မင်း ဆရာကို သွားမေး။
Vol. 136 Ch. 1893
“ ဟဲဟဲ ... ၊ ဒီစာက အရမ်း မိုက်တယ်။ ”
ခရမ်းငယ်မှ မျက်လုံးများ မေှးစင်းလျက်၊ ပြော လိုက်သည်။
“ အိုး ... နေဦး ပိုပြီး သေချာအောင် ဆံပင် နည်းနည်းပေး။ ”
လင်းယွန်က ခရမ်းငယ် ဆံပင်များကို ဖျပ်ခနဲ နှုတ်ယူ လိုက်သည် ။
“ အ ... နာတယ်။ ”
လင်းယွန်က ပြုံးလျက် စာရွက် ကြား၌ ဆံပင်များ ညှပ်ပေး လိုက်ကာ၊
“ အခု သွားလို့ ရပြီ ... ၊ သတိနဲ့ လုပ်ပါ။ ”
-ဟု ပြောလိုက်သည်။
“ ဟမ့် ... စိတ်ပူ နေစရာ မလို ပါဘူး၊ ဒီညတော့ ယန်နန်းတော် တစ်ခု လုံးကို စူးစမ်း ကြည့်ခဲ့မယ်။ ”
‘မစ်ရှင်’ အတွက် ခရမ်းငယ် တစ်ယောက် စိတ်လှုပ်ရှား လာပြီး၊ နဂါးလေးအား ခေါ်ကာ အလျင် အမြန် ပြေးထွက် လာခဲ့သည်။
လင်းယွန်က မရဏ မိုးကြိုး တောင်ထိပ် သခင်ထံ ဦးတည် လာ ခဲ့သည်။ မျက်စိမှိတ် ကျင့်ကြံ နေသော မရဏ မိုးကြိုး တောင်ထိပ် သခင်က မျက်လုံး ဖွင့်ကြည့် လာပြီး၊
“ ယဲ့ချင်းရှန် ... ၊ ငါ ဒီမှာ ရှိနေ တာကို မင်းဘယ်လို သိတာလဲ။ ”
-ဟု မေးမြန် တော့၏။
“ ကျန်တဲ့ တောင်ထိပ် သခင်တွေ ထွက်သွားပြီး တာတောင်၊ တစ်ယောက်ထဲ နေခဲ့ တယ် ဆိုတော့ ... ၊ ကျွန်တော့်ကို ပြောစရာ ရှိနေတယ် ဆိုတာ သိသာ ပါတယ်။ ”
လင်းယွန်က ဘေးတွင် ဝင်ထိုင် လိုက်ပြီး ပြန်ဖြေသည်။
“ တော်တယ် ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ခေါင်းညိတ် လိုက်၏။
“ ဒီလောက်လည်း မဟုတ် ပါဘူး၊ အရင် တုန်းက တောင်ထိပ် သခင်က ကျွန်တော့်ကို ကြည့်ဖို့ စိတ်ကူး မရှိခဲ့ လို့ပါ။ ”
လင်းယွန်က ပြုံးကာ ပြောသည်။ မရဏ မိုးကြိုးတောင် သခင်သည် အမည်ခံ သူတော်စင် နယ်ပယ် နဝမ အဆင့်တွင် ရှိသဖြင့်၊ သူတော်စင် ဖြစ်ရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့၏။
ယဲ့ချင်းရှန် မဆိုနှင့် သူ့ထက် ဦးစွာသော သူတော်စင် တပည့်များ ကိုပင်၊ စိတ်ဝင်စားခြင်း မရှိ ခဲ့ချေ။
“ ကျန်းယွီနဲ့ မင်းရဲ့ ... ပြဿနာကို ငါ သိပြီးပြီ၊ ကောင်းကင် တာအို ဂိုဏ်းမှာ သူတို့က မင်းကို ဘာမှ မလုပ်ဝံ့ ပေမယ့် သတိ ထားပါ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်က အကြောင်း အရာကို ပြောင်းလဲ လိုက်သည်။
“ တောင်ထိပ် သခင် ... အဲဒီလောက်လည်း စိတ်မပူ ပါနဲ့၊ နိဗ္ဗာန် အဆင့်မှာ ရှိတဲ့ သူတော်စင် တိုက်ရိုက် တပည့် တစ်ယောက်ကို၊ ကျွန်တော် ဘယ်လို လုပ်ပြီး၊ ရန်စ ရဲမှာလဲ။ ”
လင်းယွန်မှ ပြုံးကာ ပြန်ပြော လိုက်သည်။
“ ဒီလို ... မင်း သိထားတာ ကောင်းပါတယ်၊ ဒါပေမယ့် ... ။ ”
တောင်ထိပ် သခင်က ပြုံးပြီး ခေါင်းညိတ် လိုက်သည်။ အကြောင်း တစ်ခု ခုကြောင့်၊ ယနေ့ ယဲ့ချင်းရှန်သည် ဒေါသ မထိန်းနိုင် လုနီးပါး ဖြစ်ခဲ့ရ သည်ကို ကြားထား ၏။
တာအို လွင်ပြင်မှ မထွက်ခွာခင်၊ ကျောက်တိုင် ကိုပင် လက်သီးဖြင့် ထိုးပစ် ခဲ့သည်။
ထိုကျောက်တိုင် များမှာ၊ ဘုန်း သူတော်စင် လက်ရာ မဟုတ် သော်လည်း၊ သူတော်စင် ရူရ် များဖြင့် ခွန်အား ပေးထားသည်။
ယဲ့ချင်းရှန်သည် အရှက်မဲ့ပြီး ပိုင်ရှုရင်နှင့် အမြဲတမ်း ပရောပရီ လုပ်ရန် ကြိုစား နေတတ် သူ ဖြစ်သည်။
အဘယ်ကြောင့် မြောင်ရင် အတွက်မူ၊ ဤသို့သော ဒေါသ ထွက်ပြ ခဲ့သည်မှာ နား မလည် နိုင်စရာ ပေပင်။
“ ဒါပေမယ့် ဘာဖြစ်လဲ ... တောင်ထိပ် သခင်။ ”
လင်းယွန်မှ ပြုံးကာ မေးလိုက်သည်။
“ အကြီးအကဲ လုံယွင်က မင်းကို သူ့ တပည့် အဖြစ် ခေါ်ချင် နေတယ်။ ”
“ အကြီးအကဲ လုံယွင် ဆိုတာ ဘယ်သူလဲ။ ”
လင်းယွန်မှ စိတ်ဝင်စား လာသည်။
“ ဒီနေ့ ပွဲကို ဦးစီး ခဲ့တဲ့ သူတော်စင် အကြီးအကဲပဲ၊ အနာဂါတ်မှာ နောင်တရ လာတဲ့ အထိ၊ ရိုက်နှက် ပစ်မယ် လို့တောင် ... မင်း ခြိမ်းခြောက်ခဲ့ သေးတယ် ... ၊ မမှတ်မိ တော့ဖူးလား။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်က အပြုံးဖြင့် ပြန်ဖြေ လာသည်။ လင်းယွန် ခမျာ အံ့ဩ သွားပြီး မည်သို့ တုံ့ပြန်ရ မည်မှန်း၊ မသိ တော့ချေ။
“ သူက မဟာ သူတော်စင်ပဲ။ ”
ငြိမ်သက် သွားသော လင်းယွန် အသွင်ကို ကြည့်ပြီး၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ဆက် ပြော သည်။
လင်းယွန် ခမျာ အသိပြန် မဝင် လာ တော့ချေ။ သူ မည်မျှ ရိုင်စိုင်းခဲ့ သည်ကို တွေးမိ လာသည်။
မဟာ သူတော်စင် တစ်ပါးအား အနာဂတ်တွင် ရိုက်နှက် ဆုံးမ မည်ဟု၊ လူသိ ရှင်ကြား ကြေညာ ရဲသော အရူး တစ်ယောက် ရှိသည်ဟု ဆိုက၊ သူ သာလျှင် ဖြစ်ပေမည်။
ထို့ကြောင့် လူတိုင်းက သူ့ကို အရူး တစ်ယောက်လို ကြည့်ခဲ့ကြ သည်အား၊ သတိ ရလာ မိသည်။
“ ဟား ဟား ဟား ... ၊ အခု မင်း ဘယ်လောက် ကြောက် နေလဲ ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်း၊ သူ့ကို အမည်ခံ သူတော်စင် ထင်လို့ ပြောမိ တာပါ ဆိုပြီး၊ ...
... ငါ့ကို ဆင်ခြေ မပေးနဲ့၊ အမည်ခံ သူတော်စင် ဆိုရင်တောင် ... မင်းကို သေအောင် ရိုက်ပစ် နိုင်တယ်၊ ...
... အမှန်တော့ ... မူလ နဂါး သူတော်စင်က မင်းဆိုတာ သူ့အတွက် ဒေါသ ထွက်ရ လောက် အောင် မထိုက် တန်လို့၊ လျစ်လျူရှု ခဲ့တာ၊ ...
... တာင်ထိပ် သခင် တွေက ... ၊ မင်း မြင့်မြတ်တဲ့ မီးလျှံကို မရတဲ့ အချိန်မှာ၊ ပလ္လင် ပေါ်ကနေ ဖယ်ခိုင်း ကြခဲ့တယ်၊ ဒါပေမယ့် သူ မလုပ် ခဲ့ဘူး၊ တကယ်ပဲ ဘိုးဘေး တွေက၊ ...
... မင်းကို လက် မခံဖူး ဆိုရင်တောင် ... ၊ သူ့တပည့် အဖြစ် ခေါ်သွား မယ်လို့ ... ကြေငြာ ခဲ့သေးတယ်။ ”
ထိုစကား များက လင်းယွန်အား များစွာ ရှက်စိတ်ဝင် စေ၏။ ဤမဟာ သူတော်စင်သည် လေးစားဖွယ် ကောင်း လောက်အောင် စိတ် သဘောထား ကြီးမြတ် နေချေပြီ။
“ တကယ်ပဲ မင်းသာ သူ့တပည့် ဖြစ်ရင်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းကို တက်ခွင့် ရလိမ့်မယ်၊ ...
... ကောင်းကင် စက်ဝန်း ဘုံကျောင်းမှာ တစ်လတာ ကျင့်ကြံ ခြင်းက ပြင်ပ ကမ္ဘာ မှာဆို၊ ဆယ့်ငါး မိနစ်ပဲ ကြာတယ်။ ”
ဤသည်မှာ အချိန်-အာကာသ ရတနာ တစ်ပါး ဖြစ်၏။ ရှားပါးပြီး အဖိုး တန်လှ ချေပြီ။
“ ကောင်းကင် တာအို ဂိုဏ်းမှာ ဒီလို ရတနာမျိုး ရှိနေ တာလား။ ”
“ မင်းက အတွင်း တပည့် တစ်ယောက် ဖြစ်ပေမယ့်၊ သိဖို့ အရည် အချင်း မမီ သေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ဂိုဏ်းမှာ ရှိတယ်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းသာ မရှိရင် အဲဒီ သူတော်စင် တိုက်ရိုက် တပည့် တွေက၊ ...
... ငယ်ငယ် ရွယ်ရွယ်နဲ့ ... ၊ ဒီနိဗ္ဗာန် အဆင့်ကို ဘယ်လိုလုပ် ရောက်နိုင် မှာလဲ၊ အခု မင်းက မဟာ သူတော်စင် တပည့် ဖြစ်လာတဲ့ အတွက် သူတော်စင် တပည့် တေွထက် ရာထူး ပိုကြီး သွားပြီ။ ”
သို့သော် လင်းယွန် အတွက် အခက် အခဲ ရှိနေ၏။ သူ့ဆရာသည် သက်တံဓား သူတော်စင် ဖြစ်သောကြောင့်၊ အခြား မဟာ သူတော်စင် တစ်ပါးအား လက်ခံရန် မဖြစ် နိုင်ချေ။
“ ဟုတ်ကဲ့ ... ၊ ကျွန်တော် စဉ်းစား လိုက်ဦးမယ်။ ”
သို့သော် သူ့ အဖြေကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင်မှာ ဒေါသ ထွက်သွား ခဲ့၏။
“ ဘာကိစ္စ မင်းက စဉ်းစား ရမှာလဲ၊ မဟာ သူတော်စင် တစ်ပါးတောင် ... မင်း ဆရာ ဖြစ်ဖို့ အရည်အချင်း မရှိဖူးလို့၊ မပြောနဲ့။ ”
“ အဲ့ဒီလို ... မဟုတ် ပါဘူး ။ ”
“ ဟမ့် ... ၊ သုံးရက် အတွင်း၊ မူလ နဂါး သူတော်စင်ဆီ သွားပါ၊ တွေ့ဆုံမှု လက်ဆောင် ကိုလည်း၊ ပြင်ဆင် သွားလိုက်၊ မဟာ သူတော်စင် ကိုယ်တိုင်၊ ...
... မင်းကို လာရှာ ရတာမျိုး၊ ငါ မကြား ချင်ဘူး၊ ကျန်းယွီ ပြန်လာပြီ ဆိုတော့ သူက မင်းကို ထပ်ပြီး ဒုက္ခ ပေးလိမ့်မယ် ... ။ ”
တွန့်ဆုတ် နေဆဲ ဖြစ်သော လင်းယွန် အမူအရာကြောင့် မရဏ မိုးကြိုး တောင်ထိပ် သခင်မှ စိတ်မရှည် တော့ချေ။
“ ထွက်သွား ... ၊ မင်း အတွက် ဘာ အကောင်း ဆုံးလဲ ဆိုတာ မသိဖူး ဆိုရင်၊ ငါ ပြောတဲ့ အတိုင်း လုပ်။ ”
လင်းယွန်က ဆက် မပြော တော့ဘဲ၊ မတ်တတ် ထရပ် လိုက်ပြီး ထွက်ခွာရန် ပြင်စဉ်၊ တစ်စုံ တစ်ခုကို သတိရ လာကာ၊
“ တောင်ထိပ် သခင် ... ၊ ကျွန်တော် ရလာခဲ့တဲ့ နဂါးပြာ မီးတောက် အဆင့်က ဘယ်လောက်လဲ။ ”
-ဟု မေးတော့သည်။
“ ငါ မသိဘူး ... ၊ ဒါပေမယ့် ... မင်းရဲ့ ဆရာ မူလ နဂါး သူတော်စင်က အဲဒီ အကြောင်းကို သိ ထားပုံ ရတယ်၊ မင်း သိချင်တာ ရှိရင် ... သူ့ကို သွားမေးလိုက် ... ။ ”
နဂါးပြာ မီးတောက် နှင့်ပတ်သတ်သော ထင်ကြေး အချို့ ရှိသည်။ သို့သော် လင်းယွန်မှ မူလ နဂါး သူတော်စင်အား လိုက်ရှာရန် ဆန္ဒ မရှိ သဖြင့်၊ တွန်းပို့ လိုက်ခြင်း ဖြစ်သည်။
“ မင်း သွားရင် ... ၊ လက်ဆောင် ပြင်သွားဖို့ မမေ့နဲ့။ ”
ခန်းမ ထဲမှ ထွက်လာပြီး သည့်တိုင်၊ တောင်ထိပ် သခင်၏ သတိ ပေးသံ ကပ်ပါ လာ သဖြင့်၊ လင်းယွန် မျက်နှာ ရှုံ့တွ သွား၏။
***