အတိဒုက္ခ
Vol. 49 Ch. 4.251
"ဒါ့အပြင် ပျံသန်းနေပုံ မပေါ်ဘဲ ဆွဲအားကြောင့် ပျံသန်းရတဲ့အမြင့်က သိသိသာသာ လျှောကျနေတာ.... ငါတို့ ဒီအထိ ပြေးလာနိုင်မယ်လို့ မမျှော်လင့်ထားဘူး.... အဲဒီလူတွေ မထိတ်လန့်ဘဲ ချက်ချင်း လိုက်မီလာရင် ငါတို့ပြေးဖို့ မတတ်နိုင်တော့မှာ ကြောက်ရတယ်...."
လုရွှမ် အတိုချုံးရှင်းပြပြီး လူအများအပြားက စိတ်ချယုံကြည်စွာ ခေါင်းညိတ် ပြလာကြသည်။
စုစုပေါင်း ဆယ်ကီလိုမီတာကျော် ပျံသန်းပြီးနောက် ထိုလူများသည် တကယ်ကို ထိတ်လန့်သွားခဲ့တာကြောင့်သာ မဟုတ်ပါက သူတို့ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
"လုရွှမ် ရှင် အဆင်ပြေရဲ့လား"
အောင့်ယွဲ့ မေးလာ၏။
"အဆင်ပြေပါတယ်!"
လုရွှအ် ခေါင်းကို အမြန်ညိတ်လိုက်ပြီး ခဏလောက်တော့ သူမကို မကြည့်ဝံ့တော့ပေ။
ထင်ယောင်ထင်မှား ပုံရိပ်ယောင် များစွာသည် မှုန်ဝါးသွားသော်လည်း လုရွှမ်သည် ဤလှည့်စားမှုများစွာထဲက အောင့်ယွဲ့ သူမအသက်ကို စွန့်စားခဲ့ရသည့် မြင်ကွင်းကို ဘယ်လိုလုပ်များ မေ့နိုင်ပါ့မလဲ။ နိုးလာပြီးနောက် အောင့်ယွဲ့ ၏ ဆိုးရွားသော အခြေအနေကို ကြည့်ရုံဖြင့် သူ့ကို ကာကွယ်ရန် သူမ ဘယ်လောက် ပင်ပန်းခဲ့ရလဲ ဆိုတာ သူသိသည်။
"အဆင်ပြေရင် ပြီးတာပါပဲ.... အားလုံးပဲ ခဏအနားယူပြီး ဒီနေရာကနေ အရင်ထွက်သွားရအောင်... အဲဒီလူတွေ လက်မလျှော့ဘဲ ဆက်ပြီး အမီလိုက်ချင်သူတွေ ရှိနေဦးမှာမလို့ သတိထားကြရအောင်"
အောင့်ယွဲ့ ပြောတာ မှန်တာကြောင့် လူတိုင်းဟာ သူတို့ရဲ့ ခွန်အားကို မြန်မြန် ပြန်စုစည်းပြီး အမြန် ထွက်ပြေးကြဖို့ ပြင်လေသည်။
လုရွှမ်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တခြားလူတွေက သူတို့နှစ်ယောက်ရဲ့ အခြေအနေကို မြင်ပြီး ခဏတာ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ပါဝင်ပတ်သက်သူတွေက ဘာမှမပြောတဲ့အတွက် သူတို့ကလည်း ဝင်ထောက်ဖို့ အဆင်မပြေချေ။
"သွားကြရအောင်... ကျွန်မတို့ ဒီအကန့်အသတ်မဲ့ အခင်းအကျင်းကို စွန့်သွားဖို့ အချိန်ရောက်ပြီ"
နတ်သမီးရှန်းရှဲ့က အနာဂတ်မှာ စွဲလမ်းမှုကို ချိုးဖျက်ဖို့ ယုံကြည်မှု အပြည့်ရှိ၊ ခိုင်မာတဲ့အသံနဲ့ ပြောလိုက်သည်။
“ဟုတ်တယ်” ချန်ယီးကလည်း အော်လိုက်သည်။
လူအနည်းငယ်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့သည် သေရေးရှင်ရေး ကိစ္စကြီးကို ကျော်ဖြတ်ပြီးနောက် အရင်ကထက် ရင်းနှီးလာခဲ့သည်။
"ရှန်းရှဲ့ ငါ နင်နဲ့လိုက်ခဲ့မယ်"
အောင့်ယွဲ့က ရုတ်တရက် ထပြောလိုက်သည်။ ရှန်းရှဲ့က လုရွှမ်ကို ကြည့်ပြီး ဘာမှမပြောလာခဲ့ချေ။
တခြားလူများသည် ကွဲပြားသော အမြင်များ ရှိကြပြီး ဆက်လက် လက်တွဲနေရန် မလိုအပ်ပေ။ ဘာပဲဖြစ်ဖြစ် သော့ နှစ်ခုကို ရထားပြီး နောက်ဆုံး လျှို့ဝှက် နယ်ပယ်ထဲကို ဝင်သွားနိုင်တာကြောင့် စိုးရိမ်နေစရာ မလိုပေ။
ယခုတစ်ကြိမ် သော့အားလုံးကို စုဆောင်းမိပြီမို့ အဘိုးကြီးရွှမ်ဟွမ်၏ အမွေကို ရယူပြီးရင် နောင်တွင် ဤနေရာကို လာရန် နောက်ထပ်အခွင့်အရေး မရှိတော့ပေ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို ထပ်ပြီးရှာဖွေဖို့ အခွင့်အရေးကို အလျင်စလို မဆုပ်ကိုင်ထားရင် ရူးနေတဲ့လူပဲ ဖြစ်သွားလိမ့်မည်။
"သတိထားပါ!" လုရွှမ်က ပြောသည်။
"ရှင်ရောပဲ!"
နတ်သမီးအောင့်ယွဲ့က ပြန်ပြောပြီး နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။ လုရွှမ်က ထွက်သွားပြီး မျက်စိမှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွားသည်။ နတ်သမီးရှန်းရှဲ့က
"နင်တို့ကြားမှာ ဘာဖြစ်ခဲ့တာလဲ? သူက..."
"သူ့မှာ သူကြိုက်နေတဲ့ လူရှိနေပြီ.... အဲဒီလူက သူ့ကို စောင့်နေတာ နှစ်ပေါင်းသုံးရာတောင် ရှိပြီတဲ့!"
မတိုင်ခင်က သေရေးရှင်ရေး ကိစ္စကြီးကို ကြုံရပြီးနောက် ယခုအချိန်တွင် နတ်သမီးရှန်းရှဲ့သည် လူတို့အား သာလွန်သော နတ်သမီးရောင်ဝါတစ်ခု ပေးနေဆဲ ဖြစ်သော်လည်း သူမတွင် အေးစက်သော ခံစားချက်မျိုး မရှိတော့ပေ။
"ဘာပဲဖြစ်ဖြစ် ပျော်ရွှင်မှုဆိုတာ နင့်အတွက် တိုက်ပွဲဝင်ရတဲ့ အရာပဲ... ခဏနေပါဦး နင်ပြောခဲ့တာက အနှစ်သုံးရာ? အနှစ်သုံးရာ ဟုတ်လား? လုရွှမ်က အခု အသက်ဘယ်လောက် ရှိပြီလဲ? ငါတို့အသက် အရွယ်အရ သူ့အရည်အချင်းနဲ့တို အသက်ငါးဆယ်ထက် မပိုလောက်ပါဘူး..... လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က သူ့ကို စောင့်မျှော်နေတဲ့သူတွေ ရှိတယ်တဲ့လား"
အောင့်ယွဲ့က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
"သူပြောတာ ဆိုမှတော့ အမှန်ပဲ ဖြစ်ရမယ်.... ငါသူ့ကိုယုံတယ်"
ထိုအခါ နတ်သမီးရှန်းရှဲ့က အော်ဟစ်လိုက်ပြီး သူမလေသံက ရုတ်တရက် ပြင်းထန်လာ၏။
"ဒါဆို နင့်ရဲ့ ပျော်ရွှင်မှုကိုလည်း ဖမ်းဆုပ်ထားရမှာပေါ့.... အနှစ်သုံးရာ ကြာသွားပြီလေ... လွန်ခဲ့တဲ့ အနှစ်သုံးရာက လူက သူ့အတွက် မသင့်တော်နိုင်တော့ဘူးမလား? နင့်ရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် တခြားသူကို အခွင့်အရေး ပေးမလို့လား?"
အောင့်ယွဲ့ မျက်လုံးများ တောက်ပလာပြီး သူမက လေးလေးနက်နက် ခေါင်းညိတ်ပြကာ သူမ၏ အပြုံးသည်လည်း တစ်ဖန် ပွင့်လန်းလာခဲ့သည်။
လူတိုင်းသည် အကန့်အသတ်မဲ့ အခင်းအကျင်း ဖွဲ့စည်းခြင်း၏ စမ်းသပ်မှုကို ရင်ဆိုင်ရပြီးနောက် အလျင်အမြန် ပြေးထွက်လာကြသည်။ တစ်ယောက်နဲ့ တစ်ယောက် ပြန်ကြည့်ရင်း အဝေးမှာရှိနေပေမယ့် အတိတ်ကို ပြန်လှည့်ကြည့်ရတဲ့ ခံစားချက်က နားမလည် နိုင်လောက်အောင် ထူးခြားနေလေသည်။
ဗုန်း ဗုန်း ဗုန်း!
သုံးကြိမ်ဆက်တိုက် မိုးကြိုးပစ်ချက်များ မြည်လာပြီးနောက် မနီးမဝေးက လူတစ်ယောက်က
"နောက်ထပ်သုံးချက်.... ဒီတစ်ခါတော့ ရွှမ်ခုန်းတောင်ရဲ့ သော့က ဆယ်ချောင်း ဖြစ်သွားပြီ ဟေး..."
လုရွှမ် ထိုလူကို ငုံ့ကြည့်လိုက်သည်။ သူသည် သူတော်စင်တစ်ပိုင်း အဆင့်၇မျှသာ ဖြစ်သော်လည်း ဒီနေရာအထိ ရောက်လာခဲ့လေ၏။ ထိုယောက်ျားပျိုမှာ ထူးကဲသော အရည်အချင်းရှိသော လူတစ်ယောက် ဖြစ်တာ ထင်ရှားလေသည်။
သူ့ရဲ့ တိမ်ပင်လယ်နယ်မြေက တကယ်ကို နောက်ကျလွန်းတာကို တွေးမိပြီး စိတ်ထဲမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဒီအချိန်ပြီးရင်တော့ တကယ် ထွက်သွားသင့်ပြီ။ မဟုတ်ရင် သူ့အဆင့်က နတ်သမီးအောင့်ယွဲ့နဲ့ တခြားသူတွေနဲ့ ဝေးကွာသွားလိမ့်မယ်။
ရုတ်တရက် ကောင်းကင်မှ တိမ်တိုက်များ လှိမ့်ဆင်းလာကာ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အရပ်ရပ်သို့ လွင့်စင်သွားခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သော့ကို ဘယ်သူ ရသွားတာလဲ?"
လူတစ်ယောက်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
သို့သော် ကံကောင်းထောက်မစွာ တစ်စုံတစ်ဦးမှ မိုးကြိုးပစ်ချက် ထွက်ပေါ်လာရခြင်း၏ အကြောင်းအရင်းကို ထုတ်ပြောလာခဲ့သည်။
"တစ်ယောက်ယောက်က အတိဒုက္ခ ကျော်ဖြတ်နေတာများလား?"
အတိဒုက္ခကို ကျော်လွှားခြင်းသည် ဤနေရာသို့ ရောက်လာနိုင်သော ပါရမီရှင်များ အတွက် သာမန်ပဲ ဖြစ်သည်။ ဒီနေရာ၌ ဘေးအန္တရာယ်များစွာကို တွေ့ကြုံခဲ့ရပြီး စွန့်စားခန်းတချို့ကို ကြုံတွေ့ရကာ တချို့ဆို ကောင်းကင်နှင့် မြေကြီး၏ ရတနာတချို့ကိုပင် ကောက်ယူနိုင်ကြသည်။ တချို့ကလည်း နယ်ပယ်ကို တခဏချင်း တိုးတက်လာအောင် လုပ်နိုင်ကြသည်။
သို့သော် များမကြာမီတွင် တိမ်များက ပို၍ကြီးမားလာတာကို လူတိုင်း မြင်လာရသည်။ သူတို့၏ မျက်လုံးများထဲ ပို၍နက်မှောင်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးမှ ဖိအားများသည် တဖြည်းဖြည်း အားကောင်းလာပြီး သူတို့ စိတ်နှလုံးသားများကို လှုပ်ခတ်လုနီးပါး ဖြစ်လာသည်။
ဒီလောက် ပြင်းထန်တဲ့ မိုးခြိမ်းသံကို တစ်ခါမျှ မမြင်ဖူးခဲ့သူတိုင်း ထိတ်လန့်သွားကြသည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် နေရောင်အောက်တွင် တောက်ပလျက် ရှိ၏။ သူ့ခမျာ ဒီလို ကြီးမားတဲ့ အသွင်အပြင်ကို မဖန်တီးချင်သော်လည်း သူ့ရဲ့ ကျင့်ကြံမှုကို ဆက်ပြီး မဖိနှိပ်ထားနိုင်တော့ပေ။ ယွမ်ယန်ကျင့်စဥ် စတင်လည်ပတ် လာသောအခါတွင် ကောင်းကင်မီးတောက် ခုနစ်လုံးသည်လည်း အလိုအလျောက် တောက်ပလာခဲ့သည်။
မိုးကြိုးဘေး အတိဒုက္ခသည် လုရွှမ်၏ ဦးခေါင်းပေါ်တွင် တဖြည်းဖြည်း ပြည့်လျှံလာပြီး သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူရှိရာ လမ်းကြောင်းဆီသို့ အရူးအမူး ပြေးဝင်လာကြသည်။ စွမ်းအင် စီးကြောင်းများက သဲများနှင့် ကျောက်ဆောင်များကို တိုက်ထုတ်သွားကာ ကျင့်ကြံသူများကို မျက်စိဖွင့်ကြည့်ရန်ပင် ခက်ခဲလာစေသည်။
မိုးကြိုး တိမ်တိုက်များသည် လူတိုင်း၏ ဦးခေါင်းထက် မီတာတစ်ရာနီးပါး နိမ့်ဆင်းလာ၏။ ပကတိမျက်စိဖြင့်ပင် မိုးကြိုး တိမ်တိုက်များကြားက မိုးခြိမ်းသံ နိယာမဥပဒေသများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ထိုစွမ်းအင်များက ပေါင်းစပ် တိုးပွားနေဆဲ ဖြစ်သည်။
"မြန်မြန် ထွက်သွားကြရအောင်.... လူတိုင်းရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ အနေအထားကို ရောက်နေပြီ.... ကျုပ်တို့ အရမ်း နီးကပ်သွားရင် ကျုပ်တို့ကိုပါ ဆွဲထုတ်ပြီး အတိဒုက္ခ ကျော်ဖြတ်မှုထဲ ရောက်သွားလိမ့်မယ်"
ကျင့်ကြံသူများက မိုးကြိုးပစ်တဲ့ အတိဒုက္ခဒဏ်ကို မခံစားနိုင်တာကြောင့် တတ်နိုင်သမျှ ဝေးဝေးကိုသာ ပြေးကြလေ၏။
လုရွှမ် တစ်ယောက်ကတော့ ကောင်းကင်ကို မော့ကြည့်ရုံမျှသာ ကျန်တော့သည်။ သူ့ခန္ဓာကိုယ်သည် ဖြောင့်ဖြောင့် ရပ်နေပြီး မိုးခြိမ်းသံများ တိမ်တိုက်များအကြား ဝတ်ရုံစများက တလွင့်လွင့် လှုပ်ရှားနေသည်။ အကြောင်းတစ်ခုခုကြောင့် လူတိုင်းသည် ယောက်ျားပီသပြီး မခံမရပ်နိုင်သော အရှိန်အဟုန်ကို ဖျတ်ခနဲ ခံစားလိုက်ရသည်။
“အဲဒီလူက ဘယ်သူလဲ? သူတော်စင်နယ်ပယ်ရဲ့ အတိဒုက္ခကို ဖြတ်ကျော်မလို့များလား?”
သာမန် သူတော်စင်တစ်ပိုင်း အဆင့်မှ သူတော်စင်နယ်ပယ်ကို အဆင့်တက်လျှင် အကြီးကျယ်ဆုံး မိုးကြိုးပစ်ချက်ကို ခံယူကြရလေသည်။ ထိုအရာက သူတော်စင်နယ်ပယ်ရဲ့ အစသာ ဖြစ်ပေ၏။
သို့သော် ဤမိုးကြိုး အတိဒုက္ခသည် အရက်စက်ဆုံးနှင့် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ ရာနှင့်ချီသော သူတော်စင်နယ်ပယ် များထဲမှ တစ်ယောက်မျှပင် သူတော်စင် အတိဒုက္ခကို မလွတ်မြောက်နိုင်ပေ။
ယွမ်ခွန်အားကို သူတော်စင်စွမ်းအင် အဖြစ် အသွင်ပြောင်းခြင်း၊ တောက်ကျင့်စဥ် ပုံစံများ ပေါင်းစပ်ခြင်းနှင့် နယ်ပယ် ပြီးပြည့်စုံမှုသည် မရှိမဖြစ် လိုအပ်သည်။ အထူးသဖြင့် ယခုအခိုက်အတန့်ဟာ မိုးကြိုး အတိဒုက္ခကို ပထမဆုံးအကြိမ် တွေ့ကြုံရသောကြောင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။
သူတော်စင်များစွာသည် ကောင်းကင်တွင်ရှိ မိုးကြိုး ဘေးဆိုးကြီးကို ကြည့်ရှုနေခဲ့ကြပြီး သူတို့၏ နှလုံးသားများသည် ထိတ်လန့်ခြင်းများဖြင့် ပြည့်နှက်နေကြသည်။
"ဒီလောက်ပြင်းထန်တဲ့ မိုးကြိုး အတိဒုက္ခကို လက်ခံမယ့်လူက ထိပ်တန်း ပါရမီရှင်ပဲ ဖြစ်ရမယ်!"
"သနားစရာပဲ.... ရွှမ်ခုန်းတောင်ထဲကို ဝင်ပြီး အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို ရယူချင်ရင် အဲဒီအတွက် အကောင်းဆုံး နယ်ပယ်က သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ကာလပဲ!"