← Chapters

လျှို့ဝှက်နယ်​မြေထဲ ဝင်ခြင်း

Vol. 50 Ch. 4.256

လျှို့ဝှက်နယ်​မြေထဲ ဝင်ခြင်း

Vol. 50 Ch. 4.256

လုရွှမ်ရှေ့မှာ ပန်းတစ်ပွင့်လို လွင့်မျောနေတဲ့ နို့ဖြူရောင် မီးတောက်တစ်ခု ရှိနေသည်။ လုရွှမ် အလွန်အမင်း အံ့သြသွားကာ။

"ဒါက ထူးဆန်းတဲ့ မီးလောင်စာရင်းမှာ ထိပ်တန်း မီးလုံး ၃ လုံးပဲ.... လက်နက်များကို သန့်စင်တဲ့နေရာမှာ အရမ်းကို အသုံးဝင်တဲ့ ရှားပါးရတနာတစ်ခု ဖြစ်တဲ့ ဝိညာဥ်မီးတောက်ပဲ!!"

ကောလဟာလတွေ အရ ဝိညာဥ်မီးတောက်ကို ကိုယ်တိုင်လက်နက် သန့်စင်တဲ့ နေရာမှာ အသုံးပြုနိုင်သည်။

ဝိညာဥ်မီးတောက်သည် လုရွှမ် ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်လာပြီး နောက်တစ်ကြိမ် ထပ်ထွက်လာသည်။ လုရွှမ် သူ့နှလုံးသားထဲမှာ ရှင်းရှင်းလင်းလင်း နားလည်သွားတာက ဝိညာဉ်မီးက သူ့ကို အသိအမှတ် ပြုလိုက်တာကိုပင်။

ဓားရှည်သည် ​လေထုထဲသို့ ရုတ်တရက် ပျံတက်သွားကာ တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် တောင်ထိပ်နှစ်ခုကြား အလယ်ဗဟိုတွင် အပေါက်ကြီးတစ်ခု ပွင့်လာပြီး အလင်းခုနစ်ရောင်ရှိသော ပစ္စည်းတစ်ခု လွင့်ထွက်သွားသည်။

"အဘိုးကြီးရွှမ်ဟွမ် ချန်ထားခဲ့တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာပဲ!"

လူများစွာက အော်ဟစ်ပြီး အလွန်မနာလို ဖြစ်သွားခဲ့ကြသည်။

ဝိညာဥ်မီးသည် လက်နက်ကို အမှန်တကယ် သန့်စင်နေသကဲ့သို့ ထို​ပစ္စည်းများသည် ဓားရှည်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ သိပ်မကြာခင်မှာပဲ ပုံစံတူ ဓားရှည်တစ်ချောင်းက လုရွှမ်ရဲ့ နံဘေးကို ပျံသန်းလာ၏။

မနာလိုသော မျက်လုံးတစ်စုံသည် လုရွှမ်နှင့် သူ့ရှေ့ရှိ ဓားရှည်ကြီးကို ကြည့်လိုက်သည်။

လုရွှမ် ရုတ်တရက် ခေါင်းယမ်းလိုက်ပြီး အောင့်ယွဲ့ကို လက်ညိုး ထိုးပြလိုက်ရာ ဓားရှည်သည် အသံကျယ်ကျယ် ထုတ်လွှတ်၍ အောင့်ယွဲ့ဆီသို့ ပျံသန်းသွားပြီး တိုးညှင်းစွာ လေချွန်လိုက်သည်။

အောင့်ယွဲ့ လုရွှမ်ကို ကြည့်လိုက်ရာ ရုတ်တရက် သူမ၏ လှပသော မျက်နှာမှာ ပျက်သွားပြီး အေးစက်စွာ အော်လိုက်သည်။

"လုရွှမ် ရှင်က ဘာသ​ဘောလဲ?"

လူတိုင်းက အတင်းအဖျင်း ပြောရတာကို အရမ်းစိတ်ဝင် စားကြသူတွေချည်းပဲ ဖြစ်သည်။ ဒီပါရမီရှင်လေးနဲ့ နတ်သမီးအောင့်ယွဲ့တို့ အကြားမှာ မရှင်းမရှင်း ဆက်ဆံရေးတွေ ရှိနေတဲ့အကြောင်း သူတို့ ကြားပြီးပြီ။

လုရွှမ်၏ လက်ဖဝါးများ တုန်ခါသွားကာ ဓားရှည်တစ်လက်၏ အပိုင်းအစတစ်ခု ပေါ်လာခဲ့သည်။ သို့သော် သူသန့်စင်ခဲ့သော ဓားရှည်နှင့် နှိုင်းယှဉ်ကြည့်လျှင် သန့်စင်ခဲ့သော ဓားသည် တောက်ပသော လနှင့်တူသော်လည်း ဤဓားရှည်သည် လုံးဝတောက်ပခြင်း မရှိချေ။

လိရှောင်းက အဲဒါကိုမြင်တော့ တိုးတိုးလေး ပြောပြလာ၏။

"ငါခန့်မှန်းတာမှန်ရင် အဲဒီဓားက ကောင်းကင်ဘုံသခင်ရဲ့ လက်နက် ဖြစ်နိုင်ပေမယ့် အခုတော့ အသုံးမဝင်​တော့တာ နှမြောစရာပဲ"

မြင့်မြတ်သော မိသားစုဝင် တစ်ဦးမှာ မျှော်လင့်ထားသည့်အတိုင်း သူ့အသိပညာက အမှန်တကယ်ပင် ထူးခြားလှသည်။

“ဒီဓားကို မိုးနတ်ဘုရားဓားလို့ ခေါ်တယ်....သူမကိုလည်း မိုးနတ်ဘုရား ယွီချန်လို့ ခေါ်တယ်.... ဒီဓားရှည်ကြီးက တော်တော်ပျက်စီးသွားပြီး ဓားကျိုးသွားသလို ဖြစ်သွားတယ်.... သူမ ဘာ​တွေဖြစ်သွားမှန်းတော့ မသိဘူး ငါသူမကို ရှာရမယ်.... ဆက်ဆံရေးတစ်ခု ပြန်ရဖို့ ငါ အမြဲတမ်း တွေးထားခဲ့ပြီးသား... လက်မလွှတ်နိုင်ဘူး"

"ပြောစရာ မလို​တော့ဘူး.... ကျွန်မ ရှင့်ကိုစောင့်နေမယ်!"

နတ်သမီးအောင့်ယွဲ့က ရုတ်တရက် ဓားကို ဆွဲကိုင်လိုက်သည်။

ဓားသည် အံ့အားသင့်စွာ အော်ဟစ်လိုက်ရာ ဓားသည် ၎င်း၏ပိုင်ရှင်ကို အသိအမှတ် ပြုကြောင်း လူတိုင်း သိလိုက်ကြသည်။

ဝိဥာဉ်မီးသည် လုရွှမ်၏ ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏လက်မောင်းတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။

ဗုန်း! ဗုန်း!

မိုးခြိမ်းသံ နှစ်ချက်သည် လေထဲတွင် ရုတ်တရက် မြည်လာသဖြင့် လူတိုင်းလည်း ရောင်စုံတိမ်တိုက်များ လွင့်မျောနေသည့် ကောင်းကင်သို့ အမြန် ကြည့်လိုက်ကြသည်။

လုရွှမ်လည်း လူငါးဦးအား သူ့မျက်နှာပေါ်က အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သော့ဆယ့်နှစ်ခုလုံးကို ရှာတွေ့သွားခဲ့ပြီ။ နောက်တစ်ဆင့်မှာ အမွေဥစ္စာကို ရှာဖွေရန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန်သာ ဖြစ်​​လေသည်။

တောင်ခြေရှိ လူတိုင်း၏ မျက်နှာများတွင် ကွဲပြားသော အမူအရာများ ရှိနေကြသည်။ နချို့မှာ စိတ်လှုပ်ရှားနေပြီး တချို့မှာ စိတ်ဆင်းရဲ​နေကြသည်။

လူတော်တော်များများက အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပါဘူး။ ကောင်းတဲ့အရာတွေ ရှာတွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှမ်ခုန်းတောင်ကို ရောက်လာကြခြင်း ဖြစ်သည်။ ပစ္စည်းကောင်းတွေ မရှာနိုင်ရင်တောင် တခြားသူတွေနဲ့ ဖလှယ်လို့ ရတယ်လေ။

ရွှမ်ခုန်းတောင်ကို ဖြစ်နိုင်သမျှ ကြာကြာ ဖွင့်ထားနိုင်မယ်လို့ မျှော်လင့်ထားကာ ဘယ်တော့မှ မပိတ်သွားဘူး ဆိုရင်တောင် ပိုကောင်းပါ၏။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တစ်လခွဲ မပြည့်ခင်မှာပဲ သော့ဆယ့်နှစ်ခုလုံး စုဆောင်း နိုင်သွားလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ချေ။

ဒီမှာဆက်နေရင်တော့ ထာဝရ ပိတ်မိသွားလိမ့်မည်။

လုရွှမ် ခန္ဓာကိုယ်မှ အလင်းတန်းများ ပေါ်ထွက်လာသည်။ လုရွှမ် အောင့်ယွဲ့ဘက်သို့ သူ့ကို ဝေ့ယမ်းလိုက်တဲ့အခါ အလင်းတန်းများက သူမကိုပါ ဖုံးအုပ်သွားသည်။ သူတို့နှစ်ဦး ခန္ဓာကိုယ်များသည် လေထုအလယ်မှ ပျောက်ကွယ်သွားတာကြောင့် သူတို့နှစ်ဦး လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။

နတ်သမီးရှန်းရှဲ့၊ လိရှောင်းနှင့် တခြားသူများ၏ ရုပ်ပုံများသည် အလင်းရောင်များ တောက်ပလာကာ လျှို့ဝှက်နယ်​မြေထဲသို့ ပို့ဆောင်ခံလိုက်ရသည်။

အလင်းနှင့် အရိပ်တို့ ကွယ်ပျောက်သွားပြီး လုရွှမ်နှင့် အောင့်ယွဲ့ ပေါ်လာသည်။ သူတို့ရှေ့တွင် အလင်းရောင်များဖြင့် တောက်ပနေသော မုခ်ဦးတစ်ခု ရှိပြီး တခြားဘယ်သူ့ အရိပ်အယောင်ကိုမှ မတွေ့ရပေ။

"ဒါက စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်.... ကျွန်မတို့ဒီနေရာကို ဖြတ်ကျော်နိုင်မှသာ သူတို့ကို ပြန်ရှာတွေ့နိုင်မှာ"

အောင့်ယွဲ့က ပြောလိုက်သည်။

လုရွှမ်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး

"ဒီကို ဘယ်သူမှ မရောက်ဖူး​သေးဘူး... ငါတို့ ပိုသတိထားရမယ် မင်း တခြားသူတွေရဲ့ အစီအစဉ်တွေ အတိုင်းပဲ ကျင့်သုံးနေမယ်ဆိုရင် သေလမ်း ရောက်သွားလိမ့်မယ်"

တံခါးကို လက်ညှိုးထိုးပြပြီး လုရွှမ်က ပြောလိုက်သည်။

"ဒါက တံခါးတစ်ပေါက်ပဲရှိတဲ့ လျှို့ဝှက်အခန်းပဲ... ဒီတံခါးထဲကို လျှောက်သွားတာက အဆင်းလမ်းပဲလို့ ယူဆကြည့်လိုက်... အဘိုးကြီးရွှမ်ဟွမ်က အတွင်းထဲမှာ ယန္တရားတစ်ခုကို တပ်ဆင်ထားရင် ဘယ်လိုလုပ်မလဲ? ဒါမှမဟုတ် ဒီတံခါးကိုယ်တိုင်က ယန္တရားဖြစ်နေရင်ရော??"

အောင့်ယွဲ့လည်း သတိထားမိသွားပြီး လုရွှမ် ပြောတာ မှန်ကြောင်း သဘောပေါက်လိုက်သည်။

"သူတို့ကို ဆက်သွယ်လို့ရလား? စမ်းကြည့်ပါဦး"

"ကျွန်မတို့ ဆက်သွယ်လို့ ရလောက်ပါတယ်"

အောင့်ယွဲ့ သက်ပြင်းချပြီး တခြားလူတွေကို ဆက်သွယ်ကြည့်လိုက်သည်။ ကံကောင်း ထောက်မစွာဖြင့် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ မဆင်မခြင် တံခါးကိုဖွင့်ကာ ဝင်သွားခြင်း မရှိသေးပေ။

လုရွှမ် မျက်လုံးများက တောက်ပလာပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ကျောက်နံရံကို အလျင်အမြန် နှိပ်လိုက်ရာ ခလုတ်တစ်ခု ပေါ်လာသည်။ ခလုတ်ကို ထပ်နှိပ်လိုက်တဲ့အခါ နံရံပေါ်က ကျောက်တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာခဲ့သည်။

ထိုအခါ ဝင်လာခါစက အလင်းရောင်က ဖြည်းညှင်းစွာ ပျောက်ကွယ်သွားကာ အခင်းအကျင်းတစ်ခု သူတို့ရှေ့မှာ ပေါ်လာခဲ့သည်။ လုရွှမ် သေးငယ်သော အရာဝတ္ထုတစ်ခုကို အထဲသို့ ပစ်ချလိုက်သည်။ လျှပ်စီးကြောင်းများ၊ မိုးကြိုးများ၊ ဓားများ၊ လှံများက တစ်ပြိုက်နက်တည်း ထွက်လာကာ သေးငယ်သော အရာဝတ္ထုလေးကို ချက်ချင်း အမှုန့်ဖြစ်အောင် လုပ်ပစ်လိုက်သည်။

လူတစ်ယောက်သာ ဝင်သွားပါက သင်္ဂြိုဟ်စရာ မလိုတော့မှာ သေချာလေ၏။

"အာ.... ဆက်သွယ်လို့ မရတော့ဘူး"

အောင့်ယွဲ့ ရုတ်တရက် အော်လိုက်ပြီး လုရွှမ်လည်း အမြန် ကြိုးစားကြည့်လိုက်ပေမယ့် တစ်ဖက်က ဘာသတင်းမှ မရလာခဲ့ပေ။

"ငါတို့ လမ်းကြောင်းမှန်ကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်... အဲဒါကြောင့် ဒီလိုသတင်းမျိုးကို မပို့နိုင်တာ... အဲ့တော့ ငါတို့ သွားကြရအောင်"

လုရွှမ် အောင့်ယွဲ့ကို ကျောက်တံခါးဆီသို့ ဆွဲခေါ်သွားသည်။ ကျောက်တံခါးမှ ထွက်သွားသည်နှင့် လုရွှမ်သည် ရုတ်တရတ် နောက်ပြန်လှည့်ကာ လေထုအလယ်က ဘာမှမရှိတဲ့ အရာကို ဖမ်းဆုပ်လိုက်သည်။

ဟစ်အော်သံနှင့်အတူ ထူးဆန်းသော ငှက်တစ်ကောင်သည် လည်ပင်း အညှစ်ခံရလျက်သား ပေါ်လာ၏။ လုရွှမ်၏ လက်ဖဝါးပေါ်မှ မီးတောက်များ ပေါ်လာပြီး ထူးဆန်းသောငှက်ကို မီးရှို့၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"အမ် အဲဒါ ရုပ်သေးသားရဲပဲ!"

"မင်းစကားပြောတတ်တာကို ငါသိတယ်..... ပြော...." လုရွှမ်က ဆို၏။

ထူးဆန်းသော ငှက်ကလေးသည် ကြိမ်ဖန်များစွာ ချောင်းဆိုးပြီး အကြိမ်အနည်းငယ် တုန်လှုပ်သွားသည်။ ၎င်း၏ အမွေးများပေါ်တွင် မီးတောက်အလွှာတစ်ခု ပေါ်လာပြီးနောက် ထပ်၍ မလှုပ်ရှားဝံ့တော့ပေ။

"သခင်က မင်းတို့လူတွေကို တိတ်တဆိတ် စောင့်ကြည့်နေဖို့ပဲ ငါ့ကို ထားခဲ့တာ...ဒါက လှည့်စားမှုတစ်ခုပဲ မင်းတို့ အချင်းချင်း ဆက်သွယ်လို့ မရဘူး... လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီရင် ဘယ်သူ့ကိုမှ အကြောင်းကြားစရာ လိုမှာ မဟုတ်ဘူးလို့ သခင်က ပြောတယ်.... မင်းတို့ဘာတွေ လုပ်လိုက်လို့ ငါ့ကို ဖမ်းမိသွားတာလဲ? မဟုတ်ရင် ငါ့ကိုယ်ငါ ကောင်းကောင်း ဝှက်ထားနိုင်မှာကို"

လုရွှမ် ခေါင်းညိတ်ပြပြီး သူအရင်က ဒီလိုရပ်တန့်​စေတဲ့ စွမ်းအင်မျိုးကို မကြုံဖူးဘူးဆိုရင် လုရွှမ်လည်း အန္တရာယ်ရှိကြောင်း မသိသလို သူ့ဘေးက အောင့်ယွဲ့ကိုတောင် ပိတ်မိပြီး သတ်ပစ်မိမှာ သေချာလေသည်။

"ဒါဆို မင်းသေနိုင်ပြီ!"

အော်သံနှင့်အတူ ထူးဆန်းသော ငှက်သည် မီးတောက်အဖြစ်သို့ ပြောင်းလဲ လောင်ကျွမ်းသွားပြီး ၎င်း၏ပြာများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပျံ့လွင့်သွားခဲ့သည်။

"အလုပ် မဖြစ်သေးဘူး... ဆက်သွယ်မှုက လုံးဝပိတ်နေတုန်းပဲ"

"ဖြစ်သင့်ပါတယ်... သူ့ကိုယ်ပေါ်မှာ ဥပဒေသတချို့ကို ချန်ထားပြီး ထိန်းချုပ်ထားတာ ဖြစ်မယ်.... သူသာ တစ်ခုခုကိုမြင်ပြီး တားမြစ်ချက်တွေကို တိုက်ရိုက် ကျင့်သုံးမယ် ဒါမှမဟုတ် စည်းမျဉ်းတချို့ကို တိုက်ရိုက်ဖန်တီးမယ်ဆိုရင် ငါတို့အတွက် အဆုံးမဲ့ဒုက္ခတွေ ဖြစ်လာလိမ့်မယ်"

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အရာတွေဆိုတာ သေသွားတာ ပိုကောင်းတယ်"

All Chapters