← Chapters

သတ်ဖြတ်သူ မဟာ သူတော်စင် ... ။

Vol. 136 Ch. 1897

သတ်ဖြတ်သူ မဟာ သူတော်စင် ... ။

Vol. 136 Ch. 1897

“ အစ်ကိုကြီး ... မင်း ကြည့်ရတာ ဒီကိစ္စ အပေါ် အံ့သြပုံ မပေါ် ပါလား။ ”

ချန်ဖန်က လင်းယွန်၏ အမူ အရာကို သတိထား မိကာ နား မလည်နိုင် ဖြစ်လာသည်။

“ ဘာများ ... အံ့ဩ စရာ ရှိလို့လဲ ... ၊ သူများကို အရှက်ခွဲတဲ့ လူတိုင်းက သဘာဝ အတိုင်း၊ အရှက်ခွဲ ပြန်ခံရ မှာပဲ၊ လာ သွားကြည့် ရအောင်။ ”

လင်းယွန်မှ ပြန်ဖြေ၏။ ထို့နောက် မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များကို ဦး​ဆောင် ကာ၊ တော်ဝင် သမီးတော် ခြံဝန်းထံ ဦးတည် လာခဲ့သည်။

“ သူ့ကို ဘယ်လို ရှာတွေ့ခဲ့ တာလဲ။ ”

လင်းယွန်မှ မေး၏။

“ ဟဲဟဲ ... အဲဒါ တိုက်ဆိုင်မှုပါ၊ တော်ဝင် သမီးတော် ခြံဝန်းရဲ့ ... တပည့်တွေ မဟုတ်ဘဲ၊ ဖြတ်သွား ဖြတ်လာ တပည့် တစ်ယောက်က တွေ့ခဲ့တာ။ ”

“ ဟုတ်တယ် သူက ... သစ်ပင် ပေါ်ကနေ ​ဖြုတ်ချ ​ပေးချင်ပေမယ့် ... ၊ ကျန်းယွီကို တံဆိပ် တစ်ခုနဲ့ ချိတ်ပိတ် ထား တာမို့၊ ဘယ်သူ့မှ မထိရဲ တော့ဘူး။ ”

တပည့်များ ပြောလာ သည်ကို လင်းယွန်မှ ပြုံးပြီး နား​ထောင် နေလိုက်သည်။

“ ဟုတ်တယ် ... ၊ အမည်ခံ သူတော်စင် တောင်မှ အဲဒီ တံဆိပ်နဲ့ ပတ်သက်ပြီး ဘာမှ လုပ်လို့ မရဘူး။ ”

“ အခု လောက်ဆို ... ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ရှိတဲ့ လူတိုင်း သိနေ လောက်ပြီ၊ စီနီယာ အစ်ကို မြန်မြန် လုပ်၊ မဟုတ်ရင် ငါတို့ ကြည့်ဖို့ နေရာ ရှိတော့မှာ မဟုတ်ဘူး။ ”

သူတို့ ရောက် သွားသော အခါတွင်၊ ပတ်ဝန်းကျင် တစ်ခုလုံး လူများဖြင့် ပြည့်နှက် နေသည်။

နန်းတော် နှစ်လုံး၊ ​ခြံဝန်း သုံးခုနှင့် တောင်ထိပ် တစ်ရာ့ရှစ် လုံးတို့မှ တပည့် များ၊ ရောက်ရှိ နေ၏။

“ တကယ်ပဲ ... စီနီယာ အစ်ကို ကျန်းယွီပဲ။ ”

“ ဟား ဟား ဟား ... ၊ သူ့ မျက်နှာ ပေါ်က လိပ်ပုံကို ကြည့်လိုက်စမ်း။ ”

“ နေဦး ... ကျန်းယွီရဲ့ ကျော​ပြင်မှာ ဘာရေး ထားတာလဲ။ ”

“ မူလ နဂါး မဟာ သူတော်စင် ရေချိုး​ နေတာကို ​ခေျာင်းကြည့် မိတဲ့ အတွက် ... ငါ့မှာ အပြစ် ရှိပါ တယ်တဲ့၊ ဟား ဟား ဟား ... ။ ”

“ ဟီးဟီး ... ၊ စီနီယာ အစ်ကို ကျန်းက တကယ် သေးသေး လေးပဲ ... ။ ”

“ ဟုတ်ပါ့ ... ၊ ဟား ဟား ဟား ... ။ ”

ဤမြင်ကွင်းသည် စိတ်ဝင် စားစရာ ကောင်းလွန်း သောကြောင့်၊ ကျယ်လောင်စွာ ရယ်မော လိုက်ကြသည်။

“ မရယ်နဲ့ ... မင်းတို့ ပါးစပ် တွေကို ပိတ်ထားကြ။ ”

တာအို ယန် နန်းတော်၏ တပည့် များက ရှက်ရွံ့ စွာဖြင့် အော်ငေါက် ဟန့်တား လာကြ လေသည်။

“ ဘာဖြစ် လို့လဲ ... ၊ ငါတို့က သူ့​ကျောမှာ ရေးထားတဲ့ စာကို ဖတ်ကြည့် တာလေ၊ ဖတ်လို့ မရ ဖူးလား၊ ဟား ဟား ဟား ... ။ ”

“ မြန်မြန် ငါ့ကို အောက်ချ ပေးဖို့ လုပ် ... ။ ”

ကျန်းယွီက ရှက်စိတ်ဖြင့် သစ်ပင် ပေါ်မှ ရုန်းကန် ​တော့သည်။

“ ..... ။ ”

ထိုအချိန်တွင် တော်ဝင် သမီးတော် ခြံဝင်း တံခါး ပွင့်လာပြီး၊ တပည့် မများ ရယ်မောလျက် ထွက်လာ ကြ၏။

“ သူ့ကို ကိုယ်လုံးတီး ချွတ်ထား တာပဲ၊ ကြည့်စမ်း အစ်ကို ကျန်းရဲ့ တင်ပါးက တကယ် ဖြူပြီး၊ ဝိုင်းနေ တယ်လို့ နင် မထင်ဖူးလား။ ”

“ ဒီလောက်​ တောင် ... သေးတာလား။ ”

“ ခစ် ခစ် ခစ် ... ။ ”

တော်ဝင် သမီးတော် ခြံဝင်း၏ အမျိုး သမီး တပည့် များမှာ ရဲရင့်လှ သဖြင့်၊ ဆွေးနွေးသံများ ညံလာ တော့သည်။

“ ငါ့ကို ဖုံးထားစမ်း ... ။ ”

ကျန်းယွီက ရှက်ရွံ့စွာ အမိန့်ပေး တော့သည်။

“ အစ်ကိုကြီး ... ၊ ငါတို့ ထိလို့ မရဘူး၊ မဟုတ်ရင် မင်း ခန္ဓာကိုယ် ပေါ်က တံဆိပ် ကျိုးပြီး၊ အသက် အန္တရာယ် ကြုံရ လိမ့်မယ်၊ ခဏလေး သည်းခံပါ၊ အကြီးအကဲ တွေက သူတော်စင် တစ်ပါးကို သွားရှာ နေတယ်။ ”

တာအို ယန် နန်းတော်၏ အမည်ခံ သူတော်စင် တစ်ပါး ရောက်ရှိလာ သော်လည်း၊ သူ သည်လည်း မဝံ့ သဖြင့် အံကြိတ်ကာ လှည့်ထွက် သွားရ လေသည်။

“ ဟိုမှာ တာအို ယန် နန်းတော်ရဲ့ သူတော်စင် အကြီးအကဲ လာပြီ။ ”

တစ်ယောက် ယောက်က ထအော်သည်။ သူတော်စင် ရောင်ဝါများ ထုတ်​ဖော် ထားသော လူရိပ် သုံးရိပ် ကောင်းကင်မှ ဆင်းလာ၏။

သုံးယောက်လုံး အပြာရောင် ၀တ်စုံများ ဆင်မြန်း ထားကြပြီး၊ ဦးဆောင်လာ သူမှာ ငရဲ သူတော်စင် ဘုရင် အဖြစ်၊ လူသိ များသော တုယွဲ့ ဖြစ်သည်။

“ ဆရာ ... ကယ်ပါဦး ... ။ ”

တုယွဲ့အား မြင်သောအခါ ကျန်းယွီ တစ်ယောက် စိတ် သက်သာရာ ရသွား တော့ သည်။ သို့သော်၊

“ တုယွဲ့ ... မင်းရဲ့ ယန် နန်းတော်က၊ ဒီနေ့ ဖြစ်ပျက် ခဲ့တာတွေ အတွက်၊ ရှင်းပြ ပေးဖို့ လိုပြီ ထင်တယ်၊ ငါ့ရဲ့ ​ခြံဝင်း ရှေ့မှာ၊ ဒီပုံစံနဲ့ မင်း တပည့်က ဘာလုပ်ချင် နေတာလဲ။ ”

-ဟု ဆိုလျက် အမျိုးသမီး တစ်ဦး ခြံဝင်းထဲမှ လှမ်းထွက် လာသည်။

“ သတ်ဖြတ်သူ မဟာ သူတော်စင် ... ။ ”

ပတ်​ဝန်းကျင်​ တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။ သတ်ဖြတ်သူ မဟာ သူတော်စင် သည် ကောင်းကင် တာအို ဂိုဏ်း အတွင်း နာမည် ဆိုးဖြင့် ကျော်ကြား ချေ၏။

ရက်စက် ကြမ်းကြုတ်ပြီး သူတော်စင် တိုက်ရိုက် တပည့်များ ကိုပင်၊ မျက်နှာသာ မပေး ခဲ့ချေ။

ထို့ကြောင့် သွေးအေးသော သတ်ဖြတ်သူ မဟာ သူတော်စင် အဖြစ် ကျောကြား လှသည်။ ရှင်းယန်က သူမ ဘေးမှ လိုက်ပါ လာပြီး လူအုပ် ထဲတွင် ရပ်နေသော လင်းယွန်ကို ဦးစွာ လှမ်း ကြည့်သည်။

သို့သော် လင်းယွန်က သူမ အကြည့်အား ရှောင်လိုက်၏။ ယင်းကြောင့် ယဲ့ချင်းရှန်သည် ကောလာ ဟလ များနှင့် မတူကြောင်း ရှင်းယန်မှ တွေးမိ လာသည်။

ငရဲ သူတော်စင် ဘုရင် တုယွဲ့က အဆင် မပြေသည့် အမူ အရာဖြင့်၊

“ သတ်ဖြတ်သူ မဟာ သူတော်စင်၊ တစ်စုံ တစ်ယောက်က ဒီကိစ္စရဲ့ နောက်ကွယ် ရှိနေတာ ထင်ရှား ပါတယ်၊ ကျန်းယွီက ငါ့ တပည့် ဖြစ်လို့ ဒီလိုမျိုး အရှက် ရစေမယ့် ကိစ္စကို၊ လုပ်မှာ မဟုတ် ဘူးလို့၊ အာမခံ ပါတယ်၊ ...

... ပြီးတော့ ညက ကင်းလှည့် အဖွဲ့က၊ ကျူးကျော်သူ တစ်ဦးကို တွေ့ရှိ ခဲ့တဲ့ အတွက် အဲဒီလူ လုပ်ခဲ့ တာလို့လည်း သံသယ ရှိတယ်။ ”

လက်ရှိ ဖြစ်စဉ်သည် ယန် နန်းတော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင် သဖြင့်၊ တုယွဲ့ ခမျာ၊ စကား အသုံး အနှုန်း များကို၊ သတိ ကြီးစွာ သုံးနှုန်းနေ ရသည်။

“ ဆရာ ... ကယ်ပါဦး၊ ကျွန်တော် အပြစ်ကင်း ပါတယ်။ ”

ကျန်းယွီက သစ်ပင်ပေါ်မှ အော်၏။ တစ်စုံ တစ်ယောက်သည် သူ့အား လုပ်ကြံခဲ့မှန်း မြင် သာချေပြီ။

သူ ဟူသည် ယန် နန်းတော်၏ သူတော်စင် တပည့်များ ထဲတွင်၊ ထိပ်တန်း ဆယ်ဦး စာရင်း ဝင်၏။

မီးဝိညာဉ် သူတော်စင် ခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထားပြီး၊ ကောင်းမွန်သော အလား အလာ ရှိသည်။

သို့သော် ဤနည်းဖြင့်၊ သူသည် အရှက် ရဖွယ် အမှိုက် တစ်စသာ ဖြစ်ကြောင်း၊ ပြသရာ ရောက်နေ ခဲ့သည်။

ထို့ကြောင့် သူ့တွင် အရည် အချင်းများ ရှိနေ သော်လည်း၊ ကောင်းကင် တာအို ဂိုဏ်း အတွင်း လူ​ပြက် တစ်ယောက် ဖြစ်လာ ရပေ တော့မည်။

“ သတ်ဖြတ်သူ မဟာ သူတော်စင် ... ၊ ဒီကိစ္စကို ကောင်းကောင်း စုံစမ်းပြီး တော်ဝင် သမီးတော် ခြံဝင်း အတွက်၊ ရှင်းပြ ပေးပါ့မယ်။ ”

ငရဲ သူတော်စင် ဘုရင်မှ ပြောကြား လိုက်သည်။ ပြီးနောက် လက်ကို ဆန့်တန်းကာ သူတော်စင် ရောင်ဝါဖြင့် ကျန်းယွီထံ ပစ်လိုက်၏။

“ တွမ် ... ။ ”

ကျန်းယွီ ခန္ဓာကိုယ် ပေါ်၌ ကြက်သွေးရောင် ကြိုးများ ပေါ် လာသည်။

“ ဝိညာဉ် သော့ခတ်ခြင်း … ၊ ဒါက ရှေးဟောင်း နည်းလမ်း တစ်ခုပဲ၊ ကျန်းယွီ မင်း... ညက ဘယ်သူ့ကို စော်ကား လိုက်တာလဲ၊ ငါ့ကို မှန်မှန် ပြောစမ်း။ ”

ငရဲ သူတော်စင် ဘုရင်က အေးစက်စွာ မေးသည်။ ကျန်းယွီမှ အဝတ် အစားများ အမြန် ဝတ်ဆင် လိုက်ပြီး၊

“ ဆရာ ...၊ ကျွန်တော် မနေ့ညက ယန် နန်းတော် ထဲမှာ တစ်ချိန်လုံး ... ၊ ကျင့်​ကြံ နေခဲ့ တာပါ၊ ဒါပေမယ့် ... ကျွန်​တော် နိုးလာတဲ့ အခါ၊ အခုလို ဒီသစ်ပင်မှာ တွဲ​လေျာင်း အချည်ခံ ထားရ တာပဲ။ ”

“ ဖြန်း ... ။ ”

သူ့ အဖြေသည် သတ်ဖြတ်သူ မဟာ သူတော်စင် မျက်နှာကို အေးစက် သွားစေ၏။ သို့သော် ငရဲ သူတော်စင် ဘုရင်က၊ ကျန်းယွီ ပါးကို ဦးစွာ ရိုက်ချ လိုက်သည်။

“ လူမိုက် ... ၊ သတ်ဖြတ်သူ မဟာ သူတော်စင် ရှေ့မှာ၊ မင်း ဘယ်လို လိမ်ဝံ့ သလဲ၊ ယန်နန်းတော် ထဲမှာ တစ်ချိန်လုံး ရှိနေရင်၊ မင်းကို ဘယ်သူမှ ခေါ်လာလို့ မရဘူး။ ”

သတ်ဖြတ်သူ မဟာ သူတော်စင်သည် လူလိမ် များကို အမုန်းဆုံး ဖြစ်ကြောင်း သူ့ တပည့်အား အချက်ပြ လိုက်၏။

သူမ သည်သာ လှုပ်ရှား လာခဲ့ ပါက၊ ကျန်းယွီ တစ်ယောက် အနည်းဆုံး ကိုယ်လက် အင်္ဂါ ဆုံးရှုံး သွားပေမည်။

ပါးရိုက် ခံရ သဖြင့်၊ ကျန်းယွီ၏ မျက်နှာ တစ်ခြမ်း၊ ချက်ချင်း ရောင်ရမ်းလာပြီး၊ မျက်ရည် များ စီးကျ လာ၏။

အရေး အကြီး ဆုံးမှာ၊ မဟာ သူတော်စင် တစ်ပါးနှင့်၊ သူတော်စင် ဘုရင် တပါး၏ အာရုံ စိုက်မှုကို ခံထားရ သဖြင့်၊ ပြိုလဲလု နီးပါး ဖိအားများ ခံစား လာရသည်။

“ ဆရာ ... ကျွန်တော့်မှာ၊ အခက် အခဲ ရှိနေပါတယ်၊ ယန် နန်းတော်ကို ပြန်ရောက်မှ ဒီအကြောင်းကို ပြောပြ ပါ့မယ်။ ”

“ ပြော ... ။ ”

“ ဝေါ့ ... ။ ”

သို့သော် ရပ်ကြည့် နေသော သတ်ဖြတ်သူ မဟာ သူတော်စင်က၊ သူ​တော်စင် ရောင်ဝါအား ထုတ်ဖော်လျက်၊ ဟောက်လိုက် သဖြင့်၊ ပါးစပ်မှ သွေးများ အန်ကျကာ၊ ကျန်းယွီ တစ်ယောက် မျက်နှာ ဖြူဖျော့ သွားတော့သည်။

ဤပြဿနာတွင် တစ်စုံ တစ်ရာ မှားယွင်း နေကြောင်း သိရ သဖြင့်၊ ငရဲ သူတော်စင် ဘုရင် တုယွဲ့က မျက်နှာ ပြောင်းသွား​၏။

“ တုယွီ ... ၊ မင်းရဲ့ တပည့်က သူ့ကို စကားပြောခိုင်း နေတာတောင် ... မပြောဘဲ နေ ဝံ့တယ်၊ တကယ် ခေါင်းမာ တာပဲ။ ”

သတ်ဖြတ်သူ မဟာ သူတော်စင်က၊ ငရဲ သူတော်စင် ဘုရင်ကို အေးစက်စွာ လှည့်ကြည့် လိုက်သည်။

တစ်ဖက်လူ မပျော် မရွှင် ဖြစ်လာ သည်ကို သိရှိ လိုက်သဖြင့်၊ ငရဲ သူတော်စင် ဘုရင် တုယွဲ့ မှာ သက်ပြင်းချ လိုက်ပြီး၊

“ ကျန်းယွီ ... အခု ပြောပါ ... ၊ ငါ့ရှိ နေတဲ့အတွက်၊ မင်း ဘာကိုမှ ကြောက်နေ စရာ မလို ပါဘူး။ ”

-ဟု အားပေး လိုက်သည်။

“ ကျွန်တော် ... ။ ”

ကျန်းယွီမှာ မျက်ရည်များ စီးကျလျက်၊ အသံထွက် မလာဘဲ၊ ခေါင်းကြီး ငုံ့ချ လိုက်တော့ သည်။

***

All Chapters