ငါက အရူး တစ်ယောက်ပါ။
Vol. 136 Ch. 1900
ငရဲ သူတော်စင် ဘုရင်က လင်းယွန်ကို ပထမဆုံး အကြိမ် အလေး အနက်ထား စစ်ဆေး လိုက်သည်။
ဤအရာကို မူလတည်းက စီစဉ် ထားပြီး ဖြစ်ကြောင်း၊ သဘောပေါက် လိုက်၏။ ကျန်းယွီ အား ၎င်းမှ လွှတ်ပေးရန် ဆန္ဒ ရှိပုံ မရချေ။
“ မင်း ... ၊ ဘာကို ဆိုလိုလဲ ... ငါ နားမလည်ဘူး။ ”
တုယွဲ့မှ ပြောသည်။
“ နားမလည် ဖူးလား ... ၊ ဒါဆို ထပ်ပြောမယ်၊ ငါ ခံစားရ သမျှ သူ ခံစား စေရ မယ်။ ”
“ ယဲ့ချင်းရှန် ဒီနေ့အဖြစ် အပျက် တွေရဲ့ နောက်ကွယ်မှာ မင်း ရှိနေလား။ ”
“ ဆရာကြီး ... ၊ မင်း ငါ့ကို တကယ် အထင်ကြီး နေတာပဲ၊ မင်း တပည့်က နိဗ္ဗာန် တတိယ အဆင့် အထွတ် အထိပ် ရောက်နေပြီ၊ ငါ့ကို လက်တစ်ဖက် တည်းနဲ့၊ အလွယ် တကူ သတ်နိုင် ပါတယ်၊ ပြီးတော့ ...
... ကြောင် တစ်ကောင်က ... ၊ သူ့ကို ပါးရိုက်ခဲ့ တယ်လို့ ပြောတာ လူတိုင်း ကြားခဲ့ တာပဲ၊ မင်းရော မကြား ဖူးလား၊ သူတော်စင် တိုက်ရိုက် တပည့် တစ်ယောက်က၊ ...
... ကြောင် တစ်ကောင် ပါးရိုက်တာ ... ခံရတယ် ဆိုတော့၊ သူ့ရာထူး အတွက် တကယ် အရည်အချင်း ရှိရဲ့လားလို့ ... ငါတောင် သံသယ ဝင်လာ မိတယ်။ ”
ဤသည်မှာ အမှန် ပေပင်။ သည့်နေ့ ပြီးနောက်၊ သူ့ တပည့်သည် ကြောင်တစ်ကောင် ကိုပင်၊ အနိုင်ယူ နိုင်မည် မဟုတ်ဟု၊ မြင်လာ ကြပေ တော့မည်။
“ ကျန်းယွီ ... မင်းက ဘာလို့ ယဲ့ချင်းရှန်ကို မတောင်းပန် ရတာလဲ။ “”
“ ဆ ... ဆရာ ... ။ ”
ကျန်းယွီမှာ အထိတ် တလန့်နှင့် ငိုယို တော့၏။
“ ဆရာ ... သူ့ကို ဒူးထောက် ပြီးရင်၊ ကောင်းကင် တာအိုဂိုဏ်းမှာ ဘယ် မျက်နှာနဲ့ ကျွန်တော် ဆက်နေရ မှာလဲ။ ”
“ မင်း ... ဒူး မထောက် ရင်ရော ... ၊ ဆက်နေဖို့ မျက်နှာ ရှိဦးမယ် ထင်လား၊ မင်းက ဒီလောက် မိုက်မဲ လိမ့်မယ်လို့၊ ငါ တကယ် မထင်ထားဘူး၊ ...
... မူလ နဂါး မဟာ သူတော်စင်သာ ရောက်လာရင်၊ မင်း ဒူးထောက် ချင်ပါတယ် ဆိုရင် တောင်မှ၊ အသုံးဝင်မှာ မဟုတ်ဘူး။ ”
သူ့ဆရာ စကားကို ကြားသော အခါ၊ ကျန်းယွီ မျက်နှာ ဖြူဖျော့ လာပြီး၊ လင်းယွန် ထံသို့ လေးကန်စွာ လှည့်ကြည့် သည်။
ပြီးနောက် မြေပြင်ပေါ် နဖူးဖြင့် ဦးတိုက်လျက် ဒူးထောက် တောင်းပန် လိုက် တော့သည်။
“ ယဲ့ချင်းရှန် ... ၊ ငါ လုပ်ခဲ့ တာတွေ အတွက် တောင်းပန် ပါတယ်၊ ငါ့ကို ခွင့်လွှတ် ပေးပါ။ ”
ခေါင်းကို မမြှောက်ဝံ့ တော့ဘဲ လက်ငါးချောင်းအား မြေကြီးထဲ နစ်ဝင်သည် အထိ အံကြိတ် ထား၏။
အမှိုက် တစ်စ ထံ၌ ဒူးထောက် နေရ ခြင်းသည်၊ သေသွား သည်ထက် ပို၍ ဆိုးရွား သော အရှက်ခွဲ ခံရခြင်း ဖြစ်သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ မနေ့က အထိ မောက်မာပြ ခဲ့သော ကျန်းယွီသည် ယနေ့ ဒူးထောက် နေ၏။
“ ခွင့်လွှတ် ရမယ်လား ... မင်းက တကယ် နုံအ လွန်းတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်က မင်း ငါ့ကို လုပ်ခဲ့တာ တွေကို လွယ်လွယ်နဲ့ ထားလိုက်လို့ ရမယ် ထင်လား။ ”
“ ဖြောင်း ... ။ ”
စကားဆုံး သည်နှင့် ကျန်းယွီ မျက်နှာကို ဖြတ်ကန် လိုက်သည်။ ကျန်းယွီ တစ်ယောက် အသံ မထွက်နိုင် တော့ချေ။
“ ဝေါ့ ... ။ ”
သွေးအန်လျက် ကျောက်တုံး တစ်တုံးလို လွင့်စဉ် သွားပြီး၊ သစ်ပင်ကြီးနှင့် တိုက်မိ သွား လေသည်။
“ ယဲ့ချင်းရှန် ... မင်း ခြေတစ်လှမ်း ထပ်လှမ်းဝံ့ရင် ... နောက်ပြန် လှည့်လို့ မရ တော့ဘူး ဆိုတာ သိထားပါ။ ”
ခြိမ်းခြောက်မှု အရိပ် အမြွက်မျှ ပါဝင်သော ငရဲ သူတော်စင် ဘုရင်၏ အသံက ထွက်ပေါ် လာသည်။
“ ပြန်လှည့်လို့ မရတော့ ဘူးလား။ ”
လင်းယွန်က ဂရု မစိုက်ဘဲ၊ ခါးခါး သီးသီး ပြုံးလိုက်ပြီး၊
“ ငါက ပြန်လှည့် ချင်ပါတယ် ပြောခဲ့ လို့လား၊ လွန်ခဲ့တဲ့ တစ်နှစ်က သူ့ကြောင့် ငါမှာ သေလု မျောပါး ဖြစ်ခဲ့ ရတယ်၊ ကောင်းကင် တာအို ဂိုဏ်းကနေ တောင်၊ ...
... တွားသွား ထွက်ခဲ့ ရတယ် ... ၊ အဲဒီ တုန်းက မင်းကို ငါ မမြင် မိပါလား၊ ဘယ်ရောက် နေလဲ။ ”
-ဟု ပြန်လည် မေးမြန်း သည်။
“ အခုလည်း ... မင်းကို ငါမြင်ဘူး။ ”
ဤစကားသည် မရဏ အဆင့်မှ တစ်စုံ တစ်ယောက်၊ သူတော်စင် ဘုရင် တစ်ပါးအား၊ ပြောနေ ခြင်းဟု ယုံကြည် နိုင်စရာ မရှိချေ။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှာ စိတ်ထဲမှ အကြောက်အလန့် မရှိသော လူငယ် ထံ၊ အံ့သြစွာ ကြည့်နေ မိသည်။
လင်းယွန်က ခြေလှမ်း ပြင်လိုက်ပြီး ကျန်းယွီ၏ လက်ဆစ်နှင့် ဒူးဆစ် များကို ကြိတ်ချေ ပစ်လိုက်သည်။
“ အား ... ။ ”
ပြီးနောက် နံရိုးကို ချိုးကာ၊ နဂါး သွေး လွှတ်ကြော များကို ဖျက်တောက် ပစ်၏။ အရာ အားလုံး မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက် သွား ခဲ့သည်။
ကျန်းယွီ ခမျာ သူ့ဆရာ သခင် ဖြစ်သော သူတော်စင် ဘုရင် ရှေ့၌ပင် မူးမေ့ လဲကျ သွား တော့၏။
လုပ်ရက်သည် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ လူတိုင်းအား ကျောရိုးများ အေးစက် လာစေ၏။
“ ဒီနေ့က စပြီး ... ၊ ငါ့ရဲ့ မရဏ မိုးကြိုး တောင်ထိပ်က တပည့် တွေကို အနိုင်ကျင့် ဝံ့တဲ့ ဘယ်သူ မဆို ဒီရလာဒ်ကို ကြည့်ထားပါ၊ မရဏ မိုးကြိုး တောင်ထိပ်က တပည့်တွေ ... ဘယ်မှာလဲ။ ”
“ ရှိပါတယ် ... ။ ”
“ သွား ရအောင် ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်းက ချက်ချင်း လှည့်ထွက် သွားတော့သည်။ ကျန်းယွီ၏ ဒဏ်ရာ များကို စစ်ဆေး ပြီးနောက်၊ ငရဲ သူတော်စင် ဘုရင်မှာ၊ အံကြိတ် လိုက်မိသည်။
သူတော်စင် ဘုရင် ဖြစ်သော် ငြားလည်း၊ တစ်ဖက် လူမှ သူ့တပည့်အား ဒုက္ခိတ ဖြစ်လု နီးပါး နှိပ်စက် နေသည်ကို ရပ်ကြည့် နေခဲ့ ရသည်။
မည်မျှ ရှက်ဖွယ် ကောင်းသည်နည်း။
“ ဟား ဟား ဟား ... ။ ”
သို့သော် လင်းယွန်က သူ့ဒေါသကို ဂရု မစိုက်ဘဲ၊ ရယ်မောလျက် ဆက်လက် ထွက်ခွာ သွားတော့သည်။
“ ငါက အမြဲတမ်း ရူးနေတယ်၊ ငါ့ကို မမြင်နိုင်တဲ့ လူတွေက ရွံမုန်း ကြတယ်၊ ဟား ဟား ဟား။ ”
အရူး တစ်ယောက် ကဲ့သို့ ကွန်ဖြူးရှပ်၏ ဒဿန အပိုင်းအစ အချို့ကို သရော်စာ အဖြစ် ရွတ်ဆို သွားခဲ့၏။
နောက်ပြန် မလှည့် နိုင်သော် ကိစ္စ မရှိချေ။ ပြုံးပြီး ရှေ့ဆက် ရန်သာ လိုသည်။ လူအုပ်ကြီးမှ လင်းယွန်နှင့် အဖွဲ့ ထွက်ခွာရန်၊ လမ်းရှင်း ပေးလိုက် ကြသည်။
“ ဒီနေ့ စီနီယာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို အနှောင့် အယှက် ပေးမိတဲ့ အတွက် တောင်းပန် ပါတယ်။ ”
ငရဲ သူတော်စင် ဘုရင်မှာ ရှက်ရွံ့စွာဖြင့် ကျန်းယွီအား ပွေ့ကာ အလျင် စလို ထွက်ခွာ သွား တော့သည်။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က၊ ဖြစ်ရပ်များကို စိတ်မဝင် စားဘဲ၊ တောင်ကုန်း တစ်ခုထံ တစ်ချက် လှည့်ကြည့်ကာ၊ ခြံဝင်း အတွင်း လှမ်းဝင် သွားသည်။
ထို့နောက် တော်ဝင် သမီးတော် ခြံဝင်း၏ အနောက်ဘက် တောင်ကြီး ပေါ်တွင် သူမ ပြန် ပေါ် လာ၏။
ဤသည်မှာ သူမ လှည့်ကြည့် လိုက်သော တောင်ဖြစ်ပြီး၊ တော်ဝင် သမီးတော် ခြံဝင်း၏ တားမြစ် နယ်မြေ ဖြစ်သည်။
“ လုံယွင် ... ၊ နင် ထွက်မလာ သေးဖူးလား။ ”
“ ဟား ဟား ဟား ... ။ ”
ခြောက်ကပ်ကပ် ရယ်မောသံ ကြီးနှင့် အတူ၊ မူလ နဂါး မဟာ သူတော်စင် လုံယွင် ထွက်ပေါ် လာသည်။
“ နင့်လို လူ တစ်ယောက်က ... အခုလို စိတ်ရှည်ရှည်နဲ့ ကြည့်နေ နိုင်တာ အံ့သြ မိပါ တယ်။ ”
“ အဟီး ... ငါသာ မလာရင်၊ ဒီကောင် တုယွဲ့က သူ့ကို တကယ် သတ်သွား လိမ့်မယ်၊ ပြီးတော့ ဒီနေ့ ငါတင် မဟုတ်ဘူး၊ ကျောက်စိမ်း ဓား သူတော်စင် အပါ အဝင် ... တော်တော် များများ ရောက်နေ ကြတယ်။ ”
ကျောက်စိမ်းဓား သူတော်စင် ဟူသော အမည်ကြောင့်၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် မျက်နှာမှာ အေးစက် လာသည်။
“ နင် ... ဘာလို့ သူ့ကို ခေါ်လိုက် တာလဲ။ ”
“ မခေါ် ပါဘူး... ၊ ဒီကောင်လေးကို သူက အရမ်း စိတ်ပူ နေတာ၊ ဓားညီလာခံ အတွက် မျှော်လင့် နေပုံပဲ။ ”
“ အိုး ... သူက ဒီကောင်လေးကို အလေးအနက် ထားနေ တာလား ... ။ ”
“ ဘာလဲ ... ၊ ဂျူနီယာ ညီမလေး နင်လည်း သူ့ကို လိုချင်လာ ပြီလား။ ”
ဤအမျိုးသမီး နှစ်ယောက် ကြားရှိ အချင်းအရာများ အပေါ်၊ မူလ နဂါး မဟာ သူတော်စင်မှ အကုန်အစင် သိရှိ ထား၏။
“ ဒါပေါ့ ... ၊ သူ အလေး အနက် ထားတဲ့ လူတိုင်းကို လုယူ ရမှာ ... ငါ့ အလုပ်ပဲ။ ”
မဟာ သူတော်စင် တစ်ပါးသည် ဆယ်ကျော်သက် ကလေး မလေး များ ကဲ့သို့၊ ဤမျှ သဘောထား သေးသိမ် နေလိမ့် မည်ဟု မည်သူမျှ ထင်ကြမည် မဟုတ်ချေ။
“ မေးပါ ရစေဦး ... ၊ သူက ယဲ့ချင်းရှန်လား စီနီယာ အစ်ကို။ ”
ယဲ့ချင်ရှန်သည် ထူးထူး ခြားခြား ဖြစ်ပြီး၊ သူမပင် မမြင်နိုင် ခဲ့ချေ။ ဗီဇ အသိ အရ၊ တစ်စုံ တစ်ရာ မှားယွင်း နေသည်ဟု ခံစားရ သော် ငြားလည်း၊ သူမ၏ ဆင်ခြင်တုံ တရားက လက်မခံချေ။
မရဏ အဆင့်မှ ပုရွက်ဆိတ်သည် မဟာ သူတော်စင် တစ်ပါးအား၊ မလှည့်စား နိုင်ဟု ယုံကြည် ထားသည်။
မူလ နဂါး မဟာ သူတော်စင်က သူမ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ၊
“ သူ့ကို အသူရာ ဓား သူတော်စင်က ခေါ်လာတာ၊ အရိယာ ဓားသုတ္တန် ကိုတောင် သင်ပေး ထားတယ်၊ ဒီတော့ သူ ဘယ်သူ ဖြစ်ဖြစ် အရေး မကြီး ပါဘူး။ ”
“ ဒါဆို နင်က ... သူ့ကို တပည့် သိမ်းယူ လိုက်တာပေါ့ ... ၊ သူ ဘယ်သူ ဖြစ်ဖြစ် ... ဒီနေ့ ကစပြီး၊ ယဲ့ချင်းရှန် ဆိုတဲ့ သဘောပဲ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ပြုံးသည်။ သူတို့ နှစ်ယောက် လုံးမှ ဤလူငယ် မည်သူ မည်ဝါ ဖြစ်မည်ကို အတည် မပြုနိုင် သေးချေ။
မှားယွင်းစွာ ထုတ်ပြော မိပါက၊ မဟာ သူတော်စင် ဟူသော ဂုဏ်ပုဒ်ကို ထိခိုက် စေပေ လိမ့်မည်။
“ ဒါပေမယ့် ... သူက တော်တော် တော့ စေတနာ ကောင်းပါတယ်၊ ငါ့ဆီကို လာတဲ့ နေ့ မှာပဲ၊ ဒီမီဂေါ့ ဝိုင်တစ်ပုလင်း ပေးတယ်။ ”
မူလ နဂါး သူတော်စင်က ပြုံးပြီး ကျောက်စိမ်း ပုလင်းအား ထုတ်ယူ လိုက်သည်။
“ ဒီမီဂေါ့ ဝိုင်လား ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှာ မျက်ဝန်းများ တောက်ပ လာသည်။
“ မဟာ သူတော်စင်တွေ အတွက် အထောက် အကူ မဖြစ်နိုင် ပေမယ့် ... ရှားပါး ရတနာ တစ်ပါး ပါပဲ၊ ဒီကောင်လေး ဘယ်က ရလာတယ် ထင်လဲ။ ”
“ ဘယ်က ရရ အရေး မကြီး ပါဘူး၊ ရော့ ဂျူနီယာ ညီမလေး ယူလိုက် ... ၊ ငါ ဟိုတုန်းက တစ်ကြိမ် သောက်ဖူးတယ်၊ ရှားပါးတဲ့ အတွက်၊ မင်း မသောက်ဖူး သေးရင်၊ မြည်းစမ်း သင့်တယ်။ ”
ထိုစကားကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ကျောက်စိမ်း ပုလင်းကို လက်ခံ ယူ လိုက်ပြီး၊
“ သွားတော့ ... ၊ အဲဒီ မိန်းမ ဒီကောင် လေးကို တစ်ခုခု လုပ်လာရင် ... ချက်ခြင်း အကြောင်း ကြားပါ။ ”
“ ဒါတော့ စိတ်ချ ... ။ ”
မူလ နဂါး မဟာ သူတော်စင်က ပြုံးပြီး ကတိပေး လိုက်သည်။
“ ခြံနောက်ဖေး ကနေ သွားနော် ... ၊ ဘယ်သူမှ မမြင်မ စေနဲ့။ ”
သို့သော် သူမ စကား မဆုံးခင် ကပင်၊ မူလ နဂါး မဟာ သူတော်စင်မှာ ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
ဤသည်မှာ ပထမဆုံး အကြိမ် မဟုတ်ချေ။ တော်ဝင် သမီးတော် ခြံဝင်းသို့ သူ လာချိန်တိုင်း၊ အနောက် တံခါး ကိုသာ အသုံးပြု ရသည်။
တော်ဝင် သမီးတော် ခြံဝင်း၏ အနောက် တံခါးသည် တံခါး ကိုးပေါက်နှင့် ချိတ်ဆက်ထား လေသည်။
မရေ မတွက် နိုင်သော သူတော်စင် ရူရ်များဖြင့် ရေးဖွဲ့ ထားသည့် ရှေးဟောင်း တံခါး တစ်ချပ်လည်း ဖြစ်၏။
သို့သော် မူလ နဂါး မဟာ သူတော်စင် အတွက်မူ၊ ဤသို့ ဖြတ်သန်း နေရသည် ကိုပင်၊ နှလုံးသား၌ နာကျင် နေခဲ့သည်။
လင်းယွန် တစ်ယောက် တောင်ထိပ်သို့ ပြန်ရောက် သည်နှင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ သူ့အား ခေါ်တွေ့ တော့သည်။
“ ကောင်လေး ... မင်းက တကယ် ရဲရင့် တာပဲ၊ ဒီနေ့ ကိစ္စ တွေရဲ့ နောက်ကွယ်မှာ မင်း မဟုတ်လား။ ”
“ တောင်ထိပ် သခင် ... ၊ လူတွေ အထင် မှားအောင် မလုပ် ပါနဲ့၊ ကြောင် တစ်ကောင်က သူ့ကို ပါးရိုက် ခဲ့တာလို့ ကျန်းယွီ အတည်ပြု ထားတယ် မဟုတ်လား၊ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ”
လင်းယွန်က ပြုံးကာ ပြန်ပြောသည်။
“ ဒါဆို ကျန်းယွီကို ... သူ့ဆရာ ငရဲ သူတော်စင် ဘုရင် ရှေ့မှာ မင်း ဘာလို့ ရိုက်နှက် ခဲ့တာလဲ။ ”
“ အစ ကတော့ ... သင်ခန်းစာ တစ်ခု သင်ပေးရုံ ပါပဲ၊ ဒါပေမယ့် သူက ကျွန်တော့် အတွက် အိမ်မက်ဆိုး ဖြစ်နေပြီ၊ ဒါကို မဖြေ ရှင်းနိုင်ရင် အနာဂတ်မှာ နတ်ဆိုး ဖြစ်လာ လိမ့်မယ်။ ”
လင်းယွန် ပြောစကားသည် အဓိပ္ပာယ် ရှိသဖြင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အနည်းငယ် တွေဝေ သွား၏။
တစ်စုံ တစ်ရာ ဆုံးမ စကား ဆိုရ မည်ကို သိသော်လည်း၊ မည်သို့ ဆုံးမရ မည်အား မသိ တော့ချေ။
ထိုအချိန်၌ လင်းယွန်က တံဆိပ် တစ်ခုအား၊ သူ့ထံ ကမ်းပေး လာသဖြင့်၊ ယူကြည့် လိုက်၏။
“ မဟာ သူတော်စင် တံဆိပ် ... ၊ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းက မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့် ဖြစ်သွား ပြီပဲ။ ”
အချိန် အတော် ကြာအောင် တံဆိပ်အား ကြည့် ပြီးနောက်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ သက်ပြင်း ရှည်ကြီးကို ချလျက်၊
“ မူလ နဂါး မဟာ သူတော်စင်က ... မင်းကို တကယ် ခေါ်သွား တာပဲ။ ”
-ဟု ရေရွတ် လိုက်တော့သည်။
“ တောင်ထိပ် သခင် ... ဒါက တံဆိပ်လေး တစ်ခုပါ၊ ဒီလောက် အထိ အလေး အနက် ထား စရာ လိုလို့လား။ ”
လင်းယွန်မှ ပေါ့ပေါ့ ပါးပါး ပြောလာ ခဲ့ သဖြင့်၊ မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ပြန် မော့ကြည့် လိုက်ကာ၊
“ ယဲ့ချင်းရှန် ... ၊ သူတော်စင် တပည့် တွေကြားမှာ ... ကွဲပြားမှုတွေ ရှိတယ် ဆိုတာ မင်း မသိ ဖူးလား၊ ဒီနေ့ မင်းက ...
... မဟာ သူတော်စင် တစ်ပါးရဲ့ ... ၊ တိုက်ရိုက် တပည့် ဖြစ်နေတာမို့ ... ၊ ကျန်းယွီကို ရိုက်ခွင့် ရသွား တာပါ။ ”
-ဟု ပြောလာ တော့၏။
***