အတူသေကြမယ်
Vol. 49 Ch. 4.250
နတ်သမီးရှန်းရှဲ့သည် သူမလက်ထဲက သူတော်စင် လက်နက်ကို ဝှေ့ယမ်းကာ မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို ဆင့်ခေါ်၍ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။ ဒီလိုလုပ်ဖို့က အလွန်ခက်ခဲသည် မဟုတ်ပေ။
ဒါပေမဲ့ တစ်ဖက်က လူအရမ်း များနေသည်။ အရင်က ပြောခဲ့သလိုပဲ တဦးချင်းတိုက်ပွဲမှာ သေတဲ့အထိ တိုက်နေမယ်ဆိုရင် သေဖို့တောင်းဆိုတာနဲ့ အတူတူပဲ ဖြစ်သွားပြီ။
ပေါက်ကွဲသံများက လူငါးဦးကို ဝိုင်းအုံလာသည်။ တစ်ဖက်က လူအုပ်ကြီးလည်း လူငါးဦးကို လျှပ်စီးကြောင်းများဖြင့် ပြန်ပစ်ခတ်လာရာ သူတို့ငါးယောက်မှာ လျှပ်စီးကြောင်းများကြား နစ်မြုပ်လုနီးပါးဖြစ်သွားသည်။
တစ်နာရီ၏ လေးပုံတစ်ပုံ ကုန်ဆုံးလာတဲ့အခါ လူတိုင်း ပင်ပန်းနွမ်းနယ်လာသည်။ ထိုအချိန်တွင် တစ်ဖက်က စွမ်းအင် လှိုင်းတစ်ခုပြောင်းလဲက မှော်စွမ်းအားများကို ပစ်လွှတ်နေကြဆဲ ဖြစ်သည်။
နာရီဝက်လောက် ကြာတော့ သူတို့ငါးယောက်စလုံး မောပန်းနွမ်းနယ်နေပြီး တစ်ကိုယ်လုံးမှာလည်း သွေးတွေနဲ့ စွန်းထင်းလာခဲ့သည်။ မိုးကြိုးပစ် ခံရပြီးနောက် သူတို့တစ်ကိုယ်လုံး အသားနှင့် အသားများ ပြန့်ကျဲသွားခဲ့၏။
သိုလှောင်အိတ်ထဲက အဂ္ဂိရတ်ဆေးများနှင့်အတူ သူတို့ငါးဦးသည် ခွန်အားကို ထိန်းထားနိုင်သော်လည်း အချိန်အကြာကြီး ထိန်းထားနိုင်မည် မဟုတ်ကြောင်း လူတိုင်း သိကြသည်။
"နင်တို့ သွားတော့.... ငါ အခင်းအကျင်းထဲမှာ ပုန်းနေလိုက်မယ်....နင်တို့ရဲ့ ကြင်နာမှုကို ငါတစ်သတ်လုံး မှတ်ထားပါ့မယ်"
အောင့်ယွဲ့က ရုတ်တရက် ပြောလိုက်သည်။ သူမရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ ပြုတ်ထွက်သွားပြီ။ ဒီအတိုင်း ဆက်သွားရင် သူမ သေမှာ သေချာပါ၏။
သူမဒီလို ဖြစ်နေချိန်မှာတော့ တခြားလူတွေလည်း ပစ္စည်းတွေ ပြတ်သွားပြီမှန်း သူမသိလိုက်သည်။
"နင်တို့ရဲ့ အသက်တွေကို ဘာလို့ဒီမှာ ဖြုန်းတီးနေတာလဲ? နင်တို့ရဲ့အသက်တွေ အားလုံးကို လုရွှမ် ကယ်ထားတာ... အနည်းဆုံးတော့ သူ့ရဲ့ကြိုးစား အားထုတ်မှုတွေကို အဓိပ္ပာယ်ရှိအောင် လုပ်ပေးရမယ်မလား?"
နတ်သမီးအောင့်ယွဲ့သည် ရုတ်တရက် ဘေးအိမ်က ညီမလေးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ အော်ပြောလာရာ နတ်သမီးရှန်းရှဲ့လည်း ပြုံးလိုက်သည်။
"အောင့်ယွဲ့... နင် အခင်းအကျင်း ဖွဲ့စည်းမှု တစ်ခုထူထောင်ပြီရင် အဂ္ဂိရတ်ဆေး လိုအပ်တယ်မလား? ငါနင်နဲ့အတူနေမယ်"
“ငါမသွားဘူး”
သားသတ်သမားက ပြက်သားစွာ အော်ပြောလေ၏။ သူ့ခန္ဓာကိုယ်ကြီးဟာ သွေးတွေနဲ့ ပြည့်နေပြီး မျက်ခုံးတွေကို တွန့်ချိုးထားသည်။
"ကောင်းပြီ သားသတ်သမား... ငါ မင်းကို ကြက်ဟင်းခါးသီးလို အမြဲမြင်နေခဲ့တာ... ဒီနေ့တော့ မင်းစရိုက်ကို ငါ ယုံသွားပြီ... ချန်ယီး မင်းရော ဘယ်လိုလဲ?"
"ဒီသူတော်စင်လေးက အရည်အချင်း မရှိပါဘူး.... သူတို့က မင်းတို့ကောင်တွေထက် အထင်ကြီးစရာ မရှိပါဘူး ငါ ထွက်သွားချင်ပေမယ့် ကံဆိုးစွာနဲ့ပဲ ပတ်၀န်းကျင်မှာ လူတွေ အများကြီး ရှိနေပြီ.... မပြေးနိုင်တော့လို့ နေဖို့ပဲ ရှိတော့တယ်"
လူတိုင်းက တညီတညွတ်တည်း ရယ်မောလိုက်ကြပြီး အောင့်ယွဲ့ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်ခုံးတွေဟာလည်း အနည်းငယ် ဖြေလျော့သွားခဲ့သည်။
"ငါတို့ အခင်းအကျင်းထဲ ဝင်ကြမယ်... နင်တို့ရဲ့ သူတော်စင် စွမ်းအားအားလုံးကို ငါ့ခန္ဓာကိုယ်ထဲကို လွှဲပေး.... အဲဒါကို ငါမခုခံနိုင်ဘူးလို့ မယုံဘူး!!"
အောင့်ယွဲ့က သူမနောက်ကွယ်ရှိ အပေါက် တစ်ပေါက်ကိုဖွင့်ရန် လက်ကို ဝှေ့ယမ်းကာ လေးယောက်စလုံး ပြေးဝင်လာကြသည်။
နောက်ဆုံးတွင် အောင့်ယွဲ့ အခင်းအကျင်း ဖွဲ့စည်းမှုထဲသို့ လှမ်းဝင်လိုက်သည်နှင့် လုရွှမ်သည် ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး သူ့ကျောသည် မြင့်မားနေဆဲဖြစ်ကာ သူ၏ အရှိန်အဟုန်မှာ ထူးထူးခြားခြား ရှိနေတာကို တွေ့လိုက်ရသည်။
"ညီလေးလုရွှမ်.... မင်း ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်ရင် နောင်မှာ ငါတို့ညီမ အောင့်ယွဲ့ကို ဘယ်တော့မှ သစ္စာမဖောက်မိစေနဲ့.... မဟုတ်ရင် ဒီအစ်ကိုက တစ်ကမ္ဘာလုံးကို ပတ်သွားပြီး မင်းနဲ့ဖြေရှင်းဖို့ လာရလိမ့်မယ်"
လိရှောင်းက အော်လိုက်သည်။
လူတိုင်းက ပြုံးလိုက်ကြသည်။ အောင့်ယွဲ့မှာ လုရွှမ်ရဲ့ နှလုံးသားထဲမှာ မိန်းကလေး တစ်ယောက် ရှိနေပြီဟု ထောက်ပြချင်ခဲ့သည်။ သူသည် အချိန်အတော် ကြာအောင် ခံနိုင်ရည် ရှိခဲ့သော်လည်း ဘာ့ကြောင့် ထုတ်မပြောမိမှန်း မသိပေ။
အခင်းအကျင်း အပြင်ဘက်ရှိ အသွင်သဏ္ဌာန်ကို လျှပ်စီးကြောင်းများက ထိုးဖောက်လာလို့ အခင်းအကျင်းက တုန်ယင်သွားသည်။ လူတိုင်းလည်း အဓိပ္ပာယ် မရှိသော စကားများ မပြောဝံ့တော့ဘဲ နတ်သမီးအောင့်ယွဲ့ထံသို့ သူတို့ရဲ့ သူတော်စင် စွမ်းအင်များဖြင့် ထောက်ပံ့ပေးလိုက်ကြသည်။
အပြင်ဘက်က အခင်းအကျင်း မပြိုကွဲမီအထိ အချိန်အတော် ကြာအောင် တောင့်ခံထားနိုင်ခဲ့သည်။ အောင့်ယွဲ့က အခင်းအကျင်းကို ဆက်တိုက် ပြန်လည် တည်ဆောက်နေတာကို လူလေးယောက်စလုံး ရှင်းရှင်းလင်းလင်း ခံစားရသည်။ ကျွမ်းကျင်မှု အဆင့်က ရေလို စီးဆင်းနေသလို စွမ်းအင် သုံးစွဲမှုကလည်း အရမ်း ကြီးပေ၏။
နောက်ထပ် နာရီဝက်ကျော် သွားသောအခါ လူငါးယောက်မှာ ရုန်းကန်နေကြရပြီ။ အပြင်မှာ တိုက်ခိုက်တဲ့ လူတွေတောင် တုန်လှုပ်သွား၏။ ထိုမှသာလျှင် သူတို့သည် ဤစစ်မှန်သော ပါရမီရှင်များနှင့် မည်မျှဝေးကွာမှန်း သိရှိနားလည် လာခဲ့ကြသည်။
မနာလိုစိတ်များ ပေါ်လာသော်လည်း လူတိုင်း၏ စိတ်ဓာတ်ကို ပိုမိုဆိုးရွားသည့် အတွေးများသာ ဝင်လာခဲ့လေသည်။
ဖူး.....
အောင့်ယွဲ့မှာ ထိန်းမရတော့ဘဲ သွေးတွေ ပါးစပ်က ထွက်လာပြီး မြေပြင်ပေါ် ဒူးတစ်ဖက်ထောက် လဲကျသွားခဲ့သည်။ ကျန်တဲ့လေးယောက်ရဲ့ စိတ်တွေဟာ အောင့်ယွဲ့နဲ့ ချိတ်ဆက်ထားတာကြောင့် သူမ ပြိုလဲတာနဲ့ သူတို့လေးယောက်လည်း သွေးတစ်လုတ်စီ ထွေးထုတ်ကာ မြေပြင်ပေါ် တအိအိ လဲကျသွားကြတော့သည်။
မြင်ကွင်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ခဏလောက်တော့ လူတိုင်းက လှုပ်ရှားမှုတွေ ရပ်သွားသလို မိုးခြိမ်းသံတွေ ပျောက်ကွယ်သွားပြီး အခင်းအကျင်း အလယ်ဗဟိုမှာ လှုပ်ရှားမှု အသွင်အပြင်တွေ မရှိတော့တာကို ကြည့်နေကြသည်။
ပါရမီရှင်ငါးပါးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ပေ။
လူတိုင်းရဲ့ မသိစိတ်မှာ ပျော်ရွှင်ခြင်း အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့သည်။ လူငါးဦးကို မသတ်နိုင်ရင် သူတို့ကိုပြန်ပြီး မြေမြှုပ် သင်္ဂြိုဟ်သွားမှာကို ကြောက်တဲ့ လူတချို့ကတော့ တုန်လှုပ်ခြောက်ခြား နေကြပါပြီ။
ယခုအချိန်တွင် သူတို့သည် နောက်ဆုံး မျှော်လင့်ချက် အလင်းတန်းကို တွေ့လိုက်ရပြီ ဖြစ်သည်။
"အားလုံး အတူတူတက်ပြီး သူတို့ကို သတ်ကြရအောင်!"
လက်နက်မျိုးစုံနှင့် စွမ်းအင်မျိုးစုံ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် မောပန်းနွမ်းနယ်နေသော အလယ်ဗဟိုရှိ လူငါးဦးနှင့် ထင်းရှူးပင်ကဲ့သို့ သန်မာဆဲ လုရွှမ်ထံကို ပစ်ခတ်လိုက်သည်။
တစ်ယောက်ယောက်က လုရွှမ်ကို အနိုင်ယူဖို့ အာရုံစိုက်ထားပြီးသား ဖြစ်သည်။ ဒီလူအကြောင်း သူတို့ သိပ်မသိပေမယ့် သူတို့ငါးယောက်က သူ့ကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားနေတယ် ဆိုတာတော့ သိကြသည်။ ယခုအချိန်တွင် ဒီလိုလူကလည်း သူတို့ကို ရှင်သန်ခွင့်ပေးမှာ မဟုတ်တာ သေချာလေသည်။
"ညီလေးလုရွှမ် .... ငါတို့တွေ့တာ နည်းနည်း နောက်ကျသွားပေမယ့် မင်းနဲ့ ညီအစ်ကို ဖြစ်ရတာ ဂုဏ်ယူပါတယ်"
လိရှောင်းက အော်ပြောကာ မျက်လုံးများကို မှိတ်ချလိုက်သည်။ သူသည် တစ်ဖက်က တိုက်ခိုက်မှုများကို ခံနိုင်ရည် မရှိတော့ပေ။
မျှော်လင့်ထားသည့် မိုးခြိမ်းသံက သူ့ကို မပေါက်ကွဲသွားစေခဲ့ပေ။ ထိုအစား သန့်စင်ပြီး ရင်းနှီးသော စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာသည်။ လိရှောင်း ခဏတာ စိတ်ရှုပ်သွားသလို ခံစားလိုက်ရ၏။ ဒါက သူ့ကိုယ်ပိုင်စွမ်းအားလား?
သူမျက်လုံး ဖွင့်ကြည့်လိုက်တော့ နတ်သမီးရှန်းရှဲ့ နဲ့ တခြားလူ တော်တော်များများကလည်း ရှုပ်ထွေးတဲ့ အကြည့်တွေနဲ သူ့လိုပဲ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဘာတွေဖြစ်နေမှန်းကို မသိခဲ့ကြချေ။
ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ ဦးခေါင်းထက်တွင် အလင်းတန်းများ တောက်ပလာကာ တိုက်ခိုက်မှုအားလုံးကို တားဆီးလိုက်သည်။
လေထု အလယ်မှ ရင်းနှီးသော အသွင်အပြင်သည် လူတိုင်းကို အပြုံးဖြင့် ကြည့်ကာ လက်သီးလက်ဝါး ဆုပ်၍ ၎င်းတို့ငါးဦးကို ဦးညွှတ်လျက်
"ညီအစ်ကိုတို့.... အဆင်ပြေကြရဲ့လား?"
ခဏလောက် ကြာတော့ လူတိုင်းရဲ့ မျက်လုံးတွေ သိသိသာသာ နီရဲလာခဲ့သည်။ အချိန်အကြာကြီး တောင်ခံထားပြီး နောက်ဆုံးမှာတော့ လုရွှမ် ပြန်လာတဲ့အထိ စောင့်နိုင်ခဲ့ပြီ ဖြစ်သည်။
လုရွှမ်မှ သူတို့အပေါ် ကာကွယ်ပေးခဲ့သော အခင်းအကျင်း ဖွဲ့စည်းမှုသည် အလွန်အစွမ်းထက်သော်လည်း သူတော်စင်နယ်ပယ် ပြီးပြည့်စုံသောကာလမှာ သခင်တစ်ဦးပင်လျှင် ၎င်းကို အချိန်တိုအတွင်း ဖြိုခွဲနိုင်မည် မဟုတ်ပေ။ ထောင်နှင့်ချီသော သူတော်စင်များ လာရောက် တိုက်ခိုက်သော်လည်း အခင်းအကျင်း ဖွဲ့စည်းမှုကို မထိုးဖောက်နိုင်ခဲ့ချေ။
"သွားကြစို့"
လုရွှမ်က တိုးညှင်းစွာ အော်လိုက်ပြီး ဓားငါးချောင်း လွင့်ထွက်လာသည်။ လူငါးဦးသည် ဓားငါးချောင်းပေါ် အလျင်အမြန် ခုန်တက်လိုက်ပြီးနောက် လုရွှမ် အမှန်တကယ် ပျံသန်းနေကြောင်း အံ့အားသင့်စွာ သိလိုက်ရသည်။
ရွှမ်ခုန်းတောင်သို့ ဝင်ရောက်ပြီးနောက် ဤနေရာ၏ ဥပဒေများကြောင့် မည်သူမျှ မပျံသန်းနိုင်ခဲ့ချေ။ သူတို့၏ ခန္ဓာကိုယ်များသည် မြေပြင်နှင့် မထိတွေ့တော့ဘဲ ကြီးမားသော ဖိအားများလည်း မရှိတော့သလိုပင်။
လုရွှမ်သည် လက်နက်ကို ထိန်းချုပ်ပြီး လူငါးဦးကို ကောင်းကင်ယံသို့ ခေါ်ဆောင်ကာ တိမ်တိုက်ထဲသို့ တည့်တည့် တိုးဝင်သွားလိုက်သည်။
ဤမြင်ကွင်းသည် နတ်သမီးရှန်းရှဲ့တို့ ငါးယောက်ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး ၎င်းတို့ကို ဝန်းရံထားသူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
လူတစ်ယောက်က တကယ်ကြီး ပျံသန်းနေတယ်တဲ့လား?
ကြောင်တက်တက်ဖြင့် မိုးခြိမ်းသံနှင့် လျှပ်စီးများကို ဆင့်ခေါ်ထားသော လက်ဖဝါးတို့ ရပ်တန့်သွားပြီး ကောင်းကင်အထက်က လူခြောက်ယောက်ကို မော့ကြည့်လိုက်သည်။
"သွားရအောင်!"
လုရွှမ် လူငါးဦးကို အဝေးသို့ တိုက်ရိုက် ပျံသန်း၍ ခေါ်ဆောင်လာခဲ့၏။
လူတိုင်းလည်း နောက်ဆုံးတွင် တုံ့ပြန်လာခဲ့ကြပြီး လုရွှမ်နှင့် လူငါးယောက်အား စွမ်းအင်၊ လက်နက်များဖြင့် လျင်မြန်စွာ တိုက်ခိုက်လာခဲ့သော်လည်း လုရွှမ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လိရှောင်းတို့ အားလုံး တစ်နေရာအရောက်တွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူတို့သည် ပထမဆုံး အကြိမ်တွင် သေသေချာချာ မထိုင်ခဲ့ကြသေးဘဲ လုရွှမ်ကိုသာ ကြည့်နေကြသည်။
"ဒါက နိယာမဥပဒေတွေ အပေါ် နားလည်မှုတစ်ခုပဲ.... အဆုံးမဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင် တချို့ကို ဖြတ်ကျော်ပြီး ဒီအကန်အသတ်မဲ့ အခင်းအကျင်း အကြောင်းကို ထိုးထွင်း သိမြင်လာခဲ့တာ....မဟုတ်ရင် ငါလည်း မင်းတို့နဲ့အတူ ပျံသန်းနိုင်မှာ မဟုတ်ဘူး"