ထူးဆန်းမီးတောက်
Vol. 49 Ch. 4.253
လုရွှမ် ပိုင်ကျန့်ဖေးကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက တဖြည်းဖြည်း လေးနက်လာသည်။ သူ့အစွမ်းကြောင့် ဒီနယ်ပယ်က လူတွေကို ကြောက်စရာ မရှိတော့ပေ။
"အစ်ကိုလု.... ခင်ဗျားအရင်က အတိဒုက္ခကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဆိုတာ ကျုပ် မြင်ပြီးပါပြီ.. ခင်ဗျားရဲ့ခွန်အားတွေက အရမ်းအားကျပြီး လေးစားစရာ ကောင်းတယ်... ဒါပေမဲ့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို လူတစ်ယောက်ပဲ ဆက်ခံနိုင်တယ် ဆိုတာ ခင်ဗျားလည်း သိမယ်လို့ ထင်ပါတယ်... အခုခန့်မှန်းချေ အနည်းဆုံးတော့ လူနှစ်ဆယ်လောက် ဝင်လို့ရတယ် အစ်ကိုလု.... ခင်ဗျား တကယ်ပဲ တန်ခိုးကြီးပါတယ်.... ဒါပေမဲ့ ခင်ဗျားရဲ့နယ်ပယ်က အတော်လေး မလုံလောက်သေးဘူး.... အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို သိမ်းပိုက်နိုင်တယ် ဆိုတာ ဘယ်လောက်များ ယုံကြည်မှုရှိလဲ မသိဘူး"
လုရွှမ် ရယ်လိုက်သည်။ ပြဿနာက ဒီလောက်မြန်မြန်ကြီး ရောက်လာတယ်ပေါ့။ လျှို့ဝှက် နယ်မြေထဲကိုတောင် မဝင်ရသေးဘူး။ ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် စပြီး ကြံစည်နေကြပြီ။
လုရွှမ် ထိုလျှို့ဝှက် ဆန်းကြယ်မှုများကို စိတ်မဝင်စားပါ။ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေခံ သိုင်းကျင့်စဥ်က ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ သူ့ရဲ့ ယွမ်ယန်ကျင့်စဥ်လောက် အစွမ်းထက်နိုင်မှာလား? အမွေ လွှဲပြောင်းခြင်းအတွက် အရည်အချင်း ရှိသူများလေ သူ့အတွက် ပြဿနာ ရှင်းလေပဲ။
သူကြိုးကြိုးစားစား လေ့ကျင့်ခဲ့တဲ့ ကျင့်စဥ်လောက် တည်ငြိမ်၊ ဝိုင်းစက်ပြီး လွတ်လွတ်လပ်လပ် ပြသနိုင်တဲ့ ကျင့်စဥ် ဆိုတာကို ဘယ်မှာများ ရှာတွေ့နိုင်မှာလဲ?
လုရွှမ်၏ အမြင်တွင် ဤအဘိုးကြီး၏ အမွေအတွက် အရေးကြီးဆုံး အရာမှာ ယခင်စမ်းသပ်မှုများနှင့် ဒေါသကို ခံနိုင်ရည် ရှိခြင်းပင်ဖြစ်သည်။
အဘိုးကြီးရွှမ်ဟွမ်သည် ဝိညာဉ်သခင် မဟုတ်သော်လည်း လက်နက် သန့်စင်ရာတွင် ကျွမ်းကျင်သည်ဟု သူကြားခဲ့ပြီးပြီ။ အကယ်၍ သူသည် ထိုလက်နက် သန့်စင်ခြင်း အတွေ့အကြုံကို ရယူနိုင်ခဲ့ပါက အကြီးမားဆုံး ချမ်းသာမှု ဖြစ်လာလိမ့်မည်။
"မလိုပါဘူး.... သော့ကို ရတာက ကံကောင်းသွားတာပါ အစ်ကိုပိုင် နှုတ်ဆက်ပါတယ်"
လုရွှမ် ပြောပြီးတဲ့အခါ ချောမောစွာနဲ့ ထွက်သွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက်က ပိုင်ကျန့်ဖေးအနားမှာ တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာ၏။
"ဘယ်လိုလဲ?"
"ဟမ့်... မာနကြီးနေတဲ့လူပဲ... အဲဒီကိုဝင်ရမယ့် အချိန်ရောက်ရင် စောင့်ကြည့်လိုက်ရအောင်"
လုရွှမ် ထွက်သွားတဲ့ အရှိန်က အလွန်လျင်မြန်လှသည်။ လောလောဆယ် မတွေ့ရသေးသော သော့နှစ်ချောင်းသာ ကျန်ရှိတော့သည်။ ၎င်းတို့ကို ရယူပြီးသည်နှင့် ရွှမ်ခုန်းတောင်၏ လျှို့ဝှက်နယ်မြေထဲသို့ အတင်းအကြပ် တွန်းပို့ခံရမှာ ဖြစ်သည်။
သူထွက်လာရာ အရှေ့ဘက်မှ ဆူညံသော အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်လည်း တောင်ကုန်းပေါ်သို့ ပြေးတက်သွားခဲ့သည်။ တောင်အောက်ခြေတွင် ရေကန်တစ်ကန် ရှိပြီး ထောင်ပေါင်းများစွာသော ကျင့်ကြံသူများက ထူထပ်စွာ ပိတ်ဆို့ထားကာ အသီးသီး အခွင့်အလမ်းများကို ရှာဖွေနေကြသည်။
ထက်မြက်တဲ့သူတွေ အများကြီး ရှိနေပုံပင်။
"အဘိုးကြီးရွှမ်ဟွမ်က လက်နက်တွေကို သန့်စင်တဲ့နေရာမှာ အတော်ဆုံး ဆိုတာကို လူတိုင်းလည်း သိကြမှာပါ.... သူက လက်နက်တွေကို သန့်စင်တဲ့ နေရာမှာ ကျွမ်းကျင်လို့ အရမ်း ကျော်ကြားတယ်... ဒါပေမဲ့ အဘိုးကြီးရွှမ်ဟွမ်က ကျုပ်တို့ တျယ်ရှန်းဂိုဏ်းကနေ ဆင်းသက်လာခဲ့တာကိုတော့ သိပ်မသိကြဘူး...ဒီစာအုပ်က ကျုပ်တို့ တျယ်ရှန်းဂိုဏ်းရဲ့ လက်နက်သန့်စင်မှု နည်းလမ်းစာအုပ်ပဲ... ဝိညာဥ်သလင်း ၁၀တုံး... "
သူတော်စင်နယ်ပယ် ဒုတိယအဆင့်မှ ယောက်ျားကြီး တစ်ယောက်က အော်ဟစ်နေ၏။ သူ့မျက်နှာပေါ်တွင် ကြမ်းတမ်းသော အကြည့်များ ရှိနေသည်။ ဘယ်သူကမှ လူမိုက် မဟုတ်တာကြောင့် သူ အကြာကြီး အော်ပြီး အမိုက်စားစကားလုံးတွေနဲ့ ကြွားလုံးထုတ်ရင်တောင် လူတော်တော်များများက သူ့ကို မယုံကြပေ။
လုရွှမ်လည်း ထိုလူတွေ အနားကို ရောက်လာခဲ့၏။ လုရွှမ် ရောက်လာတာကို မြင်တော့ ထိုလူရဲ့ဖောင်းကားနေတဲ့ ပါးပြင်ပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး
"ဒီညီလေး.... အိုး ပါရမီရှင်ညီလေးပဲ... ဘာလဲ မင်းလည်း စာအုပ်လာဝယ်တာလား?"
သူ၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင် မဟုတ်ဟုသာ ထင်နေသောကြောင့် သူ့နာမည်ကို ပါရမီရှင် အဖြစ်သာ ပြောင်းခေါ်လိုက်ချေသည်။
"အစ်ကို... အဘိုးကြီးရွှမ်ဟွမ်က ခင်ဗျားတို့ဂိုဏ်းမှာ တစ်ချိန်က ကျင့်ကြံခဲ့ဖူးတယ်လို့ ပြောတယ်နော်?"
"ငါပြောပြမယ်..."
ထိုလူ၏အမည်မှာ ဟေးတျယ် ဖြစ်သည်။ သူသည် သစ္စာရှိပုံ မပေါက်သော်လည်း အလွန်လျင်မြန်လှသည်။ လုရွှမ်ကိုပင် စိတ်လှုပ်ရှားစေသည့် လျှာဖြင့် အဘိုးကြီးရွှမ်ဟွမ် အကြောင်း အရာများစွာကို လျင်မြန်စွာ ပြောပြလာ၏။ ထို့နောက် သူတို့ဂိုဏ်း၏ လေ့ကျင့်ရေး နည်းလမ်းများကို ကောင်းကင်တွင်သာ ရနိုင်ကြောင်း ကြွားဝါခဲ့ပြန့သည်။
ယခုရောင်းချတာက ပြန်ပွားထားတာကြောင့် အမြန်ဝယ်ရမည်ဟုလည်း ဆို၏။
ဟေးတျယ်သည် အမြဲလိုလို ကြွားလုံးထုတ်နေသော်လည်း အမှန်ပင် အဘိုးကြီးရွှမ်ဟွမ်သည် တျယ်ရှန်းဂိုဏ်းတွင် သူ၏ လေ့ကျင့်မှုအတွက် အုတ်မြစ်ချခဲ့သည်။ လုရွှမ်လည်း ထိုလျှို့ဝှက်နည်းလမ်း စာအုပ်ကို ရိုးရိုးရှင်းရှင်းပင် ဝယ်ခဲ့လိုက်သည်။
လုရွှမ်မှာ ဤကမ္ဘာငယ်လေးတွင် အခြေခံအချက်များစွာကို နားမလည်သောကြောင့် ကိုးကားရန်အတွက် စာအုပ်တစ်အုပ် ဝယ်ခဲ့ခြင်းက သာမန်ပဲ ဖြစ်သည်။
လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ လူများနှင့် ရိုးရိုးရှင်းရှင်း ပြောဆိုဆက်ဆံခဲ့ပြီး လူသိများသော ထင်ရှားကျော်ကြားသူများ၏ အတ္ထုပ္ပတ္တိနှင့် ကျင့်ကြံခြင်းဆိုင်ရာ အခြေခံဗဟုသုတများစွာပါတဲ့ စာအုပ်ကို ဝယ်ယူခဲ့သည်။ ဘာပဲဖြစ်ဖြစ် စျေးမကြီးဘူးလေ။ နောင်မှာ ပိုလေ့လာနိုင်မယ် မဟုတ်လား။
အထူးသဖြင့် ဒီနေရာမှာ ဈေးဆိုင်တွေ တည်ထောင်ပြီး စီးပွားရေး လုပ်ရဲတဲ့သူတွေက ဘယ်သူမှ မတုံးကြပါဘူး။ လုရွှမရဲ့ လုပ်ရပ်တွေကို မြန်မြန်မြင်တာနဲ့ ရောင်းမရတဲ့ စာအုပ်တွေ၊ အတ္ထုပ္ပတ္တိတွေ၊ လျှို့ဝှက်ချက်တွေ အားလုံးကို လုရွှမ်ထံ လွှင့်ပစ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဒါက ဝိညာဉ်သလင်း ကျောက်တွေပဲလေ။ ပြီးတော့ အဲဒါတွေကို သူ အောင့်ယွဲ့ဆီက အများကြီး ရခဲ့ပြီးပြီ။
"အစ်ကိုဟေးတျယ်.... ဒါ အဘိုးကြီးရွှမ်ဟွမ် လက်နက်သန့်စင်တဲ့ နေရာ မဟုတ်ဘူးလား? ပြောရရင် ကောင်းတာတွေ အများကြီး ကျန်နေသင့်တယ်.... အနည်းဆုံး ပစ္စည်းတချို့ ချန်ထားခဲ့သင့်တယ်မလား?"
လုရွှမ်သည် ဟေးတျယ်နှင့် စီးပွားရေးလုပ်ငန်းများစွာ လုပ်ခဲ့ပြီး ဟေးတျယ်ကလည်း လုရွှမ်ကို အထူးနှစ်ခြိုက်နေတာကြောင့် ထိုအကြောင်းကို စတင်ပြောဆိုလာခဲ့သည်။
ဤနေရာတွင် ပစ္စည်းအများအပြား ကျန်နေသေးသော်လည်း ရောက်လာသူများက အကြိမ်ပေါင်းများစွာ လုယူသွားခဲ့ပြီ။ တကယ်တော့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ လျှို့ဝှက်နယ်မြေဟာ ဘယ်တော့မှ မဖွင့်လာတာကြောင့် လက်နက် သန့်စင်တဲ့ နေရာဟာ လူတိုင်း တိုက်ပွဲဝင်ရမယ့် နေရာ ဖြစ်လာခဲ့၏။
"ဒါပေမဲ့ အဘိုးကြီးရွှမ်ဟွမ်က ထူးဆန်းတဲ့ မီးနဲ့ ကောင်းကင်ဘုံသခင်ရဲ့ လက်နက်တွေအတွက် ပစ္စည်း တစ်ပိုင်းအစကို ဒီမှာ ထားခဲ့တယ်တဲ့... ဒါပေမဲ့လည်း နှစ်တွေကြာလာတော့ လူတိုင်း ဒီမှာ ရှာဖွေနေကြပေမယ့် ဘယ်သူက ဘာရသွားတယ်ဆိုတဲ့ သတင်းကို တစ်ခါမှ မကြားခဲ့ရဘူး..."
"ရည်ရွယ်ချက် မကောင်းတဲ့ လူတွေရော ရည်ရွယ်ချက်ကောင်းတဲ့ လူတွေရော...လူတွေမှ အများကြီးပဲလေ....ဟဲဟဲ..."
ထူးဆန်းမီးတောက်!
လုရွှမ်နှလုံးက တစ်ချက် ခုန်သွားသည်။
ကောင်းကင်ဖီးနစ်မီးသည် ထူးဆန်းသောမီးဟု မယူဆသော်လည်း ဖီးနစ်၏ မသေနိုင်သော စွမ်းအားကို အခြေခံ၍ အစွမ်းထက်သော စွမ်းရည်များ ရှိသည်။ ဒါပေမဲ့ တကယ်တမ်း ပြောရရင် သူက အမြစ်မရှိတဲ့ သစ်ပင်တစ်ပင်လိုပင်။ အမြစ်မရှိရင် ရှေ့ဆက်တက်ဖို့က မဖြစ်နိုင်တော့ချေ။
ယခုလုရွှမ်မှာ စွမ်းအား နည်းပါးလာသောကြောင့် ကောင်းကင်ဖီးနစ်မီးသည် တချို့သော အခန်းကဏ္ဍမှ ပါဝင်နေသေးသော်လည်း သူတော်စင် အဆင့်သို့ ရောက်ရှိသွားသောအခါတွင် ကောင်းကင်ဖီးနစ်မီးက များစွာ အသုံးမဝင်နိုင်တော့ပေ။
ထူးဆန်းမီးတောက်ကို ကောင်းကင်ဖီးနစ်မီးဖြင့် ပေါင်းစည်းနိုင်သည်။ ထိုအခြေအနေဖြင့် ကောင်းကင်ဖီးနစ်မီးသည် ဆက်လက် တိုးတက်လာနိုင်ပြီး အနာဂတ် တိုက်ပွဲများတွင် ဝှက်ဖဲအဖြစ်လည်း အသုံးပြုနိုင်ပြီ။
နှလုံးသားမီးသစ်သီးကို ထူးဆန်းမီးတောက် အဖြစ် အသုံးပြုနိုင်သော်လည်း နွားကို နွားနဲ့ပြန်သတ်နေတဲ့ နည်းလမ်းဖြစ်သည်။
"ညီအစ်ကို.... စိတ်လှုပ်ရှားနေပြီ ဟုတ်တယ်ဟုတ်... မင်းကို နောက်ထပ် သတင်းတစ်ခု ပြောပြမယ်... အဲဒီထူးဆန်းတဲ့မီးက ငါတို့ တျယ်ရှန်းဂိုဏ်းက အဘိုးကြီးရွှမ်ဟွမ်က ရခဲ့တာလို့ ငါကြားဖူးတယ်.... အဲ ..."
လုရွှမ် မျက်လုံးကို မှိတ်လိုက်ပြီး သူတော်စင် ဝိညာဉ်သလင်းကျောက် ဆယ်လုံးကို ပစ်ချပေးလိုက်သည်။ ဟေးတျယ်က ရယ်မောပြီး သူတော်စင် ဝိညာဉ်သလင်းကျောက်များကို သိမ်းလိုက်သည်။
"ငါတို့ဂိုဏ်းမှာ လက်နက်သန့်စင်တဲ့ မီးတစ်မျိုး ရှိတယ်လို့ ဒဏ္ဍာရီရှိတယ်.... အစပိုင်းမှာတော့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ လက်နက်သန့်စင်မှု စွမ်းရည်ကို အာရုံခံမိတဲ့အတွက် ထူးဆန်းမီးတောက်က အလိုအလျောက် ထွက်လာခဲ့တာတဲ့.... အဲဒီရတနာက သူ့သခင်ကို သူတို့ဘာသာ အသိအမှတ်ပြုတာ"
"ညီအစ်ကိုလုရွှမ်.... အဲဒီဟေးတျယ်ရဲ့ ကြွားလုံးထုတ်နေတဲ့ စကားတွေကို နားမထောင်နဲ့ သူက ဘယ်သူမလို့လဲ? ဒီနှစ်တွေထဲ လက်နက်တွေ သန့်စင်ဖို့ ပါရမီရှင်တွေ ဒီကို ဘယ်နှစ်ယောက်တောင် လာခဲ့တယ်ထင်လဲ? ဟမ့် အခုထိ အဲဒီမီးက ပေါ်မလာသေးဘူး... သဲလွန်စလည်း မရှိဘူး တချို့လူတွေတောင် အတိအကျ စမ်းသပ်ဖို့ ဒီကို လာခဲ့သေးတယ်... ထူးဆန်းတဲ့ မီးဆိုတာ မရှိဘူး အဲဒါကို မေ့လိုက်တော့..."
"ဟမ့်.... လူယုတ်မာ ငါက မင်းကို စီးပွားရေးအဖြစ် မိတ်ဆက်ပေးရလောက်အောင် ကြင်နာတယ်.... ဒါပေမဲ့ မင်းကငါ့ကို သွေးထိုးနေတယ်ပေါ့လေ... ဒီကနေ ထွက်သွား!!"
လူနှစ်ယောက် စကားများ ရန်ဖြစ်ကြသော်လည်း လုရွှမ်ကတော့ သူ့စိတ်ထဲ အတွေးလွန်နေမိသည်။ ထူးဆန်းမီးတောက်ကို ဆွဲဆောင်ဖို့ သူတော်စင်လက်နက်တွေကို သန့်စင်ရမယ်ဆိုတာ ယုတ္တိမရှိတာတော့ မဟုတ်ပေ။
လုရွှမ် သူ့ယခင်ဘဝတုန်း ကြားဖူးခဲ့တာ ရှိ၏။ အကြီးအကဲ တစ်ယောက်ဟာ အဂ္ဂိရတ်သန့်စင်နေတုန်း ကောင်းကင်မှ အဂ္ဂိရတ်မီးဖို တစ်ခုကို ပြုတ်ကျ လာစေခဲ့တယ် ဆိုတဲ့ ဒဏ္ဍာရီသတင်းပဲ ဖြစ်သည်။
ဒါက တကယ်များ ဖြစ်နေမလား?