းလဲသွားသည်။

"သတ်!"

လိရှောင်းက အော်ဟစ်ပြီး လူငါးဦး၏ မှော်စွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

သခင်လေးရှောင်းရောင်မှာ ရုပ်သေး၏ စိတ်ကို ထိန်းချုပ်ထားပေမယ့် ၎င်း၏စွမ်းအင် ၁၀%ထဲက ၅၀% ကိုပင် အသုံးမပြုနိုင်ပေ။ အကယ်၍ လုရွှမ်သာ နိုးလာပါက ဒါတွေကို ရုပ်သေးဟု မှတ်ယူနေသော သခင်လေးရှောင်းရောင်ကို သေချာပေါက် ကဲ့ရဲ့လိမ့်မည်။

ရုပ်သေးကို သန့်စင်ခြင်း၏ အမြင့်ဆုံးအခြေအနေမှာ သန့်စင်ခြင်း ခံရသောသူသည် သူတို့ ရုပ်သေးဖြစ်​နေတာကို မသိစေခြင်းပင် ဖြစ်သည်။

ဤရုပ်သေးများတွင် ကျင့်​ကြံမှုအဆင့် အကန့်အသတ်နှင့် ဝိညာဉ်စွမ်းအင် မလုံလောက်ချေ။ သူတော်စင်နယ်ပယ် အဆင့်၅ အဆင့်၆ ကျင့်ကြံသူများပင် သူတော်စင် တတိယအဆင့်၏ အစွမ်းသတ္တိကိုသာ ပြသနိုင်သည်။ ဒီလိုခွန်အားက တခြားသူများအတွက် မရပ်တန့်နိုင်သော စွမ်းအားတစ်ခုသာ ဖြစ်နေ၏။

ဒါပေမဲ့ လူငါးယောက်ရဲ့ အကာအကွယ် စည်းဝိုင်းကို ဖြတ်ကျော်ဖို့ ကြိုးစားတာက ဟာသတစ်ခုလိုပဲ ဖြစ်နေ၏။ ပါရမီရှင်များနှင့် သာမန်ကျင့်ကြံသူများကြားက ခြားနားချက်မှာ ကွာခြားလှသည်။

သာမန် ကျင့်ကြံသူများသည် မဆင်မခြင် ပြုမူနိုင်သော်လည်း ပါရမီရှင်များသည် အခွင့်အလမ်းများနှင့် ပြည့်နေပြီး အကြီးမြတ်ဆုံး အကျိုးသက်ရောက်မှုကို ရရှိရန် အသေးငယ်ဆုံးသော အားထုတ်မှုကိုပင် အသုံးပြုနိုင်ကြသည်။

"အရှေ့မှာ တိုက်ပွဲဖြစ်နေတယ်ကွ!"

ထိုနေရက တိုက်ပွဲသည် များမကြာမီတွင် အကန့်အသတ်မဲ့ အခင်းအကျင်း အတွင်းက တခြား ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

အကန့်အသတ်မဲ့ အခင်းအကျင်းတွင် တိုက်ခိုက်နိုင်သော စွမ်းအား မရှိချေ။ ခဏတာ ပိတ်မိနေသော်လည်း အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက်မှ အကန့်အသတ်မဲ့ အခင်းအကျင်း၏ စွမ်းအားသည် သဘာဝအတိုင်း ပျောက်ကွယ်သွားပြီး ထိုအချိန်မှ တိုက်ခိုက်နိုင်မှာ ဖြစ်သည်။

မကြာမီတွင် နတ်သမီးရှန်းရှဲ့နှင့် အခြားသော ပါရမီရှင် ငါးဦးတို့သည် ရုပ်သေးဆရာ တစ်ဦး၏ ဝိုင်းရံခံထားရပြီး နှစ်ဘက်လုံး အပြင်းအထန် တိုက်ခိုက်နေကြကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုနေရာတွင် စုဝေးလာကြပြီး မကြာမီ တောင်ထိပ်ကြီး တစ်ခုလုံးတွင် လူများဖြင့် ပြည့်ကျပ်သွားသည်။

အနောက်ဘက် အရပ်မှာတော့ လူစုလူဝေး အများဆုံး ဖြစ်သည်။

"အစ်ကိုယဲ.... ကျုပ်တို့ရော ဘယ်လိုလုပ်မှာလဲ?"

"ဘယ်သူ့ကို ကူညီမှာလဲ"

"ကူညီမယ်??.. ကူညီဖို့က ဘာကိုကူညီရမလဲ? အဲဒီ ပါရမီရှင်ငါးဦးကို အတူတူ ဖျက်ဆီးပစ်ရမှာကွ!"

စကားပြောတဲ့သူက အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးဖြင့်။ လုရွှမ်သာ ရှိ​နေရင် ထိုလူဟာ သူမြင်ဖူးတဲ့ စုဖုန်းဆိုတာ သေချာပေါက် သိနိုင်မှာဖြစ်သည်။ သားနားတဲ့ အင်္ကျီအဝတ်အစားကို ဝတ်ထားသူက စုယွင်ဖြစ်ပေ၏။ အရင်က သူနဲ့အတူရှိခဲ့ပေမယ့် အခုလောလောဆယ်တော့ တစ်ယောက်နဲ့တစ်ယောက် သေလားရှင်လား မသိရသေးချေ။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်တွင် လူငါးဦးသည် လူတစ်ဦးကို စောင့်ကြပ်ပေးနေကြောင်း တွေ့လိုက်သည်။ ဒါ့အပြင် လူငါးဦး ကာကွယ် စောင့်ကြပ်ပေးနေသူမှာ ယခင်က သူတို့မြင်ဖူးခဲ့သော လုရွှမ် ဖြစ်နေ၏။

သူတော်စင်နှလုံး စပျစ်နွယ်ပင်ပေါ်သို့ သူတက်ပြီးနောက် ဆွဲဆောင်မှုမရှိသော ကောင်လေး လုရွှမ်သည် အထူဆုံးသော စပျစ်နွယ်ပင်ပေါ် အမှန်တကယ် တက်သွားကြောင်း တစ်စုံတစ်ဦးမှ ပြောလာသံကို သူတို့ ကြားလိုက်ရသည်။

အခုသူဒီကို ရောက်နေပြီ ဆိုတော့ အောင်မြင်မှုတစ်ခု ရသွား​ပြီ ဆိုတာ သိသာပေသည်။

All Chapters