မိုးလုံး ပြည့်လျှံ ... ။
Vol. 136 Ch. 1898
ကျန်းယွီ ခမျာ သူတော်စင် အကြီးအကဲ နှစ်ပါး၏ ဖိအား အောက်တွင် သွေးအန် ခံကာ မပြောဘဲ၊ နေခဲ့ လေသည်။
“ သူ ... မပြော ဖူးလား၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခု ရှိရမယ် ... ။ ”
“ စိတ်ဝင်စားဖို့ ကောင်းတယ် ... ။ ”
လင်းယွန်က စိတ်ထဲမှ ကြိတ်ရယ်ကာ၊ ငရဲ သစ်ခွ ခြံဝင်း၏ တပည့် များထံ ကြည့်ပြီးနောက် ပို၍ ရယ်ချင် လာတော့သည်။
အဘယ့်ကြောင့် ဆိုသော် လူအုပ်ကြား၌ စိတ်ဝင် တစား စောင့်ကြည့် နေသော ပိုင်ရှုရင် အား၊ တွေ့လိုက်ရ သောကြောင့် ဖြစ်၏။
“ အစ်ကိုကြီး ... ၊ မင်း မျက်လုံး တွေက အရမ်း လျင်တယ်၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်း သော သမီးတော် ရောက်နေပြီ ဆိုတာကို ... ၊ ငါ တကယ် သတိ မထား မိဘူး။ ”
“ အဟွတ် ဟွတ် ... ။ ”
ချန်ဖန်မှ ပြုံးကာ ပြောလာဖြင့်၊ လင်းယွန် တစ်ယောက် ချောင်းဆိုး လိုက်ပြီး၊ အကြည့်ကို အမြန် ပြန်ရုတ် မိသည်။
“ အစ်ကိုကြီး ... ၊ ကျန်းယွီ ဘာလုပ်ဖို့ ကြိုးစား နေတယ် ထင်လဲ။ ”
“ မသိ ဘူး။ ”
လင်းယွန် မျက်နှာတွင် ရယ်မော လိုသော အပြုံးများ ထင်ဟပ် လာသည်။ ထိုအချိန်၌ ငရဲ သတ်ဖြတ်သူ သူတော်စင် ဘုရင်က ကျန်းယွီ အား၊ နောက်တစ်ကြိမ် ပါးရိုက် လိုက်သည်။
“ ဖြန်း ... ။ ”
သို့တိုင် ကျန်းယွီမှာ စကား မပြောချင် သေးသည်ကို မြင်နေ ရ သဖြင့်၊ ပို၍ ဒေါသ ထွက်လာ တော့၏။
“ မင်း ... ၊ မနေ့ ညက ဒီကို ဘာလာ လုပ်တာလဲ၊ ပြော ... ။ ”
“ ဆရာ ... ကျွန်တော့်မှာ အခက် အခဲတွေ တကယ် ရှိလို့ပါ ... ၊ ပြန်ရောက်တဲ့ အခါ ပြောပြ ပါ့မယ်၊ ကျေးဇူး ပြုပြီး ... ။ ”
ကျန်းယွီက သူ့နဖူးမှ သွေးများ စီးကျ လာသည် အထိ၊ သုံးကြိမ် တိုင်အောင် မြေပြင် ပေါ် ဝပ်တွားကာ၊ ရှိခိုး တောင်းပန် လေသည်။
ဤမြင်ကွင်းက ငရဲ သူတော်စင် ဘုရင်၏ နှလုံးသားကို ပျော့ပျောင်း သွားစေ၏။
“ သတ်ဖြတ်သူ မဟာ သူတော်စင်၊ သူ့ကို အရင် ခေါ်သွားပါ ရစေ၊ တော်ဝင် သမီးတော် ခြံဝင်း အတွက် ... ၊ ဖြေရှင်းချက် သေချာ ပေါက်ပေး ပါ့မယ်၊ သူက ငါ့ တပည့်ပါ။ ”
“ မင်း တပည့် ဖြစ်တော့ရော ဘာလုပ် ရမှာလဲ၊ ဒီကိစ္စက တော်ဝင် သမီးတော် ခြံဝင်း ရှေ့မှာ ဖြစ်ပျက် ခဲ့တဲ့ အတွက်၊ အခုပဲ ရှင်းရှင်း လင်းလင်း လုပ်ပါ၊ မဟုတ်ရင် အနာဂတ်မှာ လူတိုင်း ငါ့ခြံဝင်း အကြောင်း ကောလာ ဟလတွေ ဖြန့်နိုင်တယ်။ ”
သတ်ဖြတ်သူ မဟာ သူတော်စင်သည် သူ့အား မျက်နှာသာ မပေးမှန်း သိလိုက် သဖြင့်၊ ငရဲ သူတော်စင် ဘုရင်မှာ အကြပ် ရိုက် လာ သည်။
ဤပြဿနာကို ထုတ်ပြော နိုင်ပါက သူ့တပည့် ကျန်းယွီမှ ပြောပြီး ဖြစ်ပေ လိမ့်မည်။
“ သတ်ဖြတ်သူ မဟာ သူတော်စင်၊ ကျွန်တော့်ကို ဒီတစ်ကြိမ် မျက်နှာသာ ပေးပြီး အကြွေး တင်သွား ပြီလို့၊ သတ်မှတ် ပေးနိုင် မလား။ ”
ငရဲ သူတော်စင် ဘုရင်က ဒေါသကို ချိုးနှိမ်ကာ၊ တပည့် အတွက် တောင်းဆို လိုက် လေသည်။
“ မင်း တပည့်က ... သူတော်စင် တပည့် လက်ခံပွဲမှာ၊ ငါ့ တပည့်ကို ... စော်ကား ခဲ့တယ်၊ ငါ သူ့ကို မသတ်ဘဲ လွှတ်ပေး ထားတာ ကိုက မင်းအတွက် မျက်နှာသာ ပေးပြီးပြီ။ ”
ငရဲ သူတော်စင် ဘုရင် ခမျာ၊ ပြောစရာ စကားမဲ့ သွား၏။ သည့်နောက် ကျန်းယွီထံ လှည့်ကြည့် လိုက်သည်။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည် သူမ၏ တပည့် အတွက် လက်စားချေ နေပြီ ဖြစ်သည်။
ဤတပည့်သည် ဦးနှောက် မဲ့စွာဖြင့်၊ သတ်ခြတ်ခြင်း မဟာ သူတော်စင် တပည့်အား စော်ကား ခဲ့ချေ၏။
“ သတ်ဖြတ်ခြင်း မဟာ သူတော်စင်၊ ကျွန်တော့် အမှားကို ဝန်ခံပါတယ်၊ ကျွန်တော် တော်ဝင် သမီးတော် မြောင်ရင်ကို အရှက် ခွဲဖို့ ရည်ရွယ်ချက် မရှိ ပါဘူး။ ”
ကျန်းယွီက ချက်ချင်း တောင်းပန် လိုက်သည်။
“ အဲဒီ ကိစ္စ အတွက် ... တောင်းပန် စရာ မလို ပါဘူး၊ ဒါပေမယ့် မနေ့ ညက ဘာ ဖြစ်ခဲ့လဲ ဆိုတာ ကိုသာ ပြောပါ။ ”
“ ဒါက ... ။ ”
ပိုင်ရှုရင်သည် လူအုပ် ကြားတွင် ရှိနေ သည်ကို သတိ ထားမိ သဖြင့်၊ ကျန်းယွီ ခမျာ ဖူး၌ ချွေးများ သီးလာ တော့သည်။
“ မနေ့ ညက ... သူ ဘာဖြစ် ခဲ့လဲ ငါသိတယ်။ ”
ရုတ်တရက် လင်းယွန်က ခပ်တည် တည်ဖြင့် ဝင်ပြော လိုက်သည်။ ထို့ကြောင့် လူတိုင်း သူ့ထံ လှည့်ကြည့် လာ ကြ၏။
လူအုပ်ကြီးက သူ ထွက်လာ နိုင်စေရန် လမ်းရှင်းပေး လိုက်သည်။ ကျန်းယွီပင် မပြော ချင်သော အဖြစ် အပျက်ကို ယဲ့ချင်းရှန်မှ သိနေ သည်ဟု ပြောလာခြင်း အပေါ်၊ မယုံကြည်နိုင် သေးချေ။
“ ယဲ့ချင်းရှန် ... ၊ ထွက် သွား စမ်း ... ။ ”
ယဲ့ချင်းရှန်အား မြင်ချိန်၌ ကျန်းယွီ တစ်ယောက်၊ ဒေါသများ ပေါက်ကွဲ လာတော့ သည်။ ဤလူသည် တစ်ချိန်က သူ့ရှေ့တွင် ရပ်ရန် မဝံ့သော အမှိုက် မျှသာ ဖြစ်၏။
ထိုအချိန်က နဂါး သွေးလွှတ်ကြောများ အားလုံးကို ဖျက်ဆီးကာ၊ ကောင်းကင် တာအို ဂိုဏ်းမှ တွားသွား ထွက်စေ ခဲ့သည်။
“ မင်း ... ပြောနိုင်တယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ယဲ့ချင်းရှန်ကို ကြည့်ကာ ခွင့်ပြု လိုက်သည်။
“ တပည့် ယဲ့ချင်းရှန်က စီနီယာ နှစ်ယောက်ကို နှုတ်ဆက် ပါတယ်။ ”
လင်းယွန်က အရို အသေ ပေးလိုက်၏။
“ မနေ့ ညက ... ဘာဖြစ် တာလဲ၊ မင်း တကယ် သိလား။ ”
ငရဲ သူတော်စင် ဘုရင်မှ အေးစက်စွာ မေးခွန်း ထုတ်သည်။ တစ်ဆက် တည်းမှာပင် ခြိမ်းခြောက် ကြိမ်းမောင်းသံ ကပ်ပါ လာ၏။
“ ယဲ့ချင်းရှန် ... ၊ မင်း အကြောင်း ... ၊ ငါ ကြားဖူး ပါတယ်၊ ငါ့ တပည့်ကို စော်ကား ဝံ့ရင် အသူရာ ဓား သူတော်စင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”
“ ကျွန်တော် မဝံ့ ပါဘူး၊ မနေ့ ညက သူ ဘာဖြစ် ခဲ့လဲ ဆိုတာကို၊ စီနီယာတို့ နှစ်ယောက် အပါ အဝင်၊ ဒီက လူတိုင်း သိနိုင် ပါတယ်။ ”
လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။
“ ဘာဖြစ် တာလဲ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ထပ်မေးသည်။ လင်းယွန် စကား အပေါ် သူမ စိတ်ဝင်စား လာသည်မှာ မြင်သာ၏။
“ ရှင်းပါတယ် ... သူ့ လုပ်ရပ်ကို၊ သူ့ ကျောပြင်မှာ ရေးထား တာပဲ ... ၊ မူလ နဂါး သူတော်စင် ရေးချိုးတာကို ချောင်းကြည့် မိတဲ့ အတွက်၊ ကျွန်တော့်မှာ အပြစ် ရှိပါ တယ်တဲ့၊ ဒါကိုမှ မရှင်း သေးရင် မူလ နဂါး မဟာ သူတော်စင်ကို မေးကြည့် လိုက်ပေါ့။ ”
“ ဝါး ဟား ဟား ... ။ ”
လူအုပ်ကြီးက သူ့အဖြေကြောင့် မထိန်းနိုင် တော့ဘဲ၊ သံပြိုင် ရယ်မော လိုက်ကြသည်။
“ ဟုတ်တယ် ... ၊ ကျန်းယွီက ဒီကိစ္စကို ပြောပြဖို့ ဆန္ဒ မရှိဖူး ဆိုတော့ ... ၊ ဒါက တကယ် ဖြစ်နိုင် တယ်။ ”
“ ငါလည်း သူ့ နေရာမှာ ဆိုရင် ... ၊ ဒီအကြောင်းကို မပြော ရဲဘူး၊ ဒါက ရှက်စရာ မဟုတ်လား။ ”
“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန်က တကယ့် ကောင်ပဲ၊ မနေ့က ကျန်းယွီ လုပ်ရပ် အတွက်၊ အရှက် ပြန်ခွဲဖို့ ဆုံးဖြတ် ထားပုံ ရတယ်။ ”
ကျန်းယွီ တစ်ယောက် ပတ်ဝန်းကျင်မှ ဆွေးနွေးသံ များကြောင့်၊ ချက်ချင်း အသိစိတ် လွတ်သွား တော့သည်။
“ ယဲ့ချင်းရှန် ... ၊ မင်း ဘယ်လိုများ သတ္တိ ရှိလိုက်လဲ။ ”
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
တစ်ဖက် လူထံ မရောက်မီ၊ ကန်ထုတ် ခြင်းကို၊ ခံလိုက် ရလေသည်။ မြေပြင်ပေါ် ပြုတ် ကျပြီး၊ သစ်ပင်ကို တိုက်မိကာ ရပ်သွား ခဲ့၏။
“ ယဲ့ချင်းရှန် ... မင်းက ငါ့ တပည့်ကို ကန်ထုတ် ဝံ့သလား၊ မင်း သေချင် နေတာပဲ။ ”
ငရဲ သူတော်စင် ဘုရင်မှ၊ ဒေါသ ထွက် လာပြီး၊ လင်းယွန်အား သတ်ရန် ဟန်ပြင်လိုက် တော့သည်။
သို့သော် ကျန်းယွီ ဝတ်ရုံ အတွင်းမှ အသင့် ဆောင်ထားသော ကျောက်စိမ်း ပုလင်း တစ်လုံး ထွက်ကျ လာသဖြင့်၊ ထိုအကြံ အစည်ကို ရပ်လိုက် ရ၏။
ကျန်းယွီ ခမျာ ထိတ်လန့် သွားပြီး၊ ကျောက်စိမ်း ပုလင်းအား ချက်ချင်း ပြန်ကောက် ယူသည်။
သို့သော် အရမ်း နောက်ကျ သွား၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လက်ဝှေ့ ယမ်းကာ ဆွဲယူ လိုက်သည်။
“ ပြန် ပေး ပါ ... ။ ”
ကျန်းယွီမှာ ကျောက်စိမ်း ပုလင်းထံ၊ ပျံသန်းလိုက်ပါ လာ၏။ သို့သော် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က၊ လက် လှိုင်းနှင့် ရိုက်ထုတ် ပစ်သည်။
ပုလင်း ပေါ်မှ နာမည်ကို ဖတ်ကြည့် ပြီးနောက်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ထံမှ အေးစက်သော အငွေ့ အသက်များ ထွက်လာသည်။
ဘေးမှ ရပ်ကြည့် နေသည့်၊ ရှင်းယန် သည်ပင်၊ မျက်နှာ ပြောင်းသွား၏။ ဤမြင်ကွင်း အရ၊ ငရဲ သူတော်စင် ဘုရင်မှာ၊ သတိ ဝင်လာ တော့သည်။
“ သတ်ဖြတ်သူ ... မဟာ သူတော်စင် ... ၊ အဲဒါ ဘာလဲ။ ”
“ မင်း ကိုယ်တိုင် ကြည့် ... ။ ”
သတ်ဖြတ်သူ မဟာ သူတော်စင်မှ ကျောက်စိမ်း ပုလင်းအား ပစ်ပေး လိုက်သည်။ ငရဲ သူတော်စင် ဘုရင်က၊ ကျောက်စိမ်း ပုလင်း ကို ဖမ်းယူကာ ဖတ်ကြည့် လေသည်။
သူ့ဘေးရှိ အမည်ခံ သူတော်စင် နှစ်ပါး မှလည်း လှမ်းကျော် ကြည့်ပြီး၊
“ မိုးလုံး ပြည့်လျှံ ... ။ ”
-ဟု အော်ဟစ် လိုက်တော့သည်။
၎င်းတို့ နှစ်ပါးမှ ရွတ်ဖတ် ပြလိုက်သော အာမေဋိတ် သံကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်၏။
သို့သော် ချက်ချင်းပင် ဤဆေးသည် မည်သို့သော ဆေးအမျိုး အစား ဖြစ်မည်ကို သတိရ လာပြီး၊ အမျိုးသမီး တပည့် များမှာ မျက်နှာများ နီရဲ လာကုန် တော့သည်။
လင်းယွန်က ရယ်ချင် စိတ်ကို ထိန်းလျက်၊
“ ငရဲ သတ်ဖြတ်သူ သူတော်စင် ဘုရင်၊ မင်းတပည့်က မူလ နဂါး မဟာ သူတော်စင် ရေချိုး နေတာကို ချောင်းကြည့်ဖို့၊ ... မိုးလုံး ပြည့်လျှံ ဆေးလုံးကို ယူခဲ့ တာပဲ၊ ကြည့်ရတာ တော်တော် အကြံအစည် ကြီးပုံ ရတယ်။ ”
“ ဟား ဟား ဟား ... ။ ”
အထက်ပါ စကား များကြောင့်၊ လူတိုင်း ရယ်မော ကုန်၏။ အမျိုး သမီး တပည့် များစွာ သည်ပင်၊ ပြုံးစ ပြု လာတော့သည်။
ငရဲ သူတော်စင် ဘုရင် မျက်နှာ ဖြူဖျော့ တုန်ယင် လာ၏။ ဒေါသကြောင့် သတ်ဖြတ် လို စိတ်များ၊ ဖြစ်ပေါ် လာတော့သည်။
***