ဘယ်လိုတောင် အရှက်မဲ့ လိုက်လဲ။
Vol. 136 Ch. 1891
“ တစ်နှစ် လောက်နဲ့ ... ၊ အမှိုက် တစ်စက ရွှေဖြစ် မလာ ပါဘူး။ ”
ရုတ်တရက် ထက်မြက်သော အသွင်ဖြင့် လူငယ် တစ်ယောက် လျှောက်လှမ်း လာသည်။ ထိုသူက ချန်ကျွယ်အား ထရပ် နိုင်အောင် ဖေးမပေး လိုက်သည်။
နဂါး မူလကို ဖြန့်ဝေ ထားခြင်း မပြုခဲ့ သော်လည်း၊ သူ့ထံမှ ထွက်လာသော ဖိအား သည်၊ မီးတောင် တစ်လုံး နှင့်တူ၏။
“ စီနီယာ အစ်ကို ကျန်း ... ။ ”
ချန်ကျွယ်က ဝမ်းသာ အားရ နှုတ်ဆက် လိုက်သည်။
“ စီနီယာ အစ်ကို ကျန်း ... ။ ”
တစ်ဖက်တွင် မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် များက ထိတ်လန့် ကုန်၏။ ချန်ဖန် ခမျာ မျက်နှာ ဖြူဖျော့လျက်၊
“ ဒီအရူးက ဘာလို့ အချိန်မီ ပြန်ရောက် လာရ တာလဲ။ ”
-ဟု ညည်းတွား လိုက်တော့သည်။
ကျန်းယွီသည် သူတော်စင် တစ်ပါး၏ တိုက်ရိုက် တပည့် ဖြစ်၏။ သူ့ ဆရာ သခင်သည် ဂိုဏ်း၌ ထင်ရှားသော ပုဂ္ဂိုလ် ဖြစ်သည်။
ထိုသူတော်စင်မှ တပည့် အဖြစ် မခေါ်ယူမီ၊ ကျန်းယွီ ခွန်အားသည်၊ သူတော်စင် တပည့်များ ကြား၌၊ ထိပ်ဆုံး (၁၀)ဦး အဆင့် ဝင်၏။
ကောင်းကင် တာအို ဂိုဏ်းသာ မက၊ အရှေ့ဘက် ပျက်စီး မြေ၏ ဘုရင် အဆင့် ၌ လည်း၊ ထိပ်တန်း အဆင့် ဝင်သည်။
လွန်ခဲ့သော တစ်နှစ်က ယဲ့ချင်းရှန်အား နှင်ထုတ်စဉ်၊ ဂိုဏ်း ပြင်ပသို့ လိုက်ပါ သွားကာ၊ သင်ခန်းစာ ပေးခဲ့ ဖူးသည်။
ယဲ့ချင်းရှန် တစ်ယောက်၊ နဂါး သွေး လွှတ်ကြောများ ပျက်စီးကာ၊ ဒုက္ခိတ ဖြစ်လု နီးပါး တွားသွား ထွက်ခွာ သွားခဲ့ ရ၏။
“ ကျန်းယွီ ... ။ ”
ဤအမည်ကို ကြားသော အခါတွင်၊ လင်းယွန်မှ စိတ်ဝင်စား သွား၏။ ကောင်းကင် တာအို ဂိုဏ်း ရောက်ချိန်မှ စကာ၊ ထိုအမည်ကို အကြိမ်ကြိမ် ကြားခဲ့ ရသည်။
“ အစ်ကိုကြီး ... သွားရအောင်။ ”
ချန်ဖန်က မျက်နှာ ပျက်ယွင်း စွာဖြင့်၊ ခေါင်းညိမ့်ပြီး ပြောလာ၏။ သို့သော် လင်းယွန်မှ မလှုပ်ချေ။
ကျန်းယွီအား ကြည့်နေသည်။ တစ်ဖက် လူ၏ အသက် အရွယ် အရ၊ နိဗ္ဗာန် အဆင့်သို့ ရောက်ရှိ နေခြင်းသည် လျောက်ပတ်သည့် အရည် အချင်း ရှိသည်ဟု ပြောနိုင်၏။
အနည်းဆုံး နိဗ္ဗာန်-တတိယ အဆင့်တွင် ရှိနိုင်မည်။
“ ယဲ့ချင်းရှန် ... ဘာလို့ အလျင်လို နေရ တာလဲ၊ မင်း ငါ့ကို နှုတ်ဆက် သင့်တယ် မထင် ဖူးလား၊ ဟား ဟား ဟား ... ။ ”
ကျန်းယွီက ရယ်မော လိုက်၏။
“ စီနီယာ အစ်ကို ကျန်းကို နှုတ်ဆက် ပါတယ်။ ”
ချန်ဖန်မှ လက်ဝှေ့ရမ်းကာ နှုတ်ဆက် လိုက်တော့သည်။
“ ယဲ့ချင်းရှန်၊ လွန်ခဲ့တဲ့ တစ်နှစ်က မင်း ပြောခဲ့ တာကို မှတ်မိ သေးတယ် မဟုတ်လား၊ မေ့သွားပြီ ဆိုရင်တော့ ငါ သတိ ထပ်ပေးမယ်၊ ငါ့ကို တွေ့တိုင်း ခွေးလို ဟောင်ပြ ပါ့မယ်လို့ မင်း ပြောခဲ့ တာကို လူတိုင်း ကြားတယ်။ ”
ကျန်းယွီက ပြုံးကာ ဆိုလိုက်သည်။ သူ့စကားကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်ပြီး၊ လူတိုင်း ယဲ့ချင်းရှန်ထံ ကြည့်လာ ကြ၏။
“ စီနီယာ အစ်ကို ကျန်း ... ဒီကောင်က အစ်ကိုကျန်း မရှိတုန်း ... သန့်ရှင်းသော သမီး တော်ကို ပရောပရည် လုပ်ခဲ့တယ်။ ”
လောချောင်မှ တိုင်တမ်း တော့သည်။
“ ငါ ကြားပြီးပြီ၊ ဒါကြောင့် ... ငါ ဒီကို ရောက်လာတာ၊ ယဲ့ချင်းရှန် မင်း မှတ်ဉာဏ်က အားနည်း နေတာလား။ ”
ယဲ့ချင်းရှန်သည် ခွန်အားကို သက်သေ ပြခဲ့ပြီး ဖြစ်သော်လည်း၊ တစ်ချိန်က တောင်းပန် ခဲ့သော အသွင် အပြင်အား လူတိုင်း ပြန်သတိ ရလာ ကုန်သည်။
ထို့ပြင် ကျန်းယွီ ဟူသည် သူတော်စင် တိုက်ရိုက် တပည့်ဖြစ် သဖြင့်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းတွင် ကျင့်ကြံခွင့် ရှိ၏။
ယဲ့ချင်းရှန် တစ်ယောက် မည်မျှ သန်မာ လာစေကာမူ၊ ယှဉ်နိုင် စရာ အကြောင်း မရှိချေ။ ထို့ကြောင့် ယခု အခြေ အနေအား မည်သို့ ဖြေရှင်း မည်ကို၊ သိချင် လာကြ၏။
မရဏ မိုးကြိုး တောင်ထိပ်မှ တပည့်များ အားလုံး ထိတ်လန့်ပြီး၊ စကားသံ မထွက် ဝံ့ချေ။ ကျန်းယွီသည် ကောင်းကင် မီးတောက် ဝိညာဉ်၊ ကိုယ်လုံး ကိုယ်ထည်ကို ပိုင်ဆိုင် ထား၏။
အရှေ့ဘက် ပျက်စီးမြေ ၌ပင်၊ အသန်မာသော ပါရမီရှင် တစ်ပါး အဖြစ် သတ်မှတ် ခံရသည်။
သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။
“ ငါ ... မှတ်ဉာဏ် မကောင်းတော့ ... တာတော့ အမှန်ပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်က အဖြစ် အပျက် တွေကို မေ့သွားပြီ၊ မင်းဘယ်သူ ဖြစ်ဖြစ် ဂရု မစိုက်ဘူး၊ ထွက် သွား ပါ ... ၊ မဟုတ်ရင် ငါ့ကို အပြစ် မတင်နဲ့။ ”
-ဟု တုန့်ပြန် လိုက်သည်။
ထိုစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် ကုန်၏။ အရူးကို မြင်နေ ရ သကဲ့သို့၊ ကြည့်လာ ကြသည်။
“ အိုး ... ၊ ငါ ဘာကြား လိုက်တာလဲ။ ”
“ ယဲ့ချင်းရှန်က ကျန်းယွီကို မောင်းထုတ် နေတာလား၊ နဂါးပြာ မီးတောက် သုံးပါးကြောင့် သူ ရူးသွားပြီ ထင်တယ်။ ”
“ စီနီယာ အစ်ကိုကျန်း ... ၊ သူ့လို လူကို စိတ်ရှုပ်မခံ ပါနဲ့၊ မင်းကိုယ်စား ငါ သင်ခန်းစာ ပေးပါ ရစေ။ ”
တာအို ယန် နန်းတော်မှ သူတော်စင် တပည့် တစ်ဦး လှမ်းထွက်လာ၏။ သူ့အမည်မှာ ကျန်းရီ ဖြစ်သည်။
သူတော်စင် တပည့် ဖြစ်ခဲ့ သည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး၊ ကျင့်ကြံမှုသည် မရဏ သတ္တမ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေ၏။
သူတော်စင် တိုက်ရိုက် တပည့် များနှင့် မယှဉ်နိုင် သော်လည်း၊ သူတော်စင် တပည့်များ ကြားတွင် အသန်မာဆုံး ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော်၊ သူတော်စင် တပည့်များ ကြား၌၊ မရဏ နယ်ပယ် အထွတ် အထိပ်သို့ ရောက်ရှိ နေသူမှာ၊ သူ တစ်ယောက် တည်းသာ ရှိသောကြောင့် ဖြစ်၏။
လှမ်းထွက် လာသည်နှင့် သူ့နောက်ကျော၌ ငှက်တစ်ကောင် ပေါ်လာပြီး၊ လက်သည်း အဖြစ် လင်းယွန်ပေါ် ကျဆင်း လာသည်။
“ ဝှစ် ... ။ ”
ဤသည်မှာ သူတော်စင် သားရဲ၊ အသူရာ ငှက်ငယ် ဖြစ်သည်။ ခန္ဓာကိုယ်တွင် အပြာရောင် အရစ် ပါရှိသော ငှက် ဖြစ်၏။
“ အသူရာ ငှက်ငယ်၊ - ကောင်းကင်ခွဲ လက်သည်း။ ”
၎င်းသည် ရှေးဟောင်း အသူရာ သားရဲမှ ဆင်းသက် လာသော တာအို ယန် နန်းတော်၏ တစ္ဆေ ဝိညာဉ် ပညာရပ် ပေပင်။
တာအို ယန် နန်းတော်တွင် အသူရာ ငှက်တော်၏ ပန်းချီကား အချို့၊ ထိန်းသိမ်း ထား၏။
ထို့ကြောင့် ၎င်းပန်းချီ ကားကို လေ့လာ ခြင်းဖြင့်၊ အသူရာ ငှက်ငယ်- ကောင်းကင် ခွဲ လက်သည်းအား လေ့ကျင့် နိုင်မည် ဖြစ်သည်။
“ ဖရူး ... ။ ”
အသူရာ ငှက်ငယ်က အတောင်ပံများ ဖြန့်လိုက် သော အခါ၊ လေဟာနယ် အက်ကွဲ ကြောင်းများ ပေါ်လာ၏။
ဤသည်မှာ အစွမ်း ထက်သော ကိုယ်ခံ ပညာရပ် ဖြစ်သည်။ ဂရု မစိုက်သော် အပိုင်းပိုင်း ဖြတ်တောက် ခံရ နိုင်မည်။
ခန္ဓာကိုယ် သန့်စင်သော ကျင့်ကြံ သူများ အတွက် ဖျက်စီးရန် ရည်ရွယ်ပြီး၊ ဓားသမား များ ပေါ်လည်း ထိရောက်မှု ရှိ၏။
အသူရာ ငှက်ငယ်၏ ရည်ရွယ်ချက်အား နားလည်နိုင် သရွေ့၊ ဓား ရည်ရွယ်ချက် ကိုပင်၊ အပိုင်းပိုင်း ဖြတ်တောက် နိုင်မည်။
ကျန်းရီသည် ယဲ့ချင်းရှန်အား နှိမ်နှင်းရန် ဤသိုင်းပညာနှင့် ကျင့်ကြံမှု အားသာချက်ကို အသုံးပြု ခဲ့၏။
တစ်ဖက် လူသည်၊ လက်သည်း ကုပ်ချက်အား တားဆီး နိုင်သော်မှ၊ ဆက်၍ ဖိအားပေး နိုင်မည်ဟု ယုံကြည်သည်။
သို့သော် လင်းယွန်က ပြုံးပြီး၊
“ တော်တော် ကြောက်စရာ ကောင်းတဲ့ တိုက်ပွဲဝင် ပုံစံပဲ၊ ဒါပေမယ့် အသူရာ ငှက်ငယ်ရဲ့ ရည်ရွယ်ချက် ရှိ မနေတော့ ... ၊ နှမျော စရာ ကောင်းပါတယ်။ ”
-ဟု တည်ငြိမ်စွာ မှတ်ချက် ပေးလျက်၊ သူ့လက်ကို ဆန့်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
လက်ချောင်း ထိပ်မှ ဓားရောင်ခြည် နှစ်စင်း ပြေးထွက် လာပြီး၊ အသူရာ ငှက်ငယ် မျက်ဝန်း ကို၊ ထိုးဖောက် သွား၏။
“ ကျီး ... ။ ”
အသူရာ ငှက်တော်မှာ နာကျင်စွာ အော်ဟစ်လျက်၊ ပျောက်ကွယ် သွားတော့သည်။ ထို့ကြောင့် ငှက် လက်သည်းသည် လင်းယွန်ထံ မရောက် တော့ဘဲ၊ လေထဲ၌ ပျက်ပြယ် သွား၏။
“ ဒူး ထောက် ... ။ ”
နဂါး ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ လင်းယွန်က အော်ငေါက် လိုက်သည်။ အသူရာ ငှက်ငယ် ခမျာ၊ လုံးလုံး ပြန်ပေါ် မလာ နိုင် တော့ချေ။
နဂါး လက်သည်း ကြီးမှ လည်ပင်းအား ရုတ်တရက် ဆုပ်ကိုင် လာသဖြင့်၊ ကျန်းရီ တစ်ယောက် အသက်ရှူ ကြပ် သွားသည်။
ခုခံရန် ကြိုးစား သော်လည်း၊ ကိုင်ပေါက်ခြင်း ခံလိုက် ရ၏။ လူတိုင်း အသက် ပြင်းပြင်း ရှူကာ၊ တိတ်ဆိတ် သွားသည်။
ကျန်းရီသည် ယဲ့ချင်းရှန် ရှေ့၌ ကလေးငယ် တစ်ဦးနှင့် တူနေ၏။ ကျင့်ကြံမှု မြင့်မား လှသော် လည်း၊ အနားပင် မကပ်နိုင် ခဲ့ချေ။
“ ဝေါ့ ... ။ ”
“ ယဲ့ ချင်း ရှန် ... ။ ”
သွေးများ ထွေးထုတ်လျက်၊ နောက် တစ်ကြိမ် အားယူ နေသော ကျန်းရီထံ လှမ်း ကြည့်ကာ၊ အရိယာ ဓား သုတ္တန်အား၊ လင်းယွန်က အသက် သွင်းသည်။
အနက်ရောင် ပန်းပွင့် တစ်ပွင့် ခန္ဓာကိုယ်မှ ပျံထွက် လာပြီး၊ ချက်ချင်း ကြီးထွား လာတော့ ၏။ ကျန်းရီ အနား ရောက်လာ ချိန်၌၊ အရိယာ ဓားသုတ္တန်သည် အဋ္ဌမ အဆင့် ကန့်သတ်ချက် သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
ပန်းပွင့် ကြီးတွင် ပွင့်ချပ် (၇၂)ချပ် အထိ ပါဝင်ပြီး၊ ၎င်းစွမ်းအင် များက၊ ကျန်းရီ၏ နဂါး မူလအား တိုက်စား သွားသည်။
ထိုအချိန်တွင် နဂါးမြစ် ကြမ်းပြင်မှ ကမ္ဘာဖျက် ဆေးအိုး ပေါ်လာကာ၊ ငရဲ စွမ်းအင် များကို အဆတ်မပြတ် ထောက်ပံ့ တော့၏။
ပြီးနောက် ကြက်သွေးရောင် အလင်းမှုန် များ သိုင်းခြုံ နေသော ညာလက်ဝါးကို တွန်းထုတ်ပစ် လိုက်သည်။
“ ဖပ် ... ။ ”
“ အွတ် ... ။ ”
လက်ဝါး နှစ်ဖက် ရိုက်မိသော အခါ၊ သွေး အန်လျက်၊ ကျန်းရီ တစ်ယောက် လွင့်ပျံသွား၏။ လင်းယွန် မှာမူ၊ ရပ်နေဆဲ ဖြစ်သည်။
“ အရိယာ ဓားသုတ္တန် ... ။ ”
“ အသူရာ ဓား သူတော်စင်က သူ့ကို သင်ပေးခဲ့ တာလား၊ ဒီဓားသုတ္တန်က လေ့ကျင့်ရ ခက်တယ်လို့ ငါ ကြားဖူးတယ်၊ ဒါဖြင့် ဘယ်လို လုပ် ယဲ့ချင်းရှန်က လေ့ကျင့် နိုင်ရ တာလဲ။ ”
ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ဆက်တိုက် ထွက်ပေါ် လာပြီး၊ ယဲ့ချင်းရှန်အား မယုံကြည် နိုင်စွာ ကြည့်လာ ကြသည်။
ဤလူငယ်သည် သူတော်စင် တပည့် ဖြစ်လာသည်မှာ နာရီပိုင်း မျှသာ ရှိသေးသည်။ တစ်နှစ် ကြာသော်၊ မည်မျှ သန်မာ နေမည်ကို မတွေးဆ နိုင်တော့ချေ။
“ ဒီယဲ့ချင်းရှန်က ... အခက် အခဲပေါင်း များစွာကို ဖြတ်ကျော်ပြီး၊ အခု ကောင်းကင်ပေါ် ပျံတက် တော့မယ် ထင်တယ်။ ”
တာအို ရင်ပြင် ပြင်ပ၌ ထိုတိုက်ပွဲကို စောင့်ကြည့် နေသော အဖိုးအို တစ်ယောက်မှ သက်ပြင်း ချကာ၊ ရေရွတ် လိုက်သည်။
တော်ဝင် သမီးတော် ခြံဝင်း၏ တပည့်များ မျက်နှာမှာ ပြုံးရွှင် လာတော့သည်။ ဤလူငယ် သည် စစ်မြေပြင်မှ ရုန်းထ လာသော စစ်သူရဲ တစ်ဦး ဖြစ်၏။ သူ့ကဲ့သို့ လူတိုင်း တတ်စွမ်း နိုင်မည် မဟုတ်ချေ။
“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် ... ငါမင်းကို အထင် သေးမိခဲ့ ပုံပဲ ... ၊ ကောင်းပြီ ... ငါတို့ ပျော်ကြ ရအောင်။ ”
“ ဝှစ် ... ။ ”
ကျန်းယွီက ရယ်မောလျက် လှမ်းတက် လာတော့သည်။ သို့သော် ပုံရိပ် တစ်ရိပ် သူနှင့် ယဲ့ချင်းရှန်ကြား ဆင်းသက် လာပြီး၊
“ ကျန်းယွီ ... ၊ မင်း ဘယ်လိုတောင် အရှက်မဲ့ လိုက်လဲ။ ”
-ဟု အပစ်တင် ကြိမ်းဝါး လာလေသည်။
***