ငါရှုံးသွားပြီ
Vol. 49 Ch. 4.255
သူနဲ့ အထိတွေ့ဆုံးက မိုးနတ်ဘုရားဓားပဲ ဖြစ်သည်။
သူ့ရှေ့က ပစ္စည်းများသည် တိမ်ပင်လယ် ကမ္ဘာ၌ပင် အလွန်အသုံးများကြပြီး ရှားပါးသည်။ လုရွှမ် ပါဝင်ပစ္စည်းများ၏ စွမ်းဆောင်မှု နှင့် ပတ်သက်၍ အလွန်ရင်းနှီးသူ ဖြစ်သည်။ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ကောက်ယူကာ ဂရုတစိုက် ခံစားပြီး နောက်ဆုံးတွင် စတင်လှုပ်ရှားခဲ့သည်။
လူနှစ်ယောက်ကြား အလောင်းအစား လုပ်ထားကြောင်းကို အနီးနားရှိ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရရာ မကြာမီတွင် ပျံ့နှံ့သွားတော့သည်။
"ဟေ့.... လက်နက်သန့်စင်မယ့် လူကို တွေ့လား? အဲဒါ လက်မှုပါရမီရှင် လိရှောင်းပဲ!"
"ဟုတ်တယ်.... တစ်ဖက်က ဘယ်သူလဲမသိဘူး?? သူက လိရှောင်းနဲ့ လက်နက်သန့်စင်ဖို့တောင် ပြိုင်ချင်နေသေးတယ်.... မာနကြီးနေတာလား ဒါမှမဟုတ် သူ့မှာ တကယ်အရည်အချင်း ရှိလို့လား"
လိရှောင်းကို လူတိုင်း ကြောက်ကြသော်လည်း လက်နက် သန့်စင်ခြင်းတွင် သူ၏ အရည်အချင်းကို မည်သူမျှ ငြင်းဆိုခြင်း မရှိပေ။
"သူတို့က သူငယ်ချင်းတွေများလား"
"အဓိပ္ပာယ် မရှိတာ!! သူတော်စင်တစ်ပိုင်း အဆင့် ၇နဲ့ ဒီအထိရောက်လာတာ ပါရမီရှင်မဟုတ်လို့ ဘာဖြစ်မှာလဲ?"
အောက်ဖက်တွင် ဆူညံသံများစွာ ထွက်ပေါ်နေပြီး လုရွှမ်သည် သူ့ပစ္စည်းများကို အာရုံစိုက်ထားပြီ ဖြစ်သည်။ ဓားအပိုင်းအစကို ထိလိုက်သည်နှင့် သူသည် အမျိုးသမီးတစ်ဦးကို ပွတ်သပ်နေသကဲ့သို့ လက်ဖဝါးနှင့် သေသေချာချာ ထိတွေ့နေတာကြောင့် လူတိုင်းက တအံ့တသြ ကြည့်နေကြရသည်။
"ဒါက လက်နက်သန့်စင်လား ဒါမှမဟုတ် မိန်းမတွေနဲ့ ကစားနေတာလား? အဲဒါက အေးစက်တဲ့ ပစ္စည်းတစ်ခုပဲ မဟုတ်ဘူးလား? ဘာဖြစ်လို့ သေသေချာချာ ထိတွေ့နေပါလိမ့်?"
ချန်ယီးပင်လျှင် သည်းမခံနိုင်တော့ပေ။ သူသည် မကောင်းမှု မှန်သမျှကို ကျူးလွန်ဝံ့သည်။ ဤနေရာပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေးတွင် သူ၏ဂုဏ်သတင်းသည် လိရှောင်း ကဲ့သို့ပင် ဆိုးရွားလှ၏။ သူ့ကိုယ်သူ ကျင့်ကြံသူအဖြစ် အစဉ်တစိုက် မှတ်ယူကာ ဗုဒ္ဓအကြောင်း ဟောကြားနေသော်လည်း သူ့လက်ထဲတွင် ကြင်နာမှု အရိပ်အယောင် မရှိပေ။
သားသတ်သမားကလည်း ခေါင်းညိတ်ပြသည်။ ပါရမီရှင်အများစုသည် လက်နက်များကို သန့်စင်ရန် အလွန် စိတ်ဝင်စားကြသည်။ သားသတ်သမားသည် အချိန်အတိုင်းအတာ တစ်ခုအထိ လက်နက် သန့်စင်ခြင်းကိုလည်း လေ့လာခဲ့သေးသော်လည်း သားရဲများကို ထိန်းချုပ်ရခြင်းက ပိုပျော်စရာကောင်းကြောင်း တွေ့ခဲ့၏။ သို့သော် လက်နက်သန့်စင်ခြင်း၏ အသေးစိတ် အချက်အလက်များကိုတော့ သူနားလည်ခဲ့သည်။
လိရှောင်းက နဂါးနှင့် ကျားကဲ့သို့ပင့။ သူသည် သူ့အင်္ကျီကို ချွတ်လိုက်ပြီး လက်နက်သန့်စင်ဖို့ အင်္ကျီမဲ့သွားရာ ယခုအချိန်တွင် လက်နက်သန့်စင်သူနှင့် တကယ် တူသွားသည်။ တစ်ဖက်တွင် လုရွှမ်သည် နွေးထွေးပြီး ဆိုးသွမ်းသော မိန်းမတစ်ယောက်ကို စိုက်ကြည့်နေသလို ဖြစ်နေတာကြောင့် လူအများကို စိတ်ရှုပ်သွားစေ၏။
ဆန်းကြယ် အနက်ရောင်သံ၊ ထိပ်တန်းအရည်အသွေး၊ % အညစ်အကြေး ၀%။
သွေးကြေးနီသံ၊ ထိပ်တန်းအရည်အသွေး၊ ၄% အညစ်အကြေး။
…
ပစ္စည်းတစ်ခုအား ထိလိုက်သည်နှင့် ပစ္စည်း၏အဆင်း သဏ္ဌာန်ကို ခံစားရသဖြင့် ၎င်းတွင်ပါရှိသော အညစ်အကြေးများနှင့် အရည်အသွေးတို့ကို လုရွှမ် သူ့စိတ်ထဲတွင် ရေးထွင်းထား၏။ ဤသည်မှာ နှစ်ပေါင်းရာနှင့်ချီ၍ စဉ်ဆက်မပြတ် လက်နက်သန့်စင်ခြင်းမှ ရရှိလာသော အတွေ့အကြုံ ဖြစ်သည်။
ပစ္စည်းအားလုံးကို အာရုံခံပြီးနောက် လုရွှမ် ပေါ့ပေါ့ဆဆ ပြုမူခြင်း မပြုသေးပေ။ သူသည် အနီရောင်မီးလျှံထဲသို့ လက်ဖဝါးကို ထည့်ကာ မီးတောက်ကို ခံစားလိုက်သည်။
တစ်ဖက်မှာ တဝုန်းဝုန်းနဲ့ မီးတွေ တောက်လောင်နေချိန် လုရွှမ်ဘက်မှာတော့ ဘာအသံမှ မထွက်လာသေးချေ။
ဒါပေမယ့် အားလုံးရဲ့ မျက်လုံးတွေက လုရွှမ်ဆီကို လှည့်လာပြီး သူဘာလုပ်နေလဲ မသိပေမယ့် သူ့ရဲ့အနုပညာနဲ့တူတဲ့ လှုပ်ရှားမှုတွေကို ကြည့်နေကြလေသည်။
ချန်ယီးနှင့် သားသတ်သမား တို့သည် စကားစဲ၍ နားမလည်သော်လည်း လုရွှမ်ရဲ့ အလေးအနက်ထား လုပ်ဆောင်နေမှုကို ခံစားနိုင်ကြသည်။ တောက်ကျင့်စဥ်၌ သိမ်မွေ့သော ခံစားမှု တစ်ခုရှိသည်။ လုရွှမ်က လက်နက်ကို သန့်စင်နေတာ မဟုတ်ဘဲ လက်နက်သန့်စင်မယ့် ပစ္စည်းတွေကို နားလည်အောင် ခံစားနေသလိုပင်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်ဝိညာဉ်က ရွှင်လန်း တောက်ပလာကာ သင်ယူစရာတွေ အများကြီး ရှိသေးကြောင်း သဘောပေါက်သွားသည်။ တစ်ဖက်လူက သူတို့ထက် ပိုသန်မာနိုင်တာ အံ့သြစရာ မဟုတ်တော့ပေ။ သူလုပ်တဲ့အရာတိုင်း အဓိပ္ပာယ် ရှိနေတာပဲ။
မီးတောက်ကို ခံစားပြီးနောက် လုရွှမ် ပစ္စည်းကို ကောက်ယူပြီး မီးထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
လူတိုင်းမှာ ရင်ဘတ်ထဲတွင် တင်းကျပ်သွားပြီး သွေးများပင် ထွက်နေသယောင် ခံစားလိုက်ရသည်။ အစောကတော့ ဓားကို အရမ်းနူးညံ့နေပေမယ့် အခုက အရမ်းမိုက်လွန်းတယ်။ ဒါက လက်နက်တွေကို သန့်စင်တဲ့နည်းလား? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လက်မှုပညာရှင်တွေတောင် လက်နက်တွေကို ဒီလို မသန့်စင်ဘူးလေ။
လုရွှမ်သည် မျက်လုံးများကို မှိတ်ထားပြီး ဘာကိုမှ အာရုံမစိုက်ဘဲ မီးတောက်ရဲ့ အငွေ့အသက်များ အားလုံးကို သူ့စိတ်ထဲတွင် ရေးထွင်းထားကာ စိတ်ဝိညာဉ် စွမ်းအားက မီးတောက်များထဲတွင် လှုပ်ရှားနေပြီး အရာအားလုံးကို ထိန်းချုပ်ထားသည်။ မီးတောက်၏ အပူချိန်သည် အလွန်မြင့်မားသော်လည်း အားလုံးက သူ့ကိုယ်ပိုင် မီးတောက်မဟုတ်ပေ။ မီးတောက်ရဲ့ ဆန္ဒကို လုံးလုံးလျားလျား လိုက်နာလိုပါက ၎င်းကို စိတ်စွမ်းအားဖြင့် ဆက်သွယ်ရန် လိုအပ်သည်။
ယခုအချိန်တွင် လုရွှမ်၏ ရည်ရွယ်ချက်နှင့်အညီ မီးတောက်များသည် လုံး၀ ပြောင်းလဲသွားသည်။ မီးတောက်တွင် ပစ္စည်းအမြောက်အများကို ထည့်သွင်းထားကာ ဖရိုဖရဲ ဖြစ်ပုံရသော်လည်း ဝိညာဉ်စွမ်းအား ကြိုးမျှင်တစ်ခုစီသည် မီးတောက်တစ်ခုစီကို ဆွဲထုတ်သွားကာ ပစ္စည်းတစ်ခုစီကို ဖြည်းဖြည်းချင်း သန့်စင်သွားသည်။
လိရှောင်းဖက်တွင်တော့ ပစ္စည်းကို ပုံသဏ္ဌာန်ပေါ်အောင် သန့်စင်ပြီးသွားပြီ ဖြစ်ပြီး တကယ်ကို ဓားရှည်နဲ့ တူနေပြီ။ သူ့လုပ်ရပ်က အနည်းငယ်ကြမ်းတမ်းပုံ မပေါက်သော်လည်း သေချာကြည့်လျှင် သူ့ထံမှ ရိုင်းစိုင်းမှုကို ခံစားနိုင်သည်။
မီးတောက်များကို ထိပြီး ပစ္စည်းများကို သန့်စင်ပေးသည့် တောက်ကျင့်စဥ် ပုံစံ၏ အရိပ်အယောင်လည်း ရှိနေသည်။
လုရွှမ် မီးကို ဂရုတစိုက် ထွန်းညှိလိုက်ပြီး အနက်ရောင်သံကို စိတ်စွမ်းအား မျဉ်းကြောင်းများအတိုင်း သန့်စင်လိုက်သည်။ ဆန်းကြယ်အနက်ရောင်သံ၏ မူလအနက်ရောင်နှင့် အနီရောင်သည် တဖြည်းဖြည်း မှိန်ဖျော့ဖျော့ အရည်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လက်နက်များကို ဘယ်လို သန့်စင်ရမလဲ မသိသူများပင် ထိုပစ္စည်းက ထူးကဲလှကြောင်း မြင်နိုင်ပေသည်။
ပစ္စည်း မလုံလောက်ပါက တောက်ကျင့်စဥ် ပုံစံများဖြင့် ဖြည့်စွက်ရန် လိုအပ်သည်။ လုရွှမ်သည် အနက်ရောင်သံ၏ အသွင်အပြင်ကို လိုက်၍ ကြေးနီသွေးသံကို အဆက်မပြတ် ရောစပ်လိုက်သည်။
ပစ္စည်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ရောယှက်သွားကာ တောက်ကျင့်စဥ် စွမ်းအင်ပုံစံများလည်း ပေါင်းစပ်သွားခဲ့သည်။ နောက်ဆုံးတွင် ပစ္စည်းနှစ်ခုသည် ပေါင်းပြီး စီးဆင်းနေသော ရေဘောလုံးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
လုရွှမ်သည် ၎င်းတို့ကို တစ်ခုနှင့်တစ်ခု စည်းချက်ညီညီ ရောနှောကာ စည်းစနစ်ကျသော သတ္တဝါလေးများ ပျံဝဲသွားကဲ့သို့ ရွှင်မြူးသော အသံများကိုပါ ထွက်ပေါ်လာစေ၏။
လုရွှမ် သူ၏လက်များကို ဖြန့်ကာ သံရေဘောလုံးကို ပုံသဏ္ဌာန် ဖြစ်လာအောင် ပုံသွင်းလိုက်သည်။ ဓားဖျား၊ ဓားကိုယ်ထည်နှင့် ဓားသွားတို့ကို အဆက်မပြတ် ဆွဲထုတ် ပုံသွင်းနေသည်။ လှုပ်ရှားတဲ့ တစ်လျှောက်လုံး နှေးကွေးပြီး အလျင်စလို မဟုတ်သော်လည်း ၎င်းပေါ်ရှိ တောက်ကျင့်စဥ် မျဥ်းများကို ပိုမိုတောက်ပလာစေသည်။
ပုံစံ မကျသော ဓားသန္ဓေသားမှ ဓားရောင်ဝါက ရုတ်တရက် ထွက်ပေါ်လာတဲ့အခါ လုရွှမ် သက်ပြင်း အသာချလိုက်သည်။ လှုပ်ရှားမှုများကို ဆက်ပြီး ပြည့်စုံစေရန်အတွက် အခင်းအကျင်း ဖွဲ့စည်း ပေါင်းစပ်ခြင်းဖြင့် ငွေဖြူရောင် ဓားရှည်ကို သန့်စင်လိုက်သည်။
ရောင်စုံ တိမ်တိုက်များသည် ကောင်းကင်ထက်တွင် စုဝေးလာကာ မိုးခြိမ်းသံများက လုရွှမ်ဆီသို့ ပြေးဝင်သွားပြီး ဓားရှည်ကို ဖုံးအုပ်ပစ်လိုက်တော့သည်။ ဓားရှည်က သူ့အလိုလို ပျံတက်သွားကာ မိုးကြိုးတိမ်တိုက်ကို ရင်ဆိုင်လိုက်သည်။
လူတိုင်းက ပြေးထွက်သွားသည့် အသွင်သဏ္ဌာန် သူတို့ရှိနေရာ အကွာအဝေးမှပင် လှမ်းမြင်နိုင်သည်။ တချို့လူတွေက ပဟေဌိ ဖြစ်နေကြပြီး တချို့ကတော့ လှောင်ရယ် နေကြသည်။ တောက်ကျင့်စဥ် မျဥ်းတွေက မိုးကြိုး တစ်ချက်ပစ်လိုက်ရုံနဲ့ ကွဲထွက်သွားတော့မယ့်ပုံပဲ။
လျှပ်စီးနှင့် မိုးကြိုးများက ဆက်တိုက် ပြိုဆင်းလာ၏။ ဓားရှည်သည် အထူးသဖြင့် ဝိညာဉ်အသိစိတ် ရှိသည့်နှယ် ကောင်းကင်တွင် အလိုအလျောက် ပျံသန်းနေရာ နဂါးတစ်ကောင်နှင့်ပင် တူနေသည်။
မင်းသမီးပိုင်လုံရဲ့ ဓားကို သန့်စင်ပေးခဲ့တဲ့ နောက်ဆုံးအကြိမ်နဲ့ ယှဉ်ရင် ဒီတစ်ကြိမ်က ပိုလွယ်ပါ၏။ တောက်ကျင့်စဥ် မျဥ်းတွေကဟာ အလိုအလျောက် ပျံသန်းသွားပြီး မိုးကြိုးပစ်ချက်ကို စုပ်ယူပစ်လိုက်သည်။
ရုတ်တရက် သေသွားသော အရာတစ်ခုက အသက်ပြန်ရှင်လာသလို ပြောင်းလဲသွားသည်။
မိုးခြိမ်းသံသည် လျင်မြန်စွာ ပြန့်ကျဲသွားပြီး ဓားရှည်သည် လုရွှမ် ပတ်ပတ်လည်တွင် ပျံသန်းရင်း တိုးညှင်းစွာ အော်ဟစ်နေလေသည်။
"ငါရှုံးသွားပြီ.... ငါရှုံးသွားပြီလို့ ငါယုံကြည်တယ်!"
အနီးနားရှိ တောင်ထိပ်တွင် လိရှောင်းသည် သူ့မျက်လုံးများထဲက ကြည်နူးမှု အပြည့်ဖြင့် ပြောလိုက်သည်။
လုရွှမ်ရဲ့ ဓားရှည်ပေါ်မှာ တောက်ကျင့်စဥ်နဲ့ မိုးကြိုးလှိုင်းတွေ ပြေးလွှားနေတာကို မြင်သောအခါတွင် သူ့ရဲ့ အဓိပ္ပာယ်မဲ့ နောက်ဆက်တွဲ သန့်စင်မှုများကို ရပ်တန့်လိုက်တော့သည်။ သူရှုံးသွားပြီလေ။
သူတို့ မိသားစုသည် လက်နက်များကို သန့်စင်ခြင်းဖြင့် တောက်ကျင့်စဥ် စတင်ကျင့်သုံးခဲ့သည်။ လိရှောင်း ငယ်စဉ်ကပင် လက်နက် သန့်စင်မှုသည် အသက်မရှိတဲ့ အရာဝတ္ထုတွေကိုတောင် အသက်ပြန်ရှင် စေနိုင်တယ်လို့ မိသားစု အကြီးအကဲတစ်ဦးမှ ပြောခဲ့တာကို ကြားဖူးခဲ့သည်။
ဒီလိုမှမဟုတ်ရင် အဲဒါက ထိပ်တန်း သူတော်စင် လက်နက်ဖြစ်ရင် ဘယ်လိုမှ ကြီးထွားနိုင်မှာ မဟုတ်ဘဲ အမှိုက်သာ ဖြစ်သွားလိမ့်မည်။
ကောင်းကင်နှင့် မြေကြီးကြားမှ မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တောင်ထိပ်နှစ်ခုပေါ်ရှိ အနီရောင် မီးတောက်များထဲ လွင့်ပျံလာကာ မီးလုံးအဖြစ် ပေါင်းစပ်သွားသည်။ မီးတောက်များသည် ပုံသဏ္ဌာန် ပြောင်းလဲသွားသလိုမျိုး ခုန်ပေါက်သွားကာ သုံးကြိမ်ဆက်တိုက် ပြောင်းလဲပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။