← Chapters

တောင်ကြားချောင်း

Vol. 50 Ch. 4.257

တောင်ကြားချောင်း

Vol. 50 Ch. 4.257

အောင့်ယွဲ့လည်း ဒီလိုအရာမျိုးက ပြောင်းလဲသွားနိုင်သည်ဟု ယူဆမိသည်။ တစ်ဖက်က သူတို့ကို အသုံးမချခင် ပြတ်ပြတ်သားသား ဖျက်ဆီးပစ်သင့်သည်။ မဟုတ်ပါက တစ်ချိန်ချိန်မှာ အဆုံးမဲ့ ဒုက္ခတွေ ဖြစ်လာစေနိုင်မှာ သေချာပေ၏။

ကျောက်တံခါးကနေ ထွက်လိုက်တာက အချိန်နဲ့ နေရာတွေ ပြောင်းလဲပစ်သလိုပဲ သူတို့နှစ်ယောက် တခြားကမ္ဘာ တစ်ခုစီကို ရောက်ရှိသွားသည်။ လုရွှမ် လှည့်ကြည့်လိုက်တော့ အောင့်ယွဲ့ သူ့ပတ်ဝန်းကျင်တွင် ရှိနေ​သေးသည်။ လုရွှမ် ခန္ဓာကိုယ် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတာကို အောင့်ယွဲ့ကလည်း စောင့်ကြည့်​နေခဲ့သည်။ သူမ အမြန်လက်ဆန့်လိုက်သော်လည်း လုရွှမ်ရဲ့ ခြေရာလက်ရာကို မတွေ့ရ​တော့ပေ။

သူတို့နှစ်ဦးစလုံးသည် ထက်မြက်သော လူများဖြစ်ကြပြီး ဒါဟာ အဘိုးကြီးရွှမ်ဟွမ် အစောကတည်းက ချမှတ်ထားခဲ့တဲ့ နည်းဥပဒေသ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကို ကိုယ်တိုင် လျှောက်လှမ်းရန် လိုအပ်ကြောင်း ချက်ချင်း နားလည်ခဲ့ကြသည်။

လုရွှမ် တုံ့ဆိုင်း ရပ်တန့်သွားသည်။ သူ့စိတ်က တုံ့ပြန်လိုက်တာနဲ့ ရုတ်တရက် အသံတစ်သံက ထွက်ပေါ်လာ၏။

'ကောင်လေး.... မဆိုးဘူး... မင်း တခြားသူတွေရဲ့ ခွန်အားကို အားကိုးပြီး အခွင့်အလမ်းကို ရှာနိုင်တယ့ ဒါပေမဲ့ မင်းဆက်သွားချင်တယ် ဆိုရင်တော့ မင်းကိုယ်မင်းပဲ အားကိုးလို့ရမယ်.... အဆုံးစွန်လမ်းကို ရှာပြီး နောက်ဆုံးလူ ဆယ့်နှစ်ယောက်ကပဲ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားနိုင်မယ်'

အသံသည် အနည်းငယ် အိုဟောင်းနေပြီး စွမ်းအား မရှိသလောက်ပင် ဖြစ်သော်လည်း သူ့စိတ်ထဲတွင် နားမလည်နိုင်စွာ နစ်မွန်းနေသဖြင့် လုရွှမ်သည် တောက်ကျင့်စဥ် ပုံစံ၏ စွမ်းအားဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် အနှစ်တစ်ထောင်ကျော် သေဆုံးပြီးသည့်တိုင် ထိုအသံကို သူကြားနေရခြင်းပင်။

လုရွှမ် ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူ့ရှေ့မှာ ချောက်ကြီးရှိပြီး ကောင်းကင်ကို မျှော်ကြည့်လိုက်တဲ့အခါ မြင့်မားသော တောင်တန်းကြီး နှစ်ခုသည် ကောင်းကင်သို့ ပြေးတက်သွားကာ ကောင်းကင်နဲ့ နေရောင်တို့ကို ပိတ်ဆို့ထား​လေသည်။

တဟုန်ထိုး စီးဆင်းနေသော တောင်ကျရေသည် ကြီးမားသော စွမ်းအားဖြင့် အမြင့်မှ နိမ့်ဆင်းလာကာ ရေ၏ ကြီးမားစွာသော လှုပ်ခတ်မှုကြောင့် ချောက်အတွင်းရှိ တောင်နှစ်လုံးကို လှုပ်ခါလုနီးပါး ဖြစ်နေသည်။ ကြီးမားသော အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေ၏။ လုရွှမ် သူ့နားထဲတွင် ​ရေသံတစ်ခုကိုသာ ကြားရပြီး တ​ခြားဘာမှ မကြားရတော့ပေ။

ပြင်းထန်သော ဖိအားတစ်ခုသည် အရပ်ရပ်မှရောက်လာပြီး အကြောက်တရား တစ်ခုကို သူ့နှလုံးသားထဲ ပြည့်လျှံလာစေသည်။

စမ်းချောင်းက လျင်မြန်လှသည်။ အားကြီးပြီး ပေါ့ပါးသည်ဟု ထင်ရသော်လည်း ၎င်းသည် လူအား အရာအားလုံးကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသလို ခံစားချက်ကို ပေးစွမ်း​နေ၏။

လုရွှမ်၏ မျက်လုံးများထဲတွင် ကောင်းကင်မီးတောက်၏ အလင်းမှုန်များ စုစည်းလာကာ အလင်းတန်းနှစ်ခု အဖြစ် တောက်ပလာခဲ့သည်။ မျက်လုံးမှ ထွက်ပေါ်လာသော အလင်းတန်းက စမ်းချောင်းထဲသို့ ထိုးဖောက် ဝင်ရောက် သွားသောအခါ စမ်းချောင်းမှ ပျော့ပျောင်းသော အသံတစ်ခု ထွက်၍ တိုက်ရိုက် ပျက်​ပြယ်သွားလေသည်။

တားမြစ်ဝိညာဉ်နွေဦး!

လုရွှမ် သူ့ရင်တွင်း၌ ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ ထိုကဲ့သို့ ကျော်ကြားသည့် နာမည်အောက်တွင် အတုအယောင် ပညာရှင်ဟူ၍ မရှိပေ။ အဘိုးကြီးရွှမ်ဟွမ်၏ ဂုဏ်သတင်းသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ပေ။ သေချာသည်မှာ သူ့တွင် သာမန်လူများထက် သာလွန်သော အရာတစ်ခု ရှိနိုင်သည်။

သူသည် ကျင့်လင်ချွမ် ဟုခေါ်သော တားမြစ်ထားသော ဝိညာဉ်နွေဦးကိုပင် ရယူနိုင်ခဲ့သည်။

တားမြစ်ထားသော ဝိညာဉ်နွေဦး ရှုပ်​​ထွေးသွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်၏ ယွမ်ချီကို ပိတ်ဆို့သွားမှာ ဖြစ်သည်။ ထိုသို့ ဖြစ်လာပါက အဆင့်မြင့်သော သူတော်စင်တစ်ပါးပင် နောက်အခိုက်အတန့်တွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အထိ ပြိုလဲသွားလိမ့်မည်။

တားမြစ်ဝိညာဉ်နွေဦးသည် ဖြေရှင်းနိုင်သော်လည်း အချိန်ယူရမှာ ဖြစ်ကာ ထိုကာလအတွင်းတွင် ကျင့်ကြံသူများစွာတို့သည် ရိုးရှင်းသော အန္တရာယ်များကြား၌ သေဆုံးသွားခဲ့ကြဖူးသည်။

ရွှမ်ခုန်းတောင် တစ်ခုလုံးသည် ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်ထားနိုင်တာ မပျံသန်းနိုင်တာက တားမြစ်ဝိညာဉ်နွေဦး၏ တည်ရှိမှုကြောင့်များ ဖြစ်နိုင်ပါသလား?

မဖြစ်နိုင်တာ​တော့ မဟုတ်ချေ။ ဒီတောင်ကြီးရဲ့ အရှိန်အဟုန်ကို ကြည့်လိုက်ရင် တားမြစ်ဝိညာဥ်နွေဦး ကျင့်လင်ချွမ်တွေ ဘယ်လောက် ရှိတယ်ဆိုတာ ခန့်မှန်း​​ကြည့်လို့ မရနိုင်ဘူး။ ဒါကြောင့် ဒီကမ္ဘာတစ်ခုလုံးကို ဝန်းရံထားတာကြောင့် ရွှမ်ခုန်းတောင်ရဲ့ မှော်ဆန်တဲ့ ​နေရာကို တည်ထောင်ခဲ့တာ ဖြစ်နိုင်သည်။

သို့သော် ဤအချိန်သည် ရွှမ်ခုန်းတောင် အကြောင်းကို အလွန်အမင်း စဉ်းစား​နေရမည့် အချိန်မဟုတ်ပေ။ သူ့ရင်ထဲမှာ ဖိအားရဲ့ အကျပ်အတည်းက ပိုပိုပြီး ပြင်းထန်လာပြီ။ သူဒီမှာ ဆက်မနေနိုင်တော့ဘူး မဟုတ်ရင် မသေမရှင် ဖြစ်သွားလိမ့်မည်။

ဘာလုပ်ရမလဲ? ကျင့်လင်ချွမ်ထဲကို ခုန်ဆင်းလိုက်ရမလား။ ဒါပေမဲ့ အထဲမှာ ဘယ်လို အန္တရာယ်တွေ ရှိနေလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ဒါ့အပြင် ကျင့်ကြံမှု ဆုံးရှုံးသွားရင် သေခြင်းတရားက လွတ်မြောက်ဖို့ ဖြစ်နိုင်ပါဦးမလား။

စိတ်အေးအေးထား!

လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ကို သေချာအကဲခတ် ကြည့်လိုက်သည်။ အဘိုးကြီးရွှမ်ဟွမ် ချမှတ်ထားသည့် အရာ အားလုံးသည် စမ်းသပ်မှုဖြစ်ပြီး ဖြတ်ကျော်နိုင်ရင် အသက်ရှင်နိုင်ပြီ။

ရုတ်တရက် လှေငယ်တစ်စင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ လုရွှမ်သာ သူ့မျက်လုံးများကို အပြင်းအထန် အာရုံစိုက်မထားပါက လှေငယ်နှင့် စမ်းရေကြား ကွာခြားချက်ကို ပြောပြနိုင်မည် မဟုတ်ပေ။

ချက်ချင်းဆိုသလိုပင် ထိုလှေငယ်သည် မျက်စိတစ်မှိတ်အတွင်း လုရွှမ်အနားက ဖြတ်သွားခဲ့သည်။ အလင်းရောင်နှင့် လျှပ်စီးတို့ကြားက အရှိန်ကို တွေးတောမ​နေတော့ဘဲ လုရွှမ် လှေပေါ်သို့ ခုန်တက်လိုက်သည်။

လှေပေါ်တွင် ခြေနှစ်ချောင်းဖြင့် မြဲမြံစွာ ရပ်လိုက်တဲ့အခါ လှေပေါ်မှာ ဘယ်သူမှ မရှိဘဲ လှော်တတ်နှစ်လတ်ပဲ ရှိနေတာကို တွေ့ရလေ၏။ အဘိုးကြီးရွှမ်ဟွမ်က ၎င်းတို့အား ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့လေ​ခြင်း ဖြစ်နိုင်သည်။

'ရေစီးကြောင်းကို ကျော်ဖြတ်ရမယ်.... ရှေ့မတိုးနိုင်ရင် နောက်ပြန်ဆုတ်ရလိမ့်မယ်'

ရွှမ်ခုန်းတောင်ရဲ့ ရေစီးကြောင်းက အပေါ်ကနေ အောက်ခြေအထိ စီးဆင်းနေသည်။ စစ်မှန်တဲ့ ရွှမ်ခုန်းတောင်ထိပ်ကို ရောက်ချင်တယ် ဆိုရင်တော့ အောက်ထပ်ကနေ သဘာဝအတိုင်း လှော်တက်ရမှာပဲ ဖြစ်​လေသည်။

လုရွှမ် သူ့အတွေးများ လှုပ်ရှားလာသည်နှင့်အမျှ လှေ၏ ဦးတည်ရာကို မြင်လိုက်ရသည်။ လုရွှမ် လှော်တက်များကို အမြန်ကိုင်ကာ ပြင်းပြင်းထန်ထန် လှော်ခတ်လိုက်ခါမှ စမ်းချောင်းသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး နောက်ဆုံးတွင် လှေသည် နောက်ပြန်ဆုတ် မသွားတော့ဘဲ ချောက်ထိပ်ဆီသို့ ဦးတည်သွားလေသည်။

အောင့်ယွဲ့သည် သူမရှေ့ရှိ ချောက်ကြီးကို လှမ်းကြည့်လိုက်သည်။ အနီးပတ်ဝန်းကျင်ရှိ တောင်များသည် ပြင်းထန်သော ဖိအားများကို သူမခန္ဓာကိုယ်ပေါ်ကို ဖိသိပ်လုနီးပါး ထုတ်လွှတ်နေသည်။ သူမသည် တောင်ပေါ်ရှိ စမ်းချောင်းကို အနီးကပ် စိုက်ကြည့်ရင်း နောက်လှေ တစ်စီး ရောက်လာမည်ကို စောင့်နေ၏။

ပထမလှေက လွဲသွားခဲ့ပြီ။ ဒုတိယလှေက ပထမလှေထက် ပိုမြန်တာကြောင့် သူမ ခုန်တက်ဖို့ အချိန်မရလိုက်ပြန်။ မြင်​နေရတဲ့ စမ်းချောင်းရဲ့ အရှိန်က တအားမြန်လာပြီး လှေရဲ့အရှိန်ကလည်း တအားမြန်လာတာကြောင့် မတ်တပ်ရပ်စရာ နေရာမရှိသလောက်ပင်။

အောင့်ယွဲ့ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် ဘယ်တော့မှ ပြန်မရနိုင်တော့ဘဲ သူမသေမှာ သေချာလေသည်။

လှေအရှိန်ကို ခန့်မှန်းကြည့်ရာ လှေ၏ အလင်းရောင် ထွန်းတောက်လာချိန်တွင် သူမသည် အားအင်အပြည့်ဖြင့် စီးဆင်းနေသော ရေထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ခက်ခက်ခဲခဲ တစ်ခုခုကို နင်းမိနေသလို ခံစားရတာကြောင့် ငုံ့ကြည့်လိုက်ခါမှ စိတ်သက်သာရာ ရသွားခဲ့သည်။

သူမက မတုံးချေ။ သူမ စမ်းချောင်း စီးဆင်းရာအတိုင်း လိုက်သွားမည်ဆိုပါက ရွှမ်ခုန်းတောင်တန်းမှ တိုက်ရိုက် ထွက်ခွာသွားရမှာ ဖြစ်သည်။ ထို့ကြောင့် လှော်တက်ကို ကောက်ကိုင်၍ တောင်ထိပ်ကို လှော်ခတ်တော့သည်။

ဝူး!

အသံနှင့်အတူ အနက်ရောင် အဝတ်အစား ဝတ်ထားသည့် အလှလေးမှာ နှစ်ဖက်လုံးမှ ထွက်လာသော တောင်တန်းများကြားရှိ ကျောက်ဆောင်များတွင် အရှင်လတ်လတ် မြုပ်နှံခံခဲ့ရသည်။ သူမ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ခါပြီး ကျောက်တုံးကြီးကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့် သူမ လုပ်နေတာက လုံးဝအချည်းနှီး ဖြစ်နေတာကို စိတ်ပျက်လက်ပျက်နဲ့ပဲ တွေ့လိုက်ရလေ၏။

နောက်ဆုံးတော့ အသိစိတ် ပျောက်ပြီး အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။

သူမကို တွန့်ဆုတ်နေစေတာက အဘိုးကြီးရွှမ်ဟွမ်က ​​နောက်ကွယ်မှာ အသက်ရှင်နိုင်ဖို့ ဘာကြောင့် သဲလွန်စတွေ မထားခဲ့တာလဲ? သူမ ဘာကိုမှ ဘာလို့ ရှာမတွေ့ရတာလဲ ဆိုတာပင်။

......

အရပ်ရှည်ရှည် လူငယ် တစ်ယောက်သည် လှေကို အနီးကပ် စိုက်ကြည့်နေ၏။ ယခုအချိန်တွင် သူ့ခြေထောက်များက မတ်တပ်ရပ်နိုင်သည့် မြေတစ်လက်မခန့်သာ ကျန်တော့သည်။ သူက ကြွေးကြော်သံဖြင့် လှေပေါ်မှ အစွမ်းကုန် ခုန်ဆင်းလိုက်သည်။

ဝုန်း!

ကြောက်မက်ဖွယ် ကောင်းသည့် အသံနက်ကြီးနဲ့အတူ ဘက်ပေါင်းစုံမှ ရေစီးကြောင်းများက ချက်ချင်းပင် သူ့ကို လွှမ်းခြုံသွားသည်။ သူ့လက်တွေ ခြေ​ထောက်တွေကို ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်ပေမယ့် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ အဆက်မပြတ် ပျောက်ကွယ်သွားတာကို ခံစားလိုက်ရပြီး ခုခံဖို့ ခွန်အား မရှိတော့ဘဲ မြစ်ရေထဲ တလျှောက်လုံး စိတ်ဆင်းရဲစွာ အော်ဟစ်နေခဲ့လေ၏။

သူ့ရှေ့တွင် ကျောက်တုံးကြီးတစ်ခု ပေါ်လာ၍ တိုက်မိတော့မည်ကို မြင်လိုက်ရသဖြင့် ရှောင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။

ဗုန်း!

အကြံအစည်ကို အကောင်အထည် မဖော်ခင်မှာပဲ သူ့ခန္ဓာကိုယ်က ကျောက်တုံးနဲ့ ထိမိနေပြီ။ သူ့ဦးနှောက်က လုံးဝ ပေါက်ကွဲပြီး သေဆုံးသွားလေ၏။

…

တစ်ဖက်တွင်တော့ လုရွှမ်သည် သူ့လက်ခွန်အားများကို ပြင်းထန်စွာ အသုံးပြုကာ လှော်တက်ဖြင့် လှော်ခတ်နေဆဲပင်။ သူ့နှလုံးခုန်သံက တဒိတ်ဒိတ် ခုန်နေပြီး ခြေတံများက လှေပေါ်တွင် ခိုင်မြဲစွာ ရပ်နေလေသည်။ လှေသည် တိမ်တိုက်များထဲ ထိုးဖောက်နေသော မြှားတစ်စင်းကဲ့သို့ တောင်ထိပ်သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ဆက်တိုက် တက်နေ၏။

All Chapters