← Chapters

ခေါင်းတလား

Vol. 50 Ch. 4.266

ခေါင်းတလား

Vol. 50 Ch. 4.266

ဒါပေါ့ တွေးကြည့်ရုံနဲ့တော့ အဘိုးကြီးရွှမ်ဟွမ်ကို တိုက်ခိုက်ရမှာ ဘယ်သူမှ ကြောက်မှာ မဟုတ်ပါဘူး။

"အခေါင်းကို အရင်ဖွင့်ပြီး သူ့အလောင်း ရှိမရှိ ကြည့်ကြရအောင်"

လုရွှမ်က လူငါးဦးကို ကြည့်၍ ဆိုလိုက်သည်။

"ဘာကို ကြောက်ရမှာလဲ? ငါအရင်က တစ်ခါ သေဖူးပြီးပြီပဲ"

လိရှောင်း မျက်နှာပျက်သွားကာ မာန်ပါပါ ဟစ်အော်ရင်း ရှေ့သို့ လှမ်းလိုက်သည်။

ချန်ယီးကတော့ သူ့မျက်နှာမှာ ခါးသက်သက်ကြီး ပြုံးပြနေပေမယ့် ဒီအချိန်မှာတော့ ပြောလာသေး၏။

"​အဘိုးရေ.... ဒီလောင်ဇီမှ ငရဲမသွားရရင် ဘယ်သူကများ သွားရဦးမလဲ?"

သားသတ်သမားမှာ မဆိုင်းမတွ နောက်သို့ လျှောက်သွားသည်။

အောင့်ယွဲ့ နှင့် ရှန်းရှဲ့တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ ကြောက်ရွံ့ တုန်လှုပ်နေကြတာကို တွေ့လိုက်ရသည်။ တက်ညီလက်ညီ လက်ကိုဆန့်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး အချင်းချင်း ပြုံးပြလိုက်ကြသည်။

"ဒါက မသေနိုင်တဲ့ သစ်ပင်ပဲ.... ဟ!! မသေနိုင်တဲ့သစ်ပင်ကို ခေါင်းတလားအဖြစ် အသုံးပြုတာက တကယ့်ကို ဇိမ်ခံပစ္စည်းတစ်ခုပဲ"

လိရှောင်း ကျိန်ဆဲလိုက်​ပေသည်။ သားသတ်သမားက ခေါင်းခါ၏။

“မဟုတ်ဘူး.... ခေါင်းတလားကို မသေနိုင်တဲ့သစ်ပင် သစ်သားနဲ့ လုပ်ထားရင် ခန္ဓာကိုယ်ကို တစ်ဝက်ပဲသေအောင် ကာကွယ်ထားနိုင်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကို မသေနိုင်ဘူးလို့ ကောလဟာလတွေ ရှိဖူးတယ်... ဒါက မသေနိုင်တဲ့သစ်ပင် ဆိုပေမယ့် သန့်သန့်ရှင်းရှင်းတော့ မဟုတ်ဘူး.... မကောင်းတဲ့ စွမ်းအင်တွေ စီးဆင်းနေတာ"

နတ်သမီးရှန်းရှဲ့လည်း ထိုစကားကို ကြားလိုက်၏။ သူမသည် မသေနိုင်သော သစ်ပင် အကြောင်း ဒဏ္ဍာရီ အများအပြားကို သဘာဝကျကျ သိထားခဲ့သည်။

"မိုးကြိုး အပစ်ခံရပြီးနောက်မှ မသေနိုင်တဲ့ သစ်ပင်ရဲ့ အကိုင်းအခက်တွေကို သုံးခဲ့တာ ဖြစ်မယ်... မသေနိုင်တဲ့ သစ်ပင်ကို မသေမျိုးသစ်ပင်လို့ ခေါ်တယ်... မိုးခြိမ်းသံနဲ့ မီးကို မကြောက်ဘဲ မိုးပစ်ချခံရပြီး လဝတ်လောက်နေရင် သစ်ပင်ရဲ့ ကိုယ်ထည်အတွင်းကနေ မိုးကြိုးကို ကောင်းကင်အထိ လွှတ်ထုတ်လိမ့်မယ်... တကယ်လို့ အဲဒါကို လုံးလုံးလျားလျား မထုတ်လွှတ်နိုင်ခဲ့ရင် နတ်ဆိုးဝိညာဥ် ဖြစ်လာလိမ့်မယ်... အဆိုးဆုံး နတ်ဆိုးတစ်ကောင် အဖြစ်ပါ ပြောင်းလဲသွားနိုင်တယ်"

"ဟေး အဘိုးကြီးရွှမ်ဟွမ် အတွက်ကတော့ သနားစရာပဲ..... လူသေကနေ ရှင်ပြန်ထမြောက်စေမယ့် နည်းလမ်းကို သုံးချင်ပေမယ့် ထင်းမှားရွေးလိုက်တာပဲ.... အခု အဘိုးကြီးရွှမ်ဟွမ်က ခေါင်းတလားထဲမှာ သေနေသင့်ပေမယ့် တခြား ဝိညာဉ်ကိုတော့ မွေးဖွားပေးခဲ့တယ်.....နတ်ဆိုးနဲ့ ပေါင်းလိုက်တာပဲ.... အခု သူ့အရင်ပုံစံ​နဲ့ လုံးဝခြားနားသွားမှာကို ကြောက်ရတယ်"

ဖြောင်း ဖြောင်း ဖြောင်း!

လက်ခုပ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး လူခြောက်ယောက် လျင်မြန်စွာ ပြန်ကြည့်လိုက်ကြသည်။ ရောက်လာသူမှာ ပိုင်ကျန့်ဖေးတို့ အဖွဲ့ထဲက တခြားသူတွေနဲ့ တွဲကစားဖူးတဲ့ သူစိမ်းတစ်ယောက်ပါပဲ။ အခုအချိန်မှာ သူ့ရဲ့အသွင်အပြင်နဲ့ အဝတ်အစားတွေက မပြောင်းလဲဘဲ အရင်က သာမန်လူတွေနဲ့ လုံးဝကို မတူတဲ့ အငွေ့အသက်တွေသာ လွှမ်းခြုံလာ၏။

မတိုင်ခင်ကလူနဲ့ အခုလူမှာ သူတို့နှစ်ယောက်လုံးက အရပ် မရှည်ပေမယ့် သူတို့မျက်လုံးတွေကတော့ လူတိုင်းကို ဂုဏ်ယူစွာ၊ အေးစက်စွာ၊ ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေပြီး သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသည့် နတ်ဆိုးတစ်ကောင်အလား။

"မှန်တယ်....ပြောသွားတာ မဆိုးဘူး သူသေပြီး ငါပြန်အသက်ရှင်လာတာ ဒါပေမဲ့ မင်းတို့ငါ့ကို ရွှမ်ဟွမ်လို့ပဲ ခေါ်နိုင်တယ် အဲဒီနာမည်ကို ငါအရမ်းကြိုက်တယ်"

ထိုသူစိမ်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အနက်ရောင် အငွေ့အလုံးကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာတွင် ပြန့်ကျဲသွားသည်။ နောက်အခိုက်အတန့်တွင် သူက ခေါင်းတလားပေါ်တွင် ပြန်လည်ဖွဲ့စည်း၍ ဂုဏ်ယူစွာ မတ်တပ်ရပ်နေ​လေသည်။

အနက်ရောင် စွမ်းအင်တစ်ခုသည် ကောင်းကင်မှ ထိုးကျလာပြီး သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားသည်။

ထိုအခိုက် ခေါင်းတလားက ပေါက်ကွဲသွားပြီး အလောင်းတစ်လောင်း ခုန်တက်လာသည်။ ထိုလူက သူစိမ်းနှင့် အလွန်တူ၏။ သူစိမ်းက အဘိုးကြီးရွှမ်ဟွမ်ရဲ့ အလောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

နောက်အခိုက်အတန့်တွင် အဘိုးအိုရွှမ်ဟွမ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး အနက်ရောင် အလင်းတန်းနှစ်ခု ဖြာထွက်သွားသည်။ သူ့ရောင်ဝါများ ပွင့်ထွက်လာကာ ဝိညာဥ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးလာပြီး မကြာမီတွင် သူသည် မဟာသူတော်စင်၏ အငွေ့အသက်ကို ရရှိလာခဲ့သည်။

"မင်းတို့ ငါ့နောက်လိုက်တွေ ဖြစ်လာဖို့ ဆန္ဒရှိလား ဒါမှမဟုတ် ငါ့ရဲ့ ဆိုးသွမ်းတဲ့ ရုပ်သေးတွေ ဖြစ်လာအောင် သန့်စင်ပေးရမလား?"

သူတို့ခြောက်ယောက် အတူတူ နောက်ပြန်ဆုတ်သွားကာ လုရွှမ်ကတော့ အရှေ့ဆုံးတွင် ရပ်နေလိုက်သည်။ လုရွှမ်သည် ကျင့်ကြံမှု အနိမ့်ဆုံးအဆင့်တွင် ရှိနေတာ ထင်ရှားသော်လည်း လူတိုင်းက လုရွှမ်သည် အသန်မာဆုံးဟု ယုံကြည်ထားကြသည်။

"ဘယ်လိုလုပ်မလဲ" အောင့်ယွဲ့က တိုးတိုးလေးပြောသည်။

"သူ့အဆင့်ကို သေချာ မပြောနိုင်ဘူး!"

လုရွှမ်၏ မျက်လုံးများသည် အဖိုးအိုရွှမ်ဟွမ်ကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်ခဲ့သော်လည်း အလင်းရောင်သည် အနက်ရောင် စွမ်းအင်ကြောင့် လုံးဝ ပိတ်ဆို့သွားခဲ့ပြီး သူ့တွင် လုံလောက်သော လေ့ကျင့်မှု မရှိသေးတာကြောင့် သေချာ မမြင်ရချေ။

"အဲဒါက ကြီးမြတ်တဲ့ မဟာသူတော်စင်ကြီးနော်... ငါတို့အားလုံး ပူးပေါင်းရင်တောင် သူ့ကို အနိုင်ယူလို့ မရဘူး"

"သူကအတုအ​ယောင် အခွံ​ကြီးလို့ ထင်တယ်.... မဟုတ်ရင် သူလှုပ်ရှားပြီးတာ ကြာလောက်ပြီ"

သားသတ်သမားက ရုတ်တရက် ထပြောတော့ အားလုံးက ထိတ်လန့်သွားကြသည်။ သို့သော် လက်ရှိ သိမ်းပိုက်ထားသော အဘိုးအိုရွှမ်ဟွမ်၏ ဝိညာဉ်ဆိုးကသာ သူတို့ကို ဖျက်ဆီးနိုင်လျှင် အစောကြီးကတည်းက ဖျက်စီးပြီးလောက်ပြီ။ ဘာကြောင့် ဒီအချိန်ထိ စောင့်နေမှာလဲ။

သူ့ပုံစံက အခုအချိန်မှာတော့ အတော်လေးကို ကြီးကျယ်ခမ်းနားပုံ ရပေမယ့် ချို့ယွင်းချက်တော့ ရှိနိုင်သည်။ လုရွှမ်က

"မင်းတို့ ခေါင်းတလားကို မြင်လား? ဘာလို့ ရေထဲမှာ ထည့်ထားတာလဲ ဆိုတာ သိလား.... အဲဒါက ရေထဲက ဝိညာဉ်စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေလို့ပဲ... ငါတို့ သူ့ရဲ့အခြေခံအုတ်မြစ်ကို ချိုးဖျက်ပစ်လိုက်လို့ ရတယ်"

"အကြံဥာဏ်ကောင်းပဲ!"

"ငါ့ခန္ဓာကိုယ်မှာ မီးတောက် နှစ်မျိုးရှိတယ်... သူ့ကို ခဏလောက် ထိန်းထားဖို့ လုံလောက်တယ်။ မင်းတို့သွားပြီး အခေါင်းကို ရေထဲက ဆွဲထုတ်လိုက်" လုရွှမ်က ဆို၏။

လူငါးယောက်က ဟန်​တောင် မဆောင်နိုင်ဘဲ ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။ လုရွှမ် ဘယ်လက်ကို ​ဝေ့ယမ်းလိုက်ရာ ကောင်းကင်ဖီးနစ်မီးက ပျံ့သွားကာ ညာလက်ကို ယမ်းလိုက်တဲ့အခါ ခရမ်းရောင် ဝိညာဉ်မီးက တောက်လောင်လာ၏။ ခရမ်းရောင်နှင့် အနီရောင် မီးလုံးများက အရှိန်အဟုန်ဖြင့် တောက်ပလာခဲ့သည်။

"သွား!"

မီးလုံးနှစ်လုံးက ရွှမ်ဟွမ်ဆီသို့ ပြေးဝင်သွားသည်။

ယန်စွမ်းအင်ရှိ မီးတောက်သည် နတ်ဆိုးဝိညာဥ် အပေါ်မှာ ကန့်သတ်ချုပ်ချယ်မှု တစ်ခုရှိလေသည်။ သူက ခေါင်းတလားပေါ်မှ ခုန်တက်လိုက်သည်။ လုရွှမ် ရှေ့သို့ အမြန်ပြေးသွားပြီး မီးတောက်များ ပွင့်ထွက်သွားကာ နတ်ဆိုးဝိညာဥ်ကို သူ့နောက်လိုက်လာအောင် လုပ်ဆောင်နေစဥ် လူငါးဦးသည် ခေါင်းတလားဆီသို့ ပြေးသွားကာ ဆွဲထုတ်ပစ်ရန် အစွမ်းကုန် ကြိုးစားကြသည်။

"ဟားဟားဟား"

နတ်ဆိုးဝိညာဥ်က သူတို့လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးလိုက်သလို ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

လူငါးဦးမှာ အစွမ်းကုန် ကြိုးစားသော်လည်း ခေါင်းတလားသည် ရေထဲသို့သာ နစ်မြုပ်သွားခဲ့ပြီး လုံးဝ မလှုပ်လာပေ။

"ကြည့်တော့သာ ဉာဏ်ကောင်းသလိုလိုနဲ့ လတ်စသတ်တော့ ကောက်ရိုးတစ်စည်း ဖြစ်နေတာပဲ!"

နတ်ဆိုးဝိညာဥ်က အောင်ပွဲခံ ကျိန်ဆဲလိုက်သည်။ ချန်ယီးနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ခါးသီးမှုများကို ပြသလာပြီး နောက်သို့ ခြေလှမ်းကျဲကျဲဖြင့် ပြန်ဆုတ်သွားကြသည်။

"တခြားနည်းလမ်းတွေ ရှိရမယ်"

အောင့်ယွဲ့မှာ သူတပါးကို နှစ်သိမ့်နေသလား သူ့ကိုယ်သူပဲ နှစ်သိမ်ပေးနေမိသလား မသိတော့ပေ။

"မင်းတို့သူ့ကို အရင်တားထား"

လုရွှမ်က အော်ပြောလိုက်သည်။ သူ ပြဿနာကို လျစ်လျူရှုထားမိတာပဲ။ ရေထဲမှာ ခေါင်းတလားကို မြင်လိုက်ရပေမယ့် ဝိညာဉ်စွမ်းအင်က ဘယ်လို ပြောင်းလဲသွားတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး။

လူငါးယောက်က လုရွှမ်ကို ယုံကြည်တာကြောင့် နတ်ဆိုးဝိညာဥ်ကို တားဆီးဖို့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို ထူထောင်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်း နတ်ဆိုးဝိညာဥ်သည် ကြီးမြတ်သော မဟာသူတော်စင်၏ ​ရောင်ဝါရှိသော်လည်း သူ၏ အမှန်တကယ် ခွန်အားမှာ အဆင့်၇ သူတော်စင်တစ်ဦးဖြစ်ပြီး လူအနည်းငယ်က ၎င်းအား တွန်းလှန်နိုင်လောက်ရုံသာ ရှိသည်။

လုရွှမ် သူ့မျက်လုံးများကို လုံးလုံး စူးစိုက်စိုက်ကြည့်နေခဲ့သည်။ လူငါးဦးသည် ဝိညာဉ်ဆိုးကို ပိတ်ဆို့နိုင်မည်ဟု ယုံကြည်ထားရင်း ရေထဲက ဝိညာဉ်စွမ်းအင်၏ ဦးတည်ရာကို အာရုံစူးစိုက်ကာ စိုက်ကြည့်နေသည်။

ထို့နောက် လုရွှမ်သည် မြစ်ထဲသို့ တိုက်ရိုက်ခုန်ချပြီး အခေါင်းဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ၎င်းသည် ခေါင်းတလားထဲသို့ အမှန်တကယ် ပျံ့နှံ့သွားပြီး ပတ်ပတ်လည်တွင် လှည့်ပတ်ကာ တောက်ကျင့်စဥ် လိုင်းများအဖြစ် တဖြည်းဖြည်း ပြန့်ကျဲသွားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီလိုဆိုရင် ဒီဝိညာဉ်စွမ်းအားတွေကို ဝိညာဥ်ဆိုးက လုံးဝ စုပ်ယူမထားဘူးပေါ့... ဒါဆို သူတို့ဘယ်ရောက်သွားတာလဲ?"

ခဏလောက်တော့ လုရွှမ်လည်း ဒီနေရာက တကယ့်ကို ဆန်းကြယ်လွန်းတယ်လို့ ခံစားလိုက်ရသည်။

"မင်းစဉ်းစားလို့ ပြီးပြီလား ငါတို့ တောင့်မခံနိုင်တော့ဘူး"

လိရှောင်းမှာ ပါးစပ်က သွေးတွေ ထွက်ကျလာရင်း အော်ဟစ်လိုက်သည်။

ဤနေရာ ပတ်ဝန်းကျင်သည် ကြမ်းတမ်းလွန်းလှသည်။ ယခုအချိန်တွင် သူတို့ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်သည် အများဆုံး တစ်ဝက်သာ ရှိနေ၏။ သူတို့ရဲ့ ခွန်အား ၇၀ မှ ၈၀% ကို အသုံးချနိုင်လျှင် ကောင်းပေလိမ့်မည်။ စည်းစည်းလုံးလုံးရှိလျှင်ပင် ဝိညာဥ်ဆိုးကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်သလောက် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ လက်နက်များဖြင့်သာ လုံးလုံးလျားလျား ခုခံ​နေကြရသည်။

"ထွက်လာခဲ့တော့! ဘာလို့ အမှောင်ထဲမှာ တစ်ချိန်လုံး ပုန်းနေတာလဲ?"

လုရွှမ်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး ပတ်ဝန်းကျင်ကို ကောင်းကင် မီးတောက်တွေ ဖြန့်ကျက် တောက်လောင် စေလိုက်သည်။

အောင့်ယွဲ့နဲ့ လူငါးယောက်ကို မပြောနဲ့ ဝိညာဥ်ဆိုးတောင် ဘာလုပ်နေတာလဲ ဆိုပြီး စိတ်ရှုပ်သွားလေ၏။

သို့သော်လည်း ရှည်လျားသော ရယ်မောသံက ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ ၎င်းမှာ ပိုင်ကျန့်ဖေးပင်။ သို့သော် ယခုအချိန်တွင် ပိုင်ကျန့်ဖေး၏ မျက်နှာသည် ဘာမှမထူးခြားဘဲ တည်ငြိမ်နေကာ လူငယ်တစ်ယောက် ပိုင်ဆိုင်နိုင်သည့် အမူအရာနှင့် လုံးဝမတူပေ။

အထူးသဖြင့် ထိုမျက်လုံးတစ်စုံသည် လူ့ဘဝ၏ နက်နဲသော အသက်အရွယ် အိုမင်းမှု၊ နာမကျန်းမှုနှင့် သေခြင်းတရားတို့ကို မြင်နေရသကဲ့သို့ စူးရှနေ၏။

All Chapters