သံချပ်ကာလူသား
Vol. 50 Ch. 4.260
ဆေးဖက်ဝင်အပင်၏ ရနံ့ကို လုရွှမ်လုံးဝ မခံစားမိသော်လည်း သူရောက်လာတဲ့ နေရာက အတုအယောင် မဟုတ်ကြောင်း သတိထားမိလေသည်။ အဘိုးကြီးရွှမ်ဟွမ်က ဆေးဥယျာဥ်ရဲ့ အငွေ့အသက်တွေကို ဝှက်ထားတာ ဖြစ်ရမည်။
လုရွှမ်သည် သူ့အရင်ဘဝက ပရမ်းပတာ အခင်းအကျင်း အကြောင်းကို ကြားဖူးနားဝ ရှိခဲ့သည်။ ၎င်းသည် ကောင်းကင်ဘုံသခင် အဆင့်ကို ကျော်ဖြတ်သွားသော သခင်များက စီရင်ခဲ့သော အခင်းအကျင်း ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ကြားသိခဲ့ရသည်။
အကယ်၍ ဒီအခင်းအကျင်းကို စတင် တည်ဆောက်ခဲ့ခါစကဆိုပါက ကြည့်ရှုရန်ပင် စိတ်ဝင်စားမည်မဟုတ်။ အကြောင်းမှာ ချိုးဖျက်လို့ မရနိုင်ကြောင်း သူသိနေလို့ပဲ။
ယခုမူ ဤပရမ်းပတာ အခင်းအကျင်းသည် နှစ်ထောင်ပေါင်းများစွာ ကတည်းက တည်ရှိနေခဲ့တာမို့ ၎င်းကို ဖြိုခွင်းရန် အခွင့်မရှိတာတော့ မဟုတ်ပေ။
ပရမ်းပတာ အခင်းအကျင်းဟူသည် အလင်းမရှိ၊ အရောင်မရှိ၊ အလေးချိန်မရှိသည့် အရာခပ်သိမ်းကို ပေါင်းစပ်ထားသော အစီအရင်ကြီး ဖြစ်လေသည်။
လုရွှမ်၏ ယွမ်ယန်ကျင့်စဥ်သည် စွမ်းအားအပြည့်ဖြင့် လည်ပတ်နေပြီး သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာ၏။ သူ့မျက်လုံးများထဲက ကောင်းကင် အလင်းမှုန်များမှာ ပူပြင်းပြီး ပြိုးပြိုးပြက်ပြက် အလင်းတန်းနှစ်စင်း ထွက်ပေါ်လာသည်။ သူဖြတ်သွားရာ နေရာတိုင်းတွင် ဖရိုဖရဲ ဖြစ်သွားပြီး အခင်းအကျင်းမှာ အဆက်မပြတ် ကွဲအက်နေသော ပင့်ကူမျှင်ကဲ့သို့ ဖြစ်လာသည်။
တံခါးငယ်တစ်ခု ပွင့်လာပြီး လုရွှမ်လည်း အမြန်ဝင်သွားသည်။
"ဘယ်သူလဲ? သေချာပေါက် တစ်ယောက်ယောက် ငါ့ရှေ့မှာ ကြိုရောက်နေပြီ!"
ပိုင်ကျန့်ဖေး တစ်ယောက်တည်း ကျိန်ဆဲလိုက်ပေ၏။ သက်တံ့တံတားကနေ လမ်းလျှောက်ပြီး ဆေးဥယျာဉ်ကို လျှောက်သွားခဲ့ရာ မမျှော်လင့်ဘဲ ဒီကိုရောက်လာတဲ့အခါ ပရမ်းပတာ အခင်းအကျင်းထဲ ဝင်သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောကို တွေ့လိုက်ရလေ၏။
သူသည် လျင်မြန်စွာ ပြေးသွားကာ သူ့လက်ထဲက တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးနောက် ပိုင်ကျန့်ဖေးမှာ ပရမ်းပတာ အခင်းအကျင်းထဲ လွတ်လွတ်လပ်လပ် လျှောက်ဝင်သွားခဲ့သည်။
ချန်ယီးလည်း အမြန်ပြေးလာရင်း တံခါးမှာ အန္တရာယ်ရှိတဲ့ ထောင်ချောက်တစ်ခုကို ချထားဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။ အဲဒီလူမှာ အခင်းအကျင်းထဲ လွတ်လွတ်လပ်လပ် ဝင်သွားနိုင်တဲ့ အနေအထားမျိုး ရှိသည်။
ထိုလူက အဘိုးကြီးရွှမ်ဟွမ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ် ဆိုတာ သိသာတာကြောင့် အလျင်စလို မလှုပ်ရှားတာက ပိုကောင်းပါ၏။ ကြက်ကို ခိုးယူပေမယ့် ထမင်းကို ဆုံးရှုံးလိုက်ရရင် သနားစရာ ကောင်းသွားလိမ့်မည်။
အဘိုးကြီးရွှမ်ဟွမ် ဆိုတာ ဘယ်သူလဲ? ထိုသူမှာ အနီးနားက ကမ္ဘာငယ်လေးများကြား နှစ်တစ်ထောင်နီးပါးလောက် အံ့သြနေခဲ့ရတဲ့ ဒဏ္ဍာရီဆန်တဲ့ ပညာရှင်ဖြစ်သည်။ ပထမတော့ သူ့ကို ရွှမ်ဟွမ်လို့ ခေါ်ကြပြီး နောက်ပိုင်းမှာ သူ့ရဲ့ ကျော်ကြားမှုဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ဆရာရွှမ်ဟွမ် အဖြစ် လေးစားခံလာရာ ယနေ့ခေတ်မှာတော့ အဖိုးအိုရွှမ်ဟွမ် ဖြစ်လာခဲ့လေသည်။
သို့သော် သူ့နာမည်အရင်း၊ သူ့မျိုးရိုးအမည်၊ သူဘယ်ကလာတယ်၊ သူ့မိသားစု၊ သူ့သူငယ်ချင်း၊ အမွေ စတာတွေကို ဘယ်သူမှ မသိကြချေ။ အဘိုးကြီးရွှမ်ဟွမ် ရွှမ်ခုန်းတောင်ကို တခြားသူတွေဆီ အမွေဆက်ခံစေဖို့ တည်ထောင်ထား ခဲ့တယ်လို့ပဲ ကြားခဲ့ကြရသည်။
အဘိုးကြီးရွှမ်ဟွမ်တွင် သားစဉ်မြေးဆက် ရှိမရှိ မသိသော်လည်း ချန်ယီး၊ အောင့်ယွဲ့နှင့် အခြားကြီးမားသော မိသားစုဝင်များ၏ အမြင်တွင် လူတိုင်းက သူ့ရဲ့သွေးကြောအဖြစ် လက်ခံခဲ့ကြသည်။ သိနိုင်တာတစ်ခုက အဘိုးအိုရွှမ်ဟွမ်ဟာ တစ်ခါတုန်းက သွေးသား တစ်စွန်းတစ်စကို ထားခဲ့ပုံရပေမယ့် ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ဖူးဘူး။
ဒီပိုင်ကျန့်ဖေးက အဘိုးကြီးရွှမ်ဟွမ်ရဲ့ သွေးသားကနေ ပေါက်ဖွားသူများ ဖြစ်နိုင်မလား?
သူ့အတွေးတွေကို ဖယ်ထားပြီးနောက် ချန်ယီးလည်း အဆောက်အအုံထဲ ပြေးသွားခဲ့သည်။
နတ်သမီးရှန်းရှဲ့၊ သားသတ်သမား၊ နတ်သမီးအောင့်ယွဲ့၊ လိရှောင်းနှင့် အခြားသူများလည်း တဖြည်းဖြည်း ပြေးဝင်လာကြသည်။ ပင်မခန်းမကို အကျဉ်းချုံး လည်ပတ်ပြီးနောက် လူအများအပြားသည် ပြန်ထွက်ကာ အခွင့်အလမ်းများကိုရှာဖွေရန် နေရာအသီးသီးသို့ ထွက်သွားခဲ့ကြသည်။
(ဘာသာပြန် - အရှေ့မှာတုန်းက အောင့်ယွဲ့က သေသလိုလိုနဲ့ ဒီနေရာမှာတော့ စာရေးဆရာက ပြန်ထည့်ထားပါတယ်)
ခန်းမအဝင်ဝမှာ ပြိုင်ဆိုင်နေကြတဲ့ မရိုးဖြောင့်တဲ့ စိတ်ထား ရှိသူတွေလည်း ရှိပါသေးသည်။ ၎င်းတို့သည် ရွှေရောင် အလင်းတန်းများနှင့် မိုးခြိမ်းသံများကို ဖြစ်ပေါ်လာစေ၏။
လုရွှမ် အဆောက်အဦထဲသို့ ဝင်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုသည် လုံးဝ စိတ်ကူးမယဉ်နိုင်ချေ။ စွမ်းအင်များက အရည်အဖြစ်သို့ ပြောင်းလုနီးပါးပင်။ လုရွှမ် အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
အရည်အသွေးမှာ ယခင် ဝိညာဉ်စွမ်းအင်များကဲ့သို့ မကောင်းသော်လည်း ယွမ်ချီနှင့် ဆေးဖက်ဝင်ပစ္စည်းများ၏ ရနံ့များ ပါရှိလေသည်။
သူ့ခန္ဓာကိုယ် လွင့်ပျံလာကာ ဝိညာဉ်စွမ်းအင်များ ခုန်တက်လာပြီး ထိန်းချုပ်ထားတဲ့ နယ်ပယ်မှာ အမှန်တကယ်ပင် ထိုးဖောက်သွားခဲ့သည်။ ကံကောင်းထောက်မစွာ ဤနေရာတွင် အတိဒုက္ခ မရှိနေခဲ့ချေ။ မဟုတ်ပါက ဤဆေးဖက်ဝင်ပစ္စည်းများ အားလုံး ကံဆိုးရ ပေလိမ့်မည်။
အဆိုးဆုံးကတော့ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ဆေးဖက်ဝင် အပင်တွေပဲ ဖြစ်သည်။ ဒါ့အပြင် အဘိုးအိုရွှမ်ဟွမ် ဂရုတစိုက် စိုက်ထားတဲ့အရာက သေစေနိုင်တဲ့ အရာတော့ မဟုတ်ပေ။ အနည်းငယ် လေ့လာပြီးတဲ့အခါ အလွန်ရှားပါးသော ဆေးဖက်ဝင် အပင်တချို့ကိုသာ မှတ်မိကြောင်း တွေ့ရှိခဲ့ရသည်။
တခြား ဆေးပင်တွေလည်း ပိုတန်ဖိုးရှိပေမယ့် လုရွှမ်ကတော့ သူတို့ကို သိမနေပေ။ သို့သော် သိပ်စဥ်းစား မနေတော့ဘဲ ခပ်မြန်မြန်ပဲ ရွေးချယ်လိုက်သည်။
အပင်တစ်ပင်ကို ရွေးပြီးရင် တူညီတဲ့ အပင်ထဲက ဒုတိယတစ်ပင်ကို ရွေးလို့ မရတော့ပေ။ လုရွှမ်စိတ်ထဲ သံသယများ ရှိနေသော်လည်း နှစ်ကြိမ်တိုင်တိုင် ကြိုးစားပြီးနောက် အချိန်ဖြုန်းနေခြင်းကို ရပ်တန့်လိုက်ပြီး တခြားအပင်များကို ကြည့်လိုက်သည်။
လူသတ်ချင်တဲ့ အငွေ့အသက်!
ရုတ်တရက် လုရွှမ် ခန္ဓာကိုယ်ကို ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ ဓားရှည်တစ်ချောင်းက သူ့ခြေဖဝါးကို ထိလုနီးပါး ပြေးဝင်လာရာ သူရှောင်လိုက်မှသာ အောက်ခြေကို ထိုးမိသွားသည်။ မိနစ်ဝက်လောက် နှေးသွားပါက ဒဏ်ရာရသွားမှာ သေချာလေ၏။
ဓားရှည်ပေါ်တွင် စီးဆင်းနေသော အလင်းသည် ဓားရှည်ရဲ့ အလင်းမဟုတ်ဘဲ ဓားပေါ်တွင် ဝေ့ဝဲနေသော ဝိညာဥ်စွမ်းအင် အရည်များ ဖြစ်သည်။
လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ တစ်ကိုယ်လုံး ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအရည်သည် ကျန့်လင်ချွမ်၏ ဝိညာဉ်အရည် ဖြစ်ကြောင်း ထင်ရှားပေသည်။
"မင်းက ဘယ်သူလဲ?"
လုရွှမ် သတိကြီးကြီးဖြင့် မေးလိုက်သည်။ ဤလူသည် ရုပ်သေးရုပ် ဖြစ်နေမလား ဆိုတဲ့ အချက်က စိတ်ထဲတွင် သံသယဝင်လာ၏။
ချပ်ဝတ်တန်ဆာသည် အလွန်အစွမ်း ထက်သောကြောင့် ထိုသူ၏ အသွင်အပြင် အားလုံးကို ဖုံးကွယ်ထားနိုင်သည်။ ကျင့်ကြံမှု၊ ဝိညာဥ်စွမ်းအင်နှင့် စိတ်ဝိညာဉ် စွမ်းအား အတက်အကျများကို လုံးဝ မခံစားနိုင်ပေ။ ဓားရှည်၏ ခိုးဝင်တိုက်ခိုက်ခြင်း အရှိန်အဟုန်ကို ကြည့်ပြီး သူတော်စင်နယ်ပယ် တတိယအဆင့်တွင် ရှိနေနိုင်သည်။
ပိုင်ကျန့်ဖေးမှာ လုရွှမ်ကိုမြင်တော့ ဒေါသတွေ တဟုန်ထိုး ခုန်တက်လာခဲ့သည်။ တစ်ဖက်လူက သူတော်စင်တစ်ပိုင်း အဆင့်၇ ဗီလိန်ကောင် ဖြစ်ခဲ့ပေမယ့် သူ့ထက် ရှေ့တစ်လှမ်းစောပြီး ခန်းမထဲကို ဝင်သွားနိုင်ခဲ့သည်။
ပိုင်ကျန့်ဖေးသည် အမှန်တကယ်ပင် အဘိုးကြီးရွှမ်ဟွမ်၏ အသွေးအနွယ်ထဲမှ ဖြစ်သည်။ ဆက်ဆံရေးအရ ဆိုလျှင် သူသည် အဘိုးကြီးရွှမ်ဟွမ်၏ စတုတ္ထမျိုးဆက် မြေးဖြစ်သည်။ ဤချပ်ဝတ်တန်ဆာသည် အဘိုးကြီးထံမှ သူ၏ တစ်ဦးတည်းသော သမီးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပေသည်။
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အရာကတော့ အဘိုးကြီးရွှမ်ဟွမ်ဟာ သူထွက်သွားပြီးချင်းမှာ ဘာသတင်းမှ မကြားရတော့ချေ။ နှစ်ပေါင်းသုံးရာကျော် ကြာမှ အဘိုးကြီးရွှမ်ဟွမ် ကွယ်လွန်သွားခဲ့ပြီး ရွှမ်ခုန်းတောင်တန်းကို အမွေဆက်ခံသူအား စောင့်ဆိုင်းနေခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့တော့သည်။
ပိုင်ကျန့်ဖေးရဲ့ မိသားစုထဲက အကြီးအကဲတွေမှာ အခွင့်အရေး များများစားစား မရှိခဲ့ပါဘူး။ ပိုင်ကျန့်ဖေး ကြီးပြင်းလာတော့မှ သူနောက်ဆုံးတော့ ရွှမ်ခုန်းတောင်ထဲကို ဝင်ဖို့ အခွင့်အရေး ရခဲ့သည်။ ရွှမ်ခုန်းတောင်သို့ ဝင်ရောက်ပြီးနောက် ပိုင်ကျန့်ဖေးသည် အိမ်တွင် သူသင်ယူခဲ့သည့် ဤနေရာနှင့် အလွန်ဆင်တူကြောင်း ရုတ်တရက် တွေ့ခဲ့သည်။
ဤဆင်တူယိုးမှား လေ့ကျင့်မှုများနှင့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခြင်းကြောင့် ပိုင်ကျန့်ဖေးသည် ခရီးလမ်း တစ်လျှောက် ချောမွေ့စွာ ဖြတ်ကျော်ရင်း ဤနေရာသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။ မမျှော်လင့်ဘဲ လုရွှမ်က သူ့ထက် ရှေ့တစ်လှမ်း စောနေခဲ့၏။
ခြေတစ်လှမ်း နှေးသွားတယ် ဆိုတာ ခြေလှမ်းတိုင်း နှေးသွားသလိုပဲ။
အဘိုးကြီးရွှမ်ဟွမ်သည် ကြင်နာတတ်သော်လည်း အလွန်တင်းကျပ်ကြောင်း သူတို့ ဘိုးဘေးများ၏ အတ္ထုပ္ပတ္တိတွင် ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ ပထမနေရာရဖို့ ကြိုးစားရမည်။ တခြားသူများနောက်တွင် ပြုတ်ကျခဲ့ပါက အရာအားလုံးကို စွန့်လွှတ်လိုက်ရလိမ့်မည်။
ပိုင်ကျန့်ဖေးလည်း နောက်ဆုံး အမွေကို ရယူချင်တယ်ဆိုရင် အရာအားလုံး အတွက် အရင်ဆုံး တိုက်ပွဲဝင်ရမယ် ဆိုတဲ့ အကြောင်းပြချက်ကို တွေးထားလေ၏။
သက်တံ့တံတားရဲ့ အရောင်က ကွဲပြားသည်။ ပထမနှင့် ဒုတိယလူများသည်ပင် အကျိုးကျေးဇူး လုံးဝ ကွဲပြားကြသည်။ ချပ်ဝတ်တန်ဆာနှင့် ပိုင်ကျန့်ဖေးသည် လုရွှမ်ရဲ့ ကျင့်ကြံမှု အလွန် တိုးတက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။
သူသာ ဤနေရာတွင် မရှိခဲ့ပါက အတိဒုက္ခ နှစ်ရပ်ကို ဆက်တိုက် ရင်ဆိုင်ရပေမည်။
"ရုပ်သေးလား?"
လုရွှမ် တစ်ဖက်လူကို မခံစားနိုင်သော်လည်း တိုက်ခိုက်ပြီးနောက် သံချပ်ကာ၏ လှုပ်ရှားမှုတစ်ခုမှာ ရပ်တန့်သွားတာကို မြင်လိုက်ရပြီး အနည်းငယ် သံသယ ဝင်လာခဲ့ပြန်သည်။
ပိုင်ကျန့်ဖေး ဝမ်းသာအားရ ဖြစ်သွားသည်။ သူ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတာကြောင့် တခြားသူတွေ သူ့ကိုဘာမှ အာရုံခံလို့ မရချေ။
ဒီလူကို နားလည်မှုလွဲအောင် လုပ်ထားလိုက်မယ်။ ပြီးတော့ ပြင်းထန်တဲ့ ထိုးနှက်ချက် ထွက်လာဖို့ အရေးကြီးတဲ့ အခိုက်အတန့်အထိ စောင့်တာက ပိုကောင်းတယ်။
"တကယ် ရုပ်သေးပဲလား?"
လုရွှမ် ထပ်ဆိုပေမယ့် သူ ချဉ်းကပ်သွားဖို့ မဝံ့ရဲသေးချေ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်ကို လျှောက်သွားရင်း ဆေးဖက်ဝင်ပစ္စည်းတွေကို အရင်ရွေးလိုက်တာက ပိုကောင်းလိမ့်မည်။
ပိုင်ကျန့်ဖေး၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး လုရွှမ် နယ်ပယ်နှစ်ခုပန်းပွင့်ဆီသို့ လျှောက်သွားနေတာကို တွေ့လိုက်ရသည်။ အဲဒါက နယ်ပယ်နှစ်ခု ပန်းပဲ။ အဘိုးကြီးရွှမ်ဟွမ်က ဒီနေရာမှာ နယ်ပယ်နှစ်ခုပန်းကို စိုက်ထားမယ်လို့ မမျှော်လင့်ထားပေ။
နယ်ပယ်နှစ်ခုပန်းမှာ အမှန်တကယ် ပွင့်လန်းနေပြီး မကြာခင်မှာ အသီးအနှံတွေတောင် ထွက်နေပြီ။
သေးငယ်ပြီး တောက်ပြောင်သော အသီးတစ်လုံးသည် အဂ္ဂိရတ်ဆေးနှင့် တူသော သေးငယ်သော အသီးလေး ဖြစ်ပြီး နယ်ပယ်နှစ်ခုပန်းပွင့်၏ အကိုင်းအခက်များနှင့် အရွက်များပေါ်တွင် ချိတ်ဆွဲထားသည်။