မင်း ... ဘာဖြစ်ချင်လဲ။
Vol. 136 Ch. 1899
မိုးလုံး ပြည့်လျှံ ဆေးလုံးကို ကြည့်ပြီး၊ ငရဲ သူတော်စင် ဘုရင်မှ၊ ကျန်းယွီအား သတ်ချင် စိတ် ပေါ်လာ တော့၏။
တစ်ဖက်တွင် လင်းယွန်၏ မေးခွန်း ကြောင့်လည်း ဒေါသ ထွက်လာပြီး၊
“ ယဲ့ချင်းရှန် ... ၊ မူလ နဂါး မဟာ သူတော်စင် အမည်ကို သုံးရဲလား၊ မင်း အသက် ရှင်ရတာ ငြီးငွေ့ နေပြီ ထင်တယ်၊ ငါ မင်းကို အခု ချက်ချင်း သတ်ပစ် လို့ရတယ်။ ”
-ဟု ခြိမ်းခြောက် လိုက်၏။
ငရဲ သတ်ဖြတ်သူ သူတော်စင် ဘုရင် တစ်ယောက် တကယ်ထွက် နေမှန်း သိသဖြင့်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။
ဤအခင်း ဖြစ်ပွားရာ နေရာ၌ ယဲ့ချင်းရှန်အား သတ်ပစ် လိုက်သော် မည်သူမျှ စောဒကတက် လာမည် မဟုတ်ချေ။
အဘယ်ကြောင့် ဆိုသော်၊ မဟာ သူတော်စင် တစ်ပါး၏ အမည်ကို သုံးစွဲ ခြင်းသည်၊ သေခြင်း တရားအား ရှာဖွေရာ ရောက်၏။
“ မူလ နဂါး မဟာ သူတော်စင် အမည်ကို သုံးလိုက်တဲ့ အတွက်၊ ငါ့ကို အပြစ် ပေးလား- မပေး ဖူးလား ဆိုတာ မသေချာ ပါဘူး၊ သေချာတာ တစ်ခု ကတော့ ...
... မင်း ငါ့ကို သတ်ရင်၊ မူလ နဂါး မဟာ သူတော်စင်က သေချာပေါက် မင်းဆီ ရောက် လာ လိမ့်မယ်၊ ဒါက ကောင်းသော လာ ခြင်းတော့ မဟုတ်ဘူး။ ”
“ မင်း ... ဘာ ပြောချင် တာလဲ။ ”
လင်းယွန်၏ စကား အသုံး အနှုန်း များမှာ၊ ယဉ်ကေျးခြင်း မရှိချေ။ သို့သော် ငရဲ သူတော်စင် ဘုရင်မှ၊ ယင်းကို အာရုံ မစိုက်နိုင် သေးဘဲ၊ အေးစက်စွာ ပြန်မေး သည်။
“ ငါက မူလ နဂါး မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့်ပဲ၊ တရားဝင် အခမ်း အနား ကျင်းပဖို့၊ အသူရာ ဓား သူတော်စင်ကို စောင့်နေတာ။ ”
ထိုစကားကို ပြောသည့် အခိုက်တွင် နဂါး မူလ ထည့်သွင်း ထား သဖြင့်၊ မိုးခြိမ်းသံ အလား၊ လူတိုင်း၏ စိတ်ထဲသို့ ရိုက်ခတ် သွားလေ သည်။
ယဲ့ချင်းရှန် ဟူသည် သူတော်စင် တပည့် တစ်ဦး ဖြစ်လာ သည်မှာ၊ တစ်ရက် မျှသာ ရှိပြီး၊ ယနေ့ မဟာ သူတော်စင်၏ တိုက်ရိုက် တပည့် ဖြစ်လာ နေချေပြီ။
ကောင်းကင် တာအို ဂိုဏ်း၌ နာမည်ဆိုးဖြင့် ကျော်ကြား ပြီးနောက် ကောင်းကင်ပေါ် ပျံတက် ပေတော့မည်။
ငရဲ သူတော်စင် ဘုရင်နှင့် သတ်ဖြတ်သူ မဟာ သူတော်စင် အပါအဝင် လူတိုင်း မယုံချင် ကြချေ။
လင်းယွန်မှ တံဆိပ် တစ်ခုကို ထုတ်ယူပြီး ပြုံးလျက်၊
“ ဒီမှာ မူလ နဂါး မဟာ သူတော်စင်ရဲ့ တပည့် အဖြစ်၊ အထောက် အထားပြ တံဆိပ်ပဲ၊ တရားဝင် မဟုတ်သေး ပေမယ့်၊ ဒီတံဆိပ်နဲ့ တိုက်ရိုက် တပည့် တစ်ယောက် အဆင့် အတန်းကို သုံးစွဲ နိုင်တယ်။ ”
-ဟု ကြေငြာ လိုက်တော့သည်။
ယဲ့ချင်းရှန်အား သတ်ရန် ကြံရွယ် လိုက်မိသော ငရဲ သူတော်စင် ဘုရင် ခမျာ၊ ချက်ချင်း ထိတ်လန့် သွားသည်။
“ ငရဲ သူတော်စင် ဘုရင် ... ၊ အခု မင်း တပည့်ကို ရှင်းပြ ခိုင်းတာ ပိုကောင်းမယ်၊ ငါ့ ဆရာ ရေချိုး နေတာကို ခေျာင်းကြည့်ဖို့ ... ၊ ဒီမိုးလုံး ပြည့်လျှံ ဆေးလုံး ယူလာ တာက၊ ဘာအဓိပ္ပါယ်လဲ ။ ”
လင်းယွန် မျက်ဝန်း၌ မောက်မာမှုများ ပြည့်နှက် လာ၏။ မေးခွန်းက ငရဲ သူတော်စင် ဘုရင်ကို၊ မျက်နှာ နီရဲ လာစေသည်။
၎င်းလက် ထဲရှိ မိုးလုံး ပြည့်လျှံ ဆေးလုံးသည်၊ ရှင်းမရသော ပြဿနာ အတုံး အခဲ ကြီး ပေပင်။
ဂျူနီယာ တစ်ယောက်မှ ဤမျှ အထိ၊ တွန်းပို့ခြင်း ခံရလိမ့် မည်ဟု၊ တစ်ကြိမ် မျှပင် တွေးကြည့် မထားချေ။ ဒေါသကို မျိုသိပ် လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... မင်း ဆရာကို၊ ငါ ရှင်းပြပေမယ်၊ ငါ့ တပည့် လုပ်တာ တကယ် ဆိုရင်၊ ပြစ်ဒဏ် ကနေ ရှောင်လွှဲ မရစေ ရဘူး။ ”
“ ကောင်းပြီ ... ငါ မင်းကို စောင့်နေမယ်၊ မင်း စကား တေွကို မမေ့နဲ့။ ”
လင်းယွန်မှ ပြုံးကာ ခေါင်းညိမ့် လိုက်၏။
“ တုယွဲ့ ... မင်းက ဘာလို့ ဂျူနီယာ တစ်ယောက်နဲ့ ပြဿနာ ဖြစ်နေရ တာလဲ၊ မိုးလုံး ပြည့်လျှံ ဆေးလုံး ကိုင်ပြီး၊ ငါ့ ခြံဝင်း ရှေ့မှာ မင်း တပည့်၊ ...
... ဘာလာ လုပ်တာလဲ ရအောင် မေးပါ၊ မဟုတ်ရင် မူလ နဂါး မဟာ သူတော်စင်ကို ငါ ခေါ်မေး ရလိမ့်မယ်။ ”
သတ်ဖြတ်သူ မဟာ သူတော်စင်က ပြောလိုက်သည်။ မူလ နဂါး မဟာ သူတော်စင် သည်သာ ရောက်လာသော်၊ သူ့တပည့် ကျန်းယွီ တစ်ယောက် အသတ် ခံရနိုင် သဖြင့် တုယွဲ့မှ၊ စိတ်ပျက် သွားတော့၏။
“ ကျန်းယွီ ... ပြောပါ၊ မနေ့ ညက ဘာဖြစ် ခဲ့လဲ၊ မင်း ဘာဖြစ်လို့ ဒီဆေးလုံးကို သယ်လာ ရ တာလဲ၊ မူလ နဂါး မဟာ သူတော်စင် ရောက် လာရင်၊ ဘယ်သူမှ မင်းကို ကာကွယ် ပေးနိုင်တော့မှာ မဟုတ်ဘူး။ ”
“ ဆရာ ... တောင်းပန် ပါတယ်၊ ကျွန်တော့်မှာ တကယ် အခက် အခဲတွေ ရှိနေ လို့ပါ၊ ယန် နန်းတော် ရောက်မှ ပြောပါရစေ။ ”
ကျန်းယွီမှ ချက်ချင်း ဒူးထောက်ချ လိုက်သည်။
“ မပြော သေးဖူးလား ။ ”
ငရဲ သူတော်စင် ဘုရင်က ဒေါသကို မထိန်းနိုင် တော့ဘဲ၊ မျက်နှာ အမူအရာ အေးစက် လာလေသည်။
“ မင်း အခုလို မပြောပဲ နေရုံနဲ့ ... ၊ အမှန် တရားကို ငါတို့ ရှာဖွေ မတွေ့ နိုင်ဖူး ထင်လား၊ မူလ နဂါး မဟာ သူတော်စင်က၊ မင်း ဝိညာဉ်ကို ထုတ်ပြီး ပြန်ကြည့် နိုင်တယ်၊ အခု မင်းရဲ့ နောက်ဆုံး အခွင့် အရေးပဲ။ ”
ဆရာ သခင်၏ စကားကြောင့်၊ ကျန်းယွီ တစ်ယောက် ခေါင်းငိုက်စိုက် ကျသွား၏။ မဟာ သူတော်စင် တစ်ပါးတွင်၊ သူ့ထံမှ စကားများ ထွက်လာ စေရန် နည်းလမ်း များစွာ ရှိသည်။
သူ ပါးစပ် ပိတ်ထား နိုင်သည့် အကြောင်း ရင်းမှာ၊ ဆရာ သခင်မှ သူ့ကို ကာကွယ် ပေးနေ သော ကြောင့်သာ ဖြစ်၏။
“ မနေ့ညက ကျွန်တော့် အခန်း ထဲမှာ၊ ကျင့်ကြံ နေတုန်း ... စာတစ်စောင် ရောက် လာ တယ် ...။ ”
“ ဘာ စာလဲ ... ။ ”
“ ပိုင်ရှုရင်က သူနဲ့ အတူ တစ်ညတာ ကုန်ဆုံးဖို့ ... ၊ ချိန်းဆိုတဲ့ စာပါ။ ”
“ ဒါကြောင့် မိုးလုံး ပြည့်လျှံ ဆေးလုံးကို ယူပြီး၊ ထွက်လာ ခဲ့တာလား။ ”
“ ဟုတ်ကဲ့ ... ။ ”
ကျန်းယွီက ခေါင်းညိတ် မိသော်လည်း ထိုမေးခွန်းကို မေးသူမှာ၊ သူ့ဆရာ မဟုတ်မှန်း သတိ ထားမိပြီး၊ အသံရှင်ထံ ချက်ချင်း ပြန် မော့ကြည့် လိုက်မိသည်။
ယဲ့ချင်းရှန်မှ လှောင်ပြုံးဖြင့် သူ့အား ကြည့်နေ သဖြင့်၊ ရူးချင်စိတ် ပေါက်သွား တော့ ၏။
“ ဆရာ ... ၊ အဲဒီလို အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ ”
ထိတ်လန့်စွာဖြင့်၊ ငရဲ သူတော်စင် ဘုရင်ထံ လှည့်ကာ၊ အမြန် ငြင်းဆန် လိုက်ရသည်။ တုယွဲ့ မှာမူ စိတ်ပျက် လက်ပျက်ဖြင့်၊ ကျန်းယွီအား ကြည့်နေ တော့၏။
ဖြစ်ပျက်ခဲ့ သမျှကို၊ သူ နားလည် သွားပြီ ဖြစ်သည်။ ဤမျှ ရိုးစင်းသော နည်းလမ်း မျိုးဖြင့် အမိဖမ်း ခံလိုက်ရ သည်မှာ၊ ရှက်စရာ ကောင်းလွန်း ပေသည်။
မိုးလုံး ပြည့်လျှံ ဆေးလုံး ကိုပါ၊ ထပ်ဆင့် ဆောင်ယူ လာခြင်းကြောင့်၊ ထွက်ပေါက် မဲ့သွား စေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း တုန်လှုပ် သွားသည်။ ပိုင်ရှုရင် သည်လည်း ဤကိစ္စနှင့် သူမ ပတ်သက် လာလိမ့် မည်ဟု၊ မမျှော်လင့် ထားချေ။
ဒေါသကြောင့် တုန်ယင်လျက် လူသတ်ချင် စိတ်များ ပြည့်နှက် လာတော့သည်။
“ ကျန်းယွီ ... နင် ရူးနေလား၊ ငါတို့ရဲ့ စီနီယာ အစ်မက နင့်လို လူအတွက် ဘယ်လို လုပ် ကျရှုံး နိုင်မှာလဲ။ ”
“ ကိုယ်ရုပ် ကိုယ်လဲ ... မှန်ထဲ ပြန်ကြည့် ပါဦး၊ ငါတို့ အစ်မက ချိန်းဆို ရအောင် ... နင်က တန်ရဲ့လား။ ”
“ ငရဲ သစ်ခွ ခြံဝင်းကို စော်ကားခွင့် ရှိတယ်လို့ ထင်နေ တာလား၊ နင့်ကို သတ်ပစ်ဖို့၊ ငါတို့ ဆရာ ကျောက်စိမ်းဓား သူတော်စင်ဆီ သတင်းပို့ ရမယ်။ ”
ငရဲ သစ်ခွ ခြံဝင်းမှ တပည့် များမှာ၊ ဒေါသများ ပေါက်ကွဲ လာ၏။ ပိုင်ရှုရင် အတွက် မူ၊ သာ၍ ဆိုးချေပြီ။
လူပေါင်း များစွာ၏ ရန်လို မှုကြောင့် ကျန်းယွီ တစ်ယောက် ကြောက်လန့် သွားပြီး၊
“ တောင်းပန် ပါတယ်၊ ငါ မှားမှန်း သိပါတယ်၊ အစ်မ ပိုင်က ဒီလိုမျိုး ချိန်းဆိုမှာ မဟုတ် ဖူးလို့၊ အသိ ဝင်လာ ပေမယ့်၊ ငါ နောက်ကျ သွားပါတယ်။ ”
“ မင်း အသိဝင် လာတယ်လား၊ ဒါဆို ... ဒီဆေးလုံးကို ယူလာ တာက ဘာလုပ် ဖို့လဲ၊ ဝက် တစ်ကောင် တောင်မှ စာထဲမှာ ရေးထားတာ တေွကို မယုံဘူး။ ”
ငရဲ သူတော်စင် ဘုရင်က ကျန်းယွီကို ကြိမ်းမောင်း လိုက်၏။ ဤသည်မှာ ငရဲ သစ်ခွ ခြံဝင်း၏ တပည့်များ ကျေနပ် စေရန်၊ ကြိုးစား လိုက်ခြင်း ဖြစ်သည်။
မဟုတ်သော် ကျောက်စိမ်းဓား သူတော်စင် သည်သာ၊ ထပ်မံ ပါရှိလာ ခဲ့ပါက၊ ပို၍ ခက်ခဲရ ပေတော့မည်။
“ မင်း ဘာလို့ ... ၊ ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်ကို မတောင်းပန် ရတာလဲ။ ”
တုယွဲ့က အော်ငေါက် လိုက်၏။
“ မလိုဘူး ... ၊ ဒါ နင်တို့ ယန် နန်းတော်ရဲ့ ပြဿနာပဲ။ ”
ပိုင်ရှုရင်က အေးစက်စွာ ပြောသည်။ သူမသည် ကျန်းယွီ ဟူသော အမည် ကိုပင် မကြားချင် တော့ချေ။
“ ပြီးတော့ ... ဘာဆက် ဖြစ်လဲ ပြော ... ။ ”
“ အဲဒီ နောက်မှာ ... ၊ မျက်နှာ ဖုံးစွပ် လူ တစ်ယောက်၊ ကြောင် တစ်ကောင်နဲ့ ကောင်မ လေး တစ်ယောက်က၊ ကျွန်တော့်ကို တိုက်ခိုက် ခဲ့ပါတယ်၊ ဒါပေမယ့် ...
... တကယ် တိုက်ခိုက် တာက၊ ကြောင်နဲ့ ကောင်မလေးပဲ၊ အဲဒီ ကောင်မလေးက သန်မာ ပြီး၊ ကြောင်က ကြောက်စရာ ကောင်းတယ်၊ ကျွန်တော့်ကို ပါးရိုက် လိုက်တာ သေလု နီးပါးပါပဲ။”
“ ဝါး ဟား ဟား ... ။ ”
ကြောင်တစ်ကောင်နှင့် ကောင်မလေး တစ်ယောက်၏ ရိုက်နှက် ခြင်းကို ခံခဲ့ ရသည် ဟူသော၊ ကျန်းယွီ စကားကြောင့်၊ လူအုပ် ကြီးမှာ မထိန်းနိုင် တော့ချေ။
သူတို့ တစ်သက် ကြားခဲ့ဖူး သမျှသော ဟာသများ အနက်၊ အရယ်ရ ဆုံးသော ပြက်လုံး တစ်ပုဒ် ပေပင်။
“ မင်း ... ၊ ထပ်လိမ် ပြန်ပြီလား၊ ဖြန်း ... ။ ”
တုယွဲ့က ဒေါသထွက် လာပြီး ကျန်းယွီအား ပါးရိုက် လိုက်ပြန်သည်။ အားပါလှ သောကြောင့် ကျန်းယွီ ပါးစပ်မှ သွေးများ စီးကျ လာ၏။
သို့သော်မှ ကျန်းယွီမှာ လက်မလျော့ သေးဘဲ၊
“ ကြောင်က တကယ် သန်မာ တာပါ ဆရာ ... ။ ”
-ဟု ထပ်ပြော လိုက်သည်။
“ မင်း ... လိမ်ပြန်ပြီ။ ”
“ ဖြန်း ... ။ ”
“ မဟုတ်ဘူး ... မဟုတ်ဘူး၊ ကြောင် တစ်ကောင်က တကယ် ကျွန်တော့်ကို ရိုက်ခဲ့ တာပါ။ ”
“ ဖြန်း ... ။ ”
“ ဆရာ ကျွန်တော် မလိမ် ပါဘူး၊ အဲဒီ ကြောင်က ... ။ ”
“ မင်း ပါးစပ် ပိတ်ထား၊ မင်းကို ငါ သတ်မိ တော့မယ်။ ”
တုယွဲ့မှာ ထိန်းမရ တော့ချေ။ ကြောင် တစ်ကောင်၏ ပါးရိုက်ခြင်း ခံရသည် ဟူသော အဆိုထက်၊ မည်သည့် စကားမျှ မပြောဘဲ နေသည်က၊ အကောင်းဆုံး ဖြစ်သည်။
ဘေးရှိ အမည်ခံ သူတော်စင် နှစ်ပါးက တုယွဲ့အား ဖမ်းဆွဲကာ ထိန်းထား လိုက်သည်။ မဟုတ်သော် တပည့်အား ကိုယ်တိုင် သတ်သော သူတော်စင် ဘုရင် အဖြစ် နာမည်ကြီး ပေမည်။
“ သူ အမှန် ပြောနေ တာပါ ... ၊ ဒါကို ထားလိုက်တော့ ... အခု သူ့ အပြစ် ရှိနေတာ ရှင်း နေပြီ၊ မင်း ဘာဆက် လုပ်မလဲ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ဝင်ပြော လိုက်သည်။ သူမ စကားကြောင့် တုယွဲ့ မျက်နှာ ပြောင်း သွား၏။
ကျန်းယွီအား သူ့ တပည့် အဖြစ်မှ ထုတ်ပယ်ရန်၊ ထိုအဖွား ကြီးက အချက်ပြ နေခြင်း ဖြစ်သည်။
ဤသည်မှာ သူ မလုပ် ချင်သော အရာ ဖြစ်၏။ ထို့ကြောင့် ရှောင်လွှဲရန် စကားလုံးများ ရှာဖွေ နေစဉ်၊
“ ငါ့ အမြင် အရ၊ သူ့ကို သတ်သင့်တယ်။ ”
-ဟု လင်းယွန်မှ ဝင်ပြော လိုက်တော့သည်။
“ ယဲ့ချင်းရှန် ပြောလို့ ပြီးပြီလား၊ ဒီမှာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နဲ့ ငါ စကား ပြောနေတယ်၊ မင်း ထွက်သွားပါ။ ”
“ ကောင်းပြီ ... ဒါဆို ... ၊ ငါ ထွက်သွား တော့မယ်၊ ဒီကိစ္စ ဆရာကို ငါ ပြန်ပြော ပြရမယ်၊ မဟုတ်ရင် ကွယ်ရာမှာ၊ ငါ့ ဆရာကို လူတွေက ဘယ်လို ထင်ကြမလဲ၊ ဒီအတွက် ...
... သူ့ ဝိညာဉ်ကို ရှာပြီး၊ ရေချိုး တာကို တကယ် ချောင်းကြည့်- မကြည့်၊ အများ သိရ အောင် ငါ လုပ်မယ်။ ”
လင်းယွန်က တွန့်ဆုတ် မနေ တော့ဘဲ၊ လူအုပ် ထဲမှ လှည့်ထွက် လိုက်သည်။ ယင်းက ငရဲ သူတော်စင် ဘုရင်အား တုန်ယင် သွား စေ၏။
“ ယဲ့ ချင်း ရှန် ... ၊ ရပ်စမ်း ... ။ ”
လင်းယွန်က မရပ်ချေ။ ထို့ကြောင့် သူတော်စင် ရောင်ဝါအား ထုတ်လွှတ်ကာ၊ တုယွဲ့မှ လမ်းအား ပိတ်ချ လိုက်ရသည်။
သူ့ရှေ့တွင် မမြင်နိုင်သော အတားအဆီး တစ်ခုရှိ နေသဖြင့်၊ လင်းယွန်က လှောင်ပြုံး ပြုံး လိုက်ကာ၊
“ ငရဲ သူတော်စင် ဘုရင် ... ၊ မင်းက ငါ့ကို ဒီမြေပြင် ကနေ တွားသွား ထွက်သွား စေချင်လို့ လား၊ ကောင်းပြီ ... မင်းဆန္ဒ အတိုင်းပဲ။ ”
-ဟု ဆိုလျက်၊ မြေပြင်ပေါ် ဝမ်းလျား မှောက်ချ ပစ်တော့သည်။
ဤမျှ အရှက် မဲ့သော လှည့်ကွက်သုံး လိမ့်မည်ဟု မထင် ထားသော သတ်ဖြတ်ခြင်း မဟာ သူတော်စင် သည်ပင်၊ ပါးစပ် အဟောင်း သား ဖြစ်လာ လေသည်။
“ ယဲ့ချင်းရှန် ... ၊ ငါ စောစောက နည်းနည်း စိုးရိမ် သွားတယ်၊ မင်းသာ တွားသွား ထွက်သွား ရင်၊ မူလ နဂါး သူတော်စင်က ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ဒါကြောင့် ... ငါ့ကို အတင်း အကြပ် မလုပ် ပါနဲ့၊ မင်း ဖြစ်ချင်တာ ပြောလို့ ရတယ်။ ”
“ ငါ ပြောခဲ့ ပြီးသားပဲ၊ မင်း တပည့်ကို သတ်ပစ် လိုက်လို့ ... ။ ”
“ မင်း ... ။ ”
တုယွဲ့မှာ ကျိန်ဆဲ လိုသော်လည်း၊ မျိုသိပ်ထား လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... ၊ မင်းလည်း အတိတ်မှာ ... ဒီလို လုပ်ခဲ့တယ် ဆိုတာကို မမေ့ ပါနဲ့။ ”
-ဟု တိုးတိုးလေး ခြိမ်းခြောက် ပစ်၏။
“ သူတော်စင် ဘုရင် ... ၊ မင်း အမှား လုပ်မိပြီ၊ ငါက အချစ်ကြောင့် ရူးသွပ် သွားတာ၊ မင်းရဲ့ တပည့်က ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ပြီးတော့ ငါ့မှာ မိုးလုံး ပြည့်လျှံ ဆေးလုံး ယူလာတာ ... ၊ မင်း တွေ့မိလား။ ”
အဆုံးတွင် တုယွဲ့မှာ ချေပ စရာ စကား မရှိတော့ဘဲ၊ သက်ပြင်း ချလျက်၊
“ ဒါဆို ... မင်း ဘာဖြစ် ချင်လဲ။ ”
-ဟု ထပ်၍ မေးမြန်း လိုက်တော့သည်။
“ ငါ ဘာဖြစ်ချင်လဲ ဆိုတော့ ... ၊ အဲဒီ တုန်းက ကျန်းယွီ ... ငါ့ကို လုပ်ခဲ့ သမျှ ... သူ့ကို ပြန်ပေး ချင် တယ်။ ”
***