ဒီညကို အတူတူ ကုန်ဆုံးချင် ပါတယ်။
Vol. 136 Ch. 1892
ဆင်းသက် လာသူမှာ၊ ရှင်းယန် ဖြစ်၏။ သူမက လင်းယွန် အနား လျှောက်လှမ်း လာ သဖြင့်၊ ပိုင်ရှုရင်ပင် အံ့သြ သွားသည်။
ယဲ့ချင်းရှန်သည် လူယုတ်မာ ဖြစ်ကြောင်း ကောင်းကင် တာအို ဂိုဏ်းမှ လူတိုင်း သိရှိထား လေသည်။
ထို့ကြောင့် မည်သည့် အမျိုး သမီးမှ ၎င်းအတွက် မရပ် ဝံ့ချေ။ လင်းယွန် သည်လည်း အံ့အားသင့် သွား၏။
သူမည်သူ မည်ဝါ ဖြစ်သည်ကို၊ သူမ ဖော်ထုတ် နိုင်ခဲ့ သည်လော။ မဖြစ် နိုင်ချေ။ ထိုသို့သာ သိရှိ ထားသော်၊ အသံတိတ် ဆက်သွယ် လာပေမည်။
ဆိုလို သည်မှာ စီနီယာ အစ်မ ရှင်းယန် သည်၊ ထင်ကြေး အချို့ ရှိနေ သဖြင့်၊ ရပ်ကြည့် မနေနိုင် တော့ခြင်း ဖြစ်ပေမည်။
ဓားနန်းတော်၌ သူ့အား ကာကွယ် ပေး ခဲ့သည် များကို၊ ရုတ်တရက် သတိ ပြန်ရ လာ တော့၏။
ထို့ကြောင့် ထုတ်ဖော် ခေါ်လိုက်မိ မည်ကို စိုးရိမ် သဖြင့်၊ ရှင်းယန်အား မကြည့်ဝံ့ တော့ချေ။ ကျန်းယွီက အံ့အားသင့် သွားပြီး၊
“ တော်ဝင် သမီးတော် မြောင်ရင် ... ၊ မင်း ... ဘာပြော လိုက်တာလဲ။ ”
-ဟု ပြန်မေး လာသည်။
“ မင်းက နိဗ္ဗာန် အဆင့် ရောက်နေတဲ့၊ သူတော်စင် တိုက်ရိုက် တပည့်ပဲ၊ သူတော်စင် တပည့် အသစ် တစ်ယောက်ကို ... အခုလို လူ အများ ရှေ့မှာ၊ အနိုင် ကျင့်ပြ မလို့လား၊ ဒါက အရှက်မဲ့တာ မဟုတ်လို့ ဘာလဲ။ ”
မြောင်ရင်မှ ခေါင်းခါယမ်း လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။ ထိုအချင်း အရာ အပေါ်၊ လူတိုင်း မေ့လျော့ နေခဲ့သည်။
ကျန်းယွီ မျက်နှာ ပျက်သွားသည်။ ရှက်စရာ ကောင်းမှန်း သိသော်လည်း၊ ယဲ့ချင်းရှန် အတွက် မည်သူမျှ ထိုသို့ တွေးပေးမည် မဟုတ်ဟု ယူဆကာ၊ လုပ်ဆောင် မိခြင်း ဖြစ်၏။
“ တော်ဝင် သမီးတော် မြောင်ရင် ... ၊ ဒီနေ့ မင်းဘာလို့ ငါ့ကို ဆန့်ကျင် ရတာလဲ၊ မင်း သူ့ကို သဘောကျ နေတာတော့ မဟုတ်ပါ ဖူးနော်။ ”
“ မင်း ပါးစပ်ကို ပိတ်ထား လိုက်တာ ကောင်းမယ် ထင်တယ်။ ”
ရှင်းယန်က ဒေါသထွက် လာ၏။
“ ဘာလို့လဲ ... ၊ မင်းလို မာန ကြီးတဲ့ မိန်းကလေး တစ်ယောက်က၊ ဘာလို့ သူ့လို လူ အတွက် ကာကွယ် ပေးချင် ရတာလဲ၊ မင်းတို့ ဆိတ်ကွယ် ရာမှာ ... ချစ်သူတွေ ဖြစ်ခဲ့ကြ တာတော့ ... ၊ မဟုတ် ပါဖူးနော်။ ”
ကျန်းယွီက လှောင်ပြုံးဖြင့် မေးခွန်းထုတ် လိုက်သည်။ ထို စကားကြောင့် လင်းယွန်က ကျန်းယွီထံ အေးစက်စွာ လှမ်းကြည့်၏။
“ ဟား ဟား ဟား ... ၊ တော်ဝင် သမီးတော် မြောင်ရင်၊ မင်းလို အလှ တရားလေးကို စိတ်ကူး ယဉ် နေတဲ့ လူတွေ အများ ကြီးပါ၊ ဒါကို မင်းက ဘာလို့ ဒီကောင်ကို ရွေးချယ် ရတာလဲ၊ မင်း အပေါ်၊ သူ တစ်ခုခု လုပ်ထားလား။ ”
ကျန်းယွီ အပြုံးသည် အောက်တန်းစား ဆန်ပေ၏။ ပိုင်ရှုရင်သည် ဂိုဏ်း၌ သူရဲကောင်း တစ်ဦး အလား လှပသည်။
ဤမြောင်ရင် မှာမူ၊ ဆွဲဆောင်မှု ပြင်းကာ၊ နတ်သမီး ကဲ့သို့ မာန ကြီးသော အသွင်များ ရှိ ချေ၏။
တော်ဝင် သမီးတော် ခြံဝင်းသည် ၎င်းတို့၏ တပည့် များကို လက်ထပ်ခွင့် မပြုထား သော်မှ၊ လူငယ် အများ အတွက်၊ စိတ်ကူးယဉ် နတ်သမီး ဖြစ်နေဆဲ ပေပင်။
ထို့ကြောင့် ကျန်းယွီ၏ စကား များသည်၊ အဆိုပါ လူငယ် များစွာကို ရူးသွပ် သွားစေသည် အထိ၊ လိင်စိတ် နှိုးဆွ ပေးချေ၏။
ပိုင်ရှုရင် သည်ပင် ကျန်းယွီအား ရွံမုန်းလာ တော့သည်။
“ ကျန်းယွီ ... နင့် ပါးစပ်က စည်းကမ်း မရှိ လိုက်တာ၊ အထောက် အထား မရှိဘဲ ... ငါတို့ရဲ့ စီနီယာ အစ်မကို အရှက် မခွဲနဲ့၊ နင့်လို ... ရွံစရာ ကောင်းတဲ့ လူက ကောင်းကင် တာအို ဂိုဏ်းမှာ ဘယ်တုန်းက ရှိနေ ရတာလဲ။ ”
“ ဟမ့် ... ၊ ငါ့ မျက်လုံး ထဲမှာတော့ နင်ကသာ တဏှာရူးနဲ့ ပိုတူ နေတယ် ... ၊ နင့်လို လူက စီနီယာ အစ်ကို ယဲ့ကို ... ၊ ဘယ်လိုများ မှတ်ချက် ပေးရဲ ရတာလဲ။ ”
တော်ဝင် သမီးတော် ခြံဝင်းမှ တပည့်မ များက၊ မြောင်ရင် အစား ဒေါသ ထွက်လာကြ တော့သည်။
ယင်းကြောင့် ကျန်းယွီ ခမျာ ခက်ခဲသော အနေအထားသို့ ရောက်ရှိ သွားပြီး၊ နောက်ဆုတ် ရန် စဉ်းစား လိုက်ရ၏။
“ တာအို ယန် နန်းတော်ရဲ့ ကျန်းယွီ ... ၊ ဒီနေ့ ပြောခဲ့တဲ့ ... မင်းရဲ့ စကား တွေကို သတိ ရနေပါ။ ”
အေးစက်သော အသံ ထွက်ပေါ် လာပြီး၊ ပတ်ဝန်းကျင် အပူချိန် ကျဆင်း သွားတော့၏။ အသံရှင်မှာ လင်းယွန် ဖြစ်သည်။
စကားဆုံး သည်နှင့် လှည့်ထွက် လာကာ၊ မြင်ကွင်းထဲ ဦးစွာ ဝင်လာသည့် ကျောက်တိုင် ကြီး တစ်တိုင်ထံ၊ လက်သီးဖြင့် လှမ်းထိုး ပစ်လိုက် တော့သည်။
“ ဝုန်း ... ။ ”
ကျောက်တိုင်ထဲ လက်သီး ပုံစံကြီး နစ်ဝင် သွားခဲ့၏။ လူတိုင်း နားစည် အတွင်း တုန်ဟည်း ပဲ့တင်ထပ် လာတော့သည်။
ထိုလုပ်ရပ်ကြောင့် ရှင်းယန်က လှည့် ကြည့်၏။ သို့သော် စကား တစ်ခွန်းမျှ မဆို တော့ဘဲ၊ တပည့်မ များကို ဦးဆောင်ကာ ထွက်ခွာ သွားတော့သည်။
“ စီနီယာ အစ်ကိုကျန်း ... ၊ ဒီကောင် ယဲ့ချင်းရှန်က ... နည်းနည်း ကြောက်စရာ ကောင်း လာတယ်။ ”
ချန်ကျွယ်မှ ခပ်တိုးတိုး ဆိုသည်။
“ သူ ဘာများ လုပ်နိုင်မှာ မို့လဲ၊ ဒီနေ့ မြောင်ရင်သာ မတားရင်၊ အခုချိန် ဒူးထောက်ပြီး ခွေးလို ဟောင်ပြ နေရ မှာပါ။ ”
“ ဒါတော့ သေချာတယ် ... ၊ စီနီယာ အစ်ကိုက နိဗ္ဗာန် အဆင့် မှာမို့ ... သူ့ကို အလွယ် တကူ နှိပ်စက် နိုင်တယ်။ ”
ချန်ကျွယ်မှ ခေါင်းညိတ်၏။
များမကြာခင် လင်းယွန်က မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်လာသည်။ ခရမ်းငယ် က ဓားသေတ္တာ ထဲမှ၊ ပြေးထွက်ကာ ကြို၏။
သို့သော် လင်းယွန်၏ ကြောက်စရာ ကောင်းသော မျက်နှာ အမူအရာကို မြင်ချိန်၌၊
“ ဘာဖြစ် လာတာလဲ။ ”
-ဟု စိတ်ပူစွာ မေးတော့သည်။
ဤမျှ ဒေါသ ထွက် နေသော လင်းယွန် အသွင်ကို မမြင်ရ သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လင်းယွန်က တာအို ရင်ပြင်တွင် ဖြစ်ပျက်ခဲ့ သမျှကို ပြန်ပြော ပြလိုက်၏။
“ ဒါဆို ... နင် ဘာလုပ်ဖို့ ... ၊ စိတ်ကူး ရှိလဲ။ ”
ခရမ်းငယ်က လင်းယွန်၏ ဒေါသကို သိသည်။ ပုံမှန် အတိုင်းသာ ဆိုသော်၊ ထိုနေရာ ၌ပင်၊ လင်းယွန်မှ လက်တုန့် ပြန်ခဲ့ ပေမည်။
ဤသို့ သည်းခံ လာသည်မှာ၊ ကျန်းယွီ အတွက် ရလာဒ် ပြင်းနိုင်၏။ ထင်ထားသည့် အတိုင်း၊ အကြံစည် တစ်ခုကို လင်းယွန်မှ တိုးတိုးလေး ထုတ်ပြော လာသည်။
“ ဟီး ... ၊ လင်းယွန် နင်က တကယ့် လူယုတ်မာပဲ။ ”
စိတ်လှုပ်ရှား လာသော အသွင်ဖြင့်၊ ခရမ်းငယ်မှ ပြုံးရယ် လေသည်။
“ ဘယ်တော့ စမှာလဲ ... ။ ”
“ ဒီည ... ။ ”
“ ဟဲဟဲ ... ဒါမျိုး ပြတ်ပြတ် သားသား ရှိတာကို သဘောကျတယ်၊ ငါနဲ့ နဂါးလေးက နေရာ အကွက်အကွင်း လိုက်ရှာ လိုက်မယ်။ ”
“ နေဦး ... ၊ စာရေးဖို့ အရင် လုပ်ရအောင်၊ မင်း ရေးလိုက်။ ”
“ ဘာ ... ရေးရ မှာလဲ ... ။ ”
“ ငါ ရွတ်ပြမယ်၊ လိုက်ရေး ... ၊ ယနေ့ ကောင်းကင် တာအို ရင်ပြင်တွင် ပြသ ခဲ့သော အသွင် အပြင်က၊ ရှုရင် ... နှလုံးသားကို ထိမိ စေပါတယ်၊ ...
... ရိုးရိုး သားသား ဝန်ခံ ရရင် ... ၊ ရှုရင်ကလည်း စိတ်ဝင်စား နေတာ ကြာပါပြီ၊ ဒါကြောင့် ဒီညကို အတူတူ ကုန်ဆုံးချင် ပါတယ်။ ... ရှုရင်။ ”
စာဆုံး သည်နှင့် ခရမ်းငယ်မှ တဟားဟား ပြုံးရယ် လာတော့သည်။ ဦးရေပြားများ ယားယံ လျက်၊ နှုတ်ခမ်းအား လျှာဖြင့် သပ်ကာ၊
“ ဒါက တကယ့်ကို ကြောက်စရာ ကောင်းတဲ့ ထောင်ချောက်ပဲ။ ”
-ဟု မှတ်ချက် ပေးလိုက်သည်။
ခရမ်းငယ် လက်ရေးသည်၊ မိန်းကလေး လက်ရေး ဖြစ်သောကြောင့်၊ သံသယ ဝင်စရာ အကြောင်း မရှိဟု၊ လင်းယွန်မှ ယုံကြည်၏။
***