← Chapters

လုယူ​နေခြင်း

Vol. 50 Ch. 4.259

လုယူ​နေခြင်း

Vol. 50 Ch. 4.259

တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်သည် ရေတံခွန်မှ ထွက်ခွာသွားခဲ့ပြီးပြီ ဖြစ်သည်။

သားသတ်သမားက တစ်ချက် ဟောက်ပြီး သူ့လက်တွေကို ပိုပြင်းပြင်းထန်ထန် လှော်ခတ်လေ၏။ လမ်းခရီးတွင် ဆူးပင်များကို ဖြတ်ကျော်ပြီး လေမုန်တိုင်းတွေကို ရင်ဆိုင်၊ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို တိုက်ခိုက်တာတွေ၊ ရုပ်သေး​တွေကို ခေါင်းဖြတ်တာ​တွေ၊ နှစ်ဖက်စလုံးက တောင်တန်းတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကျောက်တုံး ပစ်ချက်တွေကို ကြုံတွေ့ရပြီးပြီ။

ဒီလောက်များတဲ့ အန္တရာယ်တွေကို ဖြတ်ကျော်ပြီးပြီဖြစ်လို့ နောက်ဆုံး ဒီအခိုက်အတန့်ကိုလည်း ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။

သက်တံ့ တံတား ၁၁ စင်း ပေါ်လာပြီး အဘိုးကြီးရွှမ်ဟွမ် ပြောတာကို တွေးကြည့်လိုက်တော့ ပထမဆုံး ရောက်လာတဲ့ လူဆယ့်နှစ်ယောက်ကသာ ဝင်ခွင့်ရမှာဖြစ်လို့ အားလုံးက နောက်ဆုံး အခွင့်အရေး အတွက် ပြိုင်ဆိုင်နေကြတယ်လို့ ဆိုရတော့မည်။

ဖြောင်း!

တစ်ချက် ​လှော်ခတ်လိုက်တာနဲ့ လှော်တက်တစ်လတ်က ကွဲထွက်သွားသည်။ သားသတ်သမားလည်း အံ့အားသင့်သွား၏။ ဒီလှော်တက်ကို ဘယ်လိုပစ္စည်းမျိုးနဲ့ လုပ်ထားတယ်ဆိုတာ မပြောနိုင်ပေမယ့် အရမ်းခိုင်ခံ့ပါတယ်လို့ ထင်ထားခဲ့တာ မထင်မှတ်ပဲ ကွဲသွားပြီ။

တစ်ခဏမျှ စိုးရိမ်သွားသဖြင့် သားသတ်သမားသည် ကျယ်လောင်စွာ အော်ကာ ကျန်နေတဲ့ လှော်တက်ကို မြှောက်၍ ကျိုးသွားတာကို လွှင့်ပစ်လိုက်သည်။ ခြေနှစ်ချောင်းလုံးအား အားစိုက် ထုတ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်သည် မြှားတစ်စင်းကဲ့သို့ ရေတံခွန် အထက်ဆီသို့ အားသွန်ခွန်စိုက် ရွေ့လျားလာခဲ့သည်။

လေထဲအလယ်ကို ရောက်တော့ သူ၏ခွန်အားများ ကုန်ဆုံးသွားသည်။ သားသတ်သမားသည် နောက်ထပ်လှော်တက်ကို အလျင်အမြန် ပစ်ချကာ ခြေဖဝါးအား ဆောင့်နင်းလိုက်၏။ သူ့တစ်ကိုယ်လုံး စွမ်းအင်များ တဟုန်ထိုး ခုန်တက်သွားကာ သူ့ခန္ဓာကိုယ်သည် ကောင်းကင်သို့ တဖန်ပြန်တက်လာခဲ့သည်။

နောက်ဆုံးတွင် သက်တံ့တံတားကို လက်နှစ်ဘက်နှင့် ထိမိသွားသည်။ သက်တံ့တံတားပေါ်တွင် ခိုင်မြဲစွာ ရပ်နေရင်း သူ့ခြေထောက်အောက်ရှိ သက်တံ့တံတား၏ အလင်းရောင်ကို မြင်လိုက်ရတော့မှ သားသတ်သမားမှာ သူ၏အေးစက်မှုကို မထိန်းထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

"ဘာဖြစ်သွားတာလဲ?"

ကျင့်ကြံသူ တစ်ယောက်သည် သူ့ရှေ့မှ မီတာဝက်လောက်ရှိတဲ့ သက်တံ့တံတားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အလင်းရောင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ပျံတက်သွားတာ မြင်လိုက်ရလေ၏။ သူသည် လေထဲသို့ လှမ်းဝင်လိုက်သော်ငြားလည်း ခန္ဓာကိုယ်က အောက်ကို ပြုတ်ကျသွား​တော့​သည်။

“ဘာလို့လဲ!! ငါမကျေနပ်ဘူး!”

အော်ဟစ်သံကြီးက အောက်ဖက်ရှိ စမ်းရေထဲသို့ နစ်မြုပ်သွားခဲ့လေ၏။

သက်တံ့တံတားပေါ်က လမ်းတစ်လျှောက်တွင် လုရွှမ်သည် အဆုံးသို့ ရောက်လာပြီး အနက်ရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် မုခ်ဦးတစ်ခုရှိကာ ဒဏ္ဍာရီ အရသာများနှင့် ပြည့်စုံနေပေသည်။ လက်ဖဝါးနဲ့ ပွတ်ဆွဲလိုက်သော် ဝိုင်းချော​နေပြီး အနည်းငယ် တွန်းလိုက်ရုံဖြင့် ကျောက်တံခါးကို ပွင့်သွားရာ အထဲကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

မဆိုင်းမတွဘဲ လုရွှမ် ဝင်သွားလိုက်သည်။

အလင်းရောင်က တောက်ပစွာ လင်းထိန်နေကာ လုရွှမ်လည်း ခန်းမကြီးတစ်ခုရဲ့ ရှေ့မှာ သူရှိနေတာကို တွေ့လိုက်ရသည်။ ခန်းမကြီးရဲ့ ကမ္ဗည်းပြားပေါ်က စာလုံးကြီးများက တောက်ပစွာ တည်ရှိနေ၏။

'ရွှမ်ဟွမ်နန်းတော်!'

ရောင်ဝါက ကြီးစိုးလွန်းသဖြင့် လုရွှမ် ထိုသူကို တိတ်တဆိတ် သဘောကျသွားခဲ့သည်။ အဘိုးကြီးရွှမ်ဟွမ်ကို သူ မမြင်နိုင်သော်လည်း ထိုစကားလုံးသုံးလုံးကို ကြည့်ရုံဖြင့် သူ့အား ကိုးကွယ်ချင်စိတ်ကိုပင် ခံစားလာရလေသည်။ လုရွှမ် ပင်မခန်းမကို ဦးညွှတ်ကာ တံခါးဝထဲသို့ လှမ်းဝင်လိုက်သည်။

လျှို့ဝှက် နယ်မြေများစွာကို တွေ့ကြုံခဲ့ဖူးခြင်းကြောင့် ဤနေရာသည် အမွေဆက်ခံရာ နောက်ဆုံးနေရာ ဖြစ်နိုင်ကြောင်း ကောင်းကောင်း သိသလို သူက ပထမဆုံးဝင်ရောက်လာသူ ဖြစ်ကြောင်းလည်း ထင်ရှား​လေသည်။

ပင်မခန်းမကို တိုက်ရိုက် မသွားခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပင်မခန်းမတွေကို များသောအားဖြင့် အလွန်ကောင်းမွန်တဲ့ အခင်းအကျင်းတွေနဲ့ ကာကွယ်ထားနိုင်လို့ပဲ ဖြစ်လေသည်။ ကျန်ရစ်ခဲ့တဲ့ အမွေဆက်ခံတဲ့ ရတနာဟာလည်း အကောင်းဆုံးဆိုပေမယ့် ဖွင့်လို့မရရင် ဘာအကျိုးရှိမှာလဲ။ ဘေးခန်းကိုသွားပြီး အခွင့်အလမ်းတွေကို အရင်ရှာတာ ပိုကောင်းတယ် မဟုတ်လား။

လုရွှမ် မကြောက်ပေမယ့် အဆိုးဆုံး အခြေအနေကို သတိနဲ့ စမ်းကြည့်နေတုန်း လက်ဖဝါးစွမ်းအင် အခန်းတံခါးကို ရိုက်လိုက်တဲ့အခိုက် ဝုန်းခနဲ အသံနဲ့အတူ သူ့တိုက်ခိုက်မှု အားလုံးကို ဖျက်စီးပစ်လိုက်တော့သည်။

အစီအရင်ကောင်း တစ်ခုပင်။ ဒီအခင်းအကျင်းကို ဖျက်စီးဖို့ အနည်းဆုံး နာရီဝက်လောက် အချိန်ယူရပါလိမ့်မည်။ အဲဒီအချိန်ရောက်ရင် တခြားသူတွေ ရောက်လာပြီး သူဟင်းခွက်တွေ အေးသွားလိမ့်မည်။ (သူများတွေ အခွင့်ကောင်း ယူသွားမယ်)

အဘိုးကြီးရွှမ်ဟွမ်သည် ဝိညာဉ်သခင် မဟုတ်သော်လည်း လက်နက်များကို ကျွမ်းကျင်စွာ သန့်စင်တတ်သူ ဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ ယခင်က သန့်စင်ခြင်းတောင်ပေါ်တွင် ဘာရတနာမှ မရှိသောကြောင့် ဒီအခန်းတွင် သဘာဝအတိုင်း ရှိနေနိုင်သည်။

ရွှမ်ပင်းနန်းတော်ဟု အမှတ်အသား ပြုထားသည့် ဘေးဘက်ခန်းမ တစ်ခုထဲသို့ ရောက်သောအခါ လုရွှမ် အခင်းအကျင်းကို ချိုးဖျက်ပြီး အမြန် ဝင်လာခဲ့သည်။

အခင်းအကျင်း ကာကွယ်မှုနှင့်အတူ ဘေးဘက်ခန်းမသည် တိတ်ဆိတ်ဆိတ်ဆိတ် ရှိနေပြီး ဖုန်မှုန့်လုံးဝမရှိဘဲ လူတွေကို ထူးထူးခြားခြား သက်သောင့်သက်သာ ဖြစ်စေတဲ့ ခံစားမှုမျိုး ပေးနေလေသည်။ ခန်းမတစ်ခုလုံးကို တိုင်လေးတိုင်ဖြင့် ထောက်ထား၍ ဖြန့်ကြက်ထားသည်။ လုရွှမ် မော့ကြည့်လိုက်တော့ နှစ်ဖက်စလုံးမှာ လက်နက်စင်တွေ ရှိကာ လက်နက်တွေလည်း တွေ့လိုက်ရ၏။

လုရွှမ် ကြည့်တောင် မကြည့်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး သိမ်းယူလိုက်တော့သည်။ ထို့နောက် အခန်းရဲ့ အနေအထားကို ကြည့်နေတုန်း တိုင်တစ်လုံးကို လက်ဖဝါးဖြင့် တိုက်ရိုက် ချိုးချလိုက်သည်။

လုရွှမ် သူ့မျက်လုံးထဲမှာ တိုင်တစ်တိုင်ကို မြင်ပြီးပြီ ဖြစ်သောကြောင့် ရုတ်တရက် အလင်းတန်းတစ်ခုက သူ့ဦးနှောက်ထဲ ဖြတ်ပြေးသွားခဲ့သည်။ ယွမ်ချီ မရှိပေမယ့် တိုင်ရဲ့ ရောင်ပြန်ဟပ်မှုကြောင့် အလင်းရောင် အနည်းငယ်သာ ရရှိနိုင်၏။ သိပ်သတိမထားမိရင် ခဏအတွင်း တိုင်ကျလာတာကို သတိထားမိမှာ မဟုတ်ဘူး။

လုရွှမ် အသာရှောင်ကာ တိုင်ထဲက ကွဲထွက်လာတဲ့ တုတ်ကို လက်ဖဝါးဖြင့် ဖမ်းကိုင်ထားလိုက်သည်။ ဆင်သံချပ်ရွှေကိုယ်ကို အသုံးပြုထားလို့ သူ၏လက်ဖဝါးမှ အဝါရောင် အလင်းတန်းများ တောက်ပစွာ ထွက်​ပေါ်လာခဲ့သည်။ လုရွှမ် တုတ်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။

တုတ်က ခဏလောက် တုန်ခါပြီး နောက်ဆုံးတော့ ရပ်သွားလေသည်။ လုရွှမ် ယခုအခိုက်တွင် တုတ်က ပေါ့ပါးလာတာကို တွေ့လိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။ သူ့လက်ထဲမှာ တုတ်ကို သေသေချာချာ မကိုင်ထားဘူးဆိုရင် တုတ်ရဲ့တည်ရှိမှုကို သူခံစားမိမှာ မဟုတ်ဘူး။

တကယ့်ကို မိုက်မဲပြီး စိတ်ကူးယဉ်တတ်လွန်းတဲ့ ဖန်တီးမှုပဲ!

လုရွှမ် ရုတ်တရက် တုတ်ကို ဝေ့ယမ်းလိုက်သောအခါ လေသံမရှိ ဝိညာဥ်စွမ်းအင် ရောင်ဝါမရှိပေမယ့် ​သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်က နည်းနည်းတော့ ပါနေ၏။ သူလုံးဝ ဂရုမစိုက်ရင် အဲဒါကို သတိမထားမိလောက်ချေ။

ဤအရာသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းအတွက် လက်နက်ကောင်း တစ်ခုပဲ ဖြစ်သည်။ လုရွှမ် တုတ်ကို အမြန်သိမ်းလိုက်ပြီး အခြားတိုင်သုံးတိုင်ဆီသို့ လျှောက်သွားလိုက်သည်။

ယခုအခါ ဤတိုင်များသည် သန့်စင်ထားသော တိုင်များဖြစ်နိုင်ကြောင်း သဘာဝကျကျ သဘောပေါက်လာခဲ့သည်။ လက်နက်များကို တိုင်များအဖြစ် ပေါင်းစပ်ခြင်းသည် ၎င်းတို့အား ထာဝရ မပျက်စီးနိုင်စေရန် ရွှမ်ခုန်းတောင်မှ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသမျှတော့ ဤတိုင်များဖြင့် လက်နက်များကို ​ပြန်သန့်စင်နိုင်သည်။

ပြန်လည် ပြုပြင်သန့်စင်ပါက ပထမတန်းစား သူတော်စင် လက်နက်များ အကြားတွင် နေရာတစ်ခု ရရှိမည် ဖြစ်သည်။ လက်ရှိတွင် တတိယအဆင့် သူတော်စင် လက်နက်များ အကြားရှိ စံနှုန်းနှင့် ကိုက်ညီကြောင်း ခန့်မှန်းမိ​​လေသည်။ သို့သော် ပေါ့ပါးမှုနှင့် လျှို့ဝှက် ဂုဏ်သတ္တိများကြောင့် တိုက်ခိုက်ရာ၌ အလွန် အသုံးဝင်စေသည်။

အခြားတိုင်နှစ်ခုမှ လုရွှမ်သည် ဧရာမပုဆိန်နှင့် လက်ကောက် တစ်ကွင်းကို တွေ့ရှိခဲ့သည်။

ဓားသည် အလွန်ထက်မြက်သော်လည်း ကံမကောင်းစွာပဲ ၎င်းတွင်ပါရှိသော လူသတ်ချင်သည့် ရည်ရွယ်ချက်မှာ ထင်ရှားလွန်းလှသည်။ လုရွှမ်သည် ဒီလက်နက်တွေဟာ သူတော်စင် လက်နက်အဖြစ် အပြည့်အဝ သန့်စင်လို့ မပြီးမီကပင် လူသတ်ရောင်ဝါကို စုစည်းထားနိုင်ကြောင်း သိလိုက်တာကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

သိုလှောင် လက်ကောက်သည် နေရာမကျယ်သော လက်ကောက် တစ်ကွင်းပဲ ဖြစ်ပေမယ့် လုရွှမ်ကို စိတ်လှုပ်ရှားစေတဲ့ အရာကတော့ အတွင်းထဲမှာရှိတဲ့ ပစ္စည်းပင်။ တကယ်တော့ အထဲမှာ တားမြစ် ဝိညာဉ်စွမ်းအင် ကျန့်လင်ချွမ်တွေနဲ့ ပြည့်နေတာပဲ ဖြစ်သည်။

၎င်းဝိညာဥ်စွမ်းအင်၏ အထူး ဂုဏ်သတ္တိများကြောင့် သိုလှောင်လက်ကောက် သို့မဟုတ် သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းလို့ မရနိုင်ပေ။ သာမန် ရတနာများနှင့် အတူတွဲ၍ သိမ်းဆည်းထားလျှင် ကျန့်လင်ချွမ်ရဲ့ ဝိညာဉ်စွမ်းအင်က တဖြည်းဖြည်း စုပ်ယူပစ်လိုက်ပြီး အမှိုက်ပုံကြီးအဖြစ် ပြောင်းလဲသွားစေနိုင်လို့ပဲ ဖြစ်သည်။

ဤလက်ကောက်ကို သန့်စင် ထားနိုင်ခြင်းကြောင့် လုရွှမ် အဘိုးကြီးရွှမ်ဟွမ်ကို ပို၍ပင် သဘောကျခဲ့သည်။ အနည်းဆုံး လုရွှမ် ကောင်းကင်ဘုံသခင် နယ်ပယ်တွင် ရှိစဉ်ကပင် ကျန့်လင်ချွမ်ကို စုဆောင်းရန် နေနေသာသာ ပတ်သက်မှုများစွာ မရှိခဲ့ကြောင်း ကောင်းကောင်း သိပါသည်။

လုရွှမ် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါစေ နောက်ဆုံးတိုင်ကို သူ မချိုးဖျက်နိုင်ချေ။ နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင် သူကြိုးစားမှုကို ရပ်တန့်လိုက်​တော့သည်။ အထဲတွင် အလွန်အစွမ်းထက်သော လက်နက်များကို သိမ်းဆည်းထားနိုင် သော်လည်း သူရနိုင်တဲ့အရာ မဟုတ်တာ ထင်ရှား​ပေသည်။

ဘေးအခန်းမှ ထွက်လာပြီးနောက် လုရွှမ် ဆေးဥယျာဉ်ထဲ ဝင်လာခဲ့သည်။ ကျင့်ကြံသူတစ်ယောက်သည် လိုဏ်ဂူတစ်ခု ရှိနေသရွေ့ ဆေးဖက်ဆိုင်ရာ ဥယျာဉ်ကို ပြုစုပျိုးထောင်ပေလိမ့်မည်။ အဘိုးကြီးရွှမ်ဟွမ် ကဲ့သို့ ​ရှေးရိုး ဆန်သူအတွက် ဆေးဥယျာဉ်၏ တန်ဖိုးကို ရိုးရိုးရှင်းရှင်း တွေးကြည့်နိုင်သည်။

ခဏလောက် ရှာဖွေပြီးနောက် လုရွှမ်သည် ပရမ်းပတာ နယ်မြေတစ်ခု ရှေ့တွင် ရပ်လိုက်သည်။

All Chapters