← Chapters

ပကတိရေစင်

Vol. 50 Ch. 4.265

ပကတိရေစင်

Vol. 50 Ch. 4.265

"နောက်ထပ် အလောင်းတစ်လောင်း!"

"ဒီလူက ငါတို့ကမ္ဘာငယ်လေးမှာ သခင်တစ်ယောက်ဆိုတာ ငါသိတယ်.... ဒါပေမယ့် သူ့နောက်ခံက နည်းနည်းတော့ ကံဆိုးတယ်.... သူ့အရည်အချင်းကလည်း ငါ့လောက် မတော်ဘူး"

"သူ့ခန္ဓာကိုယ်က အသေကောင်လို ခြောက်သွေ့နေပြီ"

လုရွှမ် သူ့လက်ဖဝါးကို အနည်းငယ် အားစိုက်ထုတ်လိုက်ရုံဖြင့် အလောင်းရဲ့ ခန္ဓာကိုယ်က ကွဲအက်သွားခဲ့သည်။ အတွင်းထဲမှာ သိသာထင်ရှားတာကတော့ ဆွေးမြေ့နေခြင်းပင်။

"ဘယ်လိုဖြစ်တာလဲ? ဒါက ဘယ်လို မြစ်မျိုးလဲ?"

"မြစ်ပေါ်တက်ပြီး ဘာဖြစ်နေတာလဲ ကြည့်ရအောင်"

သူတို့ခြောက်ယောက်က ကျောက်တုံးတွေပေါ် တက်ပြီး မြစ်ကမ်းနားကို လျှောက်သွားကြသည်။

လမ်းတစ်လျှောက်လုံးမှာ အလောင်းတွေ အများကြီးကို တွေ့ရပြီး တချို့မှာ အစိတ်စိတ် အမွှာမွှာ ကွဲသွားပြီ။ တချို့မှာ နဂိုအတိုင်းပင်။ တချို့မှာလည်း သူတော်စင်၏ အရိပ်အာဝါသများ ရှိကြသေးသည်။ တချို့မှာ အငွေ့အသက် အနည်းငယ်သာ ထွက်ပေါ်၏။

"ဒါ....ဒါ ကျန့်လင်ချွမ် မဟုတ်ဘူး.... ဒါက ပကတိရေစင်ပဲ!"

နတ်သမီးရှန်းရှဲ့က ရုတ်တရက် အော်လိုက်သည်။ သူမမျက်နှာမှာ ထိတ်လန့်သွားပြီး ခန္ဓာကိုယ်မှာလည်း စိမ်းပြာရောင် ဖျော့ဖျော့တို့ တောက်ပနေသည်။

"ပကတိရေစင် အဲဒါက ဘာလဲ?"

အောင့်ယွဲ့က မေးလိုက်သည်။ လုရွှမ်လည်း နတ်သမီးရှန်းရှဲ့ကို ကြည့်နေသည်။ အနည်းဆုံးတော့ တိမ်ပင်လယ်နယ်မြေမှာ မကြားဖူးခဲ့ဘူးလေ။

နတ်သမီးရှန်းရှဲ့က သူမရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ အသက်ရှုသံများမှာလည်း တုန်ရီနေဆဲ ဖြစ်သည်။ လုရွှမ်၏ လက်ဖဝါး တစ်ဖက်တွင် မီးလုံးကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး နတ်သမီးရှန်းရှဲ့ ကိုယ်ပေါ်က အရောင်တွေကို လောင်ကျွမ်းသွားသည်။ အပူကြောင့် သူမ ခန္ဓာကိုယ်လည်း မတုန်လှုပ်တော့ပေ။

"ဒီကမ္ဘာမှာ ကြောက်စရာ အကောင်းဆုံး အရာက လူတွေကြားက လေထုကို အရောင် ပြောင်းစေတဲ့ အရာပဲ... အဲဒါက ကျန့်လင်ချွမ်ရဲ့ ဝိညာဉ်စမ်းရေ ဆိုပြီး စာအုပ်တစ်အုပ်ထဲမှာ ​ဖတ်ဖူးတယ်.... ဒါပေမဲ့ ကျန့်လင်ချွမ်ရဲ့ စွမ်းအားကို မှေးမှိန်သွားစေတဲ့ အရာက ပကတိရေစင်ပဲ"

"ကျန့်လင်ချွမ်က သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဖမ်းဆုပ်ထားနိုင်သရွေ့ ကျင့်​ကြံမှုအဆင့်ကို နောက်ဆုံးမှာ ပြန်ရနိုင်မှာ... ဒါပေမဲ့ ပကတိရေစင်က ကျင့်ကြံသူတစ်ယောက်ရဲ့ ယွမ်စွမ်းအားကို အခြေခံကျကျ ဖြတ်တောက်ပစ်နိုင်တယ်.... အဲဒီအရာက အရမ်း ကြောက်စရာကောင်းတယ်... အဲဒါက တကယ်ပဲ ဘယ်လောက်ထိတောင် ကြောက်စရာ ကောင်းလဲဆိုတာတော့ ကျွန်မလည်း မသိဘူး... "

"ကျန့်လင်ချွမ်က ဝိညာဉ်စွမ်းအင်ကို ဖိနှိပ်နိုင်ပြီး ပကတိရေစင်က ဝိညာဉ်စွမ်းအင်ကို ငြိမ်းသတ်နိုင်တယ်.... ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာကိုလည်း စွမ်းဆောင်နိုင်လောက်တယ်"

"ဝိညာဉ်စွမ်းအင်ကို လုယူသွားတာပေါ့!"

လုရွှမ် ရုတ်တရက် ဖြတ်မေးလိုက်တော့ နတ်သမီးရှန်းရှဲ့က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်.... အဲဒီအရာက ဝိညာဉ်စွမ်းအင်တွေကို လုယူနိုင်မယ်လို့ ကျွန်မ ထင်တယ်.... ဒါကြောင့် ဒီအလောင်းတွေ ဒီလိုဖြစ်နေတာ"

"ဟ!!"

လိရှောင်းက သူ့ပေါင်ကို ရုတ်တရက် ရိုက်လိုက်ပြီး

"ဒါကို ငါဘာလို့ တစ်ခါမှ မတွေးမိပါလိမ့်?? ရွှမ်ခုန်းတောင်ကို ရောက်တိုင်း ကျင့်ကြံသူတွေ အများကြီး သေကြတယ်လို့ ပြောတယ်နော်... ဒါပေမဲ့ အဲဒီလူတွေရဲ့ အလောင်းတွေက ဘယ်ရောက်ကုန်တာလဲ? ယုတ္တိနည်းအရ ပြောရရင် ရွှမ်ခုန်းတောင်မှာ အလောင်းတွေ အစုအပုံလိုက် ရှိ​နေသင့်တာ မဟုတ်ဘူးလား?"

"ဒါက အခင်းအကျင်း ဖွဲ့စည်းမှုကြောင့်လား ဒါမှမဟုတ် ဘာလဲ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?"

ချန်ယီလည်း ရုတ်တရက် မေးလိုက်သည်။ သို့နှင့် အခင်းအကျင်းတွေ အကြောင်း အကောင်းဆုံး သိကြတဲ့ လုရွှမ်နဲ့ အောင့်ယွဲ့ကိုပါ လှည့်ကြည့်လိုက်ကြသည်။ အောင့်ယွဲ့ကလည်း လုရွှမ်ကို ကြည့်လိုက်သည်။ လုရွှမ်ကလည်း ခေါင်းညိတ်ပြရင်း တစ်ဖက်က ပြောလာ၏။

"ဒါက လူလုပ်ထားတာ ဖြစ်ရမယ်.... ငါတို့ ဒီထက်ပိုပြီး လျှောက်သွားရင် တစ်ခုခုတော့ တွေ့နိုင်တယ်"

"ဘာတစ်ခုခုလဲ?"

လုရွှမ် စိတ်ထဲမှာ ထိတ်လန့်သွားသလို ခံစားလိုက်ရပေမယ့် သူမှန်းဆထားတဲ့ အရာကို မပြောခဲ့ပေ။

လူခြောက်ယောက် မြစ်ရေ စီးကြောင်းတစ်လျှောက် တက်လာရင်း မြစ်ရေသည် တဖြည်းဖြည်း ကြည်လင်လာပြီး ပတ်ဝန်းကျင်လေကလည်း တဖြည်းဖြည်း အေးလာသလို ခံစားလာရသည်။ မြစ်ကမ်းပေါ်တွင် လူသေအလောင်းများ ပိုများလာ၍ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်ပင် မီတာရာနှင့်ချီ ကျယ်သော မြစ်သည် အလောင်းများ ထူထပ်စွာ ပြည့်​ကြပ်နေ၏။

မြစ်ရေက လှိုင်းမထန်တော့ရာ အလောင်းက လှေငယ်လေးတွေလို မျောနေသည်။

နတ်သမီးရှန်းရှဲ့နှင့် အောင့်ယွဲ့တို့လည်း ထိတ်လန့်သွားကြသည်။ လုရွှမ်နှင့် တခြားသူများမှာပင် ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။

“ငါတို့ ဆက်မတက်ကြရင်ရော?”

ချန်ယီးလည်း မေးလိုက်သည်။ လမ်းလျှောက်ရင်း ကယ်တင်ခြင်းဆိုင်ရာ ကျမ်းဂန်တွေကို ရွတ်ဆိုနေခဲ့သည်။ တုန်တုန်ယင်ယင် အသံနဲ့ အဆက်မပြတ် တွတ်ထိုးနေတဲ့ သွားတွေဟာ သူ့ရင်ထဲက အကြောက်တရားတွေကို ပေါ်လွင်စေလေသည်။

လုရွှမ်လည်း ကျောက်တုံးပေါ် ခုန်ကူးလာတဲ့ အောင့်ယွဲ့ကို လှမ်းထူရင်း သူ့စိတ်တွေလည်း ပိုလေးလာခဲ့သည်။

"ငါတို့ အခု အပြင်ထွက်ချင်ရင်တောင် မဖြစ်နိုင်တော့မှာ ကြောက်ရတယ်"

"လုရွှမ် မင်းတစ်ခုခုကို တွေးမိလို့လား?"

သားသတ်သမားက ရုတ်တရက် မေးလိုက်ရာ လိရှောင်း၊ ချန်ယီးနဲ့ ကျန်နှစ်ယောက်တို့သည်လည်း လုရွှမ်ဘက်ကို လှည့်ကြည့်လာ၏။ လုရွှမ်က ခဏလောက် စဉ်းစားပြီး

"ဒါက အဘိုးကြီးရွှမ်ဟွမ်ရဲ့ သင်္ချိုင်းနေရာ ဖြစ်နိုင်တယ်"

"ဘာ?"

"မင်းဆိုလိုတာက ဒါတွေအားလုံးကို အဘိုးကြီးရွှမ်ဟွမ် လုပ်ခဲ့တာပေါ့??"

"ငါမသိဘူး.... ဒါပေမဲ့ ငါ့ရှေ့က အရာအားလုံးကတော့ ငါမှန်းဆထားတဲ့အရာနဲ့ ပိုနီးကပ်လာပုံရတယ်....အခုဒါတွေ ပြောဖို့က အသုံးမဝင်ဘူး ငါတို့ရှေ့ကို ဆက်သွားရုံပဲ တတ်နိုင်တယ်... ထွက်လမ်းမရှိဘူး"

လုရွှမ် ပြောရင်း ပိုင်ကျန့်ဖေးရဲ့ သံချပ်ကာ ခန္ဓာကိုယ်ကို သတိရသွားမိသည်။ ဒါကို တွေးကြည့်မိတော့ သူ့အရင်က စိုးရိမ်မှုတွေက လက်တွေ့ ဖြစ်လာတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပြီး ဒါဟာ အမွေတစ်ခု မဟုတ်သလို လွတ်မြောက်ရာလမ်းလို့ မခေါ်တဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်နေခဲ့လေသည်။

"ဒီမှာ ပိုအေးလာတာကို သတိထားမိလား?"

လိရှောင်းက ဆိုလိုက်သည်။

လုရွှမ်၏ မီးတောက်သည် ဦးတည်ရာလမ်းကို လင်းထိန်စေပြီး အပူများ ဖြာထွက်နေသော်လည်း လုရွှမ် အပါအဝင် ၎င်းတို့ ခြောက်ဦးသည် အဆက်မပြတ် တုန်ရီနေသည်။

"ဒါဟာ ငါတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပေါက်ထွက်ပြီး မြစ်ဆီကနေ စုပ်ယူခံနေရတာပဲ"

လုရွှမ်က ဆိုလိုက်သည်။ သူ့မျက်လုံးများထဲတွင် အလင်းရောင်ဖြင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအင်စီးကြောင်းများက မြစ်ဆီသို့ ပြေးသွားနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

"ငါတို့ ဆက်သွားရမယ်"

နောက်ဆုံးတွင် လူတိုင်း မောပန်းလုနီးပါး ဖြစ်သောအခါ သူတို့ ခြောက်ယောက် ခေါင်းတလား တစ်လုံးကို တွေ့လိုက်ရသည်။ ခြောက်ယောက်စလုံး လုံးဝ မပျော်နိုင်ကြဘဲ စိတ်ထဲမှာ ပိုထိတ်လန့်သွားကြသည်။

အခေါင်းသည် မြစ်ထဲတွင် ရပ်တန့်​နေသည်။ ခေါင်းတလားထဲမှာ အလောင်း မရှိတော့တာ ထင်ရှားပေ၏။ ခေါင်းတလားထဲကို ရေတွေ စီးဆင်းပြီး ဘေးကိုပြန်လည် ပျံ့နှံ့သွားတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာကြောင့်ပင်။

"ဒီအခေါင်းက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတာများ ဖြစ်နိုင်လား?"

"ဒါက အဘိုးကြီးရွှမ်ဟွမ်ရဲ့ ရုပ်အလောင်းလား?"

"သူတကယ်သေပြီလား"

…

လူတော်တော်များများက စကားတွေ ဆက်ပြောနေကြရင်း မျက်နှာတွေလည်း ဖြူဖျော့နေကြသည်။

လုရွှမ်၏ မျက်လုံးများမှာ အလင်းရောင်များဖြင့် တောက်ပနေ၏။ ယွမ်ယန်စွမ်းအင်က ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး ကောင်းကင်မီးတောက်က ပြင်းထန်သော အလင်းရောင်များကို ထုတ်လွှတ်လိုက်သည်။

ခေါင်းတလားဆီ လှမ်းကြည့်လိုက်တော့ လုရွှမ်၏ အမြင်အာရုံကို ပိတ်ဆို့နေသော အနက်ရောင် စွမ်းအင်အချို့ကိုသာ ဖျတ်ခနဲ မြင်လိုက်ရသည်။ ၎င်းမှာ အလွန်ရက်စက် ကြမ်းကြုတ်လှ၏။

"တကယ်ကို မှန်းထားတာ မှန်နေတာပဲ... ဒါတွေအားလုံးက ထောင်ချောက်ပဲ... ရွှမ်ခုန်းတောင်လို့ ခေါ်တဲ့ အရာ ရတနာလို့​ခေါ်တဲ့ အရာတွေက ထောင်ချောက်တွေပဲ.... လူတွေကို ဒီလိုလာသေဖို့ ဆွဲဆောင်ထားတာ"

လုရွှမ်က ပြောလိုက်သည်။

"ငါတို့ သူ့ကိုသတ်ရမယ်!"

လူငါးယောက်က လုရွှမ်ကို မိုက်မဲတဲ့စကား တစ်ခုခုပြောနေလို့ သူ့ကို ကြိမ်းမောင်းချင်နေသလို မျက်လုံးပြူးပြူး ကျယ်ကျယ်တွေနဲ့ ကြည့်နေကြသည်။

အဘိုးကြီးရွှမ်ဟွမ်ကို သတ်မယ်?? သူတို့​ဘယ်အခြေအနေကို ရောက်နေ​ပြီလဲရော သိလား?? အဲဒီလူက ကောင်းကင်ဘုံသခင် အဆင့်ကို ကျော်ဖြတ်ပြီး ကောင်းကင်မီးကို လောင်ကျွမ်းစေခဲ့တဲ့ လူနော်!

သူတော်စင်နယ်ပယ်က လူခြောက်ယောက် အတွက် ကောင်းကင်ဘုံသခင် အဆင့်က လူကို ဖျက်ဆီးပစ်တော့မယ်တဲ့လား?

ကြောက်ပြီး အသွားတာ မဟုတ်တာရော သေချာရဲ့လား?

"မကြောက်ပါနဲ့ သူက သေသွားပြီ.... သူမသေရင်တောင် ကြီးမားတဲ့ လျှို့ဝှက် အန္တရာယ်တွေ ထားခဲ့လိမ့်မယ်.... မဟုတ်ရင် ငါတို့ကို အခုအချိန်အထိ ဘယ်လိုလုပ် အသက်ရှင်ခွင့် ပေးပါ့မလဲ?"

လိရှောင်းက ချောင်းဆိုးလိုက်ပြီး

"ညီလေးလု.... ငါတို့ အမွေဆက်ခံမယ့်အစား သူ့ကိုသတ်ရမှာ သေချာလား?"

"မင်းက ငတုံးလား... သူ မသေသေးတာ ဆိုရင် ထူးခြားတဲ့ နည်းလမ်းနဲ့ လွတ်မြောက်သွားခဲ့တာလည်း ဖြစ်နိုင်တယ်.... အမွေဆက်ခံဖို့ပဲ တစ်ချိန်လုံး ပြောနေမှတော့ သူ မသေဘူးလို့ အခိုင်အမာ ပြောနေသလိုပဲပေါ့"

အောင့်ယွဲ့က ကျိန်ဆဲလိုက်သည်။ လိရှောင်းလည်း လုရွှမ်က သူ့ကို အလွတ်သဘော ဆောင်ထားတယ်ဆိုတာ သိလိုက်တဲ့အတွက် သူက အင်တင်တင်နဲ့ ပြုံးလိုက်ပြီး

"ပြဿနာက ငါကြောက်နေတာကွ!"

All Chapters