ကြီးကျယ်ခမ်းနားသော စကားလုံးများဖြင့် လူအများကို ရှုပ်ထွေးစေခြင်း
Vol. 49 Ch. 4.249
လုရွှမ်မှာ လျှို့ဝှက်သော့ တစ်ခု ရှိရမည်။ စုဖုန်းရဲ့စိတ်က ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ ဆိုလိုသည်မှာ သော့ကိုရနိုင်လျှင် သူ့ကိုယ်ပိုင်ခွန်အားဖြင့် အဘိုးကြီးရွှမ်ဟွမ်ရဲ့ ကျွမ်းကျင်မှု အမွေကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤလျှို့ဝှက်သော့ဖြင့် သူသည် အနည်းဆုံး ဝေစုတစ်ခုကို ရနိုင်ပေလိမ့်မည်။
အားလုံးက စုဖုန်းကို အံ့ဩစွာ စိုက်ကြည့်နေကြသည်။ နတ်သမီးရှန်းရှဲ့၊ လိရှောင်းနဲ့ တခြားသူတွေရဲ့ လက္ခဏာကို ဘယ်သူကများ မသိကြလို့လဲ။
တကယ်တော့ လူတိုင်းသိတဲ့ အရာက သူတို့ရဲ့ အရည်အချင်းတွေ မဟုတ်ဘဲ သူတို့ရဲ့ နောက်ကွယ်က စွမ်းအားတွေပင်။ ဒီလူငါးယောက်ကို သတ်ရဲရင် ကျားမုတ်ဆိတ်ကို သွားဆွဲပြီး သေဖို့လမ်းရှာနေတာပဲ မဟုတ်ဘူးလား။
"အစ်ကိုယဲ....ကျွန်တော်တို့ အားလုံး အတူတူ လှုပ်ရှားကြတာပေါ့... ဘာပဲဖြစ်ဖြစ် လူတွေက အများကြီးဆိုတော့ အဲဒီလူငါးယောက်ကို ဘယ်သူသတ်သွားလဲ ဆိုတာ ဘယ်သူက သိမှာလဲ? ဥပဒေက လူတိုင်းကို အပြစ်ပေးမှာ မဟုတ်ဘူးလေ.... ဒါ့ထက် ကျွန်တော်တို့အားလုံးက အငယ်တန်းတွေ အဲဒီငါးယောက်က သူတို့ရဲ့ နောက်ခံတွေကြောင့် စိတ်ကြီးဝင်နေကြတဲ့ ပါရမီရှင်တွေ.... ကျွန်တော်တို့နဲ့ တိုက်ခိုက်ဖြစ်တုန်းက သူတို့ရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်တယ်... ကျွန်တော်တို့ရဲ့ လူတွေက ချို့ယွင်းချက်ကြောင့် သေတဲ့အထိ ရိုက်နှက်ခံခဲ့ရတာ သနားစရာ ကောင်းတယ်လေ"
"သူတို့နောက်ကွယ်က ပစ်ချက် အကြီးကြီးတွေက ကျွန်တော်တို့နဲ့ စာရင်းရှင်းဖို့ လာချင်နေရင်တောင် သူတို့ပဲ မျက်နှာပျက်ရမှာ မဟုတ်ဘူးလား?"
"ဟုတ်သားပဲ အစ်ကိုယဲ.... နတ်သမီးအောင့်ယွဲ့ရဲ့ အကြီးအကဲတွေက စကားတစ်ခွန်း ထုတ်ပြန်ထားတယ်.... အငယ်တန်းတွေကြားက ရန်ပွဲတွေကို ဂရုမစိုက်ဘူးတဲ့"
အစ်ကိုယဲအဖြစ် လူအများက လေးစားအားကျခံရသော အမျိုးသားသည် ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို ထုတ်ကာ အခြားသူများကို ဆက်သွယ်လိုက်သည်။
အနောက်ဘက်တွင် စောင့်ကြပ်နေသော အမျိုးသမီး တစ်ဦးလည်း ဆက်သွယ်ခံရလေ၏။ အလားတူပင် ပါရမီရှင်ငါးဦးကို ကူညီမည်လော သို့မဟုတ် ပါရမီရှင်များကို သတ်ပစ်ရန် ရုပ်သေးဆရာကို ကူညီမည်လောဟု ဆုံးဖြတ်ကာ တွက်ချက်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။
ဆွေးနွေးမှုမှာ အချိန်မကြာဘဲ အောက်ဖက်တွင်ရှိ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ အနောက်ဖက်ရှိ လူများက ပထမဦးစွာ အော်ဟစ်ရင်း တောင်ထိပ်မှ ပြေးဆင်းလာကြသည်။
နတ်သမီးရှန်းရှဲ့ နှင့် တခြားသူတို့သည် တောင်ထိပ်က အခြေအနေကို အာရုံစိုက်နေကြသည်။ အရှိန်အဟုန်နဲ့ ပြေးဆင်းလာနေတဲ့ လူတိုင်းကို မြင်တော့ သူတို့ငါးယောက်မှာ နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။
ဒီလူတွေက သူတို့ကို သတ်တော့မှာဆိုတော့ ဘယ်သူကမှ ပထမဆုံး အသတ်ခံရသူ မဖြစ်ချင်တဲ့အတွက် တစ်ဖက်ကလူတွေနဲ့ ဆွေးနွေးဖို့ ပြင်ရ၏
သို့သော် ယေဘုယျ လမ်းကြောင်းကို တွက်ချက်ပြီး အကျိုးစီးပွား၏ သွေးဆောင်မှုကို ခံထားရသော ထိုလူများရဲ့စိတ်ကို တွန်းလှန်၍မရပေ။
သခင်လေး ရှောင်းရောင်ကတော့ ယခုအချိန်တွင် အလွန်ပျော်ရွှင်နေ၏။ သူက အားလုံးကို အမြန်ပဲ နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ ကျုပ်နာမည်က ရှောင်းရောင်ပါ...ခင်ဗျားတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်.... အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေက သစ်ကိုင်းပေါ် ခုန်တက်ပြီး ဖီးနစ်ဖြစ်လာဖို့ တစ်ခုတည်းသော အခွင့်အရေး ဆိုတာ သိထားရမယ်.....သူတို့က ခိုင်မာတဲ့ မိသားစု နောက်ခံတွေကို သုံးပြီး ကျုပ်တို့နဲ့ ပြိုင်ချင်နေသေးတယ်.... "
“တကယ်လို့ ကျုပ်တို့ကို တစ်ခုခု အောင်မြင်ဖို့ အခွင့်မပေးချင်ရင် သူတို့က မိသားစု နောက်ခံကို အားကိုးကြလိမ့်မယ်... ဒီနေရာမှာ ကျုပ်ကပါရမီရှင်လို့ ပြောရင် ဒုတိယတစ်ယောက် ရှိလာမှာ မဟုတ်ဘူးလို့ ပြောရဲတယ်.... ဒါပေမဲ့ ကျုပ်တို့မှာ ခွန်အား မလုံလောက်ဘူး သိုင်းပညာ မကောင်းဘူး... ကောင်းကောင်းမွန်မွန် သင်ပြပေးနိုင်တဲ့သူ မရှိဘူး... အဲဒါကြောင့် သူတို့ဆီက အနိုင်ကျင့် ခံရပြီး သေလမ်းကနေ ခဏခဏ ရုန်းထွက်နေရတာ"
"ဒါပေမဲ့ ဒီလူတွေက ကျုပ်တို့ကို ရှင်သန်ဖို့ အခွင့်အရေး မပေးဘူး... နတ်သမီးအောင့်ယွဲ့ မင်းမိသားစုရဲ့ သိုင်းကျင့်စဥ်က အဘိုးကြီးရွှမ်ဟွမ်ရဲ့ သိုင်းကျင့်စဥ်ထက်များ ပိုအားကောင်းလား? နတ်သမီးရှန်းရှဲ့ မင်းရော? ရဟန်းချန်ယီး... မင်းက အနှစ်တစ်ရာအတွင်း မင်းရဲ့ ဂိုဏ်းထဲမှာ ရှားရှားပါးပါးရှိတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်လို့ မင်းကို ကောင်းတာတွေ အားလုံးကို ပေးရတာ အရမ်းကို ဂုဏ်ယူမိပါတယ်...ငါတို့ ပစ္စည်းတွေ ခိုးချင်နေတာ ရှက်စရာ ကောင်းတယ်လို့ မထင်ဘူးလား?"
"သူတို့ ကျုပ်တို့ကို အသက်မရှင်စေချင်ရင် ကျုပ်တို့ကလည်း သူတို့ကို သတ်ပစ်ရမယ်!"
"ကျုပ်ပြောတာ မှန်တယ်မလား!"
ဒီသခင်လေး ရှောင်းရောင်က တကယ့်ကို လျှာစောင်းထက်ပြီး သူ့စကားတွေက ထိုလူတွေရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားသည်။
မိသားစုကြီးတွေနဲ့ ယှဉ်ရင် နှိမ့်ကျတဲ့မိသားစုက ကျင့်ကြံသူတွေဟာ အနှိမ်ခံရဆဲပင်။ သူများတွေ အစာအဖြစ် အဂ္ဂိရတ်ဆေးတွေကို စားနေချိန် သူတို့က တစ်လလောက် ကြိုးကြိုးစားစားလုပ်ပြီး သူများတွေ မကြိုက်တဲ့ အရည်သွေးနိမ့်ဆေးနဲ့ လဲလှယ်လို့ရပြီး ရတနာအဖြစ် သဘောထားခဲ့ရသည်။
ဒီမကျေနပ်ချက်ကို ဘယ်သူကများ နားလည်နိုင်မှာလဲ?
သခင်လေးရှောင်းရောင်ရဲ့ စကားတွေက လူတွေရဲ့ နှလုံးသားကို လုံး၀ ထိမိသွားခဲ့သည်။ အရင်းအမြစ်တွေ မရှိလို့ နယ်ပယ် တစ်ခုတည်းမှာ ပိတ်မိနေတဲ့သူတွေ အများကြီး ရှိလေသည်။
ဤလူနည်းစုနဲ့ မတူညီတဲ့ ဒဏ်ကို ခံစားနေရရင်တောင် ဒီလိုနေရာမှာတော့ ဘာဖြစ်လို့ တစ်ဖက်သားကို ပစ္စည်းကောင်းတွေ ပေးရမှာလဲ?
“သူတို့ကို သတ်ပစ်!”
ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် အော်လိုက်ရင်း သူ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့သည်။ ဒီအဆင့်အထိ လေ့ကျင့်နိုင်ဖို့ သူမ၏မိသားစုမှ လူများစွာကို စတေးခဲ့ရသည်။ မိသားစုကြီးတစ်ခုက သူတို့ ပစ္စည်းများကို လုယက်သွားသောကြောင့် မိသားစုတစ်ခုလုံး သုတ်သင် ရှင်းလင်းခံရပြီး လိုက်လံဖမ်းဆီး သတ်ဖြတ်တာကိုလည်း ခံခဲ့ရသည်။
မိသားစုကြီးတွေ အပေါ် အမုန်းတရားသည် သူမ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်နေပြီသား ဖြစ်သည်။
"သူတို့ကို သတ်ပစ်!"
နောက်ထပ် အော်ဟစ်သံတစ်ခုကလည်း ထွက်ပေါ်လာခဲ့သည်။
အရှေ့ဘက်နှင့် အနောက်ဘက်တွင် ရုတ်ချည်း ကျယ်လောင်သော လူသတ်ချင်သည့် အသံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများသည် သွေးနီရောင် မျက်လုံးများဖြင့် လူငါးဦးကို စိုက်ကြည့်နေကြသည်။
ရှန်းရှဲ့တို့ ငါးယောက်မှာ အငြင်းအခုံ မပြုနိုင်တော့ပေ။ သခင်လေးရှောင်းရောင် ၏ ပါးစပ်မှ ထွက်ကျလာသော စကားလုံးများသည် လူအများကို စိတ်ရှုပ်ထွေးစေရန် လိမ်ညာနေသော်လည်း သူပြောတဲ့စကားက အဓိပ္ပာယ် ရှိပေသည်။
ဤကမ္ဘာကြီးသည် ပင်ကိုယ်အားဖြင့် မတရားတာတွေကို ခံစားရတဲ့အခါမှ ထိုခံစားချက်ကို အကောင်းဆုံး နားလည်လာကြသည်။
"တခြားရွေးချယ်စရာ မရှိတော့ဘူး.... အခု ဒီအခြေအနေ အတိုင်းပဲ ဆက်သွားရတော့မယ်"
နတ်သမီးအောင့်ယွဲ့ရဲ့ စိတ်တွေက တင်းမာနေပြီ။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပေ။ တကယ်လို့ လှုပ်သွားပြီး မှားလိုက်တာနဲ့ လုရွှမ်အတွက် ဆိုးကျိုးတွေ ရှိလာနိုင်သည်။ အခုက သူ့ရဲ့ကမ္ဘာကြီးက လည်ပတ်နေပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်လို့ ဆိုနေသယောင် ရှိလေသည်။
"လိရှောင်းဆိုတဲ့ ငါက လူတော်တော်များများကို မယုံကြည်ပေမယ့် ညီလေးလုရွှမ်ကိုတော့ ယုံတယ်.... ဘာပဲဖြစ်ဖြစ် သူ ငါ့ရဲ့ဒီအသက်ကို ကယ်ခဲ့တယ်..... ဒီတစ်ကြိမ် တိုက်ပွဲမှာ သေသွားရင်တောင် ပြန်ပေးဆပ်မယ်"
"သတ်!" သားသတ်သမားကလည်း အော်၏။
နတ်သမီးရှန်းရှဲ့က လခြမ်းပုံသဏ္ဌာန် ငွေရောင်ချိတ်ကို ထုတ်ယူကာ ခေါင်းညိတ်လိုက်သည်။ ထိုစဥ် ရဟန်းငယ် ချန်ယီးကလည်း
“ငါမှ ငရဲမသွားရင် ဘယ်သူကများ သွားရဦးမလဲ”
သတ်!
လူသတ်သံများ ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ရေလှိုင်းကြီးသကဲ့သို့ လူငါးဦးဆီသို့ ပြေးဝင်သွားကြသည်။
အောင့်ယွဲ့သည် ယခု လုရွှမ်၏ အနီးတစ်ဝိုက်တွင် အကာအကွယ် အခင်းအကျင်း ပုံစံများ အစီအရီချထားပြီး ၎င်းတို့ငါးဦး စလုံးသည် နှစ်ဖက်စလုံးတွင် ခြေဖဝါးများကို အမြစ်မှချကာ လုံးဝ နေရာမရွေ့ဘဲ ရပ်နေလေသည်။
"ပထမဦးဆုံး မိုးကြိုး၊ လျှပ်စီးကြောင်းနဲ့ မှော်စွမ်းအားတွေကို သုံးကြမယ်... ငတို့ရဲ့ ခွန်အားကို မဖြုန်းတီးမိအောင် တစ်ဦးစီ မလှုပ်ရှားနဲ့ မဟုတ်ရင် သူတို့အတွက် အခွင့်အရေး ရသွားလိမ့်မယ်"
ဤလူများကြားတွင် လျင်မြန်စွာ တန်ပြန် တိုက်ခိုက်နိုင်သော ပါရမီရှင်များစွာ ရှိသည်။ လူတစ်ယောက်က ကျယ်လောင်စွာ အော်ငေါက်ရင်း သူ့ရှေ့ကိုပြေးထွက်သွားကာ နတ်သမီးရှန်းရှဲ့အား လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
တချိန်က ဤနတ်သမီးသည် သူ၏အနှစ်သက်ဆုံး နတ်သမီး ဖြစ်သည်။ ဒါပေမဲ့ သူမအရင်ကပြောခဲ့တာတွေကို ကြားလိုက်ရတော့ သူ့စိတ်တွေ အရင်ကထက် ပိုရှင်းလာတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူ ဘယ်လောက်ပဲ ပေးဆပ်နေပါစေ သူမနဲ့ ဒီလူတွေကြားက ကွာဟမှုက ပိုပိုကျယ်လာခဲ့ပြီ။
သူမရှေ့မှာ သေသွားရင်တောင် တစ်ဖက်လူက သူဘယ်သူလဲ ဆိုတာ မသိနိုင်ဘူးလေ။
လူတွေဟာ ကိုယ့်အတွက်ကိုယ်ပဲ အသက်ရှင်သင့်တယ်!