← Chapters

အတိတ်ခေတ်၏ ရန်ကြွေးများ

Vol. 69 Ch. 901

အတိတ်ခေတ်၏ ရန်ကြွေးများ

Vol. 69 Ch. 901

နဂါးချီလင် ထိတ်လန့်သွားသည်။ “အရစ်ကွင်းငါးသန်းက ဆယ်ရာခိုင်နှုန်းတောင် မရှိသေးဘူးဟုတ်လား... ဒါဆို အမိကမ္ဘာမြေက အနည်းဆုံး နှစ်သန်းငါးဆယ်အထိ နေပြီးတာလား”

ချင်မူက အသက်ရစ်ကွင်းများကို ရေနေရင်းဖြင့် ပြောသည်။ “နှစ်သန်းငါးဆယ်က နည်းတောင် နည်းနေသေးတယ်... သစ်သားတုတ်ချောင်းက ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်ပဲ ရှိသေးတယ်...ပင်စည်တစ်ခုလုံး မဟုတ်သေးဘူး... အပြင်မှာ အရစ်တွေ ဘယ်လောက်ရှိဦးမလဲ ဘယ်သူသိနိုင်မလဲ... ခန့်မှန်းရသလောက်ဆို သစ်ပင်အူတိုင်က သူ့တကယ့်အသက်ရဲ့ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်သေးတယ်”

ဤအတိုင်းဆိုလျှင် အမိကမ္ဘာမြေ၏ အသက်သည် အနည်းဆုံး နှစ်သန်းငါးဆယ် ရှိနေပြီမဟုတ်လော။ ယန်အာလည်း ထိတ်လန့်လာသည်။

“သခင်လေး၊ ဒီသစ်ပင်က အမိကမ္ဘာမြေရဲ့ အသက်အစစ်ကိုလည်း မဖော်ပြနိုင်ဘူးမလား... ဘာလို့ အသက်ရစ်တွေ ဆက်ရေနေသေးတာလဲ” ယန်အာ အူကြောင်ကြောင် ဖြစ်နေ၏။

ချင်မူက ဆက်လက်ရေတွက်နေရင်း ပြန်ဖြေသည်။ “တကယ့်ရည်ရွယ်ချက်က အသက်ရစ်တွေကို ရေတွက်ပြီး ဒီရတနာရဲ့ အသက်ကနေတစ်ဆင့် ဘယ်လိုလက်နက်အဖြစ် သွန်းလုပ်နိုင်မလဲ ဆုံးဖြတ်ဖို့တင် မဟုတ်ဘူး..... ဥပမာ ဒီအသက်ရစ်တွေက တစ်ခုနဲ့တစ်ခု အင်မတန် နီးကပ်နေတယ်... ဒါကို ကြည့်လိုက်တာနဲ့ အမိကမ္ဘာမြေ မွေးလာပြီး နှစ်နှစ်သန်းလောက် ကြာတဲ့အချိန်မှာ ကမ္ဘာဦးသစ်ပင်ကြီးထွားနှုန်း ရပ်တန့်သွားစေနိုင်တဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ခဲ့တာ ထင်ရှားတယ်... အဲဒီအချိန်မှာ ကမ္ဘာဦးသစ်ပင် ကပ်ဘေးတစ်ခု ရင်ဆိုင်နေရတယ်လို့ ဆိုလိုတာမျိုးပေါ့”

ကမ္ဘာဦးအစ ဖြစ်တည်ပြီးနောက်မှ မွေးဖွားလာသော သက်ရှိသတ္တဝါများသည် နဂါးခေတ်မတိုင်ခင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း မသိပေ။ ရှေးဟောင်းနတ်ဘုရားများ မထုတ်ဖော်သရွေ့ မည်သူမှလည်း သိရှိနိုင်မည်မဟုတ်။

ထိုခေတ်က ကမ္ဘာဦးခေတ်ဖြစ်သည့်အတွက် ထိုခေတ်၏ မှတ်တမ်းများ ကမ္ဘာပေါ်တွင် မတည်ရှိချေ။

ချင်မူ အသက်ရစ်ကွင်းများကို အသေအချာ ရေတွက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်က နှစ် ၇၆ သန်း ကျော်ပြီ ကြာပြီ... အဲဒီကြားထဲ ကမ္ဘာဦးသစ်ပင်ကို သေဆုံးလုဆဲဆဲ ဖြစ်စေခဲ့တဲ့ ကပ်ဘေး ဆယ်ခု ဖြစ်ပွားခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတွေ အုပ်စိုးနေတဲ့ကာလမှာ ကမ္ဘာဦးဘုံက မအေးချမ်းခဲ့တဲ့ပုံပဲ... ဒါပေမဲ့ ဒီရှေးဟောင်းနတ်ဘုရားတွေက ရှေးဟောင်းကမ္ဘာဦးဘုံမှာ အင်အားအကြီးဆုံး ဖြစ်တည်မှုတွေ မဟုတ်လား... ဘယ်လိုလုပ်ပြီး အဲဒီလိုအန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့တာလဲ... တစ်ယောက်ကိုတစ်ယောက် သတ်လို့လား... အခြားအင်အားတွေ ရှိနေလို့လား”

သဘောတရားအရ ရှေးဟောင်းနတ်ဘုရားများသည် ရှေးဟောင်းခေတ်တွင် အင်အားအကြီးမားဆုံး ဖြစ်ကြပြီး သူတို့ကို ခြိမ်း‌ခြောက်နိုင်သောအရာဟူ၍ မရှိပေ။ အမိကမ္ဘာမြေ၏ ဖြစ်တည်မှုက မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းနှင့် တန်းတူရှိသလို၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အောက် အနည်းငယ်သာ နိမ့်ကျ၏။

မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း သို့မဟုတ် ရှေးဟောင်းနတ်ဧကရာဇ် သူမကို မတိုက်ခိုက်သရွေ့ အမိကမ္ဘာမြေသည် ရှေးဟောင်းကမ္ဘာဦးဘုံတွင် အန္တရာယ်ရှိမည်မဟုတ်ပေ။ သို့သော် ထိုခေတ်တောအတွင်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အတူတူမရပ်နိုင်သော အတိုင်းအတာအထိ ခွာမပြဲသေးသည့်အတွက် အချင်းချင်း သတ်ကြဖြတ်ကြဦးမည်မဟုတ်ပေ။

ချင်မူ အတော်ကြာ စဉ်းစားနေသော်လည်း မည်သည်ကိုမျှ မစဉ်းစားနိုင်ဖြစ်နေ၏။

“ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်မှာ အသက်ရစ်ကွင်းတွေ အများကြီး ရှိနေတယ်.. နတ်လက်နက်အဖြစ် ဖန်တီးပြီး ငါ စိတ်တိုင်းကျ ထိန်းချုပ်နိုင်တဲ့အဆင့်အထိ လုပ်ဖို့ ခက်လိမ့်မယ်... အသက်ရစ်ကွင်းရဲ့ နှစ်တစ်နှစ်စီအပေါ်မှာ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်လို့လည်း ရကောင်းရနိုင်တယ်... ဝင်္ကပါတစ်ခု၊ တစ်ကွင်းပေါ့.. ဒါဆို ဝင်္ကပါ ၇၆ သန်းတောင် ရှိလာမှာ... အဲဒီဝင်္ကပါတွေရဲ့ စွမ်းအားနဲ့တင် ကောင်းကင်နဲ့မြေပြင်ကို ဖျက်စီးဖို့ လုံလောက်တယ်”

ချင်မူမှာ စိတ်အားတက်ကြွနေသော်လည်း များစွာမကြာလိုက်ဘဲ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ အမိကမ္ဘာမြေ၏ အူတိုင်အပေါ်တွင် အသက်ရစ်ကွင်း များလွန်း၏။ သူ့တွင် တစ်ကွင်းစီအပေါ်၌ သင်္ကေတအမှတ်အသားများ ခတ်နှိပ်နိုင်လောက်သည်အထိ လုံလောက်သော အသိအမြင်မရှိသေးပေ။

‘လှံအဖြစ် သုံးရင်ကောင်းမလား.. ဒါပေမဲ့ လှံသိုင်း မကျွမ်းဘူး.. ဓားပျံဆိုရင်ရော’

သူက အတန်ငယ် တွေးကြည့်ပြီးနောက် ချီစွမ်းအင်ကို ကမ္ဘာဦးသစ်ပင်၏ အူတိုင်ထဲ ပို့လွှတ်ကြည့်သည်။ ထို့နောက် သူ့မျက်နှာသည် မီးသွေးတုံးကဲ့သို့ မည်းခြစ်သွားတော့၏။

သူ၏ချီစွမ်းအင်က မူလအခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်၍ နတ်ဘုရားအောက် မနိမ့်ကျတော့ပေ။ သို့သော် သူ၏ကြောက်မက်ဖွယ်ရာ ချီစွမ်းအင် အူတိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ပင်လယ်ပြင်ထဲ ရွှံ့နွားရုပ်လေး ပစ်ချလိုက်သကဲ့သို့ ပျောက်ချင်းမလှ ပျောက်သွားသည်။ မည်သို့မျှ အပြည့်ဖြည့်နိုင်မည်မဟုတ်ပေ။

အမိကမ္ဘာမြေသည် အမှန်ပင် အစွမ်းထက်သော လက်နက်တစ်ခု သူ့ဆီ ပေးခဲ့ချေပြီ။ ဧကရာဇ်ပလ္လင်အဆင့် ဖြစ်တည်မှုများပင် ထိုကဲ့သို့ရတနာများကို သွန်းလုပ်နိင်မည်မဟုတ်ပေ။

ချင်မူ ချီစွမ်းအင်ကို ဆက်လက်ထုတ်လွှတ်နေပြီးနောက် ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ပင့်မြှောက်နိုင်သွားသည်။ သို့သော် သစ်သားတုတ်က ရှည်လျားလွန်း၏။ အနည်းငယ် ထိုးကြည့်၊ စိုက်ကြည့်ပြီးနောက်တွင် သူ့၌ မှော်စွမ်းအင် မရှိတော့ပေ။

‘အမိကမ္ဘာမြေ အလျင်စလို ပြန်သွားတာလဲ အံ့ဩစရာမရှိဘူး....’

ချင်မူ လက်ဆန့်ထုတ်၍ တုတ်ကို ဆွဲကိုင်ကာ လှည့်ပတ်ကြည့်သည်။ လှံအဖြစ် သုံးလျှင် လှံရွက် လိုနေပြီး တုတ်အဖြစ် သုံးပြန်လျှင်လည်း ရှည်လွန်းနေကြောင်း သဘောပေါက်သွား၏။

‘နည်းနည်းသာ တိုလို့ကတော့...’

သူ ဤသို့‌တွေးနေစဉ် ကမ္ဘာဦးသစ်ပင်၏ အူတိုင်သည် အနည်းငယ် တိုဝင်သွားသည်။

ချင်မူ အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “နည်းနည်းလေး ထပ်တိုဦး”

ထပ်မံ၍ ကမ္ဘာဦးသစ်ပင်က တိုသွားပြန်သည်။

ချင်မူက ပြောသည်။ “ထပ်တိုလိုက်ဦး”

ကမ္ဘာဦးသစ်ပင်သည် သုံးပေသာ ရှိတော့သည်အထိ တိုဝင်သွား၏။ ချင်မူက ၎င်းကို ဓားသဖွယ် ဆုပ်ကိုင်လိုက်ရာ ပိုပြီး သုံးရလွယ်ကူလာသည်။ သူ ဝမ်းသာသွားတော့သည်။ “ရှည်လိုက်စမ်း”

ရွှပ်

ရုတ်တရက် သူ့လက်ထဲရှိ ကမ္ဘာဦးသစ်ပင်၏ အူတိုင်သည် ကြောက်ခမန်းလိလိ ကြီးထွားလာပြီး တုတ်ရှည်တစ်ချောင်းအသွင်ဖြင့် မိုင်ပေါင်းရာချီအကွာ၌ ရှိနေသော တောင်တစ်လုံးထဲသို့ ဖောက်ဝင်သွား၏။

ချင်မူ အံ့ဩတုန်လှုပ်သွားပြီး တုတ်ကို ဆွဲထုတ်ကြည့်သော်လည်း မဆွဲထုတ်နိုင်သဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။ “တိုစမ်း...”

တိုဝင်နေသော တုတ်ချောင်းက သူ့ကို တောင်ထိပ်ဆီသို့ ဆွဲခေါ်သွား၍ ချင်မူမှာ နဂါးချီလင်၏ ခေါင်းပေါ်မှ ပျံထွက်သွားကာ တောင်ကြီးထံ ဘုန်းခနဲ ဝင်တိုက်မိတော့သည်။

နဂါးချီလင်နှင့် ယန်အာ ထိတ်လန့်သွားသည်။ ထိတိုက်လိုက်မှုကြောင့် တောင်ထိပ်ပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသည်ကို သူတို့နှစ်ယောက် မြင်နေရ၏။ အတန်ကြာသော် ချင်မူက သနားစဖွယ်အသွင်ဖြင့် အက်ကွဲကြောင်းထဲမှ ခုန်ထွက်လာသည်။

ချင်မူ ရင်ထဲတွင် လှုပ်ခတ်နေပြီး ဓားစက်လုံးကို ထုတ်သည်။ ဓားစက်လုံးသည် ပျံသန်းသွားပြီး တုတ်အပေါ်သို့ ဆင်းသက်ကာ လှံရွက်အသွင် ဖွဲ့တည်သွား၏။ လှံက သူ သွားသည့်နေရာတိုင်း လိုက်လာသည်။ အတို၊ အရှည်၊ အထူ၊ အပါး၊ အမာ၊ အပျော့... အားလုံးကား သူ့စိတ်တိုင်းကျ ပြောင်းလဲနေပြီး မြွေကြီးတစ်ကောင် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ပျံဝဲနေသကဲ့သို့ ထင်ရပေသည်။

“ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်က အတော်မိုက်တာပဲ”

ချင်မူမှာ တလေးတစား စုပ်သပ်ရင်း ဓားစက်လုံးကို သိမ်း၍ ပြန်လာသည်။ “သစ်သားဓားအသွင် မပြောင်းနိုင်သေးတာ နှမြောစရာပဲ... လှံနဲ့က မရင်းနှီး‌တော့ ငါ့လက်ထဲမှာ ဒီလက်နက် အသုံးမဝင်ဘူး ဖြစ်နေတယ်”

ချင်မူ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို ထောင်ကျယ်အိတ်ထဲ ထည့်နေစဉ် ယန်အာက သူ၏ ရှုပ်ပွနေသည့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် လုပ်ပေးနေသည်။

ချင်မူက ကျောက်စိမ်းပုလင်းလေး တစ်ပုလင်း ဖွင့်ပြီး ချီစွမ်းအင်ကို သုံး၍ အရည်တစ်စက် ထုတ်လိုက်သည်။ “မမကြီးယန်အာ၊ ဒါက မမကြီးအတွက်ပါ”

ယန်အာမှာ အံ့ဩဝမ်းသာသွားကာ ကမ္ဘာဦးရေကြည်ကို အလျင်အမြန် မြိုချလိုက်သည်။

နဂါးချီလင်မှာ မနာလိုဖြစ်နေသော အမူအရာ ရှိ၏။ ချင်မူက ပြောလိုက်သည်။ “ဖက်တီးနဂါး၊ မင်းက ကမ္ဘာဦးရေကြည်ကို မဖိနှိပ်နိုင်သေးတော့ အရည်စက်လေးတစ်စက်နဲ့တင် မင်းကို သတ်လို့ရတယ်... မင်း အရွယ်ရောက်လာတဲ့အချိန် သောက်နိုင်အောင် ငါ တစ်စက် ချန်ထားပေးပါ့မယ်”

နဂါးချီလင်က သဘောတူပြီး စိတ်သက်သာရာရသွား၏။

“ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်နဲ့ဆို အစ်ကိုကြီးကို ကယ်လို့ရလောက်တယ်...”

ချင်မူက မက်မွန်သားဆံထိုးကို ထုတ်ပြီး မာန်ဟုန်မြစ်ဆီသို့ မျက်နှာမူလိုက်ရင်း ဆံထိုးအား အသက်သွင်းလိုက်သည်။ ကြီးမားကျယ်ဝန်းသော ကောင်းကင်နတ်မြစ်က ပန်းထွက်လာကာ မာန်ဟုန်မြစ်နှင့် ပေါင်းစည်းသွားသည်။

ထော့ကျိုးက သူ့ကို ကယ်လာပြီးနောက် မာန်ဟုန်မြစ်တွင် လူသားဧကရာဇ်ချီကန်း မြင်ခဲ့ရသော မြင်ကွင်းအကြောင်း ပြောပြခဲ့သည်။ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက ဝေစွေ့ဖုန်းကို ဖမ်းဆီးပြီးနောက် ရေနှစ်သတ်ရန် ကြိုးစားခဲ့သော်လည်း ဝေစွေ့ဖုန်းသည် တစ္ဆေသင်္ဘောနှင့် တစ်သားတည်း ဖြစ်သွားပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုခဲ့၏။

အရှေ့ကောင်းကင်နန်းဆောင်၏ ပိုင်နက်၌ ရှိနေစဉ်တုန်းက ချင်မူသည် အရှေ့ကောင်းကင်နန်းဆောင် သိသွားမည်စိုးခဲ့၏။ ယခုတွင် အမိကမ္ဘာမြေ ထွက်လာခဲ့ရာ အရှေ့ကောင်းကင်နန်းဆောင်၏ ပိုင်နက်မှ ကျော်လွန်လာပြီဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် မက်မွန်သားဆံထိုးက တစ္ဆေသင်္ဘောနှင့် ဝေစွေ့ဖုန်းကို ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲမှ ကယ်တင်နိုင်မည်လား စမ်းကြည့်ချင်မိ၏။

ဆံထိုးထဲရှိ ကောင်းကင်နတ်သိုင်း အသက်ဝင်လာသည်နှင့် မြူခိုးများက မြစ်လယ်တွင် မြောက်တက်လာသည်။ မြူခိုးများသည် အတိတ်မှ လာနေသည်နှင့် တူပြီး မြစ်ရေပြင်မှာ တဝုန်းဝုန်း လှုပ်ခတ်နေသည်။

မာန်ဟုန်မြစ်နှင့် ကောင်းကင်နတ်မြစ်မှာ တစ်ခုတည်း ဖြစ်ခဲ့သော်လည်း နောက်ပိုင်း နှစ်ပိုင်းခွဲခံခဲ့ရသည်။ ယခုတွင် အစိတ်အပိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းသွားချေရာ မြစ်ပြင်ထက်မှ ထူးဆန်းသောအလင်းရောင်တို့ ဖြာထွက်လာပြီး ပုံရိပ်သဏ္ဍာန်များ ဖွဲ့တည်လာကြ၏။

ထပ်ဆင့်နေသော နန်းဆောင်များ၊ သင်္ဘောကြီးများ၊ နတ်ဘုရားများ၊ မိစ္ဆာများနှင့် အမျိုးမျိုးသောအရိပ်တို့သည် နားကွဲလုမတတ် ဆူညံသံများနှင့်အတူ တဟုန်ထိုး ရွေ့လျားနေကြသည်။

ဤပုံရိပ်များက မာန်ဟုန်မြစ်၏ သမိုင်းကို ကိုယ်စားပြုလေသည်။ အတိတ်မှ လူများ၊ အဆောက်အဦများ၊ သမိုင်းအဖြစ်အပျက်များအားလုံး... ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းဆီမှ တွန်းအားကြောင့် တစ်ခါတည်း ထွက်ပေါ်လာကြသည်။

ကောင်းကင်နတ်မြစ်နှင့် မာန်ဟုန်မြစ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ရုတ်တရက် မြစ်တစ်စင်းလုံး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ မိုင်ထောင်ချီ ရှည်လျားသော မြစ်ရေပြင်သည် ပုံရိပ်သဏ္ဍာန်မျိုးစုံနှင့်အတူ ကောင်းကင်ထက်၌ ပျံဝဲနေချေပြီ။ နန်းဆောင်ပျံများမှာလည်း ရှေးခေတ်၏ ပြာမှုန်များကြားမှ ထလာပြီး ဤခေတ်၌ ဖွဲ့တည်လာသကဲ့သို့ ထင်ရသည်။

ဘုန်း

ခေတ်တစ်ခေတ်စီမှ အဆောက်အဦများ၊ နတ်ဘုရားများနှင့် မိစ္ဆာများ အချင်းချင်း ဝင်တိုက်သွားသဖြင့် အစအနများ ကောင်းကင်ထက်မှ ရွာကျလာသည်။ ဤမြင်ကွင်းမှာ မည်သည့်အရာနှင့်မျှ မယှဉ်နိုင်လောက်အောင် အံ့အားသင့်စရာကောင်း၏။

မက်မွန်သားဆံထိုးကို ဆုပ်ကိုင်ထားသော လက်က ပြင်းပြင်းထန်ထန် တုန်ခါလာ၍ ချင်မူမှာ လက်နှစ်ဖက်ဖြင့် ဆံထိုးကို ဖမ်းဆုပ်ကာ သူ့ခန္ဓာကိုယ်အား တည်ငြိမ်စေလိုက်သည်။ သို့တိုင်အောင် မက်မွန်သားဆံထိုးက သူ့လက်ထဲမှ လွတ်ထွက်သွားတော့မည့်အလား ခံစားနေရသည်။

“ဝေစွေ့ဖုန်း”

ချင်မူ အဆုတ်ကွဲမတတ် အော်ဟစ်ရင်း ဆံထိုးထဲသို့ အားအင်အကုန် ထည့်လိုက်သည်။ “အစ်ကိုကြီး၊ ဘာလို့ ထွက်မလာသေးတာလဲ”

တစ္ဆေင်္ဘောသည် အနက်ရောင်မြူခိုးများကို ခွင်းလျက် သူ့အနားသို့ ဝိုးတိုးဝါးတား ချဉ်းကပ်လာ၏။

ချင်မူ့ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်က ပိုပို၍ မငြိမ်မသက် ဖြစ်လာကာ ပြိုကျစပြုလာသည်။ ခေတ်တိုင်းခေတ်တိုင်း တစ်ခေတ်အပေါ်တစ်ခေတ် ထပ်သွားပြီး နတ်ဘုရားများ၊ မိစ္ဆာများနှင့် နန်းဆောင်လည်း ထပ်သွားကြသည်။ တစ္ဆေသင်္ဘောပင်လျှင် ပြိုကွဲတော့မည့် လက္ခဏာများ ပြလာ၏။

တစ္ဆေသင်္ဘော၏ သင်္ဘောဦး၌ သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။ သူက ပါးစပ်ဖွင့်ပြီး တစ်စုံတစ်ခု ပြောနေသော်လည်း ခေတ်တိုင်းခေတ်တိုင်း၏ သမိုင်းပုံရိပ်များလည်း ပြိုင်တူထွက်ပေါ်လာရင်း အလွန်ဆူညံနေသဖြင့် သူ့အသံကို ကောင်းကောင်းမကြားရချေ။

ချင်မူက ဆံထိုးဆုပ်ထားသော လက်တစ်ဖက် လွှတ်၍ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို အလျင်အမြန် ထုတ်ကာ အော်ဟစ်လိုက်သည်။ “ကြီးထွားစမ်း”

ရွှပ်

ကမ္ဘာဦးသစ်ပင်၏ အူတိုင်က တစ္ဆေသင်္ဘောဆီသို့ လျင်မြန်စွာ ပြန့်ကားသွားပြီး အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် ပေါင်းကူးတံတား ထိုးပေးရန် ကြိုးစားနေဟန်တူ၏။

ကမ္ဘာဦးသစ်ပင်၏ အူတိုင်မှာ တိုင်းတာမရအောင် ရှည်လျားသော်လည်း တစ္ဆေသင်္ဘောက ဝေးကွာလွန်းနေသည်။ သင်္ဘောပေါ်ရှိ ဝေစွေ့ဖုန်းက ကမ္ဘာဦးသစ်ပင်တုတ်ချောင်းဆီ ပျံတက်ရန် ကြိုးစားသော်လည်း ပျံတက်လိုက်သည့် တခဏတွင် သူ့ခန္ဓာကိုယ်မှာ လွင့်ပျယ်လိုက်၊ ဖွဲ့တည်လိုက် ဖြစ်လာ၏။ သူကား ထွက်မသွားခဲ့သည့်အလားပင်။

“မြေပုံ..”

သူ့အသံကို ခပ်တိုးတိုး ကြားရ၏။

ချင်မူမှာ မက်မွန်သားဆံထိုးကို ထပ်မံဆုပ်ကိုင်နိုင်တော့သဖြင့် ချီစွမ်းအင်ကို ပြန်လည်ရုတ်သိမ်းလိုက်ရသည်။ ကောင်းကင်နတ်မြစ်မှာ တမုဟုတ်ချင်း နှစ်ပိုင်းကွဲသွားပြီးနောက် တစ်ပိုင်း ပျောက်ကွယ်သွားသည့်အချိန် မာန်ဟုန်မြစ်သည် ကောင်းကင်ထက်မှ ကျဆင်းလာ၏။ တစ္ဆေသင်္ဘော၊ ကောင်းကင်နန်းဆောင်များနှင့် မရေမတွက်နိုင်သော နတ်ဘုရား၊ မိစ္ဆာအားလုံး သမိုင်းထဲ၌ ပြန်လည်တိမ်မြှုပ် ကွယ်ပျောက်သွားကြသည်။

မြေခိုးများလည်း လျင်မြန်စွာ ဆုတ်ခွာသွားကာ များမကြာခင် အစအနပင် မတွေ့ရတော့ပေ။

ကမ္ဘာဦးသစ်ပင်၏ အူတိုင်တုတ်ချောင်းက ချင်မူ့လက်ထဲ ဆင်းသက်လာသည်။

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ တုန်ရီနေသော နေရာဟင်းလင်းပြင်သည် ရုတ်ခြည်း ငြိမ်သက်သွားပြီး စောစောက ပုံရိပ်သဏ္ဍာန်များမှာ ထင်ယောင်ထင်မှားမြင်ကွင်းများသာ ဖြစ်ခဲ့သယောင် ထင်ရ၏။

“မက်မွန်သားဆံထိုးက ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကနေ တစ္ဆေသင်္ဘောကို မဆွဲထုတ်ပေးနိုင်ဘူး... မြေပုံကပဲ သူ့ကို ကယ်နိုင်မှာ ဖြစ်လောက်တယ်”

ချင်မူ မှင်သက်သွားပြီး မက်မွန်သားဆံထိုးကို ကပျာကယာ သိမ်းလျက် အော်လိုက်သည်။ “မမကြီးယန်အာ၊ မြန်မြန်ထွက်သွားကြစို့”

ယန်အာသည် နဂါးစာကလေးအသွင် ပြောင်းလျက် နဂါးချီလင်နှင့် သူ့ကို ကျောပေါ် တင်လိုက်၏။ ချင်မူ သူမကျောပေါ် ရောက်သည့်အခါ နဂါးစကာကလေးက တောင်ပံဖြန့်၍ ချက်ချင်း ပျံထွက်သွားတော့သည်။

သူတို့ထွက်သွားပြီး ရှေးမနှောင်းမှာဘဲ နေရာဟင်းလင်းပြင်မှာ လိပ်ခေါက်သွားပြီး ထူးဆန်းသော အသွင်အပြင်များနှင့် သန်မာအားကောင်းသည့် နတ်ဘုရားတို့ ရောက်လာကြသည်။ သူတို့သည် ပတ်ဝန်းကျင်ကို လိုက်လံစစ်ဆေးသော်လည်း မည်သည်ကိုမျှ ရှာမတွေ့‌ပေ။

ရုတ်တရက် နတ်ဘုရားတစ်ပါးက မုခ်ဝတစ်ခု ပင့်တင်လိုက်သည်။ မုခ်ဝသည် ပွင့်လာပြီး ကောင်းကင်ယင်သားတော်က ပတ်ဝန်းကျင်အား ကြည့်ရှုရင်း ထွက်လာ၏။

“မဟူရာနတ်မင်း၊ ထူးဆန်းတဲ့ ပုံရိပ်သဏ္ဍာန်တွေ ကောင်းကင်နတ်မြစ်မှာ ထွက်ပေါ်လာခဲ့ပါတယ်... သမိုင်း ပြန်အသက်ဝင်ပြီး မပြည့်စုံတဲ့ မြစ်နဲ့ ဆက်သွားခဲ့တယ်... ကျွန်တော်တို့ ဒီကိစ္စကို ကောင်းကင်နတ်ဘုံဆီ တင်ပြစရာလိုလား” နတ်ဘုရားတစ်ပါးက မေး၏။

ကောင်းကင်ယင်သားတော် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “နှစ်ပိုင်းပြတ်သွားတဲ့ ကောင်းကင်နတ်မြစ်က ဆက်သွားတယ်ဟုတ်လား”

ကောင်းကင်ယင်သားတော်က ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးပြီးနောက် အော်ဟစ်သည်။ “ဒါက အရေးကြီးကိစ္စပဲ.. အကုန်အစင် စုံစမ်း.... ဘယ်မကောင်းဆိုးဝါးက ပြဿနာပေးနေတာလဲ ကြည့်... ငါ ဒီကိစ္စကို ကောင်းကင်နတ်ဘုံဆီ တင်ပြလိုက်မယ်”

နတ်ဘုရားမိစ္ဆာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

ကောင်းကင်ယင်သားတော်က မုခ်ဝထဲ ပြန့်လှည့်ဝင်သွားရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ကောင်းကင်နတ်အရှင်လင်၊ တစ္ဆေသင်္ဘော... ကမ္ဘာကြီး ခဏလောက် ငြိမ်းချမ်းပေးလို့မရဘူးလား... အတိတ်တုန်းက ရန်ကြွေးတွေကို ဘယ်သူ ကြည့်သွားတာလဲ”

All Chapters