သက်တံ့တံတား
Vol. 50 Ch. 4.258
သူ့ခန္ဓာကိုယ်တွင် အခင်းအကျင်း တစ်ခု ရှိနေပြီး သူ့ပတ်ဝန်းကျင်မှ ပက်ဖြန်းလာနေသော ရေများကို ပိတ်ဆို့ထားသည်။ ရေများ ပက်ဖြန်းလိုက်တိုင်း အခင်းအကျင်းက တုန်ခါလာပြီး စွမ်းအင်များ ကုန်ဆုံးသွားသည်။ စွမ်းအင် ကုန်ခမ်းခြင်းက အလွန် လျင်မြန်လွန်းသဖြင့် လုရွှမ် ယွမ်စွမ်းအင်များ ထူထပ်လာတာတောင် လျှို့ဝှက်စွာ ထိတ်လန့်သွားခဲ့သည်။
သို့သော် အခြားနည်းလမ်း မရှိချေ။ သူသည် သူ့မျှော်လင့်ချက်ကို တောင်ကျချောင်း၏ အရှည်အပေါ်တွင်သာ ထားနိုင်သည်။ မဟုတ်ပါက သူ၏လက်ရှိ သုံးစွဲမှုဖြင့် တောင်ထိပ် အဆုံးသို့ မရောက်နိုင်ဘဲ ဖြစ်နေလိမ့်မည်။
အကယ်၍ သူ၏ လေ့ကျင့်မှုကို နောက်ထပ် နယ်ပယ်နှစ်ခုဖြင့် မြှင့်တင်နိုင်ပြီး သူတော်စင်တစ်ပိုင်း အဆင့်၉ သို့ ရောက်ရှိထားတာတောင် သူဒီနေရာကို မဖြတ်ကျော်နိုင်ခဲ့ပါက တခြားသူများအတွက် မဖြစ်နိုင်ကြောင်း ယုံကြည်လေသည်။
ဒါပေမဲ့ အခုအချိန်မှာတော့ အစွမ်းကုန် ကြိုးစားပြီး ကံတရားရဲ့ စကားကို နားထောင်ပေးရုံသာ ရှိတော့၏။
လုရွှမ် စိုးရိမ်နေသလို တခြားသူများလည်း စိုးရိမ်နေကြသည်။ ယခုအချိန်အထိ လူတိုင်းသည် လှေပေါ် တက်နိုင်ကြသော်လည်း လူဆယ့်ငါးယောက်သာ ကျန်တော့သည်။
သားသတ်သမားသည် မျက်မှောင်ကြုတ်၍ လှေပေါ်သို့ ခုန်ဆင်းသောအခါ လမ်းကြောင်းကို ခဏမျှ ဆုပ်ကိုင်ထားရန် ပျက်ကွက်ခဲ့ပြီး ကြီးမားသော ရေလှိုင်း၏ ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ ရေလှိုင်းကို ခုခံဖို့ သူ့မှော်လက်နက်ကို အသုံးပြုခဲ့သော်လည်း သူ့နောက်ကျောရှိ ပုဆိန်ကိုတော့ ဆုံးရှုံးခဲ့ရသည်။
ပုဆိန်ကြီးသည် သူ၏လက်နက် ဖြစ်ရုံသာမက သူ့ရဲ့ တောက်ကျင့်စဥ် ပုံစံ၏ တည်နေရာလည်း ဖြစ်သည်။ ပုဆိန်မပါဘဲ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ အနာဂတ် တိုက်ပွဲများတွင် သူ့အင်အားက လျှော့သွားပေလိမ့်မည်။
ချန်ယီးကတော့ ကံကောင်းတယ်လို့ တိတ်တဆိတ်ပြောပြီး အဲဒီအချိန်မှာ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ရေလှိုင်းနဲ့ ထိတွေ့ပြီး ရင်ဘတ်ပေါ်မှာ အစက်အပြောက်များ ဖြစ်နေပြီ။ ဒါက တားမြစ်ဝိညာဉ်နွေဦးရဲ့ အစွမ်းပဲ ဖြစ်လိမ့်မည်။
သူသည် လက်နှစ်ဘက်စလုံးဖြင့် ခက်ခက်ခဲခဲ လှေလှော်ခတ်ရင်း ကျင့်လင်ချွမ်၏ စွမ်းအားများ ထွက်သွားစေရန် တွန်းအားပေးနေရသည်။
နတ်သမီးရှန်းရှဲ့ကတော့ လှေပေါ်တွင် မတ်တပ်ရပ်လျက် အထက်သို့ ရုန်းကန်လှော်ခတ်နေ၏။ လိရှောင်းသည် လက်နှစ်ဘက်ဖြင့် ပြင်းပြင်းထန်ထန် လှော်ခတ်ကာ ပါးစပ်ကလည်း ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အနေအထားတွေကိုသာ အချင်းချင်း မြင်နိုင်ရင် သူတို့ရောက်နေတဲ့ တောင်စီးကြောင်းရဲ့ အရှိန်က မတူဘူးဆိုတာ တွေ့ရလိမ့်မည်။ လုရွှမ်က ပထမဆုံး လှေပေါ်မှ ခုန်တက်ခဲ့သူ ဖြစ်သည်။ တောင်ချောင်းသည် အနှေးဆုံး ဖြစ်ပြီး အမြန်ဆုံး စမ်းချောင်းသည် နေရာတိုင်းတွင် ရေများ စီးကျကာ လှေပေါ်က ကျင့်ကြံသူများကို အလွန်အမင်း စိတ်ဆင်းရဲစေလေသည်။
သူတို့အင်အားရဲ့ တစ်ဝက်နီးပါးကို ပတ်ပတ်လည်မှာ ပက်နေတဲ့ ရေလှိုင်းတွေကို တွန်းလှန်ဖို့ ကြိုးစားနေရတာကြောင့် တောင်ပေါ်ချောင်းအား တက်နေတဲ့ လှေရဲ့အရှိန်က ခရုတွေလို နှေးကွေးလာတော့သည်။
လုရွှမ် ပတ်ဝန်းကျင်ကို စိုက်ကြည့်နေသည်။ ရေစီးကြောင်းက အန္တရာယ် များသလို တွေးထားသလိူလည်း ရိုးရှင်းမည် မဟုတ်ကြောင်း သူ့စိတ်ထဲတွင် ခံစားမိသည်။
အူး!
တောရိုင်း သားရဲတွေရဲ့ ဟိန်းဟောက်သံတွေက တောင်တန်းတွေနဲ့ သစ်တောတွေကြားမှာ ကျယ်လောင်စွာနဲ့ အဆက်မပြတ် မြည်ဟီးလာခဲ့သည်။
ဟူး!
အသံလှိုင်းတစ်ခုသည် လက်နက်တစ်ခု အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်ပြီး လေထဲတွင် ဝေ့ဝဲကာ လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်သည်။
လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ တဟုန်ထိုး တက်လာ၏။ သူ့ပတ်ဝန်းကျင်က အပြောင်းအလဲများကို သူ အာရုံစိုက်နေပြီးသား ဖြစ်သည်။ တခြား ဘာမှမတွေးဘဲ လှေကို အလွန်လျင်မြန်စွာ လှော်ရန်သာ လက်နှစ်ဘက်လုံးကို သုံးနေခဲ့သည်။ အသံလှိုင်းများက သူ့နောက်တွင် ပဲ့တင်ထပ်ကာ ရေများ ပက်ဖြန်းထွက်သွားပြီး လုရွှမ်အား ဖုံးအုက်သွားသည်။
.....
“ထွက်သွားစမ်း!”
ဒေါသထွက်နေသော အသံဖြင့် လိရှောင်းသည် သူ့ဓားဖြင့် ခုတ်ထစ်ပြီး ရေထဲမှ ထွက်လာသော ငါးလေးကို သတ်ပစ်လိုက်သည်။ ဒဏ္ဍာရီတွေထဲမှာ ဒီလိုငါးမျိုးလေးတွေကို ကြားဖူးပြီး မိသားစုရဲ့ အတ္ထုပ္ပတ္တိတွေထဲမှာလည်း ဖော်ပြထားခဲ့သည်။
ကျန့်လင်ချွမ်ထဲမှာ သားရဲတွေ ရှိတယ်ဆိုတာ သူကြားဖူးသည်။ ဒီငါးလေးတွေဟာ စိတ်ဝိညာဉ် စွမ်းအင်တွေကို မျိုချပြီး လုံးဝ အသက်ရှင်နိုင်သည်။ လှေပေါ်က ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို ခံစားလိုက်ရတော့ ငါးလေးတွေက အမြန်စုပြီး ခုန်တက်လာကြတော့သည်။
အခင်းအကျင်း ဖွဲ့စည်းခြင်း၊ လက်နက်များ၊ ဝိညာဉ်စွမ်းအင် အလင်းတန်းများ ပေါ်လာတိုင်း ငါးသေးသေးလေးများက ခုန်နေလိမ့်မည်။
ငါးတစ်ကောင် သို့မဟုတ် နှစ်ကောင်က အရေးမကြီးပေမယ့် ငါးသေးသေးလေး ရာနဲ့ထောင်ချီ ပြေးတက်လာတဲ့အခါ မဟာသူတော်စင်ကြီးတောင်မှ ကြောက်လန့်နေလိမ့်မည်။
နတ်သမီးရှန်းရှဲ့သည် ယခုအချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီး သူမ လက်များသည် အဆက်မပြတ် စုတ်ပြဲနေ၏။ ၀တ်ရုံကြီးသည် ယခုအချိန်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး တားမြစ်ထား ဝိညာဉ်နွေဦး၏ ရေအနည်းငယ် ပက်ဖြန်းနေသမျှ ကာလပတ်လုံး စိမ့်စမ်းရေဖြင့် အမှတ်အသား ပြုထားသလို နီရဲနေသည်။
ရေ၏ သက်ရောက်မှုသည် သူမအရေပြားကို စွန်းထင်းနေပြီ ဖြစ်ပြီး သူမလက်များလည်း တဖြည်းဖြည်း အားနည်းလာသည်။ ကံကောင်းထောက်မစွာ သူမသည် ဆေးလုံးများကို လုံလောက်အောင် ပြင်ဆင်ထားနိုင်ခဲ့သည်။ ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး အမြန်မျိုချလိုက်ပြီး သူမ၏ ယွမ်ချီများကိုကို ပြန်လည်ရရှိလာခဲ့သည်။
ပိုင်ကျန့်ဖေးကတော့ အလွန်ဂုဏ်ယူနေပါပြီ။ ရွှမ်ခုန်းတောင်ပေါ်မှာ တားမြစ်ထားသော ဝိညာဉ်နွေဦးတစ်ခု ရှိတယ် ဆိုတဲ့အကြောင်း သူအစောကတည်းက သိထားခဲ့သော အရာဖြစ်သည်။ ယခုအချိန်တွင် သူသည် အကာအကွယ် ပြင်းထန်သော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး စိမ့်စမ်းရေသည် သူ့ခန္ဓာကိုယ်ကို ထိမှန်လာနိုင်သော်လည်း ထိခိုက်ဒဏ်ရာ မရှိပေ။
သူ့အရှိန်က အဆက်မပြတ် တက်နေသည်။ အဘိုးကြီးရွှမ်ဟွမ်က ပထမဆုံး ရောက်လာနိုင်တဲ့ လူဆယ့်နှစ်ယောက်ကို စောစောရောက်လေ ဆုတွေရဖို့ အလားအလာ ပိုများလေဟု ပြောထားခဲ့သည်။
အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေအတွက် လူတိုင်းသည် ယခုအချိန်တွင် ကြိုးစား အားထုတ်နေကြပြီ။
လုရွှမ်လည်း သူ့အောက်ရှိ ရေစီးကြောင်းက တရွေ့ရွေ့ လှိုင်းထန်လာတာကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူသည် နောက်ဆုံးတွင် အဆုံးမှတ်ကို ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ယွမ်စွမ်းအင်၏ ထက်ဝက်ကျော် ရှိနေသေးသည်။ ထို့ကြောင့် ရုတ်တရက် အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျှင် ပြဿနာ မရှိနိုင်ပေ။
'ဆက်တက်ရအောင်!'
မမျှော်လင့်ဘဲ ရှေ့တွင် ဝိညာဥ်စိမ့်စမ်း ရေတံခွန်တစ်ခုရှိ၍ ရေတံခွန်အထက်တွင် သက်တံ့တံတား တစ်စင်းလည်း ရှိနေသည်။
လုရွှမ်သည် ကျန့်လင်ချွမ်၏ သဘောသဘာဝ ပြောင်းလဲလာတာကို သတိပြုမိသည်။ စမ်းချောင်းအတွင်းမှ စိတ်ဝိညာဉ် စွမ်းအင်များ တဖြည်းဖြည်း လှုပ်ရှားလာပြီး ထိုမြင်ကွင်းက လုရွှမ်ကို အလွန်အံ့အား သင့်စေခဲ့သည်။ ယခုအချိန်တွင် တားမြစ်ဝိညာဥ်နွေဦး ကျန့်လင်ချွမ်သည် ရေတံခွန်ထိပ်မှ ဝိညာဥ်စိမ့်စမ်း ရေတံခွန်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။
အကယ်၍ သူသည် ဤနေရာမှ အမြန်ဆင်းပြီး ကျန့်လင်ချွမ်ထဲသို့ ၀င်မည်ဆိုပါက ကုန်ကျစရိတ်သည် သူ၏ ကျွမ်းကျင်မှုကို ပြန်လည်ရရှိစေမှာ ဖြစ်သလို သူ၏ စိုက်ပျိုးမှုအဆင့်သည် အလွန်တိုးတက် ကောင်းမွန်လာမှာပဲ ဖြစ်သည်။
ရွေးချယ်မှုကို လုရွှမ် စက္ကန့်ပိုင်း အတွင်းမှာပဲ ပြုလုပ်ခဲ့သည်။
လုရွှမ် သူ့ခြေထောက်တွေကို ပြင်းပြင်းထန်ထန် အားစိုက်ကာ သက်တံ့တံတားပေါ်ကို ခုန်ဆင်းလိုက်သည်။
ခုန်းဆင်းလိုက်တဲ့ အခိုက် သက်တံ့တံတားသည် အနီရောင် အလင်းတန်းများ တောက်ပလာ၏။ လုရွှမ်လည်း သူ့ခန္ဓာကိုယ်ကို ထုပ်ပိုးထားသလို ခံစားလိုက်ရပြီး စိတ်ဝိညာဉ် စွမ်းအင်များ သူ့ဆီသို့ ရောက်ရှိလာကာ စုပ်ယူနိုင်ခြင်း မရှိနိုင်လောက်အောင် သူ့ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာနေပြီ ဖြစ်သည်။
အစက်အပြောက်များ ကင်းစင်ပြီး လွန်စွာ ဖြူစင်သော အလင်းရောင်မှာ လုရွှမ်အတွက် သူယခင်က မြင်ဖူးသော စွမ်းအင်ရောင်ဝါထက်ကို အရည်အသွေး မြင့်လွန်းလှကြောင်း သိလိုက်သည်။ ယခင်ဘဝ၌ ကောင်းကင်ဘုံသခင် ဖြစ်လာပြီးနောက်တွင်ပင် ဤကဲ့သို့ အရည်အသွေး ရှိသော ဝိညာဥ်စွမ်းအင် ရောင်ဝါကို မတွေ့ခဲ့ရပေ။
စိတ်ဝိညာဉ် စွမ်းအင်ဖြင့် ရေချိုးလိုက်ရသလို သူ့စိတ်က ငြိမ်သက်နေပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြည့်လိုက်တော့ လုရွှမ်သည် သူ့ကြောက်ရွံ့စိတ်က အဆက်မပြတ် တိုးလာနေသလို ခံစားလိုက်ရသည်။
သူ့မျက်လုံးထဲက ကောင်းကင်မီးတောက်ရဲ့ အလင်းရောင်က မှိန်ဖျော့ဖျော့ မဟုတ်တော့ဘဲ တဖြည်းဖြည်းနဲ့ ပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော် လုရွှမ်အပေါ်ကတော့ သက်ရောက်မှုက အရင်အတိုင်းပဲ ဖြစ်ကာ အနည်းငယ် တိုးတက်လာတာကိုတော့ ကောင်းကောင်းသိပေမယ့် အရင်ကလို ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုမျိုး မဖြစ်တော့ချေ။
အနီရောင်အလင်းတန်း!
ပိုင်ကျန့်ဖေးသည် သူ့ရှေ့က အနီရောင် အလင်းတန်းကို ကြည့်ပြီး နောက်ထပ်အန္တရာယ် တစ်ခုခု ရှိမရှိကို တိတ်တဆိတ် တွေးနေမိသည်။
ဝူး!
'စမ်းချောင်းက နှေးသွားပြီ အဆုံးမှတ်ကို ရောက်နေပြီလား?'
အနီရောင် သက်တံ့တံတား တစ်စင်းသည် ဆည်တစ်ခု သို့မဟုတ် တံတားတစ်စင်းကဲ့သို့ ကောင်းကင်တွင် တွဲလောင်းကျလျက်သား ရှေ့တွင် ပေါ်လာခဲ့သည်။ စမ်းချောင်း တစ်လျှောက် ကြည့်လိုက်တော့ အောက်ပိုင်းမှာ ရေတံခွန်အဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ် စမ်းရေတွင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ပိုင်ကျန့်ဖေး မဆိုင်းမတွ သက်တံ့တံတား ပေါ်သို့ ခုန်တက်သွားသည်။ ဒီလိုအဆင့်ကို ရောက်တဲ့အခါ လူတော်တော်များများကို မတွေ့ခဲ့ရတာ သဘာဝပါပဲ။
နောက်ဆုံးတော့ ရေတံခွန်ပေါ် တည့်တည့်တက်ကာ လှေလှော်ရခြင်းသည် ဒီကိုရောက်လာသူများအညး ပျက်စီးစေသော ခရီးတစ်ခုသာ ဖြစ်ချေသည်။
လိမ္မော်ရောင် အလင်းတန်းမှ တောက်ပနေသော ရောင်ဝါကို ခံစားလိုက်ရသဖြင့် ပိုင်ကျန့်ဖေးသည် အလွန်သက်တောင့်သက်သာ ခံစားနေရပြီး ပျံတက်လုမတတ် ပျော်ရွှင်နေသည်။ ပိုင်ကျန့်ဖေးမှာ ရယ်မောသံများဖြင့် သက်တံ့တံတား၏ လမ်းတစ်လျှောက် အဆုံးဆီသို့ လျှောက်လာခဲ့သည်။
ကောင်းကင်ယံ၌ သက်တံ့တံတားများ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာခဲ့၏။
ကျန့်လင်ချွမ် အတွင်း ရှိနေသော ကျင့်ကြံသူများက ငတုံးတွေ မဟုတ်ကြပေ။ ပထမ သက်တံ့တံတားကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ဒုတိယ တတိယ သက်တံ့တံတားများကို မြင်လာရသော် အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားမလည်နိုင်သော အတွေးများ ပေါ်လာခဲ့တော့သည်။