← Chapters

ခြိမ်းခြောက်နေကြသူများ

Vol. 50 Ch. 4.270

ခြိမ်းခြောက်နေကြသူများ

Vol. 50 Ch. 4.270

"ကောင်းပြီ ငါမင်းကို မတားနိုင်တော့ဘူး.... ဒီကညီလေးရဲ့ နာမည်ကို မေးလို့ရမလား... ငါ အသက်လျက် ပြန်ထွက်သွားနိုင်ရင် မင်းအတွက် အသက်ရှည်တဲ့ ကဗ္မည်းပြားတစ်ခု ကပ်ထားပြီး အမွှေးတိုင်တွေ နေ့ရောညပါ ပူဇော်ပေးပါ့မယ်"

"ခင်ဗျားကို မမေးဖို့ အကြံပေးချင်တယ်.... ကျုပ်နာမည်က တော်တော်ကြီးတယ်... ဒါပေမဲ့ အခု ဒီမှာ ကျုပ်ရဲ့ အကျော်ကြားဆုံး နာမည်ဆိုရင် ချင်းလုံအရှင် ဖြစ်မယ်ထင်တယ်!"

ပြောပြီးနောက် လုရွှမ် ပျောက်သွားသည်။

"ချင်းလုံအရှင်? ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ချင်းလုံအရှင်.. "

အဖိုးအို၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ ဤတစ်ကြိမ်တွင် အလွန်အမင်း ထိတ်လန့်သွားတာကြောင့် ဘာမှ မပြောဝံ့တော့ပေ။ အဘိုးအိုက အမြန်ထကာ သူ့အသက်အတွက် ထွက်ပြေးသွား​လေသည်။

ဝူး.......

ရုတ်တရက် ဟောက်သံက ပတ်ဝန်းကျင်အနှံ့ ကျယ်လောင်သွားသည်။

လုရွှမ် ရုတ်​တရက်​ လှည့်​၍ အသံထွက်​လာ​သော​နေရာကို လှမ်းကြည့်​လိုက်​သည်​။

စင်စစ် နဂါးများသည် သူ​တော်စင်တစ်ပိုင်း ကမ္ဘာ သို့မဟုတ် ကမ္ဘာငယ်လေး များစွာတွင်ပင် ပေါ်လာလိမ့်မည် မဟုတ်ပေ။ အောင့်ယွဲ့ နှင့် တခြားသူများ၏ အဆိုအရ နဂါးများကဲ့သို့ သန့်ရှင်းသော ဝိညာဉ်သားရဲများသည် သဘာဝအတိုင်း တည်ရှိသော်လည်း တောက်ကျင့်စဥ် နိယာမများ ပြီးပြည့်စုံသော မူလကမ္ဘာတွင်သာ တည်ရှိကြသည်။

ဟိုးရှေးယခင်က တိမ်ပင်လယ် နယ်မြေရဲ့ နိယာမတွေ ပြီးပြည့်စုံတဲ့အခါက ချင်းလုံ (စိမ်းပြာနဂါး) နဲ့ ကျူးချွဲ့တို့လို သူတော်စင် ဝိညာဉ်တွေလည်း တည်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဥပဒေသတွေ မပြည့်စုံတော့လို့ အားလုံးက ထွက်ခွာသွားကြသလို တချို့ကလည်း သေဆုံးသွားခဲ့သည်။

သွေးနီရောင် သတ္တဝါငယ်လေးသည် သူ့ဘက်သို့ ပြေးလာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ်လာပြီး ပျောက်ကွယ်သွား၏။ လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။ လေထုအလယ်ကို ဖောက်ပြေးသွားသော အနီရောင် သတ္တဝါလေးသည် နဂါးပုံသဏ္ဌာန် သတ္တဝါ၏ ဝိညာဉ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း အမှန်တကယ်မှာ နဂါးအရွတ် ဖြစ်သည်။

လုရွှမ်သည် နဂါးစစ်စစ် မဟုတ်သေးသော်လည်း သူ့တွင် ကံကောင်းမှု အချို့ရှိပြီး ရောင်ဝါအရဆိုလျှင် နဂါးဟု သတ်မှတ်ခံရပြီး​ပြီး ဖြစ်သည်။

နဂါးဝိညာဉ် တစ်ဖြစ်လည်း နဂါးအရွတ်သည် ရုတ်တရက် လှည့်၍ တစ်ဖက်သို့ ပြေးသွား၏။

လုရွှမ် ရယ်လိုက်သည်။ ဤနဂါးဝိညာဉ်သည် အလွန် အကဲဆတ်သည်။ လုရွှမ် သူ့ခန္ဓာကိုယ်ပေါ်တွင် စိမ်း​ပြာနဂါး တစ်ကောင်၏ နှလုံးသား၊ သူ့နောက်ကျောတွင် နဂါးအရိုးကြီး တစ်ခုရှိပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် စိမ်း​ပြာနဂါး အငွေ့အသက်လည်း အားကောင်းနေရာ နဂါးဝိညာဉ်သည် ၎င်းကို သိရှိသွားပြီး ဖမ်းမိမှာကို ကြောက်ရွံ့နေလေသည်။ ထို့ကြောင့် စောစော ထွက်ပြေးသွား၏။

ပြေးချင်တယ်ပေါ့။ မင်းငါ့လက်ထဲက မလွတ်နိုင်ပါဘူး။

လုရွှမ်က သူ့နောက်ကို အမြန်လိုက်လာပြီး မကြာခင်မှာ သူ့နောက်က လိုက်နေတဲ့ လူတွေကိုလည်း တွေ့လိုက်ရသည်။

"ကောင်လေး မင်းကဘယ်သူလဲ... အဲဒါ ငါတို့ပစ္စည်းကွ!!"

သူ့နောက်က လိုက်နေတဲ့ လူအရေအတွက်မှာ လူအနည်းငယ် ထက်မနည်း ရှိနေသည့် ​​လူသုံးဆယ်ထက်မနည်းတဲ့ လူအုပ်စုကြီး ဖြစ်သည်။

နဂါးအရွတ်၏ တန်ဖိုးကို လူတိုင်းသိကြသည်။ ၎င်းသည် သူ့အလိုလို ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သိသာတာကြောင့် ၎င်းမှာ ခန္ဓာကိုယ်တွင်းသို့ အရည်ပျော်သွားသည်နှင့် တစ်ပြိုင်နက် ခန္ဓာကိုယ်၏ ခွန်အားသည် အဆများစွာ တိုးလာမှာ ဖြစ်သည်။

"လူတွေအများကြီး လိုက်ဖမ်းနေမှတော့ ကျုပ်ကရော ဘာလို့ လိုက်မဖမ်းနိုင်ရမှာလဲ?"

လုရွှမ်က ပြုံးပြီး ပြန်ပြောလိုက်သည်။

သူ့အနောက်ဘက်ရှိ လူအုပ်စုတွင် အဝတ်အစား၊ အဆင်တန်ဆာ၊ ကျင့်ကြံမှုနှင့် အရောင်အသွေး လုံးဝ ကွဲပြားသည်။

"ဟမ့် ငါ့လက်သီးက အမှန်တရားပဲ... ငရဲကိုသွားပေတော့"

ထိုယောက်ျားက သူ့လက်သီး စွမ်းအားကို ပစ်လွှတ်လိုက်သည်။

လုရွှမ် အနောက်ကို တစ်ချက် ပြန်လှည့်ကာ လက်ဝါးစွမ်းအင်ဖြင့် ပြန်ရိုက်ချလိုက်သည်။ လက်သီးနှင့် လက်ဖဝါးများ ထိမိသွားသည့်အခိုက် ထိုလူသည် ပါးစပ်ထဲကသွေးများ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်သည် သံဘောလုံးကဲ့သို့ ကောင်းကင်မှ ပြုတ်ကျသွားသည်။ ပေါက်ကွဲသံနှင့်အတူ မြေကြီးထဲ နစ်ဝင်သွားကာ အပိုင်းပိုင်း ပြတ်တောက်သွား၏။

ဒီလက်ဝါးချက်က လူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေသည်။ ထိုလူအုပ်စုသည် အနီရောင် သတ္တဝါငယ်ကို လိုက်နေကြသော်လည်း ဘာပစ္စည်းမှန်း အတိအကျ မသိပေ။ သို့သော် ဝိညာဥ်စွမ်းအင် အငွေ့အသက်ကြောင့် ရတနာ ဖြစ်တာတော့ သေချာလေ၏။

​သေသွား​သော လူသည် ရှေ့သို့တက်လှမ်းရန် သူ၏ပြင်းထန်သော စိုက်ထုတ်မှုကို အားကိုးကာ ဤ​နေရာသို့ ရောက်လာသည်။ မမျှော်လင့်ဘဲ သူတော်စင်တစ်ပိုင်း အဆင့်၇ပဲ ရှိတဲ့ လူတစ်​ယောက်ဆီမှာ လက်သီးတစ်ချက်ဖြင့် ရှုံးသွားခဲ့သည်။

လုရွှမ် သူ့နောက်က လူတွေကို ဂရုမစိုက်ချေ။ သူ့ကို ဒုက္ခရောက်အောင် မလုပ်ချင်ခဲ့ဘူးဆိုရင် သူ့ဘက်ကလည်း လှုပ်ရှားလိုက်မှာ မဟုတ်ချေ။ သူ့နောက်ကျောမှ အတောင်များသည် လှုပ်ယမ်းကာ အရှိန်မြှင့်ကာ အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ နဂါးအရွတ်ဆီသို့ လျင်မြန်စွာ ပြေးသွားကာ နဂါးအရွတ်ကို သူ့လက်ထဲတွင် အမိအရ ဆုပ်ကိုင်ထားလိုက်သည်။

"ကောင်လေး မင်း ဘယ်​ပြေးမလို့လဲ? ငါ့နောက်က လိမ်လိမ်မာမာနဲ့ လိုက်ခဲ့စမ်းပါ"

လုရွှမ် နဂါးအရွတ်ကို သိမ်း၍ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လူတော်တော်များများက သူ့ကို ဝိုင်းထားပေမယ့် ဘယ်သူမှ အနားမလာရဲကြချေ။ ပြေးမရအောင်ဘဲ သူ့ကို ဂရုတစိုက် စောင့်ကြည့်နေကြ၏။

"ချင်းလုံအရှင်... ငါတို့ မင်းကို စောင့်နေတာကြာပြီ နောက်ဆုံးတော့ မင်းလူလုံးထွက်​​ပြပြီပေါ့... မင်း ဉာဏ်ကောင်းတယ် ဆိုရင် ရတနာကို လွှဲပေးလိုက်... မဟုတ်ရင် မင်းတော့ သေပြီပဲ"

လုရွှမ်က ရယ်မော၍ ထိုလူများအား တစ်ချက် အကဲခတ်လိုက်သည်။ ဤလူများက သူ့ကို အခွင့်ကောင်းယူကာ တိုက်ခိုက် ခြိမ်းခြောက်ချင်​နေကြသည်။

"ဟုတ်ပြီ.... ထွက်သွားချင်တဲ့ လူတိုင်း ထွက်သွားလို့ရတယ်"

လုရွှမ်က ကောင်းကင်အလယ်မှာ ရပ်တန့်နေရင်း လက်နှစ်ဖက် နောက်ပစ်လျက် လူတိုင်းကို စိုက်ကြည့်နေသည်။

နေရာတိုင်းမှာ လှောင်ပြောင်ရယ်မော ဆူပူကြိမ်းမောင်းတာတွေ ရှိလာပေမယ့် ဘယ်သူကမှ ထွက်မသွားခဲ့ကြပေ။

"ချင်းလုံအရှင်... ငါတို့ ဧကရာဇ်အင်ပါယာတွေက မင်းကို အလိုရှိနေတာ ကြာပြီဆိုတာ မင်းသိလား? မင်းကို ထောင်ချောက်ဆင်ပြီး သခင်တွေ ရောက်လာတာကို စောင့်နိုင်သရွေ့တော့ ငါတို့မှာ အဆင့်မြင့် သလင်းကျောက် တစ်ထောင်လောက်ကို အသာလေးပဲ ရသွားမှာ.... ငါတို့လူတွေ အများကြီး မင်းကို ဝိုင်းထားပြီ အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်ရှိတဲ့ သူတွေအားလုံးက သူတော်စင်နယ်ပယ်တွေပဲ မင်းရဲ့ ခွန်အားနဲ့ ငါတို့ကို ဖြတ်ကျော်နိုင်မယ် ထင်လား? တကယ်..."

သူ့စကားမဆုံးခင်မှာပဲ သူ့ခေါင်းက ပေါက်ကွဲသွားလေ၏။

"မင်း စကားအရမ်းများလွန်းတယ်"

အော်ဟစ်သံတွေ ထွက်ပေါ်လာကာ သူ့ပတ်ဝန်းကျင်မှ လူများ လျင်မြန်စွာ နောက်ပြန် ဆုတ်သွားခဲ့သည်။ ယခုမြင်ကွင်းမှာ ကြောက်စရာ ကောင်းလွန်းလှသည်။ လုရွှမ် ဘယ်လိုလုပ်လိုက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘဲ သူတော်စင်နယ်ပယ် တတိယအဆင့် သခင်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ငါထပ်ပြောမယ် ထွက်သွားချင်ရင် အခုထွက်သွားလို့ ရ​သေးတယ်"

လေပြေတစ်ချက် ညင်သာစွာ မှုတ်ထုတ်လိုက်သလို အစောက ဆူညံသံများ တိတ်သွားကာ လူအချို့၏ လျင်မြန်သော အသက်ရှုသံများသာ ကျန်ရစ်ခဲ့သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သလင်းကျောက်များက ကောင်းသော်လည်း မိမိအသက် တစ်ချောင်းကသာ အရေးကြီးကြောင်း အတွေးတစ်ခုက ပေါ်လာခဲ့သည်။

လူငယ်တစ်ယောက်က လှည့်၍ ထွက်သွား၏။

ရုတ်တရက် အနောက်မှ အလင်းတန်းတစ်ခုက ပြေးလိုက်လာကာ လူကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။ သွေး​တွေ​ဖြာထွက်သွားကာ အသား​တွေလည်း လွင့်​စင်သွား​သည်။

သူတော်စင်နယ်ပယ် အဆင့်၄မှ လူတစ်ဦးသည် သူ၏မီးဓားပေါ်မှ သွေးများကို သုတ်လိုက်ပြီး အေးစက်သော အသံဖြင့် လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

"ဒီက​နေ ဘယ်သူမှ ထွက်သွားလို့ မရဘူး... ထွက်သွားတဲ့သူတိုင်းက ငါတို့မင်ယွဲ့ဧကရာဇ် အင်ပါယာကို ဆန့်ကျင်တဲ့လူပဲ.... ဒီမှာ နေခဲ့ပြီး ဒီအမှိုက်​ကောင်ကို ထောင်ချောက်ဆင်ဖို့ ကူညီပေးရမယ်.... နောက်ကျရင်ဘအကျိုးခံစားခွင့်တွေကို မျှဝေပေးမှာပါ.... ဒါပေမဲ့ အဲဒါတွေကို တန်ဖိုးထားဖို့ မသိရင်တော့ အစောကလူအတိုင်း သေရလိမ့်မယ်"

လုရွှမ်သည် မင်ယွဲ့ဧကရာဇ် အင်ပါယာမှ လူတစ်စု၏ မောက်မာသော လုပ်ရပ်ကို အေးစက်စွာပဲ ကြည့်နေသည်။ သူ ဤလူများကို ကယ်တင်နေဖို့ စိတ်မ၀င်စားပါ။ သူ့ကိုသတ်ဖို့ ထွက်လာပြီ ဆိုမှတော့ သူ့ဘက်ကလည်း တစ်ခုခုတော့ ပြန်ပေးရတော့မှာပေါ့။

"ကောင်းပြီ.... ဘယ်သူမှ မသွားဘူးပေါ့ ဟုတ်လား? ဒါဆို သေသွားလိုက်တော့"

လုရွှမ်လည်း အေးစက်စက် ဆိုလိုက်သည်။

ဘယ်ဘက်လက်မှ ဝိညာဉ်မီး​တောက် ဘောလုံးတစ်ခု ပေါ်လာပြီး ညာလက်မှ ကောင်းကင်ဖီးနစ်မီး၏ မီးတောက်တစ်ခုက ပေါ်လာခဲ့သည်။ မီးတောက်နှစ်ခုမှာ ကောင်းကင်ထက်သို့ ပျံတက်သွားကာ တစ်ဆက်တည်း ပတ်ဝန်းကျင်ကိုပါ ဖြာထွက်သွားတော့သည်။

မူလက ကောင်းကင်ဖီးနစ်မီးသည် အလွန်အစွမ်းထက်သောကြောင့် လက်နက်အဖြစ် အသုံးပြုနိုင်သော်လည်း ဖီးနစ်အမွေးမှ ထုတ်ယူထားသောကြောင့် အရည်အသွေး အနည်းငယ် နိမ့်ပါသည်။ ယခုအချိန်တွင် စိတ်ဝိညာဉ်မီး​တောက်များ ရှိနေသောကြောင့် ကောင်းကင်ဖီးနစ်မီး၏ တိုက်ခိုက်မှုများသည် လုရွှမ်ရဲ့ ဝှက်ဖဲ မဟုတ်တော့လို့ အရေးကြီးသော အခိုက်အတန့်တွင် အသုံးမပြုနိုင်တော့ပေ။

မီးတောက်တွေက ကောင်းကင်ထက်မှာ ပြည့်လျှံသွားပြီး လူတိုင်းကို လျင်မြန်စွာပဲ ဖုံးလွှမ်းသွားသည်။ အနီရောင်ဖျော့ဖျော့ အလင်းရောင်သည် လူတိုင်း၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းသွားပြီး သူတို့၏မျက်နှာများကို ပို၍ပင် နီရဲလာစေသည်။

လှပသော ဖီးနစ်မီးတောက်မှာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းထားကာ ကျင့်ကြံသူများစွာ၏ အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာစေ၏။ မီးလောင်ကျွမ်းနေသော အလောင်းများသည် မိုးရွာချလိုက်သလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

"ဒါက ဘယ်လိုမီး​တောက်​ကြီးလဲ"

"ကယ်ကြပါဦး!"

"ချင်းလုံအရှင် ငါတို့ မှားသွားပါတယ်... အသက် ချမ်းသာပေးပါ..."

"ချင်းလုံအရှင် မင်း အရမ်းရက်စက်တာပဲ"

လုရွှမ်သည် လူတိုင်းကို အေးစက်စွာ ကြည့်ကာ သက်ညှာပေးဖို့ တောင်းဆိုနေတဲ့ အသံတွေကို တည်တည်ငြိမ်ငြိမ် မလှုပ်မယှက် စိုက်ကြည့်နေလေသည်။

နောက်ဆုံးတွင် မီးငြိမ်းသွားပြီး သူမှလွဲ၍ အခြားမည်သူမျှ လေထဲတွင် မရှိတော့ပေ။ လုရွှမ် မီးတောက်ကို ရုတ်သိမ်းလိုက်ပြီး အဝေးကနေ လှမ်းကြည့်နေတဲ့ လူဘက်ကို ခေါင်းလှည့်လိုက်သည်။

"ဧကရာဇ်အင်ပါယာ ရှစ်ခုကို ပြောလိုက်.... ငါ့နာမည်က ချင်းလုံအရှင်..... ငါ့ကို သတ်ချင်ရင် လာခဲ့လိုက်.... "

ပြောပြီးသည်နှင့် သူသည် သူတော်စင်တစ်ပိုင်း ကမ္ဘာ၏ အလယ်ဗဟိုဆီသို့ ဆက်လက် ပြေးထွက်သွားခဲ့သည်။

All Chapters