အဘိုးကြီးရွှမ်ဟွမ်
Vol. 50 Ch. 4.267
"လူငယ်လေး မင်းက အရမ်းတော်တာပဲ.... ငါ မင်းကို ပထမဆုံး တွေ့လိုက်ကတည်းက မင်းက တခြားသူတွေနဲ့ မတူဘူးလို့ ခံစားမိတယ်"
ပိုင်ကျန့်ဖေးက ပြုံးပြီး ပြောလိုက်သည်။ လုရွှမ်ကလည်း
"ဒါဆို မင်းကို ဘယ်လိုခေါ်ရမလဲ? ပိုင်ကျန့်ဖေးလား? ဒါမှမဟုတ် အဘိုးကြီးရွှမ်ဟွမ်လား?"
"ဘာကြီး?? သူ အဘိုးကြီးရွှမ်ဟွမ်လား?"
ချန်ယီးမှ အထိတ်တလန့် ထအော်လိုက်ပေသည်။
"ခန္ဓာကိုယ် အလုခံလိုက်ရတာ ဖြစ်မယ်!"
အဘိုးကြီးရွှမ်ဟွမ်က လုရွှမ်ရဲ့ ခန္ဓာကိုယ်ကို အနည်းငယ် ညွှန်ပြလိုက်ပြီး
"ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ပိုကောင်းတယ်... မင်းမှာ ငါချန်ထားခဲ့တဲ့ ဝိညာဉ်မီးတွေကိုတောင် ရခဲ့သေးတယ် အံ့သြစရာ ကောင်းတယ်ကွာ... အခုတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ပေးလိုက်တော့!"
သူက ကျယ်လောင်စွာ အော်လိုက်ပြီး သူ့အမူအရာက အကောင်းမှ အဆိုးသို့ ချက်ချင်းပြောင်းသွားသည်။ ပိုင်ကျန့်ဖေးဆီက အလင်းတန်းတစ်ခုသည် လုရွှမ်ဆီသို့ ပျံသန်း ပြေးဝင်သွားသည်။ တူညီတဲ့ ဝိညာဉ်စွမ်းအင် အလင်းရောင်သည် လုရွှမ်၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပလာပြီး အဘိုးကြီးရွှမ်ဟွမ်ရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် စုပ်ယူသွားတော့သည်။
"ဟာဟား ကောင်လေး.... ဟိုးအစက ရုပ်သေးရုပ်ကို မှတ်မိသေးလား? ငါက ဘယ်အငယ်လေးမှာ ဒီလို အလားအလာ ရှိတယ်ဆိုတာ ကျပန်း စမ်းသပ်နေပေမယ့် မင်းကို တိုက်ရိုက် တွေ့လိုက်ရမယ်လို့ မမျှော်လင့်ထားဘူး..... ဒါကြောင့် ထွက်ပြေးမသွားပါနဲ့ ငါအားလုံး စီစဉ်ထားပြီးသား"
လုရွှမ်သည် သူ့ခန္ဓာကိုယ် တောင့်တင်းလာသည်ကို ခံစားလိုက်ရပြီး အဖိုးအိုရွှမ်ဟွမ်၏ စိတ်ကူးယဉ်ဝိညာဉ်များသည် သူ့စိတ်ထဲသို့ စိမ့်ဝင်သွားလေသည်။
"မင်းက တကယ်သေလမ်းကို ရှာနေတာပဲ!"
လုရွှမ် သူ့နှလုံးသားထဲက လှောင်ပြောင်လိုက်ပြီး သူ့မြင်ကွင်းက ရုတ်တရက် လှည့်ပတ်သွားသည်။ သူပြန်ပေါ်လာချိန်မှာတော့ နွေးထွေးတဲ့ နေရောင်ခြည် အောက်မှာ ရှိနေ၏။ ယွမ်ယန်ကျင့်စဥ်က ရုပ်ခန္ဓာကို သာမက စိတ်ဝိညာဉ်ကိုပါ ပြုစုပျိုးထောင်ပေးသည်။
ထို့အပြင် လုရွှမ်၏ ဝိညာဉ်စွမ်းအင် ပြုစုပျိုးထောင်မှုသည် နတ်ဝိညာဥ် သန့်စင်ခြင်းကျင့်စဥ်ကို ရရှိပြီးနောက် တနေ့တခြား တိုးများလာနေသည်။
သာမာန်လူတွေနဲ့ ယှဉ်ရင် အများကြီး ကွားခြားပေ၏။
"သန့်စင်တဲ့ အခြေခံယန်ကျင့်စဥ်?"
အလင်းရောင် တိမ်တိုက်အောက်တွင် ထင်ယောင်ထင်မှား ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အဖိုးအိုရွှမ်ဟွမ်၏ မျက်နှာမှာ အံ့သြမှုများနှင့် ပြည့်နှက်နေလေသည်။
"ကောင်းပြီ ကောင်းပြီ မင်းက ငါထင်ထားတာထက် ပိုကောင်းနေတာပဲ"
အဘိုးကြီးရွှမ်ဟွမ် လုရွှမ်ကို တစ်ချက် ကြည့်လိုက်ပြီး
"ကောင်လေး မင်း..."
သူ့စကား မဆုံးခင်မှာ အဘိုးကြီးရွှမ်ဟွမ်မှာ အံ့အားသင့်သွားတော့သည်။ သူ့အမြင်အရတော့ သူတော်စင်တစ်ပိုင်း ဝိညာဉ်ဟာ ဘယ်လောက်ပဲ အစွမ်းထက်တယ် ဆိုဦး သူ့ကိုတော့ မမီနိုင်ဘူးလေ။ သို့သော် လက်ရှိဝိညာဉ်မှာ သူ့ထက် မပျော့ဘဲ ကြံ့ခိုင်မှုအရ ၎င်းသည် သူ့ထက်ပင် သာလွန်နေ၏။
"မင်းလည်း ဒီခန္ဓာကိုယ်ကို ယူထားတာလား?"
အဘိုးကြီးရွှမ်ဟွမ်က မယုံကြည်နိုင်စွာ အော်ပြောသည်။ လုရွှမ်က ရယ်မောလိုက်ပြီး
"မင်းပြောတာ ဟုတ်တယ်ဆိုရင် ဟုတ်တယ်ပဲ ထားပါတော့... မင်းငါ့ကို လုပ်ကြံချင်ရင်တောင် ဝေးနေသေးတယ်"
အကယ်၍ ဤခန္ဓာကိုယ်ကို အဘိုးကြီးရွှမ်ဟွမ်မှ ခိုးယူခြင်း မပြုလာပါက လုရွှမ်လည်း သူ့ဝိညာဉ်က ဤမျှ အစွမ်းထက်နေတာဟာ ယခင်ဘဝနှင့် ဤဘဝ၏ ပေါင်းစပ်မှုကြောင့် ဖြစ်ကြောင်း သိမည် မဟုတ်ပေ။ ဒါပေမဲ့ သူ့စိတ်ဝိညာဉ်ရဲ့ ခိုင်မာမှု အတိုင်းအတာက တခြားလူရဲ့ ခန္ဓာကို သုံးခဲ့လေရာ လက်ရှိကြံ့ခိုင်မှုက သူ့ကိုတောင် ထိတ်လန့်သွားစေခဲ့သည်။
ဟစ်အော်သံနှင့်အတူ ရွှမ်ဟွမ်မှာ လှည့်ထွက်ကာ ထွက်ပြေးချင်သွားသည်။ ယခု တွက်ချက်မှုမှာ လုံးလုံးလျားလျား လွဲမှားကာ တွက်ချက်မိသွားခဲ့သည်။
"ဟမ့် ဒါက ငါ့အသိစိတ် ငါ့ပိုင်နက်ပဲ... မင်းက လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ ရမယ်ထင်လား? နေခဲ့စမ်း!!!"
လုရွှမ် အော်ပြောပြီး သူ့လက်ကြီးကို ဆန့်တန်းလိုက်ရာ အင်အားက အရမ်းပြင်းထန်တော့ အဖိုးအိုရွှမ်ဟွမ်ရဲ့ ဦးနှောက်ကို တိုက်ရိုက် ရိုက်ချိုးပစ်လိုက်သည်။ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်သည် အပိုင်းပိုင်းများစွာ ကြေမွသွားခဲ့သည်။
အဘိုးကြီးရွှမ်ဟွမ် လွတ်မြောက် ချင်နေသေးပေမယ့် သူ့နှလုံးသားထဲက မီးတောက်က ရုတ်တရက် ထွက်ပေါ်လာပြီး အဖိုးအိုရွှမ်ဟွမ်ကို ပြန်လာခိုင်းလေ၏။
"နှလုံးသားမီးလား? မင်း မင်းမှာ ထူးဆန်းတဲ့ မီးသုံးမျိုးတောင် ရှိတာလား?"
အဘိုးကြီးရွှမ်ဟွမ် လန့်ဖျပ်ကာ အော်လိုက်ပြီး မြေပြင်ပေါ်မှာ ထိုင်ချမိသွားသည်။ မူလက သူ့အတွက် ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို ရှာဖွေရန် စီစဉ်ခဲ့သော်လည်း အလွန် ပြီးပြည့်စုံနေမည်ဟု မထင်ခဲ့ပေ။ ခန္ဓာကိုယ်က ပြည့်စုံလွန်းလို့ သူ သည်းမခံနိုင်တော့ဘူး။
သူ့နှလုံးသားထဲက မီးဟာ အဖိုးအိုရွှမ်ဟွမ်ရဲ့ ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့ပြီး မှတ်ဉာဏ် အပိုင်းအစတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လုရွှမ် သူတို့ကို စုဆောင်းပြီး အပြည့်အဝ နားလည်ပြီးတဲ့ နောက်မှာတော့ သူ လက်တွေ့ကမ္ဘာကို ပြန်ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။
ကျယ်လောင်သော ဆူညံသံ တစ်ခုက သားသတ်သမားထံမှ ထွက်ပေါ်လာသည်။ သားသတ်သမားမှာ အမြင့်မှ ပျံတက်လာပြီး ပကတိရေစင်ထဲသို့ ပြုတ်ကျသွားသည်။ ခက်ခက်ခဲခဲ အကြိမ်အနည်းငယ် လှုပ်ရှားသော်လည်း ရေထဲက မတက်နိုင်သေးပေ။
သူ ဒဏ်ရာ ရထားလေပြီ။
လုရွှမ် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ နတ်သမီးအောင့်ယွဲ့ နှင့် ရှန်းရှဲ့တို့သည်လည်း တွန်းလှန်ရန် အခင်းအကျင်းများကို သုံးကာ ဘေးချင်းကပ်လျက် ရှိနေကြတယကို တွေ့လိုက်ရသည်။ ကျန်သူများမှာ မြေပြင်ပေါ်တွင် တစ်ဝက်တစ်ပျက် လဲလျောင်းနေပြီး သွေးတွေ ရွှဲရွှဲစိုနေ၏။
"ဟမ့်.... လုရွှမ် နိုးလာတဲ့အထိ စောင့်ချင်နေသေးတယ်ပေါ့ သူ့မီးတောက်တွေက တကယ် အံ့သြစရာ ကောင်းပါတယ်... ဒါပေမဲ့ အဲဒီခွေးကောင် ရွှမ်ဟွမ်အကြောင်းကို မင်းတို့ မသိသေးပါဘူး.... သူက အားလုံးကို စီစဉ်ထားပြီးသား မင်းတို့သူငယ်ချင်းကို သူသိမ်းသွားပြီ !"
"ဒါဆို အဘိုးကြီးရွှမ်ဟွမ် အသတ်ခံရမှာကို မင်းမကြောက်ဘူးလား? မင်းက သူ့အလောင်းကို သိမ်းပိုက်လိုက်ပြီလေ"
အောင့်ယွဲ့မှာ သူမနှလုံးသားထဲမှာ သေဖို့ မျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် ရဲရဲတင်းတင်းပဲ အော်ပြောလိုက်သည်။
နတ်ဆိုးဝိညာဥ်ဆိုးက အကျယ်ကြီး အော်ရယ်လိုက်ပြီး
"သူ့ခန္ဓာကိုယ်ကို သိမ်းဖို့က တကယ်မလွယ်ဘူးလို့ ထင်နေတာမလား? ငါ သူ့အလောင်းကို သိမ်းပြီးရင် အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကို ထပ်သိမ်းလိုက်တာပေါ့"
လုရွှမ်သည် ဝိညာဥ်ဆိုး၏ အရှက်မရှိသော စကားကို နားထောင်ပြီး သူ့နှလုံးသားထဲတွင် လှောင်ရယ်လိုက်သည်။ အဘိုးကြီးရွှမ်ဟွမ်ရဲ့ မှတ်ဉာဏ်တွေထဲကနေ သူသည် မိုးကြိုးထိမှန်ခဲ့သော မသေမျိုးသစ်ပင်ကို မှားယွင်းစွာ ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်ပျက်ခဲ့ကြောင်း သူ နားလည်ခဲ့ပြီးသား ဖြစ်သည်။
မကောင်းတဲ့ ဝိညာဉ်၏ အတင်းအကျပ် ခိုင်းစေမှုဖြင့် သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို စွန့်ကာ သိမ်းပိုက်ခွင့်ပြုဖို့ပဲ ရွေးချယ်ခဲ့ရသည်။ ဒါပေမဲ့ နှစ်တွေ ကြာလာတာနဲ့အမျှ အဘိုးကြီးရွှမ်ဟွမ်မှာ ဝိညာဥ်ဆိုးကို ဘယ်လို သတ်ရမလဲဆိုတဲ့ အကြံအစည်နဲ့ နေလာရင်း သူ့ကို တကယ် ရှာတွေ့ခဲ့တာပဲ ဖြစ်သည်။
ယခုတော့ ထိုအရာအားလုံးသည် လုရွှမ်အတွက် သဘာဝကျကျ သက်သာသွားသည်။
"အိုး.... ရွှမ်ဟွမ် မြန်သားပဲ ဘာလဲ? မင်းက မကျေနပ်သေးဘူးလား"
ဝိညာဥ်ဆိုးက ဆိုရင်း အောင့်ယွဲ့နဲ့ ရှန်းရှဲ့တို့ကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ချလိုက်သည်။
လုရွှမ်သည် အဘိုးကြီးရွှမ်ဟွမ်ရဲ့ အသွင်အပြင်ကို တုပကာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အရှိန်အဟုန်ဖြင့် ထွက်လာခဲ့သည်။ သူ၏ အသံသည် ဆွေးမြေ့သွားသလို ငြိမ်သက်နေ၏။
"ဝိညာဥ်ဆိုး.... မင်းဒီတစ်နှစ်ပတ်လုံး သပိတ်ငှက်ရဲ့ အသိုက်ကို သိမ်းပိုက်ခွင့် ရထားပြီးပြီ.... ငါမင်းကို ပြန်ထိန်းချုပ်ဖို့ မလုပ်နိုင်ဘူးလို့ ထင်နေလား?"
ဝိညာဥ်ဆိုးသည် သူ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ပြီး အောင့်ယွဲ့ နှင့် ရှန်းရှဲ့တို့ကို ရိုက်ထုတ်၍ လုရွှမ်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။
လုရွှမ်နဲ့ တခြားသူတွေကို လုံးဝ ဂရုမစိုက်ပေမယ့် ရွှမ်ဟွမ်အတွက်ကတော့ ဒီခန္ဓာကိုယ်ကို အမှတ်ရနေတာကြောင့် ဒါကသာ သူ့ရန်သူအစစ်ဖြစ်ကြောင်း သူသိပါသေးသည်။
"နှစ်တွေကြာလာတော့ ငါ့နှလုံးသာမီးကိုလည်း ရှာတွေ့ခဲ့တယ်!"
လုရွှမ် ပြောပြီးတဲ့အခါ သူ့ခန္ဓာကိုယ်ထဲက မီးတောက်သုံးခု တစ်ချိန်တည်းမှာ ထွက်လာခဲ့သည်။
ထူးဆန်းမီးတောက်၊ ကောင်းကင်ဖီးနစ်မီး၊ နှလုံးသားမီး စသည့် မီးတောက်သုံးမျိုး ပေါ်လာပြီး ပတ်ဝန်းကျင်သည် အင်မတန် လင်းထိန်သွားတော့သည်။
လူတိုင်း၏ မျက်လုံးများသည် မီးတောက်သုံးခုကို စိုက်ကြည့်နေကြသည်။ အောင့်ယွဲ့ နှင့် ရှန်းရှဲ့ တို့သည် သားသတ်သမားကို ရေထဲက ဆယ်ထုတ်ရင်း ဆေးလုံးများကို ကျွေးနေလေသည်။
လုရွှမ် တကယ်သေသွားပြီ!
"နှလုံးသားမီး? အဘိုးကြီး မင်းက တကယ်ကို တော်ပါတယ်... ဒါပေမဲ့ စိတ်ဝိညာဉ်တိုက်ပွဲက တခြားသူကိုရော ကိုယ့်ကိုပါ နာကျင်စေတယ်....မင်းအဲဒါကို မသုံးရဲဘူး ဆိုတာ ငါသိပြီးသား!!"
ဝိညာဥ်ဆိုးက အော်ပြောပြီး အဖိုးအိုရွှမ်ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အနက်ရောင် စွမ်းအင် ဘောလုံးကြီး အဖြစ် ထွက်လာကာ လုရွှမ်ရဲ့ အသိစိတ်ထဲသို့ ဝင်သွားလေသည်။
လုရွှမ် မကန့်ကွက်ဘဲ သူ့ကို အပြေးအလွှား ဝင်ခွင့်ပြုလိုက်သည်။
"မြန်မြန် ထွက်သွားရအောင်!"
အောင့်ယွဲ့ နှင့် ရှန်းရှဲ့တို့သည် ကျန်သုံးယောက်ကို အမြန်ကူညီပြီး ဤအခွင့်အရေးကို ရယူကာ ထွက်သွားကြဖို့ ပြင်လေသည်။
"အစ်ကိုလုရွှမ်ကရော?? ငါတို့ သူ့အလောင်းကို ဒီမှာပဲ ထားခဲ့လို့မဖြစ်ဘူး...."
သားသတ်သမားက လုရွှမ် ပေးထားသည့် ပုဆိန်ကို သူ့လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများက နီရဲလာသည်။
အောင့်ယွဲ့ မျက်နှာတွင်လည်း မျက်ရည်များ ပြည့်နေသော်လည်း သူမက သွားများကိုအံကြိတ်လိုက်ရင်း။
"သူသေသွားပြီ... အခုတော့ သူ့ခန္ဓာကိုယ်က ခွေးအိုကြီး ဖြစ်နေပြီ.... ငါတို့အတွက် အချိန်ရဖို့ သူ့သေခြင်းတရားကို အသုံးပြုသွားခဲ့တာ... ငါတို့မြန်မြန် ထွက်သွားရမယ်"
အောင့်ယွဲ့ ပြောတာ မှန်ကြောင်း သိတာကြောင့် ကျန်တဲ့ သုံးယောက်လည်း သက်ပြင်းချကာ အမြန် ပြန်ဆုတ်သွားကြသည်။ အောင့်ယွဲ့ ပြေးရင်း အနောက်က လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်ရာ လုရွှမ် တစ်ကိုယ်လုံး တောက်ပနေတဲ့ ရွှေရောင် အလင်းတန်းကို မြင်လိုက်ရတော့ သူမခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။
"ရပ်!"