← Chapters

အသွင်ပြောင်းသွားသူ

Vol. 50 Ch. 4.262

အသွင်ပြောင်းသွားသူ

Vol. 50 Ch. 4.262

အကန့်အသတ်မဲ့ အခင်းအကျင်း ဖွဲ့စည်းမှုအတွင်း ပျံသန်းနိုင်ခြင်းမှ ထိုပါရမီရှင် လူငါးဦးကို အကျပ်အတည်းမှ လွတ်မြောက်ရန် ပို့ဆောင်ပေးခဲ့သည်။

ထုံးစံအတိုင်း သူမယုံပါဘူး။ ဒီရွှမ်ခုန်းကမ္ဘာမှာ မပျံသန်းနိုင်ပေမယ့် သတိထားဖို့တော့ လိုသေးသည်။

"အစ်ကိုလု.... ကျွန်တော်တို့ ထပ်ပြန်တွေ့ကြပြန်ပြီနော်"

ပိုင်ကျန့်ဖေး စိတ်ထဲမှာ တွေးပြီး လုရွှမ်ကို ပြုံးပြီး နှုတ်ဆက်ဖို့ ခြေလှမ်းပြင်လိုက်တယ်။ လုရွှမ် ပိုင်ကျန့်ဖေးကို သဘာဝကျကျ မြင်တာကြောင့် ပြုံးကာ မိတ်ဆက်စကား အတိုချုံးပြောလိုက်သည် ။

"အစ်ကိုလု... ကျွန်တော်နဲ့ မတွဲချင်ဘူးဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး... ခင်ဗျားက ပါရမီရှင်ငါးယောက်နဲ့ လက်တွဲထားပြီးသား ဖြစ်နေတာကိုး တကယ်ကို မနာလိုဖြစ်မိပါတယ်"

"မဟုတ်တာ မဟုတ်တာ.... အစ်ကိုပိုင်နဲ့ ယှဉ်ရင် ကျွန်​တော်တို့ ခြောက်ယောက်ရဲ့ ခွန်အားက အတော်လေး ညံ့ပါတယ်.... ကျွန်တော်တို့က အစ်ကိုပိုင်ရဲ့ သူတော်စင်တွေလောက် မသန်မာဘူး.... ဒီတစ်ခါတော့ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို အစ်ကိုပိုင်က ရနိုင်လိမ့်မယ် ထင်တယ်"

"အစ်ကိုလုရဲ့ စကားအတွက် ကျေးဇူးတင်ချင်ပါတယ်.... ဒါပေမဲ့ ကျွန်တော့် အမြင်အရတော့ ခင်ဗျားလည်း အခွင့်အရေး ရနိုင်ပါတယ် ခင်ဗျားက ပါရမီရှင်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်အောင် လုပ်နိုင်တယ်တာက ကောင်းပေမယ့် အမွေက တစ်ယောက်ပဲ ရနိုင်တယ်.... တစ်သက်တာ မိတ်ဖွဲ့နိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်ရတော့မလဲ”

"အစ်ကိုပိုင်ရဲ့ စကားလုံးတွေက ကျွန်တော့် နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါပြီ..... ရိုးရိုးသားသား ပြောရရင် ဒီတစ်ကြိမ် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အမွေမရရင်လည်း အဆင်မပြေတာတော့ မဟုတ်ပါဘူး.... အရာအားလုံးက အခွင့်အရေးပဲလေ"

"မှန်တယ် မှန်တယ် အစ်ကိုလုကတော့ ပေါ့ပေါ့တန်တန် ပြောနေတုန်းပဲ"

…

ထိုနှစ်ယောက်စလုံး၏ စကားသည် အလွန် ကြောင်သူတော် ဆန်လှသည်။ နားထောင်သူတိုင်းသည် ခေါင်းယမ်းကာ အောင့်ယွဲ့ကတော့ မျက်လုံးများကို မှိတ်ထားသည်။ နှစ်ယောက်သား နှုတ်ဆက်စကား ပြီးသွားသည်နှင့် ပြန်လာခဲ့ကြသည်။ တိုက်ဆိုင်မှု ဖြစ်နိုင်သလို မလွှဲမရှောင်သာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စုစုပေါင်း လူဆယ့်နှစ်ယောက်ရှိကာ ခြောက်ယောက် တစ်ဖွဲ့ဖြစ်သွားလေ၏။

လုရွှမ် ဘက်မှာတော့ သဘာဝအတိုင်း သေရေးရှင်ရေး ကိစ္စကို အတူတူ ဖြတ်ကျော်ခဲ့ဖူးတဲ့ လူခြောက်ယောက် ရှိသည်။ တစ်ဖက်မှာတော့ သူတို့အားလုံးဟာ သူတော်စင်တွေ ဒါမှမဟုတ် အဆင့်မြင့်တဲ့ လူတွေချည်းပဲ။ အရင်က တစ်ယောက်နဲ့ တစ်ယောက် သိဖူးကြလားတောင် မသိဘူး။

"ဟမ့်... မင်းဆက်ပြောရင် ငါရူးသွားလိမ့်မယ် မင်းတကယ် ကြောင်သူတော်ကောင်းပဲ"

လိရှောင်းက အော်လေ၏။ သူက ရိုးရိုးသားသားပဲ ရိုက်နှက်တယ်၊ သတ်တယ်၊ ပေါက်ကရပြောတာတွေ အများကြီး ရှိပေမယ့် နှစ်​​ယောက်​ကြားက စကားကို တွေးကြည့်​​တော့ သည်းမခံနိုင်တော့ချေ။

လုရွှမ်က တိုးတိုးလေးရယ်ပြီး

"မင်းတို့အားလုံး ဒီပိုင်ကျန့်ဖေးကို သတိထားသင့်တယ်.... အဲဒီလူက သိပ်ကို လျှို့ဝှက်ဆန်းကြယ်တာ သူအရင်က သူနဲ့အတူ ဒီကိုလာဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တာသေးတယ်.... အဲဒီငါးယောက်ထဲက တစ်ယောက်က ပိုင်ကျန့်ဖေးရဲ့ လူဖြစ်နိုင်သလို ကျန်တဲ့ငါးယောက်လည်း ဖြစ်နိုင်တယ်"

"ပြီးတော့ ငါမင်း​တို့ကို သတိပေးတယ်..."

လုရွှမ်က ဆေးဥယျာဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောင်း ပြောပြလိုက်သည်။ ပိုင်ကျန့်ဖေးဟာပိုင်ကျန့်ဖေး ကျန့်လင်ချွမ်ကို ပိုင်ဆိုင်တဲ့ သံချပ်ကာလူသား ဖြစ်ကြောင်း သူသေချာနေပြီ ဖြစ်လို့ သူတို့ငါးယောက်ဟာ သတိထားစေချင်သည်။

လူတိုင်းသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားကာ စိတ်ထဲမှာတော့ တိတ်တဆိတ် သတိရသွားကြသည်။ အဘိုးကြီးရွှမ်ဟွမ်သည် သူ့မှတဆင့် မျိုးဆက်များကို ချန်ထားခဲ့ဆဲပင်။

"ရှန်းရှဲ့.... ဒီပစ္စည်းတွေကို ကြည့်ပြီး ဘယ်ဟာတွေက အသုံးဝင်လဲ ကြည့်ပေးပါဦး... မြန်မြန် သန့်စင်ထားရအောင် အနာဂတ်မှာ အန္တရာယ်က ငါတို့ စိတ်ကူးထဲထက် ကျော်လွန်သွားနိုင်တယ်...ဒီမှာ တစ်ခုခုတော့ မှားနေပြီလို့ ငါ အမြဲတမ်း ခံစားနေပေမယ့် အဲဒါကို ရှင်းမပြနိုင်သေးဘူး ဖြစ်နေတယ်"

လုရွှမ် ဖြန့်ချလိုက်တဲ့ ဆေးဖက်ဝင်ပစ္စည်းများကို ကြည့်လိုက်တော့ လူတိုင်းရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလောက် ကြွယ်ဝသော အရင်းအမြစ်တွေ ရှိနေတာကို မယုံနိုင်စရာ ကောင်းလှပေမယ့် လုရွှမ်ကတော့ ၎င်းတို့ကို အလွယ်တကူပင် ထုတ်ယူလာခဲ့သည်။

"လုရွှမ် မင်း..."

"ဘာမှမဟုတ်ပါဘူး... ဒါက အသုံးဝင်တဲ့ ပစ္စည်းတွေပဲလေ... ငါ့သူငယ်ချင်းတွေကို မပေးရင် ငါ့ဘာသာဆို ဘယ်လောက်တောင် သုံးနိုင်မှာ မလို့လဲ? သားသတ်သမား မင်းရဲ့ ပုဆိန်ပျောက်သွားပြီ.... ဒီတစ်ခုက သင့်တော်လား ကြည့်လိုက်ဦး"

လုရွှမ် အခန်းထဲက တိုင်ကို ဖောက်ခွဲပြီး ရလာတဲ့ ပုဆိန်တစ်လက်ကို လှမ်းပေးရင်း ပြောလိုက်သည်။

သားသတ်သမားရဲ့ မျက်လုံးများ နီရဲသွားသည်။ သူက ကျေးဇူးတင် စကားပြောပြီး ပုဆိန်ကိုယူကာ လုရွှမ်ကိုလည်း ခေါင်းညိတ်​ပြလိုက်သည်။

"ညီအစ်ကိုကောင်းပဲ... ငါ လေးစားသွားပြီဟေ့!"

လိရှောင်းက ဝမ်းသာအားရ အော်ရင်း လုရွှမ်ပုခုံးကို ရိုက်လိုက်ပြီး ချန်ယီးကလည်း အော်မီတော်ဖော်ဟု ဆိုလေ၏။ နတ်သမီးရှန်းရှဲ့က လုရွှမ်ကို လေးလေးနက်နက် ကြည့်လိုက်စဥ် အောင့်ယွဲ့မှာ အနည်းငယ် ဝမ်းသာသွားပေမယ့် အနည်းငယ်လည်း စိတ်ပူသွားခဲ့သည်။

ဒီလုရွှမ်ကတော့ တကယ်ကို အရူးတစ်ယောက်ပဲ! ရှိသမျှ ပစ္စည်းတွေကို ဒီအတိုင်း ထုတ်ပစ်ပေးလိုက်ရလား? ဒါပေမဲ့ နားမလည်နိုင်အောင် ဝမ်းသာမိသေးသည်။ ဒါကမှ သူမ သဘောကျတဲ့ လူပဲ။

လုရွှမ်ဘက်မှ လူခြောက်ဦး၏ လှုပ်ရှားမှုများကို ပိုင်ကျန့်ဖေး နှင့် သူ့အဖွဲ့မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရရာ ကျန်ငါးယောက်က ပိုင်ကျန့်ဖေးကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မျက်လုံးတွေနဲ့ ကြည့်လာကြလေသည်။

ထိုငါးယောက်က သူတော်စင်တစ်ပိုင်း အဆင့်၉ များ ဖြစ်သော်လည်း ၎င်းတို့ကဲ့သို့သော ပါရမီရှင်များသည် သူတို့ကျင့်ကြံမှုကို တမင်တကာ ချိုူနှိမ်ထားတာကြောင့်ပဲ ဖြစ်ပေသည်။ အဘိုးကြီးရွှမ်ဟွမ်ရဲ့ အမွေကို ရယူလိုပါက အသင့်တော်ဆုံး အဆင့်မှာ သူတော်စင်တစ်ပိုင်း အဆင့် ၉ ပြီးပြည့်စုံသောကာလ ဖြစ်ကြောင်း ကောလဟာလများ ရှိခဲ့သည်။

သူတို့နယ်ပယ်က မြင့်မားသော်လည်း အင်အားအရမူ တစ်ဖက်လူတွေကို အနိုင်မယူနိုင်ပေ။

ပိုင်ကျန့်ဖေးမှာ ဒေါသတွေ ထွက်လာပြီး လုရွှမ် ကို ပွဲချင်းပြီး သတ်ပစ်ချင်နေခဲ့သည်။ သူက လူငါးယောက်နဲ့ အရင်းအမြစ်များကို အမှန်တကယ် မျှဝေသုံးစွဲနေ၏။ တခြားကမ္ဘာက လူများသာ ဤအချက်ကိုကြားလျှင် မယုံကြည်နိုင်စွာ အော်ဟစ်ကြလိမ့်မည်။

ဒီငါးယောက်က ဘယ်သူတွေလဲ? တ​ခြားကမ္ဘာက ကောလဟာလတွေ အရတော့ ဒီလူငါးယောက်ဟာ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ ဂုဏ်သတင်းအတွက် အချင်းချင်း တိုက်ခိုက်နေကြသူများ ဖြစ်သည်။ ထိုပါရမီရှင်များကို မကြောက်ရခြင်း အကြောင်းရင်းမှာ ပိုင်ကျန့်ဖေးသည် ၎င်းတို့တို့ လွတ်လပ်စွာ တိုက်ခိုက်နိုင်မည်ဟု ကောက်ချက်ချသောကြောင့် ဖြစ်သည်။

သူ့အကြံအစည်ကို အနှေးနဲ့အမြန် ဆိုသလို လုပ်ဆောင်တော့မှာ ဖြစ်သည်။ ယခုမူ လူငါးဦးသည် စည်းလုံးသွားပြီးဖြစ်ကာ အရာအားလုံး အတွက် အကြောင်းရင်းမှာ ဘယ်နေရာက ရုတ်တရက် ထွက်ပေါ်လာမှန်း မသိသော လုရွှမ်ကြောင့် ဖြစ်​နေသည်။

"အားလုံး သတိထားကြပါ"

ပိုင်ကျန့်ဖေးက ဘာမှ ထပ်မပြောတော့ချေ။ သူ့ဘေးမှာ သော့ကိုးချောင်း ရှိတာကြောင့် အဲဒါတွေနဲ့ ဖွင့်လိုက်တာနဲ့ အရင်းအမြစ်တွေကို ပိုရနိုင်ပါသေးသည်။

အားလုံး အနားယူပြီးနောက် တံခါးရှေ့မှာ စုရုံးကြပြန်သည်။ သူတို့နှစ်ဖွဲ့သည် နှစ်ဖက်စလုံးတွင် မတ်တပ်ရပ်ကာ မျက်နှာချင်းမဆိုင်ဘဲ စည်းလုံးညီညွှတ်သည့်အသွင်ကို ဆက်လက်ထိန်းသိမ်းထားကြသည်။

"ငါဒါတွေ အကုန်လုံးကို စမ်းပြီးပြီ.... လူတစ်​ယောက်​တည်းရဲ့ ခွန်အားနဲ့ အခင်းအကျင်း ဖွဲ့စည်းမှုကို ဖွင့်လို့မရဘူး..... အဲဒါကြောင့် အခင်းအကျင်းကို ဖွင့်ဖို့ သော့အားလုံးကို သုံးကြည့်ရအောင်"

ပိုင်ကျန့်ဖေးက ပြုံးပြီး ပြောလိုက်သည်။

လုရွှမ်က သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိပေ။ လုရွှမ်သည် သူတို့အဖွဲ့တွင် အနိမ့်ဆုံး ကျင့်ကြံမှုအဆင့် ရှိသော်လည်း သူ၏ အပြုအမူများသည် ၎င်းတို့ငါးယောက်လုံးကို သဘောကျသွား​စေခဲ့သည်။ ကြင်နာတတ်ပြီး သစ္စာရှိသူကို သူတို့က လေးစား ယုံကြည်၏။

"ဒါပေမဲ့ မဖွင့်ခင်မှာ ငါပြောစရာ စကားရှိတယ်.... အစ်ကိုလု ငါတို့မှာ ခြောက်ယောက်ရှိပေမယ့် ငါတို့မှာ သော့ကိုးခုရှိတယ် မင်းမှာက သော့သုံးချောင်းပဲ ရှိတယ်.... ရတနာတွေကို ခွဲဝေမယ့်ကိစ္စကို ချိန်ညှိသင့်တယ် ထင်တယ်"

ဒီကောင်လေး ဒီလို အခြေအနေတွေကို ဦးစားပေးမယ် ဆိုတာ လုရွှမ် ခန့်မှန်းမိပြီးသားပင်။ လုရွှမ် သူ့စိတ်ထဲမှ လှောင်လိုက်မိသည်။

"အို.... ဒါဆို အစ်ကိုပိုင်ရဲ့ အဆိုပြုချက် အတိုင်းဆို ကျွန်တော်တို့က ဘယ်လို ခွဲဝေယူသင့်တာလဲ?"

ပိုင်ကျန့်ဖေးက ချောင်းဆိုးလိုက်ပြီး

"ဟုတ်ပြီ.... မင်းလက်ထဲမှာ သော့သုံးချောင်း မရှိရင် ဘယ်သူမှ လျှို့ဝှက်နယ်မြေထဲကို ဝင်နိုင်မှာမဟုတ်ဘူး... ဒါပေမဲ့ သော့အရေအတွက်အရ ဖြန့်ဝေတာက မင်းအတွက် မတရားဘူး"

"ဒီလိုလုပ်ရအောင် သော့ဖွင့်ပြီးရင် ငါတို့ဘက်က ရတနာတစ်ခုရဖို့ အရင်ဦးစားပေး လုပ်မယ် ဘယ်လိုလဲ?"

နတ်သမီးရှန်းရှဲ့ နှင့် အခြားသူတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အမွေတစ်ခုမဟုတ်ဘဲ ရတနာတစ်ခုမျှသာ ဖြစ်သည်။ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန် မစောင့်နိုင်​​တော့ပေ။

"အိုး ဒီလိုလား.... ဒါဆို ဒီကမိတ်ဆွေရော ဘယ်လိုထင်လဲ?"

လုရွှမ် ပိုင်ကျန့်ဖေးရဲ့ နံဘေးက တခြားလူငါးယောက်ကို ဘာမှမထူးခြားတဲ့ အမူအရာနဲ့သာ ကြည့်လိုက်ပြီး နောက်ဆုံး လူငယ်တစ်ယောက်ကိုပဲ ကြည့်၍ မေးလိုက်သည်။

လုရွှမ်သည် အခြားလေးယောက်က ပိုင်ကျန့်ဖေးရဲ့ လူတွေ ​ဖြစ်နိုင်တယ်ဆိုတာ သေချာသော်လည်း သူနောက်ဆုံးလူကို နားမလည်နိုင်ခဲ့ပေ။

All Chapters