← Chapters

ဘယ်သူလဲ ... ။

Vol. 136 Ch. 1894

ဘယ်သူလဲ ... ။

Vol. 136 Ch. 1894

လမင်းသည် ကောင်းကင်၌ တရွေ့ရွေ့ မြင့်တက် လာနေသည်။ ခရမ်းငယ် တစ်ယောက် မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်သော အခါ၊ လင်းယွန်က ဖီးနစ် နှလုံးသား တီးမှုတ် နေခဲ့သည်။

“ ဝှစ် ... ။ ”

သူမအား မြင်သည်နှင့် သီချင်း ရပ်ကာ ခေါင်မိုး ပေါ်မှ ခုန်ချ လာခဲ့သည်။ ထို့နောက် တောင်ထိပ် သခင်၏ သတိပေး စကားကို ပြန်ပြော ပြသည်။

ခရမ်းငယ် တစ်ယောက် မျက်ဝန်းများ တောက်ပ လာပြီး၊

“ သဘော တူလိုက်လေ။ ”

-ဟု အကြံပေး လိုက်၏။

“ နောက်မှ ... ဒီအကြောင်း ထပ်ပြော ရအောင် ... ဘယ်လိုလဲ အဆင်ပြေလား။ ”

လင်းယွန်မှ အရေး ကြီးသော အကြောင်း အရာကို၊ မေးမိသည်။

“ အဆင်ပြေတယ် ... ။ ”

ခရမ်းငယ်က ပြုံးကာ ခေါင်းညိတ်၏။

“ ဘယ်လိုလဲ ... ၊ တာအို ယန်နန်းတော်ထဲ ဝင်ဖို့ ... မလွယ်ဖူး မဟုတ်လား။ ”

“ လွယ်တော့ မလွယ်ဘူး၊ ရှုပ်ထွေးတဲ့ ဝိညာဉ် ရေးရာ အစီရင် တွေ ရှိတယ်၊ ဒါပေမယ့် ခွန်လွန် နယ်မြေမှာ ငါ့ကို တားနိုင်တဲ့ အစီရင် မပေါ်သေး ပါဘူး၊ ...

... ဒါပေမယ့် ငါတို့ တာအို ယန်နန်းတော် အနားမှာ လှုပ်ရှားလို့ မရဘူး၊ ငါတို့ကို တွေ့ရင် ဒုက္ခ ဖြစ်လိမ့်မယ်၊ သူတို့မှာ သူတော်စင် သခင် သုံးပါးလောက် အနည်းဆုံး ရှိတယ်။ ”

ခရမ်းငယ်မှ တွေးတွေး ဆဆဖြင့် ပြောလာ တော့သည်။

“ ဒါဆိုလည်း သူ့ကို မျှားခေါ် ရအောင်။ ”

လင်းယွန်က ချက်ချင်း အကြံ ပေးသည်။ ပြီးနောက် လက်ကောက် အတွင်းမှ ငွေလမင်း မျက်နှာဖုံးအား ယူကာ၊

“ သွားကြ ရအောင်။ ”

-ဟု ပြောလိုက်သည်။

မျက်နှာ ဖုံးအား မြင်သည်နှင့် ခရမ်းငယ်က ခုန်လု လိုက်ပြီး၊

“ ငါ့ကိုပေး ... ။ ”

-ဟု ဆိုလာသည်။

သို့သော် လင်းယွန်က မပေးဘဲ၊ လေထဲ မြောက်လိုက်၏။ မည်မျှ ခုန်ခုန် မမီ သဖြင့်၊ ခရမ်းငယ်မှ ဒေါသ တကြီး ရိုက်နှက် တော့သည်။

လင်းယွန်က မျက်နှာဖုံး တပ်လိုက်သော အခါတွင်၊ သူ့ဆံပင်များ ခါး အထိ ရှည်လာပြီး ငွေရောင် ပြောင်းသွား၏။

အဝတ်အစား များပင် ချွင်းချက် မရှိချေ။ မှုန်ပျပျ လရောင်များ သိုင်းခြုံလျက်၊ ပန်းချီကား ထဲ ရောက်ရှိနေ သကဲ့သို့ ထင်မှား စေ၏။

ထို့ကြောင့် လင်းယွန်၏ ရတနာများ အနက်၊ ဤမျက်နှာဖုံး ကိုသာ ခရမ်းငယ်မှ မက်မောခြင်း ဖြစ်သည်။

လင်းယွန်က ဓားသေတ္တာကို ထမ်းပိုးလျက်၊ ခရမ်းငယ်နှင့် နဂါး လေးအား ဓားသေတ္တာ ထဲသို့ ဝင်ရောက် စေကာ၊ ထွက်ခွာ လာခဲ့သည်။

သူ့ရောင်ဝါကို ဖုံးကွယ်ရန် လိပ်နက် အသွင်ပြောင်း နည်းကို အသုံးပြု လိုက်သည်။ ထို့ကြောင့် သူတော်စင် တစ်ပါးပင် သတိ ထားမိရန် မလွယ်ချေ။

သူ၏ တည်ရှိမှုသည် ယခု အချိန်၌ ကျောက်တုံး တစ်တုံး ကဲ့သို့ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

( လင်းယွန် ... ၊ ဒီလမ်းက တာအို ယန်နန်းတော်ကို မရောက်ဘူး၊ နင် ဘယ်သွား မလို့လဲ။ )

ခရမ်းငယ်မှ မေးသည်။ တာအို ယန် နန်းတော်သည် တောင်ခြေရင်းတွင် တည်ရှိမှန်း မည်သူ မဆို သိ၏။

လင်းယွန်က ပြန် မဖြေဘဲ၊ တော်ဝင် သမီးတော် ခြံဝင်း အနားတွင် ရပ်လိုက်သည်။ ခဏ အကြာ စူးစမ်း လေ့လာ ပြီးနောက် ရှင်းယန်၏ အိမ်အား ရှာတွေ့ ခဲ့သည်။

“ ဒီနေရာ ကောင်းတယ်။ ”

လင်းယွန်က သစ်ပင်ကြီး တစ်ပင်ပေါ် ခုန်တက်ကာ၊ ရှင်းယန် နေအိမ်ထံ မျှော်ကြည့် လျက်မှ ရေရွတ် လိုက်သည်။

( နင်က တကယ့် လူယုတ်မာ၊ ပိုင်ရှုရင် လိုလိုနဲ့ တော်ဝင် သမီးတော် မြောင်ရင်ကို ကြံ နေတာပဲ။ )

ခရမ်းငယ်မှ လှောင်ပြောင် လာ၏။ လင်းယွန်က သူမအား လျစ်လျူရှု ထားသည်။ ပိုင်ရှုရင်နှင့် ပရောပရီ လုပ်ခြင်းသည် သူ့အား ယဲ့ချင်းရှန် မဟုတ်မှန် သံဿယ မဝင် စေရုံ မျှသာ ဖြစ်သည်။

ရှင်းယန် ဟူသည်မူ၊ သူ၏ စီနီယာ အစ်မ ဖြစ်သော ကြောင့်၊ သူမအား စော်ကား သူတိုင်း ပြန်၍ ပေးဆပ် ရပေမည်။

ဒီမီဂေါ့ ဝိုင်ထည့် ထားသည့် ကျောက်စိမ်း ပုလင်းကို ထုတ်ယူ လိုက်သည်။ ၎င်းအား သည် မတိုင်မီ၊ ပြင်ဆင် ထားခြင်း ဖြစ်၏။

ထို့နောက် ရှင်းယန် ခြံဝန်း အနီး၊ ဝိညာဉ် ရေးရာ အစီရင် နား၌၊ ကျောက်စိမ်း ပုလင်းကို ချထား လိုက်သည်။

မငြိမ် မသက်မှုများ ဖြစ်လာ ပါက၊ ရှင်းယန် တစ်ယောက် နိုးထလာ ပေမည်။ ထိုအချိန်၌ ခြံမှ မထွက်ခင် ဤကျောက်စိမ်း ပုလင်းအား မြင်ပြီး၊ နေအိမ် အတွင်း ပြန်ဝင်ကာ စူးစမ်း ပေ တော့မည်။

( ဒီမီဂေါ့ ဝိုင်က ရှားတယ်၊ သူ သိနိုင်မှာ မဟုတ်ဘူး။ )

ခရမ်းငယ်က ဝင်ပြော၏။

“ သူ့ ဆရာက မဟာ သူတော်စင် တစ်ပါး ဆိုတာ မမေ့နဲ့ ... ၊ ဒါကြောင့် ရှားလည်း သိနိုင် တယ်။ ”

“ နင် ... မျက်နှာချင်းဆိုင် ပေးလိုက်လည်း ရတာကို၊ နေဦး ... နင် သူနဲ့ သိနေတယ် မဟုတ် လား။ ”

“ ဟုတ်တယ် ... သူက ဓားနန်းတော် မှာတုန်းက၊ ငါ့ရဲ့ စီနီယာ အစ်မပဲ။ ”

လင်းယွန်က သိပ်ရှင်းပြ မနေ တော့ဘဲ၊ ရီရှင်းယန် နေအိမ်မှ ပြန်ထွက် လာတော့သည်။ ထို့နောက် ခရမ်းငယ် ညွှန်သည့် လမ်း အတိုင်း၊ ယန် နန်းတော်သို့ ဦးတည် လာခဲ့၏။

ယန် နန်းတော် လုံခြုံရေးသည် တော်ဝင် သမီးတော် ခြံဝင်းထက် ပို၍ သေချာ၏။ လေထု အတွင်း၌ ကြောက်မက်ဖွယ် ကောင်းသော အရိပ် အယောင်ကို ခံစား နိုင်သည်။

ကျန်းယွီ နေအိမ်ကို သူတော်စင် တပည့် များ၏ လိုအပ်ချက် အတိုင်း တည်ဆောက် ပေး ထားသည်။

ကြီးကျယ် ခမ်းနားရုံ သာမက၊ ဝိညာဉ် စွမ်းအင်၏ သိပ်သည်းဆ သည်လည်း မြင့်မား နေချေ၏။

“ နင် ... သူ့ကို သတ်မှာလား။ ”

လင်းယွန်၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ခံစားမိ သဖြင့်၊ ခရမ်းငယ်မှ မေးသည်။

“ သူ့ကို သတ်လိုက် တာက လွယ်ပါတယ်။ ”

လင်းယွန်က လက်ကို တောက်ထုတ် လိုက်ပြီး၊ ဓား ရည်ရွယ်ချက်နှင့် ထုတ်ပိုး ထား သော စာရွက်အား၊ ပြတင်း ပေါက်ထံ ပစ်သွင်း လိုက်သည်။

ကျန်းယွီက ယင်းကို ခံစား မိပြီး၊ မျက်လုံး ဖွင့်ကြည့်ကာ၊ စာရွက်အား ဖြတ်ခနဲ ဖမ်းယူ လိုက် လေသည်။

ပြီးနောက် ချက်ချင်း ပြတင်းပေါက်မှ ခုန်ထွက် လိုက်တော့၏။

“ ဘယ်သူလဲ ... ။ ”

သို့သော် ပတ်ဝန်းကျင်၌ မည်သူမျှ ရှိ မနေချေ။ လင်းယွန်က ထွက်သွားခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။

ယင်းကြောင့် အတွေးနက် သွားပြီး၊ စာရွက်ကို ဖွင့်ကြည့် လိုက်၏။ စာဖတ် နေလျက် မှ အသက်ရှူ သံများ မြန်လာ လေသည်။

ဝမ်းသာ အားရဖြင့်၊ မျက်နှာ နီရဲ လာကာ၊ မဖြစ်နိုင်ဟု ခံစားမိ သော်လည်း၊ လောင်ကျွမ်း နေသည့် ရာဂ မီးကြောင့်၊ အရှုံး မရှိ -ဟု ယူဆ ပြီး သွားရန် ဆုံးဖြတ် လိုက်သည်။

စာရွက်ကို နောက်တစ်ကြိမ် ပြန်ဖတ် ကြည့်နေ လျက်မှ၊ လိင်စိတ်များ ထကြွ လာ တော့၏။

“ ဒါက နောက်ပြောင်မှု ဖြစ်နိုင်လား၊ ဒါပေမယ့် ငါက ယန်နန်းတော်ရဲ့ သူတော်စင် တပည့် ဖြစ်ပြီး ... ၊ ငါ့ကို ဘယ်သူက နောက် ပြောင် ဝံ့မှာလဲ၊ နောက်ပြောင် ခဲ့ရင်၊ ...

... တောင်မှ ဘယ်သူလဲ ဆိုတာ ငါ သိချင်တယ်၊ ဒါ​ပေမယ့်​ တကယ်ပဲ တစ်ညလုံး ကုန်ဆုံး ချင်တာ ဆိုရင်တော့ ... ။ ”

ထိုအကြောင်းကို တွေးမိ လေလေ၊ ဝမ်းဗိုက် အောက်ပိုင်း၌ အပူမီး တောက်လောင် လေလေ ဖြစ်သည်။

“ ဟဲဟဲ ... ။ ”

သူ့၌ ဆင်ခြင်တုံ တရားရှိ သော်လည်း၊ သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန် လှသဖြင့်၊ ပိုင်ရှုရင်သည် သူနှင့် လိုက်ဖက်သည် ဟုသာ မြင်ခဲ့သည်။

“ ဒါက ဘာလဲ၊ ပိုင်ရှုရင်ရဲ့ ဆံပင်လား၊ မဆိုးဘူး၊ ... မွှေးနေ တာပဲ။ ”

စာရွက် ကြားထဲတွင် ညှပ်ထားသော ဆံပင်များကို ကိုင်လျက် မျက်လုံး မှိတ်ကာ နမ်းရှိုက် လိုက်လေသည်။

မျက်လုံး ပြန်ဖွင့် ပြီးသော အခါ စာရွက် ပေါ်တွင် ရေးထားသည့် အကြောင်း အရာသည်၊ အမှန် ဖြစ်ရ မည်ဟု ယုံကြည် လာ၏။

ထို့ကြောင့် ချိန်းဆိုသော နေရာသို့ မသွားမီ၊ ကျောက်စိမ်း ပုလင်း တစ်လုံးအား ထုတ်ယူကာ၊ အလွယ် သောက်နိုင်ရန် ရင်ဘတ်ထဲ ထည့်ထား လိုက်သည်။

ဤပုလင်းသည် သူ၏ အမျိုးသား စွမ်းဆောင်ရည်ကို အားကောင်း စေသော အစွမ်းထက် ‘ဗီတာမင်၊’ ပါရှိ ၏။

“ ဟီးဟီး ... ၊ ရှုရင်ကို ဒီလောက် ရဲရင့် လိမ့်မယ်လို့ ... မထင်ထား မိဘူး၊ သူ ကျေနပ် သွားအောင် ... ငါ စွမ်းဆောင် ပေးရမယ်။ ”

-ဟု ကြုံးဝါး လိုက်သည်။

လမ်းခရီး၌ ရွှင်မြူး နေခဲ့၏။ တောအုပ် အစပ်သို့ အရောက်တွင်၊ ပလွေ သံကို ကြားလာ ရသည်။

“ ပလွေ သံလား ... ။ ”

ပိုင်ရှုရင်သည် ဂီတ ကျွမ်းကျင်သည်။ ဤသည်မှာ သူတော်စင် အသံ ဖြစ်နေ သဖြင့်၊ သူမ ဖြစ်ကြောင်း သေချာ သွား၏။

မြင့်မား လှသော သစ်ပင်ကြီး တစ်ပင် အနားသို့ အရောက်တွင်၊ ရပ်ကာ သစ်ပင်အား မော့ကြည့် လိုက်သည်။

“ စီနီယာ အစ်မ ပိုင် ... ၊ မင်း ချိန်းဆိုတဲ့ အတိုင်း ... ၊ ငါ လာပြီ။ ”

-ဟု အသံပေး လိုက်သည်။

ပလွေသံ ချက်ချင်း ရပ်သွား သောကြောင့်၊ ကျန်းယွီ တစ်ယောက် နှလုံးခုန်သံ မြန်လာခဲ့၏။ စိုးရိမ် ခြင်းနှင့် မျှော်လင့် ခြင်းမှာ တပြိုက်နက် တည်း ဝင်ရောက် လာသည်။

“ ဘယ်က စီနီယာ အစ်မ ပိုင်လဲ ... ၊ ဒီမှာ စီနီယာ အစ်မ ပိုင် မရှိဘူး။ ”

“ ဝှစ် ... ။ ”

အေးစက်သော ပြန်ဖြေသံ ထွက်ပေါ် လာကာ၊ ငွေရောင် ပုံရိပ် တစ်ရိပ် သစ်ပင် ပေါ်မှ ဆင်းသက် လာသည်။

မျက်နှာကို ငွေရောင် မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး၊ တစ်ကိုယ်လုံး ငွေရောင် အဆင် တန်ဆာများ၊ ဆင်မြန်း ထား၏။

“ မင်း ဘယ်သူလဲ ... ၊ စီနီယာ အစ်မပိုင် ဘယ်မှာလဲ။ ”

ထို့ကြောင့် ကျန်းယွီက ပတ်ဝန်းကျင်အား လှည့်ပါတ် ရှာဖွေ မိတော့သည်။

“ ဒီညကို အတူတူ ကုန်ဆုံးဖို့ ... ၊ မင်း လာတာ မဟုတ်လား။ ”

“ မင်း ဘယ်လို သိ ... ။ ”

ကျန်းယွီ မျက်နှာ ပြောင်းလဲ သွားလျက်မှ၊ အဖြစ် အပျက်အား ချက်ချင်း နားလည် လာ တော့သည်။

“ ငါ့ကို လှည့်စား ရဲတယ်လား။ ”

စိတ် ခံစားချက်ကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ဘဲ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ချက်ချင်း ထွက်ပေါ် လာလေသည်။

ရှက်စိတ်ကြောင့်၊ မျက်နှာ တပြင်လုံး မည်းမှောင် လာပြီး၊

“ မင်း ... ငါ့ အောက်စည်းကို ဖြတ်ကျော် သွားပြီ။ ”

-ဟု ပြောကာ၊ လက်ဖဝါးဖြင့် လှမ်းရိုက် လိုက်သည်။

“ ဖပ် ... ။ ”

အရှိန်သည် မြန်လွန်း သောကြောင့် လက်ဖဝါးက ရင်ဘတ်ပေါ် ကျရောက် သွား လေသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

သို့သော် ထင်သလို ဖြစ် မလာဘဲ၊ မျက်နှာ ဖြူဖျော့လျက်၊ ခြေလှမ်းပေါင်း များစွာ ပြန်ဆုတ် လိုက် ရသည်။

“ ဘုန်း သူတော်စင် ချပ်ဝတ် ... ၊ မင်း ... မင်းဘယ်သူလဲ။ ”

လင်းယွန်မှ ပြန် မဖြေဘဲ၊ စိုက်ကြည့် နေသည်။ အနန္တ အကြေးခွံ ချပ်ဝတ်ရှိ ရူရ် များ တဖျပ်ဖျပ် တောက်ပကာ၊ အသက်ဝင် လာချေပြီ။

ဤသည်မှာ ကျွားချင်းယန်ပင် မဖျက်ဆီး နိုင်သည့် အရာ ဖြစ်၏။ နိဗ္ဗာန် တတိယ အဆင့် ၌သာ ရှိသော ကျန်းယွီ အတွက်မူ၊ ဆိုဖွယ် မရှိ တော့ချေ။

***

All Chapters