မြေကြီးအက်ကွဲခြင်း
Vol. 50 Ch. 4.264
"အပေါ်မှာ အမွေတွေ တကယ်ရှိတာလား?"
အောင့်ယွဲ့ မေးလိုက်မိသော်လည်း လူတိုင်းက ခေါင်းသာ ခါလိုက်ကြသည်။
တဖြောက်ဖြောက် အသံကိုကြားတော့ လမ်းလျှောက်နေတဲ့ အောင့်ယွဲ့ဟာလည်း မလှုပ်ဝံ့ဘဲ လျင်မြန်စွာ ရပ်တန့်သွားသည်။
"သတိထား!"
ရှန်းရှဲ့က ဂရုတစိုက် ထိုင်ချလိုက်ပြီး မြေပြင်ကို လက်ဖဝါးနဲ့ ထိရင်း တစ်ဖက်ကလည်း ပြောလိုက်သည်။
"ငါ တွေးနေတာ.... ချောက်ကမ်းပါးတွေက ချောမွေ့နေတော့ ငါတို့အောက်က မြေက ဘယ်လောက်တောင် တောင့်ခံနိုင်မှာလဲ ဆိုတာပဲ"
ရှန်းရှဲ့ ဂရုတစိုက် ပြန်ထရပ်လိုက်ပြီး သူမမျက်နှာက ဖျော့ဖျော့လေး ဖြစ်သွားသည်။ အရင်ဥပေက္ခာပစ်မှုနဲ့ အေးစက်မှုတွေ ပျောက်ကွယ်သွားခဲ့၏။
"အားလုံး မလှုပ်ကြနဲ့.... ဒီမြေပြင်က အရမ်းပါးလွှာတော့ ကွဲသွားနိုင်တယ်.... ကွဲသွားတဲ့အခါ ကျွန်မတို့လည်း ပြုတ်ကျသွားလိမ့်မယ်"
ရှန်းရှဲ့မှာ သူမစကားထဲက တုန်ရီနေမှုကိုပင် ပြန်ကြားလိုက်ရသည်။ ဤသည်မှာ အဆုံးစွန်သော လျှို့ဝှက်နယ်မြေ ဖြစ်ပြီး ၎င်းသည် ထင်ရှားသော ထောင်ချောက်တစ်ခုလည်း ဖြစ်သည်။
နတ်သမီးရှန်းရှဲ့နဲ့ ပတ်သက်ရင်တော့ အောင့်ယွဲ့ နှင့် အခြားသူများသည် သူမကို သဘာဝကျကျ ယုံကြည်ကြသည်။ သို့သော် တစ်ဖက်မှ လူငါးဦးသည် သတိထား ကြည့်လိုက်တော့ သူတို့ စကားတွေကို လှောင်ပြောင်နေကြလေသည်။
"ထောင့်ကို အရင်သွားရအောင်!"
"မလှုပ်နဲ့!"
"အရူးတွေ..."
ဖြောက်ကနဲ အသံနဲ့အတူ မြေပြင်က ပင့်ကူမျှင်လို ကွဲအက်လာသည်။ အနက်ရောင် မြေပြင်ဟာ ကြည့်လိုက်ရင် အလွန်ထူထဲပေမယ့် အခုတော့ ကြက်ဥခွံလိုပဲ ပါးလွှားလွန်းနေ၏။ အက်ကွဲကြောင်းက ချဲ့ထွင်နေဆဲဖြစ်ပြီး အက်ကြောင်းများ ဆက်ပြန့်သွားမည်ကို စိုးရိမ်သဖြင့် လူတိုင်းက ထိတ်လန့်စွာ ကြည့်နေကြသည်။
နောက်ဆုံးတော့ အက်ကြောင်းတွေ ရပ်သွားတော့ လူဆယ်ယောက်လည်း သက်ပြင်းချရင်း မျက်နှာပေါ်က ချွေးတွေ စီးကျလာခဲ့သည်။
"မလှုပ်နဲ့.... သတိထားပြီး တံခါးဆီ တစ်ချက်ချင်းစီ ဆုတ်သွားကြမယ် အောင့်ယွဲ့ နင် အရင်သွား"
နတ်သမီးရှန်းရှဲ့က ဆိုလိုက်သည်။
"တတ်နိုင်သမျှ ဖြေးဖြေးချင်း သွား... နင့် ခြေထောက်တွေကို မြေကြီးပေါ်ကနေ ခွာပြီးတာနဲ့ နည်းနည်းချင်း ပြန်ထိလိုက် ဒါပေမဲ့... အက်ကြောင်းတွေကို ပိုကြီးအောင် မလုပ်ပါနဲ့"
ရုတ်တရက် အသံတစ်သံကြောင့် လူတိုင်းသည် မျှော်ကြည့်လိုက်တဲ့အခါ အမြင့်မှ ပြုတ်ကျသော ဒိုင်းတစ်ခုဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ကုန်းပေါ် မရောက်မှီတွင် လေပြင်းများ တိုက်ခတ်လာသည်။
"မြန်မြန်သွား!" ရှန်းရှဲ့မှ အော်လိုက်သည်။
လူအနည်းငယ်မှာ ဘယ်သူမှ နောက်မှာ မကျန်ရစ်ခဲ့ချင်တာကြောင့် ထွက်ပေါက်ဆီသို့ အရူးအမူး ပြေးထွက်လာကြသည်။ ထိုစဥ် အပေါ်မှ အသံတစ်သံ ထွက်လာခဲ့၏။
"ဟာဟား.... မင်းတို့ လူမိုက်အုပ်စု ငရဲကို သွားပေတော့"
အဲဒါ ပိုင်ကျန့်ဖေးရဲ့ အသံဖြစ်ပြီး အဆိုပါ ဒိုင်းကာလို လက်နက်ကို ပစ်ချလိုက်တာကလည်း သူပဲဆိုတာ သိသာလေသည်။
ဒိုင်းကာက မြေပြင်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။ နွမ်းနယ်နေပြီ ဖြစ်သော မြေပြင်မှာ တိုက်ရိုက်ပြိုကျသွားတော့သည်။ ပြေးလွှားနေဆဲ လူဆယ်ဦးသည် အတတ်နိုင်ဆုံး ခုန်တက်ရန် ကြိုးစားသော်လည်း ခြေထောက်များ အားဆောင့်ယူရန် အင်အားမမျှသဖြင့် အင်အားကို အသုံးမချနိုင်ခဲ့ပေ။
သူတို့ခန္ဓာကိုယ်တွေ လျင်မြန်စွာ ပြုတ်ကျသွားခဲ့ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ချေ။
သူတို့အားလုံးမှာ ထူးထူးခြားခြား ကျင့်ကြံမှုတွေ ရှိကြပြီး သူတို့ရဲ့ အလောင်းတွေကို ယာယီ ထောက်ပံ့ပေးဖို့နဲ့ သူတို့ရဲ့ ခွန်အားကို အသုံးပြုနိုင့ဖို့ မျှော်လင့်ရင်း သူတို့ရဲ့ သိုလှောင်အိတ်ထဲက လက်နက်တွေနဲ့ မှော်ကိရိယာတွေကို အလျင်အမြန် ထုတ်ယူခဲ့ကြသည်။ သို့သော် သူတော်စင်စွမ်းအားသည် ယခုအချိန်တွင် လုံးဝအသုံးမဝင်သော အပေါက် ဖောက်ထားသော ပူဖောင်းနှင့် တူသွားခဲ့သည်။
"ဟေး.... တားမြစ်ဝိညာဉ်နွေဦးကို ထပ်စမ်းကြည့်ရအောင် ဟားဟား"
ပိုင်ကျန့်ဖေးက ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး ပုလင်းကို ထုတ်ကာ လုရွှမ်ကိုလည်း ကြည့်လိုက်ရင်း ဆိုးသွမ်းစွာ ရယ်မောလိုက်သည်။
"စက်ဆုပ်စရာကောင်းတဲ့ ကောင်!"
လုရွှမ် အော်ပြီး ချောက်ကမ်းပါးက သူ့လက်ကို အမြန်လွှတ်၍ အောက်ကို အမြန် ထိုးဆင်းသွားတော့သည်။
"ဟားဟား.... မင်းက သိပ်သစ္စာရှိတာပဲ ဈာပနကို အတူတူ ကျင်းပရအောင် လိုက်သွားလိုက်တော့!!"
ပိုင်ကျန့်ဖေးရဲ့ မာနကြီးပြီး မောက်မာတဲ့ အသံက အပေါ်စီးကနေ ထွက်ပေါ်လာခဲ့သည်။
လုရွှမ် ထိုကောင်အား လျစ်လျူရှုပြီး သူ့အတောင်ပံတွေကို ပြင်းပြင်းထန်ထန် လှန်လိုက်ရာ ဖိအားကို ခံနိုင်ရည် မရှိတော့ဘဲ အလွန်မြန်တဲ့အရှိန်နဲ့ လဲကျသွားပြီး မကြာခင်မှာပဲ လူဆယ်ယောက် အောက်ကို ပြုတ်ကျနေတာ တွေ့လိုက်ရလေသည်။
အရင်က တားမြစ် ဝိညာဉ်နွေဦး ကျန့်လင်ချွမ်ကို ပိုင်ကျန့်ဖေးက ကောင်းကင်ကနေ ပန်းမိုးတွေရွာချတဲ့ နည်းလမ်းသုံးပြီး ဖြန့်ချလိုက်ပြီမို့ အခုတော့ အာကာသတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီ။ လူဆယ်ယောက်လုံး စိုစွတ်နေပြီး သူတို့၏ ဦးတည်ရာကို ဆုပ်ကိုင်နိုင်ခြင်း မရှိတော့သလို တချို့မှာပင် လူးလိမ့်နေရသည်။
ဒီနေရာမှာ မပျံသန်းနိုင်တာက သူတို့လို သူတော်စင်နယ်ပယ်တွေကို အလွန်အမင်း ထိတ်လန့်စေသည်။ ဒီအချိန်မှာ သူတို့ရဲ့ အရည်အချင်းတွေက လုံးဝ ထိုးကျသွားပြီး စိတ်ဝိညာဥ်တွေလည်း ပျောက်ဆုံးသွားသည်။ သူတို့ရဲ့ လက်ရှိအခြေအနေက သာမန်လူတွေထက်တောင် ပိုဆိုးနေသလိုပင်။
နတ်သမီးရှန်းရှဲ့လည်း ယခုအခိုက်အတန့်တွင် အော်ဟစ်နေမိသည်။ သူမ၏ နှလုံးသားမှ ထွက်ပေါ်လာသော ထိတ်လန့်နေသည့် ခံစားချက်က သူမအား လွတ်မြောက်နိုင်စေရန်သာ အော်ဟစ်ခိုင်းစေခဲ့သည်။
လုရွှမ်၏ အတောင်ပံများ တုန်ခါသွားကာ ချက်ချင်းပင် အမြန်ပြေးသွားသည်။ သူ၏လက်မှ ကြိုးတစ်ချောင်း ပြေးထွက်သွားပြီး နတ်သမီးရှန်းရှဲ့ရဲ့ လက်ကို ရစ်ပတ်လိုက်သည်။
ကြီးမားတဲ့ စွမ်းအားတစ်ခုက သူ့အား အောက်သို့ ဆွဲချသွားသည်။ ခဏလောက်အထိ လုရွှမ် သူ့ခန္ဓာကိုယ် ဟန်ချက်အား ထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားကာ နှစ်ကြိမ်တိုင်တိုင် လှုပ်ခါသွားခဲ့သည်။
"စိတ်လျှော့!" လုရွှမ် အော်လိုက်သည်။
ထို့နောက် ကြိုးတွေ တစ်ချောင်းပြီး တစ်ချောင်း လုရွှမ်လက်ထဲကနေ လွှင့်ထွက်သွားပြီး အောင့်ယွဲ့၊ ချန်ယီးနှင့် အခြားသူများကို အံ့အားသင့်စွာ ချည်နှောင်ထားလိုက်ပေ၏။
အကယ်၍ လူတစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ယူဆောင်လာပါက သူ ပျံသန်းရန် သွေးဆောင်နိုင်သော်လည်း ယခုအချိန်တွင် လုရွှမ်ကိုယ်တိုင်က သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အဆက်မပြတ် ဆွဲချခံနေရသည်။
"ငါတို့ကို ကယ်ပါဦး..."
ကျန်လူငါးယောက်မှာ ကျယ်လောင်စွာ အော်ဟစ်ရင်း အောက်က အမှောင်ထဲသို့ ပြုတ်ကျသွားတော့သည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် အလင်းရောင်များနှင့် ပြည့်နေပြီး သူကျယ်လောင်စွာ ဟောက်လိုက်စဥ် နဂါးဟောက်သံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် လူခြောက်ယောက်၏ အရှိန်သည် တဖြည်းဖြည်း နှေးကွေးသွား၏။ သူတို့အားလုံး အောက်ကို ကျနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ မသေသွားပေ။
အောက်ခြေမှာ အဆုံးမရှိသော တွင်းကြီးတစ်ခုလို ဖြစ်နေသည်။ လူခြောက်ယောက် ပြုတ်ကျသွားတဲ့ အရှိန်က အလွန်နှေးကွေးသွားကာ ဖြည်းညှင်းစွာ မျောပါလုနီးပါး ဖြစ်သွားသည်။ သို့သော် အဆုံးမရှိ အောက်ခြေကို ကြည့်လိုက်တော့ လုံးဝ အောက်ခြေ လွတ်သွားသလို ခံစားလိုက်ရသည်။
"ညီအစ်ကို.... ကျေးဇူးတင်ပါတယ်"
လူများစွာက သူ့အား ကျေးဇူးတင်စကား ဆိုလာကြသည်။
"ဘာမှမဖြစ်ဘူး... ဘာပဲဖြစ်ဖြစ် အစကတည်းက ငါ အဲဒီအမွေဆက်ခံဖို့ မရည်ရွယ်ထားဘူး..."
"အဲဒါက ဒဏ္ဍာရီ အမွေတစ်ခုလေ"
"သေသွားတဲ့ ဒဏ္ဍာရီတစ်ခုပဲလေ.... သူက တကယ်ကို အစွမ်းထက်ပြီး သူ့ရဲ့ စွမ်းရည်တွေက တကယ်ကို မှော်ဆန်နေတယ် ဆိုရင်တောင် နောက်ဆုံးတော့ သူ့နှစ်တွေကို ဖြုန်းတီးပြီး သေခြင်းတရားရဲ့ ကံကြမ္မာကို လက်ခံဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူးမလား?"
လူတိုင်းလည်း ခေါင်းညိတ်လိုက်ကြပြီး လုရွှမ် စကားတွေက အဓိပ္ပာယ်ရှိလှသည်။
"နားထောင်ကြည့် ရေစီးသံတွေ ကြားရတယ်!"
ခဏအကြာ ဆင်းလာပြီးနောက် နောက်ဆုံးတွင် လူခြောက်ဦးသည် ဂူအောက်ခြေသို့ ဆင်းသက်ကာ ကျောက်ဆောင်ကြီး တစ်ခုပေါ်၌ ဆင်းသက်လိုက်ကြသည်။
လူခြောက်ယောက်တို့သည် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူ အသက်သွင်း၍ အလင်းတန်းများကို ပစ်လွှတ်လိုက်ကြတဲ့အခါ ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
အောက်ခြေ နေရာသည် လှိုဏ်ဂူတစ်ခု၏ အောက်ခြေနှင့် လုံးဝမတူဘဲ ကြီးမားသော နေရာတစ်ခု သို့တည်းမဟုတ် အခြားကမ္ဘာငယ်လေး တစ်ခုကဲ့သို့ပင်။ ကြီးမား ကျယ်ပြန့်သော မြစ်တစ်စင်းက သူတို့ရှေ့တွင် စီးဆင်းနေ၏။
"ဒါက တားမြစ်ဝိညာဉ်နွေဦး ကျန့်လင်ချွမ်ပဲလား? ဒါပေမဲ့ ဘာလို့ သွေးရောင်ဖြစ်နေရတာလဲ"
လိရှောင်းက အော်ဟစ်လိုက်သည်။ သူက စီးဆင်းနေတဲ့ ရေထဲက ဝိညာဉ်စွမ်းအင်တွေကို မခံစားနိုင်တာကြောင့် လှည့်ပြီး မေးလိုက်တော့သည်။
တခြားလူတွေလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် နောက်ဆုံး လုရွှမ်ဆီ အကြည့် လွှဲလိုက်ကြသည်။ လုရွှမ်လည်း ခေါင်းယမ်းလိုက်သည်။ လက်ကောက်ထဲမှာ သူမြင်ခဲ့ရတာတွေက ကျန့်လင်ချွမ် ဆိုပေမယ့် ဒီစမ်းချောင်းနဲ့ ယှဉ်ရင် အငွေ့အသက်က အရမ်းကွာခြားပုံရ၏။
"ဟိုးကဟာ အလောင်းတစ်လောင်း မလား?"
အောင့်ယွဲ့က ရုတ်တရက် ထအော်လိုက်ပြီး လက်ညိုးထိုးပြလိုက်သည်။ အလောင်းသည် တဖြည်းဖြည်း မျောလာကာ လုရွှမ် မျက်လုံးများလည်း တောက်ပလာခဲ့သည်။ ဤသူသည် အစပိုင်းတွင် သူနဲ့အတူ ဆုံးခဲ့ဖူးတဲ့ ဖက်တီး မဟုတ်ပါလား။
"ငါတို့ သူ့ကို ဆယ်ကြည့်လိုက်မယ်"
သို့နှင့် ဖက်တီး လျင်မြန်စွာ ဆွဲထုတ်ခံလိုက်ရသည်။ ရိုးရှင်းသော အကြည့်တစ်ချက် စွန့်ကျဲလိုက်ရင်း လုရွှမ်က မျက်မှောင်ကြုတ်ပြီး
"သူက သူတော်စင်နယ်ပယ် ဖြစ်နေပြီ... ဒါပေမဲ့ ဒီအလောင်းကို ကြည့်ရတာတော့ သူတော်စင်ရဲ့ အငွေ့အသက်လည်း မရှိဘူး"
သူတော်စင်နယ်ပယ်က ဘာလဲ? သူတော်စင်သည် ထူးကဲသော ကျင့်စဥ်ကို ကျင့်၍ အသက်ငါးရာအထိ ရှင်သန်နိုင်သည်။ သူ့ခန္ဓာကိုယ်သည် သေပြီးသည့်တိုင် ရုပ်ခန္ဓာသည် မသေနိုင်သော ကာလကြာရှည်စွာ ရှိနေနိုင်သည်။
ရက်အနည်းငယ်သာ ကြာခဲ့သော်လည်း ဖက်တီး၏ ခန္ဓာကိုယ်သည် နှစ်ထောင်ပေါင်းများစွာ ရာသီဥတုဒဏ် ခံခဲ့ရသော အလောင်းကောင်နှင့် တူနေသည်။
အသွင်အပြင်ကို ယောင်ဝါးဝါး မြင်နေရသော်လည်း ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင် အနှစ်သာရသည် ခြောက်သွေ့သွားကာ အသက်ရှင်လျက် စုပ်ယူ ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။