← Chapters

ချော​နေသော ချောက်ကမ်းပါး

Vol. 50 Ch. 4.263

ချော​နေသော ချောက်ကမ်းပါး

Vol. 50 Ch. 4.263

သူသည် တခြား လူလေးယောက်နှင့် အလွန်နီးစပ်စွာ နေသူ မဟုတ်သလို ထိုလေးယောက်ကလည်း သူ့ကို ငြင်းပယ်ရန် မရေရာသော ရည်ရွယ်ချက်များ ရှိ​နေသည်။

"သူ့မှာကန့်ကွက်စရာ မရှိပါဘူး"

ပိုင်ကျန့်ဖေးက သူ့ပုခုံးပေါ် လက်တင်လိုက်သည်။ လူငယ်က ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ လှည့်သွား၏။

"ကောင်းပြီ အားလုံး ကန့်ကွက်စရာ မရှိတော့ဘူး ဆိုတော့ သော့ကိုထုတ်ပြီး အထဲဝင်ဖို့ ပြင်ဆင်ကြရအောင်"

ပိုင်ကျန့်ဖေးက ပြောလိုက်သည်။ သူ့လက်ထဲတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာပြီး အလင်းတန်းတစ်ခုက အခင်းအကျင်းထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ တခြားလူများ လိုက်၍ သော့များကို ထုတ်ယူလိုက်သော်လည်း လုရွှမ်ကသာ မလှုပ်မယှက် ဖြစ်နေ၏။

"လုရွှမ် မင်း ဘာသဘောလဲ"

ပိုင်ကျန့်ဖေး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခဏနေဦး"

လုရွှမ် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရုတ်တရက် ဆိုလိုက်သော်လည်း အခြားလူများ၏ မျက်လုံးများထဲတွင်တော့ သူသည် စွမ်းအားအပြည့် ရှိနေသူအတိုင်းပင်။

"အစ်ကိုပိုင် ဘာလို့ စိတ်​လောနေတာလဲ? ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့သူတွေပဲလေ မင်းတစ်ယောက်တည်း ဘာလို့များ ပါးနပ်နေပါလိမ့်နော်? မင်း ရတနာတစ်ခုကို ယူချင်တယ်လို့ ပြောတာ လူတိုင်းက သဘောမတူရင်တောင် မင်းဘာသာ​တော့ သဘောတူလိမ့်မယ် ထင်တယ် ဒါပဲလေ.... ဒါက ငါတို့ကို သတိလက်လွတ် ဖြစ်စေဖို့ အကြောင်းပြချက် တစ်ခုပဲ"

ပိုင်ကျန့်ဖေးရဲ့ အမူအရာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"လုရွှမ် မင်းဘာကိုဆိုလိုတာလဲ?"

"ငါဘာကိုဆိုလိုတာလဲ ဆိုတော့" လုရွှမ် ရယ်မောလိုက်သည်။

"ဒီကိုလာရတာက ခွန်အားနဲ့ အခွင့်အလမ်းတွေကို ရစေဖို့ပဲ... အခုက လျှို့ဝှက်နယ်မြေထဲကို ဝင်ရတော့မယ်.... ဒီသော့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါတကယ် နားမလည်​သေးဘူး.... ငါတို့က ဒီမှာ သော့မဖွင့်ရင် မင်း ဘာလုပ်မှာလဲ? ဘာလို့ ရတနာကို အရင်လိုချင်​နေတာလဲ? မဖြစ်နိုင်ဘူးနော်?"

လုရွှမ်က ပိုင်ကျန့်ဖေးကို ဒီလိုမျိုး ပြန်ပြောလိုက်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့ အောင့်ယွဲ့နဲ့ တခြားသူတွေမှာ ကျယ်လောင်စွာ အသံပြုလိုက်ကြသည်။

"ဒါ့ထက် ပိုအရေးကြီးတာက လျှို့ဝှက်နယ်မြေထဲမှာ ဒီသော့တွေနဲ့ ဘာတွေ လုပ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ? သော့တစ်ခုက လူတစ်ဦးတည်းသာ ဝင်နိုင်တယ်... ဒါကြောင့် ဝင်လို့မရတဲ့ ငါတို့ထဲက သုံးယောက် ရှိတယ်မလား?"

"ဆိုတော့ အစ်ကိုပိုင်... မင်းက ငါတို့ သတိမထားမိအောင် ရည်ရွယ်ချက် ရှိရှိနဲ့ စကားကို ချော်ထွက်သွားအောင် ပြောသွားတာ... မင်းရဲ့ ရည်ရွယ်ချက်က သော့ကို အမြန်ထုတ်ပြီး အထဲကို ဝင်ဖို့ပဲ.... ဒါပေမဲ့ ငါတို့ဘက်မှာက ဒီမှာနေခဲ့ရမယ့်လူ သုံးယောက် ရှိနေတယ်.... အဲ့တော့ အစ်ကိုပိုင်ဘက်က သော့သုံးချောင်းကို အရင်လွှဲပေးရင် ပိုကောင်းမယ် ထင်တယ်"

နတ်သမီးရှန်းရှဲ့တို့ မျက်နှာများလည်း ပြောင်းလဲသွားကြသည်။ သူတို့အားလုံး အနည်းငယ် စိတ်လှုပ်ရှားကြပြီး လျှို့ဝှက်နယ်မြေကို ချက်ချင်းဝင်ရောက်ဖို့ စောင့်မျှော်နေခဲ့ကြသည်။ သို့သော် လျှို့ဝှက်နယ်မြေကို သော့သုံးပြီး လူတစ်ဦးတည်းသာ ဝင်နိုင်ရင် သူတို့ထဲက သုံးယောက်ဟာ အပြင်မှာ ပိတ်မိနေလိမ့်မည်။

ပိုင်ကျန့်ဖေးကတော့ သူ့ရင်ထဲမှာ အေးစက်စွာ ဟစ်အော်လိုက်တော့သည်။ ဒီလူက ပါရမီရှင်ငါးပါးကို အထင်ကြီးသွားအောင် လုပ်နိုင်တဲ့ လှည့်ကွက်တွေ တကယ်ရှိနေတာပဲ။

"အဲဒါ​ကြောင့်​​...အခု မင်းပြောရင်လည်း ဘာမှ အသုံးမဝင်​တော့ဘူး... သော့ကို ငါတို့လူ သုံးယောက်ကို မပေးရင် ငါတို့ဒီမှာပဲ ရပ်နေမယ်.... အခင်းအကျင်း ဖွဲ့စည်းမှုကို မဖွင့်နိုင် အားလုံးဒီမှာပဲ အတူတူ ဖြုန်းတီးပစ်မိလိမ့်မယ်... အခြေအနေ တစ်ခုခုကို တောင်းဆို ချင်နေသေးရင်တော့ အလုပ်မဖြစ်ဘူး.... မဟုတ်လည်း ရန်ပွဲတစ်ပွဲကတော့ အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ် ဒါကြောင့် နည်းနည်း ကြိုသတိပေးထားတာ ကိစ္စမရှိပါဘူး ဟုတ်တယ်မလား?"

နတ်သမီးရှန်းရှဲ့ နှင့် တခြားသူများက နှုတ်ဆိတ်နေပြီး ပိုင်ကျန့်ဖေးအား အပြုံးများဖြင့် ကြည့်နေကြသည်။ ပိုင်ကျန့်​ဖေးနဲ့ သူ့ဘေးက တခြားသူတွေကလည်း ဘာမှ မပြောဘဲ အားလုံးက ပိုင်ကျန့်ဖေးကိုသာ သေသေချာချာ ကြည့်နေကြ၏။

"ဟမ့်! သူတို့ကို ပေးလိုက်"

ပိုင်ကျန့်ဖေးက အော်ဟစ်လိုက်သည်။

သော့သုံး​ချောင်းကို ပစ်ချ​ပေးလိုက်ပြီး ကျန်တစ်​ချောင်းကိုတော့ စကားမပြောတဲ့ လူငယ်လေးဆီ ပေးလိုက်သည်။

ဒီလူက သူတို့နဲ့ စိတ်တူကိုယ်တူ မဟုတ်ပေမယ့် သတိထားဖို့တော့ လိုလေသည်။ ဒီလူက လူအုပ်ထဲမှာ အနက်ရှိုင်းဆုံး ပုန်းအောင်းနေတဲ့လူလည်း ဖြစ်နိုင်သည်။ ပိုင်ကျန့်ဖေးက ရုပ်သေးဆိုရင် ထိုလူက အဆင့်မြင့်သူ ဖြစ်နေနိုင်၏။

"ကောင်းပြီ ဝင်ကြရအောင်" လုရွှမ်က ဆိုလိုက်သည်။

သူတို့ခန္ဓာကိုယ်ထဲက သော့ကို ထုတ်လိုက်တဲ့အခါ အလင်းတန်း ဆယ့်နှစ်ခုဟာ တညီတညွှတ်တည်း ရိုက်ခတ်သွားပြီး တံခါးပေါက် တစ်ခုလုံးကို တဖြည်းဖြည်း တောက်ပလာစေသည်။

"လူတစ်​​ယောက်​စီ ဝင်​ရ​အောင်​.... သားသတ်သမား မင်းအရင်​ ဝင်​သွားလိုက်​.... တစ်​​ယောက်ယောက်က မိုက်​ရိုင်းရဲရင်​ ပုဆိန်​နဲ့ တစ်ခါတည်း ခုတ်သတ်​ပစ်!"

"ကောင်းပြီ!"

သားသတ်သမားက ကျယ်လောင်စွာ တုံ့ပြန်လိုက်ပြီး အခင်းအကျင်းထဲ အရင် ဝင်သွားလေ၏။ ပိုင်ကျန့်ဖေးက ဟစ်အော်သံ ပြုလာပေမယ့် စကားမပြောလာခဲ့ချေ။

ထို့နောက် ပိုင်ကျန့်ဖေးဘေးမှ တစ်ယောက် ဝင်သွားသည်။ နှစ်ဖက်အဖွဲ့မှ တစ်ယောက်စီ ဝင်သွားပြီး နောက်ဆုံးတွင်မှ လုရွှမ် ဝင်လာခဲ့သည်။

"ဒါက!"

လူဆယ့်နှစ်ယောက်လုံး ကောင်းကင်ကြီးကို အတူတူ ကြည့်နေကြသည်။

"ငါတို့ လုရွှမ်တောင်ထိပ်ကို ရောက်နေပြီ.... အမွေရပြီးရင် ထွက်သွားလို့ရပြီ"

လုရွှမ်က လူတိုင်းတွေးနေသည့် အရာကို ပြောလိုက်သည်။

ဒါပေမဲ့ အမွေအနှစ်က ဘယ်မှာလဲ?

အမှန်မှာ ပတ်ဝန်းကျင် ဧရိယာသည် ရှင်းရှင်းလင်းလင်း မြင်နေရကာ အခင်းအကျင်း ဖွဲ့စည်းပုံမရှိ စက်ယန္တရားများ မရှိဘဲ သာမန်တောင်တန်း လိုက်ဂူကြီး တစ်ခုလိုပင်။

“ငါတို့တောင်တက်ရမှာလား”

ရုတ်တရက် လူတယောက်က တိုးတိုးလေး တီးတိုးပြောလိုက်သည်။ ထိုလူကိုယ်တိုင်လည်း မသေချာကြောင်း သိသာပြီး ကြုံရာကျပန်း အကြံပြုချက်တစ်ခုကို ထုတ်လိုက်ရုံသာ ဖြစ်လေ၏။

သူ့စကားလုံးများက အိပ်မက်မက်​နေသူများကို နှိုးလိုက်သလိုပဲ ​လူတိုင်းက တောင်နံရံဆီသို့ အမြန် ကြည့်လိုက်ကြသည်။ သူအရင်က သတိမထားမိခဲ့ပေမဲ့ အခုတော့ တောင်တံတိုင်းဟာ ထူးထူးခြားခြား ချောမွေ့နေတာကို သဘောပေါက်လိုက်ကြသည်။

လုရွှမ် ချောက်ကမ်းပါးကို လျှောက်သွားပြီး ညင်သာစွာ ကိုင်လိုက်တဲ့အခါ သူ့လက်နဲ့တောင် ခက်ခက်ခဲခဲ ကိုင်ထားရသလို ဖြစ်နေ၏။

လူတိုင်း တောင်တံတိုင်းရှေ့တွင် မတ်တတ်ရပ်ကာ ခဏမျှ ချောင်းကြည့်နေကြရင်း တချို့မှာ အံ့အားသင့်သွားကြသည်။

နတ်သမီးရှန်းရှဲ့နှင့် အခြားလူများက လုရွှမ်ကို ကြည့်နေကြ၏။ လုရွှမ်ဟာ သူ့အစွမ်းရှိသမျှ ပျံသန်းနိုင်တယ် ဆို​​တာကို သူတို့ သိကြ​လေသည်။ အမြင့်ခုန်တယ်လို့ ယူဆနိုင်ပေမယ့် အမြင့်ခုန်တာက သိပ်မမြင့်တဲ့အတွက် ခုန်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါဆိုရင် အဘိုးကြီးရွှမ်ဟွမ်ရဲ့ လုရွှမ် အပေါ်မှာ မသက်ရောက်တာများလား?

ချန်ယီးနဲ့ တခြားသူတွေ တွေးတာတင် မဟုတ်ဘဲ ပိုင်ကျန့်ဖေးလည်း လုရွှမ်နဲ့ ပတ်သက်တဲ့ အရင်ကောလဟာလတွေကို တွေးမိပြီး တကယ်ပဲ ပျံသန်းနိုင်တာလား?

"ဟာဟား.... လုရွှမ် ပျံသန်းလိုက်တော့"

သားသတ်သမားသည် ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။ ချန်ယီးကလည်း သူ့ဝတ်ရုံလက်ကို ခေါက်လိုက်ရင်း

"ဟုတ်တယ်"

"ဟုတ်တယ်...အခုက မင်းရဲ့ အခွင့်အရေးပဲလို့ ထင်ရတယ် အစ်ကိုလု.... ဟေး တခြားသူတွေ ရချင်ရင်တော့ ငါယုံမှာ မဟုတ်ဘူး.... ဒါပေမဲ့ အစ်ကိုလု ဆိုရင်တောင် လိရှောင်းဆိုတဲ့ ငါက လုံးဝ ယုံတယ်"

"ဟုတ်တယ်!!"

နတ်သမီးရှန်းရှဲ့ နှင့် နတ်သမီးအောင့်ယွဲ့တို့ကလည်း တညီတညွတ်တည်း ပြောလိုက်သည်။ ပိုင်ကျန့်ဖေးရဲ့ မျက်နှာမှာ ဖြူဖျော့လာပြီး လုရွှမ်အား အနီရောင် မျက်လုံးများဖြင့် စိုက်ကြည့်ကာ

"မင်းတကယ် ပျံသန်းနိုင်တာလား?"

"ငါ့အထင်​တော့ မင်းရဲ့ ချပ်ဝတ်တန်ဆာကလည်း ပျံသန်းနိုင်တယ်လို့ မဆိုလိုဘူးလား"

လုရွှမ် ဒီစကားတွေ ပြောပြီးတာနဲ့ အားလုံးရဲ့ မျက်လုံးတွေက သူ့ဆီ ရောက်လာလေ၏။ ပိုင်ကျန့်ဖေးလည်း အော်ဟစ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့ကိုယ်ပေါ်မှာ ချပ်ဝတ်တန်ဆာ အပိုင်းအစကို ထုတ်ဖော်လိုက်တော့သည်။

"ဒါဆို ငါနဲ့ မင်းပဲပေါ့.... ဘယ်သူက အခွင့်အရေးရမလဲ ဆိုတာ ကြည့်လိုက်ရအောင်"

ပိုင်ကျန့်ဖေးက ဟစ်အော်ရင်း သူ့ခြေထောက်တွေကို ဆောင့်ချလိုက်ပြီး သူ့ခန္ဓာကိုယ်က ကောင်းကင်ထက်ကို ပျံတက်သွားသည်။ ချပ်ဝတ်တန်ဆာ တစ်ထည်ကို ခိုင်ခံ့စွာ ချိတ်ထားကာ တစ်ဖက်က ချောက်ကမ်းပါးဆီသို့ ရွှေ့လိုက်သည်။ ချောက်ကမ်းပါးပေါ် ရောက်တော့ တောက်တဲ့ကဲ့သို့ပင် လျင်မြန်စွာ တွယ်တက်သွားသည်။

လုရွှမ်လည်း တွန့်ဆုတ် မနေတော့ဘဲ ယွမ်ချီ၏ နှိုးဆော်မှုဖြင့် တောက်ကျင့်စဥ် ပုံစံများကို သူ့ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့သွားစေလိုက်သည့။ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း လွင့်ပျံလာသည်။ သူ့ကျောနောက်မှ လှပသော မီးတောက်များ ထွက်ပေါ်လာပြီး တောက်ပသော မီးတောင်ပံ နှစ်ချောင်းကို ဖြန့်၍ တောင်ထိပ်ဆီသို့ ပျံတက်သွား၏။

အမွေက လှိုဏ်ဂူထိပ်မှာ မဖြစ်နိုင်ဘူးဆိုတဲ့ နားမလည်နိုင်သော ခံစားချက်တစ်ခုက သူ့စိတ်ထဲ ရှိနေခဲ့သည်။ ဒါပေမဲ့ ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မပြောနိုင်ဘူး​လေ။ အမွေက တကယ်ပဲ ထိပ်ဆုံးမှာ ရှိနေရင် ပိုင်ကျန့်ဖေး ရသွားပြီး သူ့အတွက်တော့ ကံဆိုးလိမ့်မည်။

မြင့်လေလေ ဖိအားများလေပင်။ လုရွှမ်လည်း ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ကောင်းကင်မှ ကြီးမားသော စွမ်းအားများသည် သူ့ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာရာ ကြီးမားသော စွမ်းအားနှစ်ခု ကွဲအက်သွားကာ သူ့ကိုယ်ပေါ်ရှိ အပြေးနူန်းများ အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ပိုင်ကျန့်ဖေးရဲ့ စံနမူနာအတိုင်း လုရွှမ် တောင်နံရံတွင် လျင်မြန်စွာ တွယ်ကပ်နေလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖိအားများ အလွန်လျော့ကျသွားခဲ့သည်။ သူသည် လျင်မြန်စွာ အမီလိုက်ရန် လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်ပေ၏။

All Chapters