နယ်ပယ်နှစ်ခုပန်း
Vol. 50 Ch. 4.261
လုရွှမ်၏ မျက်လုံးများသည် အစောကတည်းက နယ်ပယ်နှစ်ခုပန်းကို အာရုံစိုက်ထားသော်လည်း ထိုပန်းပွင့်က ဘာလဲဆိုတာ သူမသိပေ။ အသီးများ သီးပြီးသော်လည်း အပွင့်များ မပွင့်လာသေးတာတော့ သိသာထင်ရှားလှသည်။
ထို့အပြင် ပန်းများပေါ်တွင် မွှေးရနံ့မရှိသော်လည်း ၎င်းတို့သည် သဘာဝအတိုင်း ဝိညာဥ်စွမ်းအင်များကို ပေါင်းစပ်ထားသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး တောက်ကျင့်စဥ် ပုံစံများ အဆက်မပြတ် ပြောင်းလဲနေရာ အလွန်လျှို့ဝှက်ဆန်းကြယ်လှပေသည်။
အိုး ရုပ်သေးက လှုပ်လာပြီ!
သံချပ်ကာ လူသား၏ ခြေလှမ်းများတွင် အမှားလုပ်မိမည်ကို မြင်ပြီး ဓားရှည်ကို ဆန့်ထုတ်ကာ လုရွှမ်လမ်းကို ပိတ်ဆို့လိုက်သည်။
"ဒီတစ်ခုကို ရွေးလို့မရဘူးလား?" လုရွှမ် မေးလိုက်သည်။
ပိုင်ကျန့်ဖေးကတော့ သူ့စိတ်ထဲတွင် ကြည်နူးနေခဲ့သည်။ ဤလူသည် ဘုမသိမသိနဲ့ နယ်ပယ်နှစ်ခုပန်းကိုပင် မမြင်ဖူးပေ။ သူသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး လုရွှမ်ကို သူ၏ဓားရှည်ဖြင့် ပိတ်ဆို့ထားကာ စကားမပြောဘဲ တခြားနေရာကို ညွှန်ပြလိုက်သည်။ သူ့ရည်ရွယ်ချက်က နယ်ပယ်နှစ်ခုပန်းကို ကာကွယ်ရန်သာ ဖြစ်သည်။
"တခြားပန်းတွေကို ရွေးလို့ရပေမယ့် ဒီပန်းတော့ မရဘူးပေါ့??"
ပိုင်ကျန့်ဖေးက ခေါင်းညိတ်ပြပြန်သည်။
လုရွှမ် လှည့်ပြီး တခြားနေရာကို လျှောက်သွားလိုက်သည်။ သူက ရုတ်တရက် ချာကနဲ ပြန်လှည့်ကြည့်လိုက်ပြီး ပိုင်ကျန့်ဖေးကို နဂါးဆင်ရွှေလက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ပိုင်ကျန့်ဖေး ထိတ်လန့်သွားသည်။ သူသည် အနည်းငယ်မျှသော အသက်ရှုသံ အတက်အကျကို လုံးဝ မခံစားရစေတာကြောင့် လုရွှမ်ကို လှည့်စားလိုက်နိုင်ပြီဟု ထင်ခဲ့သည်။ လုရွှမ်က လှည့်၍ တိုက်ခိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် လက်ဖဝါးများကို လျင်မြန်စွာ မြှောက်ကာ ခုခံလိုက်သည်။
ဝုန်း!
လက်ဖဝါးနှစ်ဖက် ဆုံမိပြီး အလင်းတန်းများ လင်းလက်သွားကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။
လုရွှမ် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သံချပ်ကာ လူသားလည်း နောက်ပြန်ဆုတ်သွားသည်။ မတူသော အချက်မှာ လုရွှမ် ပျော်ရွှင်နေသော်လည်း ပိုင်ကျန့်ဖေးကတော့ ထိတ်လန့်သွားသည်။
"ခွန်အားတွေ အများကြီး တိုးလာပြီပဲ"
လုရွှမ် ဤတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို သူတော်စင် စွမ်းအားနှင့် စိမ်းပြာနဂါး၏ စွမ်းအားအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်တာကို တွေ့လိုက်ရမှသာလျှင် သူ့အားသူ လုံး၀ ခံစားလိုက်ရသည်။ သူတော်စင် စွမ်းအားနှင့် စိမ်းပြာနဂါး၏ စွမ်းအားတို့သည် သူအလိုရှိရာကို စွမ်းဆောင်နိုင်ပုံရသည်။
သူတော်စင်တစ်ပိုင်း အဆင့်၈ နယ်ပယ်တွင် ထိုဝိညာဉ်စွမ်းအားကို သူတော်စင် စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွားနိုင်တာက ဒဏ္ဍာရီမှာတောင် တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခုပင်။
"ဟုတ်တယ်.... မင်း ပထမသက်တံရဲ့ စွမ်းအားကို ရခဲ့ပြီး အကျိုးကျေးဇူးတွေရဲ့ သုံးပုံတစ်ပုံကို စုပ်ယူသွားခဲ့တာလေ.... မင်းရဲ့ ခွန်အားတွေ ဒီလောက်ထိ မတိုးလာဘူးဆိုရင် မင်းဘယ်လောက်ထိများ တိုးချင်သေးလို့လဲ?"
ပိုင်ကျန့်ဖေး မထိန်းနိုင်ဘဲ အော်ဟစ် ကျိန်ဆဲလိုက်သည်။
ယခင်က သူ့ခန့်မှန်းချက်အရဆို လုရွှမ်သည် ထိပ်တန်း ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ဤနေရာသို့ ရောက်ရှိနိုင်သူ မဖြစ်နိုင်ရာ။ သို့သော် သူတော်စင် မဖြစ်သေးတဲ့ သူတော်စင်တစ်ပိုင်း တတိယအဆင့်မို့ သေချာပေါက် နှိမ်နင်းနိုင်တယ်လို့ ထင်ခဲ့လေသည်။
သို့သော် ယခု လက်ဖဝါးစွမ်းအင်ဖြင့် ပိုင်ကျန့်ဖေးသည် ပြိုင်ဘက်က သူနဲ့တန်းတူ ဖြစ်နေကြောင်း ရုတ်တရက် သိလိုက်ရသည်။
သူ့နှလုံးသားထဲက မကျေနပ်ချက်ကြောင့် ပိုင်ကျန့်ဖေး မအော်ဘဲကို မနေနိုင်ချေ။ ဤသည်မှာ သူ့ဘိုးဘေးမှ ထားခဲ့သော အမွေဖြစ်သော်လည်း ဤလူယုတ်မာက သိမ်းသွားခဲ့သည်။
"ဟေး.... ဒါဆို မင်းက ရုပ်သေးမဟုတ်ဘူးပေါ့"
လုရွှမ်လည်း အော်လိုက်သည်။
ပိုင်ကျန့်ဖေးမှာ သူ့ကိုယ်သူ သွေးအန်တော့မယ်လို့တောင် ခံစားလာရသည်။ တစ်ဖက်က သူ့ကိုလဲ တကယ်ကြီး ရုပ်သေးလို့ ထင်နေခဲ့တာပဲ။
"ဒါဆို မင်းငါ့ကို တိုက်ခိုက်မှာလား?"
"မင်းက ရုပ်သေးရုပ် မဟုတ်ဘူး ဆိုတိုင်း ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ? ဘာပဲဖြစ်ဖြစ် ငါ ရုပ်သေးတစ်ရုပ်ကို သတ်ခဲ့ပြီးပြီ..... နောက်တစ်ကောင်ကို ထပ်သတ်တော့ရော ဘာဖြစ်လဲ?"
လုရွှမ်ကတော့ သူ့စိတ်ထဲမှာ ကံကောင်းတယ်လို့ ခံစားနေရတာကြောင့် အပြုံးနဲ့ ပြောလိုက်သည်။ သူ့စိတ်ထဲမှာ သံသယတွေ ကြီးကြီးမားမား ရှိနေပေမယ့် သံသယတွေပဲ ရှိသေး၏။ မထင်မှတ်ဘဲ သူ့ကို သတ်ပစ်တော့မယ့် ငါးကြီးတစ်ကောင်ကို တကယ် လှည့်စားမိမယ်ဆိုတာ ဘယ်သူက သိမှာလဲ။
"မင်းက ဘယ်သူလဲ" လုရွှမ် မေးလိုက်သည်။
"ငါက အဘိုးကြီးရွှမ်ဟွမ်ရဲ့ သွေးရင်းသားရင်းပဲ"
ပိုင်ကျန့်ဖေး အော်ရင်း သူ့နှလုံးသားက ဒေါသတွေနဲ့ ပြည့်နှက်နေကာ သူ့အသံကလည်း မိုးခြိမ်းသံလို ပဲ့တင်ထပ်နေပြီး လုရွှမ်ကို ပွဲချင်းပြီး သတ်ပစ်ချင်နေသလိုပင်။
သို့သော် လုရွှမ်က အားနည်းသူ မဟုတ်ကြောင်း သူတွေ့ခဲ့ပြီမို့ ကျားနှစ်ကောင် တိုက်ခိုက်ပါက ၎င်းတို့အနက်မှ တစ်ကောင် ဒဏ်ရာရမည်ကို သိလေသည်။ အဲဒီအစား တစ်ဖက်လူကိုပဲ အခွင့်ကောင်းယူလိုက်မယ်။ ချက်ချင်းဆိုသလိုပဲ ပိုင်ကျန့်ဖေးက အကောင်းဆုံး အစီအစဥ်ကို တွေးမိပြီး ပြောလိုက်သည်။
"ကောင်းပြီ ငါတို့ ကိစ္စတွေကို နောက်မှရှင်းမယ်.... အခု ငါတို့ ဆေးဖက်ဝင် အပင်တွေကို အရင် ရွေးကြမယ်... ဒီပန်းကို ငါလိုချင်တယ်"
"ဒါဆို တိုက်ခိုက်လိုက်ကြရအောင်လား"
လုရွှမ်က ဆိုလိုက်သည်။ ဒီလူက ဘယ်သူပဲဖြစ်ပါစေ ဒီပန်းကို သူအရမ်း ဂရုစိုက်တယ် ဆိုကတည်းက ဒီပန်းက အရမ်းတန်ဖိုးကြီးတယ် ဆိုတာ သိသာလေသည်။
"ရွှေကျီးအဖိုး..... ရွှေကျီးကန်း.... သေနာကျီးကန်း မနိုးသေးဘူးလား?"
ကောင်းကင်မီးတောက်၏ အလင်းရောင်ကို စုပ်ယူလိုက်ကတည်းက ရွှေကျီးကန်းသည် သူ့ဘိုးဘေးများ၏ ဂုဏ်ကျက်သရေကို ပြန်လည်ရယူလိုသည်ဟု ဆိုကာ အိပ်ပျော်သွားတော့သည်။ ရွှေကျီးကန်းကို တောက်ပသော အလင်းရောင်ဖြင့် ဖုံးအုပ်ထားမယ့်အစား အကုန်လုံး အနက်ရောင် အမွေးဖြင့် ဖုံးအုပ်ထားသင့်သည်။
ဒါမှသာ သူက ကံမကောင်းစေတဲ့ အရာဖြစ်ကြောင်း ထင်ရှားလိမ့်မည်။
လုရွှမ် အချိန်အတော် ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း အကြောင်း ပြန်မလာသေးပေ။ ရွှေကျီးကန်း အိပ်ပျော်နေသေးတာကို သိလိုက်သဖြင့် လုရွှမ်လည်း မဆက်သွယ်တော့ပေ။
တိုက်ခိုက်ရုံပဲ မဟုတ်လား လာစမ်းပါ!
"ဟမ့်!"
ပိုင်ကျန့်ဖေးက နှာမှုတ်ရင်း သူလည်း စွန့်စားဖို့ ရွေးချယ်လိုက်တော့သည်။ လုရွှမ်တစ်ယောက် အတိဒုက္ခ ကပ်ဆိုးကြီးကို ဖြတ်ကျော်သွားခဲ့တာကို သူမြင်ဖူးပါ၏။ ဒီလူရဲ့ စရိုက်က ရက်စက်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် ရှားပါးပန်းတွေ အများကြီးရှိတာမို့ ဒီပန်းကို သူနဲ့အတူ ဖြုန်းတီးနေစရာ မလိုပါဘူး။
လုရွှမ်သည် သံချပ်ကာလူသား ထွက်သွားတာကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် နယ်ပယ်နှစ်ခုပန်းကို တိုက်ရိုက် ကောက်ယူပြီး ကျောက်စိမ်းပြားထဲသို့ ထည့်ထားလိုက်သည်။
နှစ်ယောက်သား သဘောတူညီမှု တစ်ခု ရယူခဲ့ပြီး လမ်းကြောင်း နှစ်ခု ခွဲထွက်ကာ ဆေးဥယျာဉ်ကို ခပ်မြန်မြန် စတင် မွှေနှောက်တော့သည်။
"ကောင်လေး.... ငါမင်းကို အကြံပေးလိုက်မယ်.... အဝေးကြီး မသွားနဲ့ မဟုတ်ရင် အပြင်ကတစ်ယောက်ယောက်က ထောင်ချောက် ထောင်လိုက်ရင် မင်းလွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ပိုင်ကျန့်ဖေးက အပိုင်းသေးသေးလေးကို ရွေးပြီး ပရမ်းပတာ အခင်းအကျင်းထဲမှ ပြေးထွက်သွားတော့သည်။
သူ့နှလုံးသားက သွေးတွေ စီးကျနေ၏။ သူ့ရဲ့အမြင်အရတော့ ဒီရှားပါး ဆေးဖက်ဝင် အပင်တွေက သူ့အပိုင်ပဲ။ တခြားသူတွေ ဖျက်ဆီးခံရမှာကို မကြောက်ဘူးဆိုရင် အဲဒီထဲက တစ်ဝက်တောင် ရွေးခဲ့မှာမဟုတ်ဘူး။
လုရွှမ် လှောင်ပြောင်ပြီး ဒီသစ်ဥသစ်ဖု တချို့ကိုလည်း ကောက်ယူနေလိုက်သည်။
ဆေးဖက်ဝင် ဥယျာဉ်တစ်ခုလုံးကို အကုန်နှုတ်ပြီး မျိုးစေ့တွေလည်း စုဆောင်းထားရမည်။ ကျောက်စိမ်းပြားရဲ့ နေရာထဲကို တိုက်ရိုက်ထည့်ကာ ဆေးဖက်ဝင် ဥယျာဉ်ထဲက ထွက်လာခဲ့လိုက်သည်။
သေချာပါ၏။ အပြင်မှာ အခင်းအကျင်း ဖွဲ့စည်းပုံတွေကို စီစဥ်ထားပြီးပြီ။ လုရွှမ်ရဲ့ မျက်လုံးတွေဟာ ဒီအချိန်မှာ တောက်ပနေပြီး ပုံမှန်နဲ့ မတူတာကို မမြင်နိုင်ပေမယ့် သူ့မျက်စံတွေက ပျက်ပြယ်နေတဲ့ နေလုံးလေးတွေကို အခင်းအကျင်းရဲ့ ဟာကွက်တွေကို တိုက်ရိုက် ဖောက်မြင်နေရလေသည်။
ဤနတ်မျက်လုံးမျိုးသည် ခန်ဟွေ့ နတ်ဘုရားမျက်စိနှင့် ယှဉ်နေပြီ ဖြစ်သည်။ လုရွှမ် တစ်ချက် စဉ်းစားကြည့်ပြီးနောက် ဤနတ်မျက်လုံးကို စစ်မှန်နေမင်းမျက်ဝန်းဟု ဂုဏ်ယူစွာ အမည်ပေးလိုက်သည်။
သူတို့တွေ လုံ့လဝီရိယ စိုက်ထုတ်ကာ စီစဉ်ထားသည့် အခင်းအကျင်းထဲ၌ လုရွှမ် လမ်းမလျှောက်နိုင်ဘဲ ရပ်တန့်သွားတာကို တွေ့လိုက်ရသဖြင့် အပြင်ဘက်တွင် တပ်စွဲထားသော ကျင့်ကြံသူ နှစ်ယောက်သည် လုရွှမ်အား ကူကယ်ရာမဲ့ စောင့်ကြည့်နေသော်လည်း သူတို့ ကမူးရှူးထိုး မလုပ်ရဲကြသေးပေ။
"မင်းတို့နှစ်ယောက်..... အထဲမှာ ဘယ်သူမှ မရှိတော့ဘူး ဒါကြောင့် ဒီမှာ စောင့်နေစရာ မလိုတော့ဘူး.... နှုတ်ဆက်တယ်"
ပြောပြီး ထွက်သွားတော့သည်။
နှစ်ယောက်သား သူဌေး၏ ညွှန်ကြားချက်ကို သတိရကာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သက်ပြင်းချကာ ထွက်သွားကြသည်။
နောက်တစ်ကြိမ်တွင် လုရွှမ်သည် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရနိုင်မလားဟု တွေးတောကာ ဘေးဘက်ခန်းမ အသီးသီးကို လှည့်လည် သွားလာခဲ့သည်။ ကံမကောင်းစွာပဲ တခြားနေရာများကို တခြားသူတွေ လုယူသွားခဲ့ပြီ။ အောင့်ယွဲ့ အသံကြားတော့ လုရွှမ်လည်း ခန်းမတံခါးဆီသို့ ပြန်လာခဲ့သည်။
ထိုနေရာ၌ လူ ၁၁ ဦးလုံး စုရုံးနေကြပြီ ဖြစ်သည်။ လုရွှမ် သံချပ်ကာ ဝတ်ထားသည့်လူကို မမြင်ချေ။ ၎င်းမှာ သူ့အဝတ်အစားများကို ချွတ်ကာ သံချပ်ကာများကို ဝှက်ထားလိုက်ပုံကသည်။
"အောင့်ယွဲ့... နတ်သမီးရှန်းရှဲ့၊ သားသတ်သမား ၊ချန်ယီး.. လိရှောင်း.... မင်းတို့ အားလုံး ဒီကိုရောက်နေကြပြီပဲ"
လုရွှမ်က ပြုံးပြီး အသိမိတ်ဆွေတွေကို မြင်တော့ သူတို့ကို ချစ်ခင်စွာ နှုတ်ဆက်ဖို့ ခြေလှမ်းပြင်လိုက်ပါတော့သည်။
ပိုင်ကျန့်ဖေးရဲ့ စိတ်တွေ တုန်လှုပ်သွားသည်။ လုရွှမ်လို့ ခေါ်တဲ့ ဒီလူက ဒီပါရမီရှင် ငါးယောက်လုံးကို တကယ်သိတယ်လား။ သူအရင်ကကြားခဲ့ဖူးတဲ့ ကောလဟာလ တစ်ခုကို ရုတ်တရက် သတိရသွားသည်။
သူတို့ငါးယောက်ကို တစ်ယောက်ယောက်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပေမယ့် သူတို့ငါးယောက်က သူတို့ကြားထဲက လူငယ်တစ်ယောက်ကို ကာကွယ်ဖို့ပဲ ကြိုးစားနေခဲ့သည်။ အဲဒါက လုရွှမ်များ ဖြစ်နိုင်လား။
ဒီလူက ပျံသန်းနိုင်တယ်ဆိုပြီး နောက်ပိုင်းမှာ ကောလဟာလတွေ ထွက်နေခဲ့သေးတယ်လေ။