← Chapters

တတိယ ဓား ... ။

Vol. 136 Ch. 1896

တတိယ ဓား ... ။

Vol. 136 Ch. 1896

အသံ ပိုင်ရှင်မှာ အကြီးအကဲ လုံယွင် ဖြစ်သည်။ ထို့ကြောင့် လင်းယွန် တစ်ယောက် တုန်လှုပ် သွား တော့၏။

အကြီးအကဲ လုံယွင်သည် သူ့အား မည်သို့ မှတ်မိနေ သနည်း။ မို မိသားစု မျက်နှာ ဖုံးသည် အစွမ်း ထက်သည် မဟုတ် ပါလော။

“ ငါ့ဆီ လာလည် ချိန်မှာ ... ၊ မင်း မျက်နှာဖုံးကို ဖယ်ထား သင့်တယ် ... ။ ”

လုံယွင် စကားကြောင့် လင်းယွန်မှ၊ ကူကယ်ရာ မဲ့စွာဖြင့်၊ မျက်နှာဖုံးအား ဖယ်ရှား လိုက် တော့သည်။

“ တကယ်ပဲ ... မင်းကိုး ... ၊ ငါ့ကို ... နှောင့်ယှက်ဖို့ ဘယ်သူက ဒီလောက် ရဲရင့် နေလဲလို့ ... တွေးနေ မိတာ ... ။ ”

လင်းယွန်ကို မြင်ပြီးနောက် လုံယွင်မှ လှောင်ပြုံးဖြင့်၊

“ ဘာလို့လဲ ... ၊ မင်းက ငါ့ကို မင်းရဲ့ ဆရာ အဖြစ် သတ်မှတ်ရမှာ ရှက်နေ တာလား။ ”

-ဟု မေးမြန်း လိုက်သည်။

လင်းယွန်မှာ ချက်ချင်း ပြန်မဖြေ နိုင်ခေျ။ အကြီးအကဲ လုံယွင်၏ ထောင်ချောက် အတွင်း ကျရောက် သွားကြောင်း သိလိုက်၏။

အကြီးအကဲ လုံယွင်သည်၊ သူ မည်သူ မည်ဝါ ဖြစ်မည်ကို တပ်အပ် သိပုံ မရဘဲ၊ ခန့်မှန်း အစ်အောက် လိုက်ခြင်းသာ ဖြစ်သည်။

နှစ်ယောက်သား မြစ်ကမ်း ဘေးသို့၊ လျှောက်လှမ်း လာကာ၊ ထိုင်ချ လိုက်သည်။ မြစ် တစ်ဘက်တွင် ဆန်းကြယ်သော မြူခိုးများ ဖုံးလွှမ်း နေသည့် နန်းတော် တစ်လုံး ရှိ၏။

“ ကင်းထောက်တွေ ... ၊ မင်းနောက် လိုက်လာ တုန်းက၊ မျက်နှာဖုံးကို ဘာလို့ မဖယ် ရတာလဲ။ ”

လုံယွင်မှ မေးသည်။ လင်းယွန်က၊

“ စိတ် လှုပ်ရှား နေလို့ပါ။ ”

-ဟု ကြုံရာ ဆင်ခြေ တစ်ခု ပြန်ပေး လိုက်၏။

“ မင်း ဘယ်လောက်ပဲ ... ထိတ်လန့် နေပါစေ၊ မျက်နှာဖုံး ဖယ်ရမယ်၊ အဲဒီ အမည်ခံ သူတော်စင် ကသာ၊ မင်းကို သတ်မိ သွားရင် ငါ ဘာမှ လုပ်လို့ မရဘူး၊ ဒီလို သေခြင်း တရားနဲ့ ရင်ဆိုင် နေရ တာတောင်၊ ...

... မင်းက ငါ့ တပည့် ... ဖြစ်သွားပြီ ဆိုတာကို ... လူသိမှာ ကြောက်နေ တာလား၊ ဒါမှ မဟုတ် ... ငါ့ဆီမှာ တပည့် ခံဖို့ ... ဆန္ဒ မရှိ တာလား၊ ပြောပါ အခုလို မျက်နှာဖုံး တပ်ပြီး၊ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”

လုံယွင် ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်လာ သဖြင့်၊ လင်းယွန် တစ်ယောက် ထိတ်လန့် လာ တော့သည်။

“ မဟုတ် ပါဘူး၊ အကြီး အကဲ ဆီကို လာလည် တာပါ။ ”

“ ကောင်းပြီ ... ၊ ဒါဆို မင်းရဲ့ လက်ဆောင် ဘယ်မှာလဲ။ ”

“ ပါ ... ပါတယ်။ ”

လင်းယွန်က စိတ်ထဲမှ သက်ပြင်းချ လိုက်ကာ၊ ဒီမီဂေါ့ ဝိုင်ပုလင်း တစ်လုံးအား ထုတ်ပေး မိသည်။

“ ဒီမီဂေါ့ ဝိုင်လား ... ။ ”

ပုလင်းကို ဖွင့်ပြီး လုံယွင် တစ်ယောက် အံ့ဩသွား တော့၏။

“ မင်းက ... ၊ ငါ့ကို ဆရာ အဖြစ် ခံယူဖို့ တကယ် ရောက်လာ တာပဲ။ ”

“ ဟုတ်ပါတယ် ...။ ”

လင်းယွန်မှ နာကျင်စွာ ဖြေသည်။

“ ဒီလောက် ရက်ရော လိမ့်မယ်လို့ ... ၊ ငါ မထင် ထားဘူး၊ ဒီမီဂေါ့ ဝိုင်က ရတနာ တစ်ပါး ဖြစ်ပြီး ... ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက၊ ငါ တစ်ကြိမ် သောက်ဖူးတယ်။ ”

“ ကျွန်တော့်မှာ ... ရှိတာ အကုန် ပါပဲ။ ”

လင်းယွန်၏ ခံစားချက် အပေါ်၊ လုံယွင်မှ ဂရုမစိုက်ဘဲ၊ ခေါင်းညိတ်လျက် ဒီမီဂေါ့ ဝိုင်အား သိမ်းဆည်း လိုက်သည်။

“ ဒီလောက် ဆိုလည်း ... ၊ အဆင်ပြေ ပါတယ်၊ ကောင်းပြီ ... မင်း အခု ငါ့ကို ဆရာ အဖြစ်၊ အရို အသေ ပေးလို့ ရပြီ။ ”

-ဟု ပြောလိုက် တော့၏။

သို့သော် လင်းယွန်မှ တုံ့ဆိုင်း စွာဖြင့်၊

“ အမှန်တော့ ... ဒီနေ့ လာတာက၊ ဆရာ အဖြစ် အသိ အမှတ် မပြုခင် ... ၊ အသူရာ ဓား သူတော်စင် ပြန်လာတဲ့ အထိ ... စောင့်ပေးဖို့ လာပြော တာပါ။ ”

“ ယဲ့ ကူ ဟန် လား ... ။ ”

လုံယွင်က အံ့ဩ သွားပြီး၊

“ မင်း ... သူ့ဆီက အရိယာ ဓားသုတ္တန်ကို သင်ယူခဲ့ တာလား၊ ဒါဆို ရင်တော့ မင်းရဲ့ ဝါစဉ် က .. ရှုပ်ထွေး သွား လိမ့်မယ်။ ”

“ မဟုတ်ပါဘူး ... ၊ သူ့ရဲ့ ထင်မြင်ချက်ကို မေးရုံပါပဲ။ ”

“ အဲဒါ ဆိုရင် ... အဆင်ပြေ ပါတယ်၊ ယဲ့ကူဟန်က ငါ့ မျက်စိ အောက်မှာ ကြီးပြင်း လာတဲ့ လူပဲ၊ ငါက သူ့ရဲ့ ဆရာ တပိုင်း ဆိုလည်း ဟုတ်တယ်၊ ဒါကြောင့် မင်း ငါ့ကို ဆရာ အဖြစ် ​ခံယူရင်​၊ ...

... သူ တားမှာ မဟုတ်ဘူး၊ ဒါပေမယ့် အခု သူက ဓား သူတော်စင် ဖြစ်နေ ပါပြီ၊ ဒါကြောင့် သူ ပြန်လာတဲ့ အခါ ... ၊ မင်းက ငါ့တပည့် ဖြစ်ကြောင်း ပြောပြ လိုက်မယ်၊ ...

... လောလော ဆယ် ... ၊ သူ ပြန် မလာ သေးခင်၊ မင်းကို ... ငါ့ရဲ့ ပြင်ပ တပည့် အဖြစ် ထားလိုက်မယ်။ ”

“ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”

လင်းယွန်က လက်ဝှေ့ ယမ်းကာ ပြော လိုက်သည်။

“ ရော့ ... ဒီတံဆိပ်ကို သိမ်းထား ... ၊ အခု မင်းက ပြင်ပ တပည့် ဆိုပေမယ့်၊ ဒီတံဆိပ် ရှိနေ သရွေ့၊ သူတော်စင် တိုက်ရိုက် တပည့် အဆင့် အတန်းကို ရလိမ့်မယ်၊ ...

... ငါက ကောင်းကင် ရေကန်မှာ ... ၊ အမြဲ ကျင့်ကြံ နေပြီး၊ မင်း အချိန် မရွေး ငါ့ကို လာရှာ နိုင်တယ်။ ”

လင်းယွန်မှ တံဆိပ်ကို လက်ခံ ပြီးနောက်၊

“ ကျေးဇူး တင်ပါတယ် ဆရာ ... ၊ ကျွန်တော် မေးစရာ တစ်ခု ရှိပါ သေးတယ်။ ”

“ ဘာလဲ နဂါးပြာ မီးတောက် သုံးပါး အကြောင်းလား။ ”

“ ဟုတ်ကဲ့ ... ။ ”

လုံယွင်၏ အသွင်မှာ ရုတ်တရက် လေးနက် လာပြီး၊

“ ကောင်းကင် တာအို ဂိုဏ်းမှာ ဓား သုံးလက် ရှိတယ်၊ ဒါက သတင်း အမှား မဟုတ် ဘူး၊ ကောင်းကင်ဓားနဲ့ တာအို ဓားအပြင် ဧကရာဇ် ဓားလည်း ရှိတယ်၊ ...

... အဲဒီ အခမ်း အနားမှာ၊ လူတိုင်းက လက်ရှိဓား နှစ်လက်ရဲ့ အမွေ ဖြစ်တဲ့ မီးတောက် တွေကိုသာ ရရှိ ကြတယ်၊ မင်းကတော့ မတူဘူး၊ ဧကရာဇ် ဓားနဲ့ ဆိုင်တဲ့ ... ၊ နဂါးပြာ မီးတောက်ပဲ။ ”

“ အဲဒီ ဓား ... ဘယ်မှာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ပျောက်သွားပြီ ... ၊ တစ်ချိန် တုန်းက ခွန်လွန်ကို ကပ်ဘေးတွေ ရောက်လာတဲ့ အခါ၊ ဧကရာဇ်ဓား ကိုင်ဆောင်သူ ကျဆုံး သွားတယ်၊ အဲဒီ အချိန်က စပြီး၊ ဧကရာဇ် ဓားလည်း ထွက်သွားတော့ တာပဲ။ ”

လုံယွင်က အဝေးကို ငေးကာ၊

“ ကောင်းကင် လမ်းကို ဖြတ်လိုက်ပြီး ကတည်းက၊ ခွန်လွန်မှာ နတ်ဘုရားတွေ မရှိ တော့ဘူး၊ နတ်ဘုရား တွေဆိုတာ ကလည်း အရင်တည်း ကတောင် ... ၊ ရှားပါး ကြတာ မဟုတ်လား၊ ...

... သူတို့က မသေ နိုင်တဲ့ အတွက် ... ၊ နတ်ဘုရား အချင်း ချင်းတောင်၊ သတ်ဖို့ မလွယ် ကြဘူး၊ ဒါပေမယ့် ... ဧကရာဇ်ဓား ကတော့ နတ်ဘုရား တစ်ပါးကို အလွယ် တကူ သတ်နိုင်တယ်။ ”

ထိုစကားကို ကြားသော အခါ၊ လင်းယွန် နှလုံး တုန်သွားပြီး၊ အိုင်းရစ် ဓား သူတော်စင်မှ နတ်ဘုရား များကို သတ်သည့် ဒဏ္ဍာရီအား သတိရ လာတော့၏။

( နဂါးပြာ မီးတောက်က ဧကရာဇ် ဓားနဲ့ ဘယ်လို ပတ်သတ်လဲ၊ ဓား ပိုင်ရှင်က အဲဒီ လူပဲ လား ဆိုတာ ... ၊ နင် မေးသင့်တယ်။ )

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍ သတိဝင် ပေးသည်။ ခေတ္တမျှ တုံ့ဆိုင်း သွားပြီး အဆုံး၌ ထိုမေးခွန်းကို ထုတ်မေး လိုက်၏။

“ မင်း ... ၊ ဒီလျှို့ဝှက်ချက်ကို သိနေ တာလား။ ”

လုံယွင်မှ အံ့သြစွာ ပြန်ကြည့် လာသဖြင့်၊ လင်းယွန် တစ်ယောက် အနေခက် သွားသည်။ သူ့ မူလအား သံသယ ဝင်လာ မည်ကို၊ စိုးရိမ် သွားမိ၏။

လိပ်နက် အသွင်ပြောင်း နည်းသည် သူတော်စင်များ အမြင်မှ ဖုံးကွယ် ထားနိုင်သည် ဟု ဆိုသော် ငြားလည်း၊ မဟာ သူတော်စင်များ အပေါ်၊ အကျုံး ဝင်ခြင်း ရှိ-မရှိ မသေချာချေ။

ထို့ကြောင့် လုံယွင် မှသာ စုံစမ်းရန်၊ ဆန္ဒရှိ လာပါက၊ သူ့ အသွင် အပြင်အား ထုတ်ဖော်ပေ လိမ့်မည်။

“ ဟုတ်တယ် ... ဒီလို ဒဏ္ဍာရီမျိုး ရှိခဲ့ ဖူးတယ်၊ အဲဒီ ဆရာ ကြီးက ဧကရာဇ် ဓားကို သွန်းလုပ် ခဲ့တယ်လို့၊ ကောလဟာလ ရှိခဲ့တယ်၊ သူက စိတ် သဘောထား ကြီးပြီး၊ အင်အားစု တွေကို အုပ်စိုးဖို့ ဆန္ဒ မရှိဘူး၊ ခွန်လွန်ရဲ့ ...

... မြင့်မြတ် မြေတွေ အားလုံးက သူနဲ့ ဆက်ဆံရေး ထားရှိ ကြတယ်၊ ကောင်းကင် တာအို ဂိုဏ်းလည်း အပါ အဝင်ပဲ ... ၊ သူက ခွန်လွန်ကို ကာကွယ်ဖို့၊ ...

... ငါတို့ ဂိုဏ်းကို တာဝန် ပေးပြီး ... ၊ သူ့အမွေ အဖြစ် အဲဒီဓား ပေးခဲ့တယ်၊ မဟုတ်ရင် ဓားထမ်း အကြီးအကဲ တွေက နတ်ဘုရား စစ်ပွဲ ကြီးကို၊ ပါဝင် ကြမှာ မဟုတ်ဘူး၊ ...

... ပြောချင် တာက နဂါးပြာ မီးတောက် သုံးပါးကို ရရှိ ခဲ့တာက ... ၊ မင်း အရည်အချင်း ထက်မြက်လို့ မဟုတ်ဘူး။ ”

လုံယွင်မှ ရှည်လျားစွာ ဆိုသည်။

“ ဒါဆို ဘာလို့လဲ ၊ အဲဒီ လူနဲ့ ကျွန်တော်က ပတ်သတ်မှု ရှိတာလား၊ ဒါမှ မဟုတ် ကျွန်တော် က ဧကရာဇ် ဓားရဲ့ ... ၊ အမွေ ဆက်ခံသူ အသစ်လား။ ”

လင်းယွန်က မေးသည်။

“ ဘယ် သိနိုင် မလဲ ... ၊ အတိတ်က ယဲ့ချင်းရှန်က မဖြစ်နိုင် ပေမယ့် ... လက်ရှိ မင်း ကတော့ ဖြစ်ချင် ... ဖြစ်နိုင် မှာပေါ့။ ”

လုံယွင် အဖြေ၏ နောက်ကွယ်တွင်၊ အဓိပ္ပာယ် တစ်ခု ရှိနေ သဖြင့်၊ လင်းယွန် ခမျာ တုန်လှုပ် သွား တော့၏။

သို့သော် လုံယွင်က သူ့အား စိတ်မဝင်စား တော့ဘဲ၊

“ နောက်ကျ နေပြီ ... မင်း ပြန်တော့ ငါလည်း အနားယူ တော့မယ်။ ”

-ဟု မောင်းထုတ် လာတော့၏။

လင်းယွန်က သက်ပြင်း ချလျက် နှုတ်ဆက်ပြီး ထွက်ခွာ လာခဲ့သည်။ ခြေလှမ်း (၁၀) လှမ်းပြီး ချိန်၌၊ လုံယွင် အသံက ထွက်ပေါ် လာပြန်၏။

“ ယဲ့ချင်းရှန် ... မျက်နှာဖုံး ထပ်တပ်ပြီး၊ နောက်တစ်ခါ အပြင် မထွက် ပါနဲ့ ... ၊ နဂါးပြာ မှတ်တမ်း မကြာခင် ပေါ်လာ တော့မယ်၊ သူ ပေါ်လာရင်၊ ခွန်လွန် မြေရဲ့ ပါရမီရှင် တိုင်း ...

... ထွက်လာ ကြလိမ့်မယ်၊ ဒါက ရွှေခေတ် ရောက်လာပြီ ဆိုတဲ့ နိမိတ်ပဲ ... ၊ အဲဒီ အချိန်မှာ မင်း နာမည်ကို ... ငါ မြင်ချင်တယ်။ ”

လင်းယွန်က ခြေလှမ်း ရပ်လိုက်ကာ၊

“ ဟုတ်ကဲ့ ... ကျွန်တော် မှတ်ထား ပါ့မယ်။ ”

“ ကောင်းပြီ ... မင်းရဲ့ ကောင်းကင် အမိုးဓားက၊ သရုပ်ဖော် အဆင့်ကို ရောက်နေပြီ ဆိုတော့ ... ၊ နောက်ထပ် ခြေတစ်လှမ်း လှမ်းချင်ရင် ... ကောင်းကင် သန့်စင်ခြင်း တောင်ကို သွားလို့ ရတယ်။ ”

စကားဆုံး သည်နှင့် လုံယွင်၏ အငွေ့ အသက်မှာ၊ လုံးဝ ပျောက်ကွယ် သွားတော့၏။ တောင်ကြားမှ ထွက်လာသော လင်းယွန် ခဗျာ၊ ကျောပြင်၌ ချွေးများ ဖုံးလွှမ်း သွားလေသည်။

လုံယွင်သည် သူ့ဓားအား အဆုံးတိုင် မြင်နိုင်လိမ့် မည်ဟု မထင် မိချေ။ ဤအဖိုးကြီး အား၊ အနာဂါတ်၌ နောင်တ ရလာသည် အထိ၊ ရိုက်နှက် မည်ဟု မကြောက် မလန့်၊ သူ ပြောမိ ခဲ့သည်။

( လင်းယွန် ... နင် ဘာလုပ် ခဲ့တယ် ဆိုတာကို ... ဒီလူကြီး သိနေ တယ်၊ ဒါကြောင့် နင့်ကို ခြိမ်းခြောက်ပြီး၊ ဆရာ အဖြစ် ခံယူ သွားတာပဲ။ )

ခရမ်းငယ်မှ သူမ အမြင်ကို ပြောပြ လာသည်။

( ငါ သိတယ်၊ ... ဒါပေမယ့် ကျန်းယွီ ကျောမှာ ငါ ရေးထားတဲ့ စာကို သူ မြင်တာ တောင်မှ၊ ငါ့ကို အပြစ် မတင် ခဲ့ဘူး၊ ဒီတော့ ငါလည်း သူ့လှည့်ကွက်ကို မသိ သလို နေလိုက်တာ အကောင်းဆုံး ပါပဲ။ )

( ဟဲဟဲ ... သူက နင့်ကို သဘောကျ နေတာတော့ သေချာတယ်၊ ဒါကြောင့် နင့်ကို မရိုက် တာပေါ့၊ ဘာပဲ ဖြစ်ဖြစ် ... မရဏ မိုးကြိုး တောင်ထိပ် သခင်ကို၊ သတင်း ပြန်ပို့ နိုင်ပြီ။ )

လင်းယွန်က စကား တစ်ခွန်းမျှ မဆို တော့ချေ။ လုံယွင်နှင့် မကြာခဏ ဆက်ဆံ ခြင်း မပြု တော့ရန် ဆုံးဖြတ် ခဲ့သည်။

သို့သော် ကောင်းကင် သန့်စင်ခြင်း တောင်တန်းသည် မည်သည့် နေရာ ဖြစ်မည်ကို သိရန် ကြိုးစား ရပေ ဦးမည်။

မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန် ရောက်သော အခါ၊ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့သည်။ မနက်လင်း ချိန်၌ ချန်ဖန်နှင့် တပည့် တသိုက် အပြေး အလွှား ရောက်ရှိ လာ၏။

“ အစ်ကိုကြီး ... ၊ ကိစ္စကြီး တစ်ခု ဂိုဏ်းမှာ ဖြစ်သွားပြီ။ ”

ချန်ဖန်မှ အော်သည်။ လင်းယွန်က ပြတင်းပေါက် တံခါးအား ဖွင့်ပြီး၊ မျက်ဝန်းကို ပွတ်သပ်လျက်၊

“ ဘာဖြစ် လို့လဲ။ ” -ဟု မေးလိုက်၏။

“ ဟီးဟီး ... အစ်ကိုကြီး၊ ကျန်းယွီကို အဝတ်ချွတ်ပြီး၊ တော်ဝင် သမီးတော် ခြံဝင်း အပြင်က သစ်ပင်မှာ ချိတ်ဆွဲ ထားတယ်။ ”

“ ဟုတ်တယ် အဝတ် ဗလာနဲ့ တစ်ညလုံး ချိတ်ဆွဲ ခံထားရ ပုံပဲ၊ အဟဲ ... အစ်ကိုကြီး ငါတို့ မြန်မြန် သွားရအောင်၊ မဟုတ်ရင် ... မြင်လိုက် ရမှာ မဟုတ်ဘူး။ ”

လူတိုင်းက ကျွန်းယွီ အဖြစ် အပေါ် သဘောကျစွာ ရယ်မော လိုက်ကြသည်။

“ ဒါဆို သွား ရအောင်။ ”

“ မြန်မြန် ... ယန် နန်းတော်ရဲ့ အမည်ခံ သူတော်စင်တွေ ရောက်လာ ပေမယ့်၊ သစ်ပင် ပေါ် ကနေ ဖြုတ်ချ မပေး ရဲကြဘူး၊ သူတို့ အားလုံး ဒေါသ ထွက်နေ ကြတယ်။ ”

“ တော်ဝင် သမီးတော် ခြံဝင်းရဲ့ အကြီးအကဲ တွေက သူ့ကို သတ်ပစ်ချင် နေတယ်လို့ ပြောသံ ကြားလိုက်တယ်။ ”

လူတိုင်းက စိတ်လှုပ်ရှား နေသဖြင့်၊ လင်းယွန် မျက်နှာ ပေါ်ရှိ ကောက်ကျစ်သော အပြုံးကို မမြင် ခဲ့ကြချေ။

***

All Chapters