သေဒဏ်အမိန့်
Vol. 50 Ch. 4.269
"သူတော်စင်နယ်ပယ် ဖြစ်လာလို့ မိတ်ဆွေကို ဂုဏ်ပြုပါတယ်"
လုရွှမ် ပြုံးပြီး လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်သည်။
လာလာသူမှာ ရုပ်မချောသော်လည်း သူရဲကောင်းဆန်သော လူငယ်လေး ဖြစ်သည်။ လုရွှမ်သည် သူတော်စင်တစ်ပိုင်း အဆင့်၇ ကျင့်ကြံသူ ဖြစ်သော်လည်း ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ဟန်ချက်ညီစွာ ရပ်တည်နေခြင်းကို မြင်လိုက်ရသဖြင့် လူငယ်လေးမှာ လုရွှမ်အား သိပ်အထင်မသေးရဲချေ။
"မင်္ဂလာပါ မိတ်ဆွေ.... ကျွန်တော့်နာမည်က ယွဲ့ဖန်ပါ... ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ?"
လူငယ်လေးသည် မာန မထောင်လွှားဝံ့ပေ။ သူတော်စင်တစ်ပိုင်းသည် သူတော်စင်ကို တိုက်ရိုက် ရင်ဆိုင်ဝံ့ကတည်းက ကြီးမြတ်မှာကို သူသိသည်။ စိတ်နေသဘောထားက ဒီလူရဲ့ အစွမ်းက သူ့အဆင့်ထက် ကျော်လွန်နေနိုင်တယ်လို့ သူ့စိတ်ထဲမှာ ကောင်းကောင်း သိလေသည်။
လုရွှမ်သည် ယွဲ့ဖန်၏ သဘောထားကို အလွန်ကျေနပ်ခဲ့သည်။ သူက ပြုံးပြီး ပြောလိုက်သည်။
"ထျန်းလုံးကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ချင်းလုံအရှင် ..... သူတော်စင်တစ်ပိုင်း ကမ္ဘာ ဖွင့်ထားတာ ဘယ်လောက် ကြာသွားပြီလဲ"
"ချင်းလုံအရှင်.... ခင်ဗျားပေါ့!!"
ယွဲ့ဖန်က အော်ပြောလိုက်ပြီး ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ သူ့မျက်နှာမှာလည်း ထိတ်လန့်မှုများ အပြည့်ဖြင့် လှည့်ထွက်ပြေးသွားခဲ့သည်။
လုရွှမ်ရဲ့ ခန္ဓာကိုယ်က ဖျတ်ခနဲ လင်းလက်သွားသည်။ ယခုအချိန်တွင် သူတော်စင်တစ်ပိုင်း အဆင့်၇ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်သဖြင့် ယွဲ့ဖန်မှာ မျက်လုံးများ မှိတ်လိုက်ရသလိုသာ ခံစားလိုက်ရကာ လုရွှမ်က သူ့ရှေ့တွင် ရပ်နေပြီဖြစ်သည်။
"ကျုပ်ကို မသတ်ပါနဲ့.... ကျုပ်က ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး.... ခင်ဗျားအကြောင်းလည်း သတင်းမပို့ဘူး... ကျုပ်ကို လွှတ်ပေးနိုင်မလား"
ယွဲ့ဖန်မှာ စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်သည်။
ချင်းလုံအရှင်က ဘယ်သူလဲ?
သူသည် ထျန်းလုံဧကရာဇ် အင်ပါယာကဲ့သို့ အဆင့်အတန်း မမီသော အလယ်အလတ်အဆင့် အင်ပါယာမှ ကျောင်းသားတစ်ဦး ဖြစ်သောကြောင်း ယခင်က ဒီအကြောင်းတွေကို မသိခဲ့ရသော်လည်း အခွင့်အလမ်းများစွာကို သုံးစွဲပြီးနောက် နောက်ဆုံးတွင် သူသည် အဝေးက အမိမြေမှ ဤနေရာသို့ အမြန် ပြေးလာကြည့်ခဲ့သည်။
ထျန်းလုံဧကရာဇ် အင်ပါယာတွင် ရက်စက်ကြမ်းကြုတ်သော လူများစွာ ရှိနေကြောင်းကို ထိုမှသာ သူ သဘောပေါက်လာခဲ့ပြီး ၎င်းတို့အနက်မှ အကျော်ကြားဆုံးမှာ ထျန်းလုံကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်သည့် ချင်းလုံအရှင်ဖြစ်သည်။
သူတော်စင်တစ်ပိုင်းမှ သူတော်စင်နယ်ပယ်ကို သတ်နိုင်ခြင်း၏ ဒဏ္ဍာရီကို သူဖန်တီးနိုင်ခဲ့သည်။ ထိုစဥ်က သူတော်စင်တစ်ပိုင်း တတိယအဆင့်သာ ရှိသော်လည်း ယခုအခါ သူတော်စင်တစ်ပိုင်း အဆင့်၇ ရောက်နေတာကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
ဒီလို ကျင့်ကြံမှုအရှိန်နဲ့လူက လူတွေကို သတ်ချင်တယ် ဆိုရင် သူလည်း သေမှာ သေချာပါသည်။
လုရွှမ်က မျက်မှောင်ကြုတ်ပြီး
"ဒီမေးခွန်းကို ရိုးရိုးသားသား ဖြေရင် ငါမင်းကို မသတ်ပါဘူး... မင်းကို မေးပါရစေ သူတော်စင်တစ်ပိုင်း ကမ္ဘာဖွင့်တာ ဘယ်နှစ်ရက်ရှိပြီလဲ"
ယွဲ့ဖန်သည် လိမ်ညာဝံ့ခြင်း မရှိသဖြင့် တစ်လနဲ့ သုံးရက်သာ ရှိသေးကြောင်း အလျင်အမြန် ပြန်ဖြေလိုက်သည်။ သူ နားမလည်နိုင်အောင် စိတ်ရှုပ်နေပြီ။ သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ဝင်ရောက်နေသမျှ ကာလပတ်လုံး အဓိပ္ပာယ် မရှိခဲ့ပေ။ စိတ်ထဲမှာ ရှုပ်နေပေမယ့် အကျယ်ကြီးလည်း မပြောရဲချေ။
"မင်းငါ့ကိုဘာလို့ အရမ်းကြောက်နေတာလဲ"
"ဘာလို့လဲဆိုတော့ လူတော်တော်များများက မင်းကိုသတ်ချင်နေတာလေ!"
…
ယွဲ့ဖန်၏ စကားကို နားထောင်ပြီးနောက် လုရွှမ်သည် အရာအားလုံးဟာ ထိုမြေပုံကြောင့် ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ယခုအခါ သူတော်စင်များ အများအပြား ရောက်ရှိလာကြပြီး သူတော်စင် ကမ္ဘာ၌ သူတော်စင်များ ဖြစ်လာကြသော ကျင့်ကြံသူများကို ထည့်ပေါင်းလိုက်လျှင် သူတော်စင် တစ်ထောင်ထက်မနည်း ရှိနေပြီဖြစ်သည်။
နတ်သမီးမြောင်ဝုသည် အဆင့်မြင့် ဧကရာဇ်အင်ပါယာ တစ်ခုဖြစ်သည့် မင်ယွဲ့ဧကရာဇ် အင်ပါယာမှ ဆင်းသက်လာပြီး ဟုန်ရစ်ဧကရာဇ် အင်ပါယာနှင့် ဆက်စပ်မှု တချို့ရှိသည်။ မြောင်ဝုသည် သူမ၏အိမ်မှ မြေပုံကို ခိုးယူကာ သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ထွက်ပြေးလာခဲ့သည်။ မထင်မှတ်ပဲ သူသေပြီး မြေပုံလည်း ပျောက်သွားခဲ့သည်။
လုရွှမ်၏ အတင်းအကြပ် ခိုင်းစေခံရသော သူမ၏အဖော် နှစ်ဦးဖြစ်သူ အကြီးအကဲများက ဖမ်းဆီးခြင်း ခံခဲ့ရပြီး နတ်သမီးမြောင်ဝုကို သတ်ခဲ့သူက ချင်းလုံအရှင် ဖြစ်ကြောင်း မေးမြန်းသွားခဲ့သည်။
ယခုအခါတွင် ဧကရာဇ် အင်ပါယာ အများအပြားသည် ချင်းလုံအရှင်ကို သတ်ရန် သေဒဏ်အမိန့် ထုတ်ပြန်ခဲ့လေသည်။
မြေပုံ? အဲဒါက ရွှမ်ခုန်းတောင်ကို အမှတ်အသား လုပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မြေပုံ မဟုတ်လား?
"ကောင်းပြီ.... သွားတော့ အပြစ်မဲ့တဲ့သူတွေကို ငါသတ်မှာ မဟုတ်ဘူး"
လုရွှမ်က ဆိုလိုက်သည်။
မယုံနိုင်စွာဖြင့် ယွဲ့ဖန်သည် အမြန်လှည့်ကာ ထွက်ပြေးသွားခဲ့သည်။ သူ အကြာကြီး ပြေးလာခဲ့သည်။ နောက်ဆုံးတွင် လုရွှမ်ကို လှမ်းမမြင်နိုင်တော့ဘဲ သူ့နောက်မှ လိုက်မလာကြောင်း တွေ့လိုက်တော့မှသာ စိတ်သက်သာရာ ရသွားခဲ့သည်။
"ဒီမှာ တကယ် အန္တရာယ်များလွန်းတယ်.... အခု သူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ပြီးပြီ ငါ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားတာ ပိုကောင်းမယ်"
လုရွှမ် သူ့မေးစေ့ကို ပွတ်သပ်ပြီး စိတ်ထဲကနေ လှောင်ရယ်လိုက်တော့သည်။
"အဆင့်မြင့် ဧကရာဇ်အင်ပါယာ ရှစ်ခု... ကျူးချွဲ့နဲ့ ပိုင်ဟူ အလယ်အလတ် ဧကရာဇ်အင်ပါယာ နှစ်ခုက ငါ့ကို သတ်ပစ်ဖို့ အမိန့်ထုတ်ထားပြီ.... ကောင်းတယ် အရမ်းကောင်းတယ် ဒါပေမဲ့ ဘယ်သူက ဘယ်သူ့ကို ဖျက်ဆီးမလဲ ဆိုတာတော့ ကြည့်ရသေးတာပေါ့"
အခု သူ့မှာ ရှိသမျှ နည်းလမ်းတွေ အကုန်ရှိနေတော့ လုရွှမ်ဟာ တကယ်ကို ကြောက်စရာ မရှိတော့ချေ။
ထိုလူများသည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အနက်ပိုင်းသို့ ရောက်သွားပြီဟု ဆိုတာကြောင့် လုရွှမ်လည်း အတောင်ပံများကို သူ့နောက်ကျောမှ ဖြန့်ချကာ သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အလယ်ဗဟိုဆီသို့ ထွက်လာခဲ့သည်။
ယခုအချိန်တွင် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အပြောင်းအလဲများက လျှို့ဝှက်ချက် မဟုတ်တော့ပေ။ သူတော်စင်တစ်ပိုင်း ကမ္ဘာသည် နောက်ထပ် ပြိုကျနေတဲ့ကောင်းကင်ဘုံ ဖြစ်လာတော့မယ် ဆိုတာ လူတိုင်းသိပါသည်။
နိယာမဥပဒေသ အပြောင်းအလဲများသည် ယခင်က မတူးဖော်ရသေးသော သူတော်စင်တစ်ပိုင်း ကမ္ဘာရှိ နေရာများကို ရတနာပုန်းအောင်းရာများ နေရာအဖြစ် ပြောင်းလဲစေခဲ့လေသည်။
ကောင်းကင်ပြင်က တကယ့်ကို ကွဲကြေပျက်စီးနေတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့ စောင့်ဆိုင်းနေရင်း အစက မဝင်ရဲတဲ့ သူတော်စင်တွေနဲ့ ကြီးကျယ်တဲ့ မဟာသူတော်စင်တွေတောင်မှ ဒီထဲကို ခြေချဝံ့ကြတဲ့သူတွေ အများကြီး ရှိလာပြီ။ ယခုအချိန်သည် ရတနာအတွက် အကောင်းဆုံး အချိန်ဖြစ်သည်။
ဝုန်း!
လုရွှမ်၏ အရှိန်သည် အလွန်အမင်း မြန်ဆန်လှသည်။ မိုးခြိမ်းသံ ကျရောက်လာချိန်၌ သူက အရှေ့ကို ရောက်နေပြီ။ အနောက်ကနေ ပျံသန်းလာနေတဲ့ ကျင့်ကြံသူမှာ အလွန်ထိတ်လန့် သွားတော့သည်။
ဒါဘယ်လို သိုင်းကျင့်ကြံသူလဲ?
မြူခိုးဖြူများက မထူထပ်တော့ဘဲ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သာမန်မျက်စိဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ။ မြင့်မားသော အမြင့်မှ အောက်ကို ငုံ့ကြည့်လိုက်ရာ မြေပြင်တွင် အလောင်းများနှင့် ကွဲကြေနေသော လက်နက်များ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။
အလောင်းများ၏ ကျင့်ကြံမှု အဆင့်သည် သူတော်စင်တစ်ပိုင်းမှ သူတော်စင်နယ်ပယ် အထိ အဆင့်ဆင့်ရှိပြီး သူတော်စင်တစ်ပိုင်း ကမ္ဘာက ပြန့်နှံ့သွားသည်နှင့်အမျှ လူသေများ၏ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ သေဆုံးသူ အရေအတွက် များလေလေပဲ ဖြစ်သည်။
မြေပြင်သည် တွင်းပေါက်များနှင့် ပြည့်နေ၏။ မတိုင်ခင်က စစ်ပွဲကြီး ဖြစ်ပွားခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ကောက်ချက်ချနိုင်သည်။ ရေခဲ၊ ဆီးနှင်းခဲများ နှင့် မီးပင်လယ်ကြီးတောင် ရှိသည်။ နေရာများစွာသည် အက်ကွဲသွားပြီး သွေးပင်လယ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ များစွာသော နေရာများမှ မြက်ပင်များမှာ ပူလောင်သော ရေကန်အဖြစ်သို့ ပြောင်းလဲသွားသည်။
"အိုး.... မသေသေးတဲ့သူ ရှိသေးတာလား?"
လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားများ လွင့်စင်သွားကာ မကြာမီမှာပင် အဘိုးအိုတစ်ဦး ရှိနေသေးတာကို တွေ့လိုက်ရသည်။
လုရွှမ် ဆင်းလာပြီး ထိုအဘိုးအို ခန္ဓာကိုယ်ထဲကို စိတ်ဝိညာဉ် စွမ်းအင်တွေ ထည့်သွင်း၍ ဆေးလုံး တစ်လုံးကိုပါ တိုက်လိုက်ရာ အဘိုးကြီးလည်း ချောင်းဆိုးပြီး နိုးလာခဲ့သည်။
သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားကာ လုရွှမ်ကို လက်ဖဝါးဖြင့် အလိုလို ထိလိုက်မိသည်။ လုရွှမ်လည်း အဘိုးအိုလက်ကို ဆုပ်ကိုင်လိုက်ရာ အဘိုးအိုစိတ်တွေ တုန်လှုပ်သွားပြီး အဖိုးအိုရဲ့ မျက်လုံးများ ကြည်လင်လာခဲ့သည်။
“မင်းက ဘယ်သူလဲ? မင်းငါ့ကို ကယ်ခဲ့တာလား?”
အဘိုးအိုက ပြောပြီး နောက်ထပ် သွေးတစ်လုတ် ထွက်လာခဲ့သည်။
"ဘာဖြစ်ခဲ့တာလဲ ကျုပ်ကိုပြောပါဦး"
အဘိုးအို၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီး ကောင်းကင်က တွင်းနက်ကြီးကို မော့ကြည့်ကာ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။
"အပေါက်ထဲက တစ်ခုခု ထွက်လာတာလား?"
အဘိုးအိုသည် သူ့မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်နေသော အကြည့်ဖြင့် အထပ်ထပ် အခါခါ ခေါင်းညိတ်ပြလာသည်။ လုရွှမ် သူ့ပတ်ဝန်းကျင်ရှိ ခြေရာကြီးများကို သတိပြုမိသွားသည်။
ထိုအရာများကို သူတော်စင် သားရဲများရဲ့ ခြေရာတွေလို သူထင်ခဲ့သော်လည်း အဆိုပါ ပြင်ပမှ ဘီလူးများ အမှန်တကယ် ၀င်ရောက်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အောင့်ယွဲ့နဲ့ တခြားသူတွေက ကမ္ဘာငယ်လေးတွေကြားမှာ လေဟာပြင်တွေရှိပြီး အတွင်းထဲမှာ ပုန်းအောင်းနေတဲ့ ဘီလူးတွေ အများကြီး ရှိနေတယ်လို့ ပြောခဲ့ဖူးသည်။ ဤဘီလူးများ၏ ခွန်အား ဖြန့်ကျက်မှုက အလွန်ကြီးမားသည်။
တချို့သော နတ်ဆိုးဘီလူးများသည် နတ်မီးနယ်ပယ် သို့မဟုတ် ၎င်းတို့အထက်တွင်ပင် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အချို့မှာ သူတော်စင်တစ်ပိုင်းရှိ ဘီလူးများသာ ဖြစ်ကြသည်။
လုရွှမ် ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်ပြီး
"စောစောထွက်သွား.... ဒီနေရာက မင်းနေလို့ မရတော့ဘူး"
အဘိုးအိုသည် ပထမအဆင့် သူတော်စင်တစ်ဦးသာ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်း ကျင့်ကြံမှုမှာ အပိုင်းပိုင်း ကွဲအက်နေပြီ။ ယွမ်စွမ်းအင် အနည်းငယ် ကျန်ရှိနေသေးတာကြောင့် အသက်တော့ ရှင်နိုင်သေးသည်။
"ညီလေး.... ရှေ့ဆက်ရမယ့် လမ်းက အန္တရာယ်များလွန်းတယ်..... ကျုပ်ကတော့ မသွားပါနဲ့လို့ အကြံပေးချင်တယ် ရတနာက အဖိုးတန်ပေမယ့် အသက်က ပိုအရေးကြီးတယ် မဟုတ်လား"