အဆင့် သတ်မှတ်ချက် တိုက်ပွဲ။
Vol. 136 Ch. 1901
“ သူတော်စင် တပည့်တွေ ကြားမှာ … ဘယ်လို ကွာခြားမှု ရှိလဲ။ ”
လင်းယွန်မှ မေးလိုက်သည်။
“ သူတော်စင် တွေကို ... သခင်၊ ဘုရင်နဲ့ မဟာ အဖြစ်၊ အဆင့်ခွဲခြား ထားတယ်၊ မြင့်မြတ် မြေ တွေမှာ သူတော်စင် သခင်က မရှားဘူး၊ ငါ့တို့ ကောင်းကင် တာအို ဂိုဏ်း မှာလဲ၊ ...
... အတူတူပဲ ... ၊ သူတော်စင် ဘုရင် ဆိုရင်တော့ ... (၁၀)ယောက် ရှိတယ်၊ မဟာ သူတော်စင် ဆိုရင်၊ လက်ချိုး ရေတွက် ရုံပဲ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်၏ ဆိုလိုရင်းကို လင်းယွန်မှ ချက်ချင်း နားလည် လိုက်သည်။
“ ဒါဆို ... ၊ သူတော်စင် တိုက်ရိုက် တပည့်တွေ အပေါ်၊ ထောက်ပံ့မှုက ကွဲပြား မှာပေါ့။ ”
“ မှန်တယ် ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ ပြုံးလိုက်ကာ၊ လက်ထဲရှိ တံဆိပ်ကို လင်းယွန် ထံ ပြန်လွှဲ ပေး၏။
“ မင်း ရရှိထားတဲ့ တံဆိပ်ရဲ့ အဆင့် အတန်းနဲ့၊ အခွင့် အာဏာကို ... သူတော်စင် ခန်းမမှာ သွားကြည့် နိုင်တယ်၊ မဟာ သူတော်စင် တပည့်၊ ...
... တစ်ယောက် ဖြစ်တဲ့ ... ၊ မင်းရဲ့ ရာထူးနဲ့ အဆင့် အတန်းက၊ ငါတို့လို တောင်ထိပ် သခင် တွေထက် သာတယ်။ ”
လင်းယွန်က တံဆိပ်ကို ပြန်ကြည့်ကာ၊
“ ဒါဆို ကောင်းတာပေါ့၊ ဒါပေမယ့် .. ကောင်းကင် တာအိုဂိုဏ်းမှာ၊ မဟာ သူတော်စင် ဘယ်နှစ်ပါး ရှိလဲ။ ”
“ ငါတို့ဂိုဏ်းက ရှည်လျားတဲ့ သမိုင်း အမွေ အနှစ် တွေ ရှိတဲ့ အတွက်၊ ကျန်တဲ့ မြင့်မြတ်မြေ တွေထက် သာတယ်၊ ...
... ဒါကြောင့် သူတို့မှာ၊ လက် တစ်ဖက်စာ မပြည့် ပေမယ့်၊ ငါတို့ မှာတော့ ... (၅) ယောက် အထိ ရှိတယ်၊ မူလ နဂါး မဟာ သူတော်စင်၊ ကျောက်စိမ်း ဓားသူတော်စင်၊ ...
... သတ်ဖြတ်ခြင်း မဟာ သူတော်စင် ... ၊ တာအို ယန် နန်းတော် သခင်နဲ့ ... ကောင်းကင် ယင်နန်းတော် သခင် တွေပဲ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။
“ မဟာ သူတော်စင် တပည့် တွေ ကြားမှာရော၊ ရာထူး ကွာခြား သေးလား။ ”
“ ယဲ့ချင်းရှန် ... ၊ ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ... မင်း ဘာတွေများ ကြုံတွေ့ ခဲ့ရလို့ မှတ်ညာဏ်တွေ မရှိတော့ တာလဲ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အံ့သြနေသော အသံဖြင့် ပြန်မေး လာလေသည်။ လင်းယွန်က ပြုံးကာ ရှင်းပြရန် ပြင်၏။
သို့သော် ... မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ စိတ် မဝင်စား တော့ဘဲ၊ ဆက်၍ ရှင်းပြ လာသည်။
“ ကောင်းကင် တာအို ဂိုဏ်းမှာ၊ ဓားထမ်း အကြီးအကဲ၊ နှစ်ဦး ရှိတာ ကိုတော့ မမေ့သေးဖူး မဟုတ်လား၊ သူတို့က ဂိုဏ်းရဲ့ အရေး ကိစ္စ တွေကို ဝင်ရောက် စွက်ဖက်ခြင်း မရှိ သလို၊ တပည့်လည်း လက် မခံကြ တော့ဘူး။ ”
ထို့နောက် မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ အချင်း အရာ တော်တော် များများကို ဆက်၍ ပြောပြ လာခဲ့သည်။
စကား စမြည်များ ပြောပြီးနောက်၊ တောင်ထိပ် သခင်ကို နှုတ်ဆက်ကာ၊ နေအိမ် ပြန်လာ မိ၏။
ထို့နောက် ခရမ်းရောင် လျှို့ဝှက် နယ်မြေထဲ ဝင်ကာ၊ ဖီးနစ် သစ်ပင် အောက်တွင် ထိုင်လျက် သူ့ကိုယ်သူ စစ်ဆေး တော့သည်။
နဂါးပြာ မီးတောက် သုံးပါသည် ခရမ်းရောင် နန်းတော် အတွင်း တစ်နေရာ၌ တောက်လောင် နေပြီး၊ မြင့်မြတ်သော ရောင်ခြည် တော်များ ထုတ်လွှတ် နေ၏။
“ ဘယ်လောက် တောင် ... ၊ အစွမ်း ထက် လိုက်တဲ့ သူတော်စင် ရောင်ဝါလဲ။ ”
နဂါးပြာ မီးတောက် များကို ထိန်းချုပ် နိုင်ခြင်း ရှိ-မရှိ သိချင် လာရာ၊ နဂါး မူလဖြင့်၊ ထုပ်ပိုးရန် ကြံရွယ် လိုက်သည်။
မီးတောက်က နဂါး မူလကို စားသုံးကာ၊ ဆန်းကြယ်သော အသံများ ထွက်ပေါ် လာတော့ ၏။ ချက်ချင်းပင် ဖြစ်စဉ် ထွက်ပေါ် လာကာ၊ ထိုးထွင်း သိမြင်မှုများ ရရှိ လာသည်။
ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချလိုက်ပြီး၊ ဘဝ-သုံးပါး သစ်သီးကို ထုတ်ယူ လိုက် ၏။
ဤတစ်ကြိမ် သစ်သီးသည် ကြိတ်ချေစရာ မလိုဘဲ၊ လက်ထဲ ကိုင်ထား ရုံဖြင့် ဘဝ- သုံးပါး နယ်မြေ အတွင်း ဝင်နိုင်သည်။
ထို့နောက် နဂါးပြာ မီးတောက် သုံးပါးကို သန့်စင်ရန် စတင် လိုက်၏။ ၎င်းတို့ အတွင်းတွင် ပါရှိသော ထိုးထွင်းဉာဏ်အား စုပ်ယူ နေမိသည်။
တစ်ချိန်တည်း မှာပင်၊ အရိယာ ဓားသုတ္တန် မှလည်း၊ ငရဲပန်း၏ လက်ကျန် စွမ်းအင် များကို စစ်ယူ၊ သန့်စင် ပေးနေ ခဲ့၏။
မျက်စိ တစ်မှိတ် အတွင်း၊ တစ်လ ကုန်လွန် သွားကာ၊ မရဏ-တတိယ အလယ် အလတ် အဆင့်သို့ ရောက်ရှိ လာသည်။
နောက်ထပ် တစ်လ ထပ်မံ ကုန်လွန် သွားပြီးနောက်၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားသည်။
အရိယာ ဓားသုတ္တန် သည်လည်း၊ နဝမ အဆင့် ရောက်ရှိ လာ၏။ နှစ်လ အတွင်း ကနဦး အဆင့် မှသည်၊ အထွတ် အထိပ်သို့ တက်လှမ်း လာနိုင်ခြင်း ဖြစ်သည်။
ယင်းသည် မယုံနိုင် စရာ ကောင်းသော အရှိန် ဖြစ်သော်လည်း၊ နှေးကွေး သည်ဟု ခံစား နေရ သည်။
အဘယ့်ကြောင့် ဆိုသော် ကောင်းကင် တာအို ဂိုဏ်း၌၊ နိဗ္ဗာန် အဆင့် သူတော်စင် တပည့် များစွာ ရှိနေ သောကြောင့် ဖြစ်၏။
၎င်းဖြင့် ယှဉ်က မရဏ-တတိယ အဆင့် ဟူသည်၊ များစွာ အားနည်း သည်။ ကြည့်နေဆဲ မှာပင်၊ ခန္ဓာကိုယ် အတွင်းရှိ၊ မရဏ ရောင်ဝါ များက၊ ထိန်းချုပ် မှုမှ လွတ်တော့ မည့်ဟန်၊ အရိပ် အယောင်များ ပြသ လာသည်။
ခရမ်းရောင် နန်းတော် အတွင်းရှိ၊ နဂါး မြစ်တွင် လှိုင်းများ ထလာ သဖြင့်၊ သက်ပြင်းချ လျက်၊ ရပ်တန့် လိုက် ရသည်။
“ ငါ့ တစ်ဆင့် ပြီးမှ ... ၊ တစ်ဆင့် တက်ရမယ်၊ သူတို့ အားလုံးက ငါ့ထက် အသက် အများကြီး ကြီးတယ်၊ သူတို့မှာ မွေးရာပါ သူတော်စင် ခန္ဓာကို၊ ...
... ငယ်ငယ်ထဲက ပြီးမြောက် ထားတယ်၊ ဘယ်သူမှ ဖြတ်လမ်း နည်းနဲ့ မြှင့်တင် ထားတာ မရှိဘူး။ ”
လင်းယွန်က လက်ကို ဝှေ့ယမ်းကာ ပန်းသင်္ချိုင်း ဓားအား ခေါ်လိုက်၏။ ဓားကိုင် လိုက်သည်နှင့် အကြည့်များ စူးရှ လာသည်။
“ မင်းကိုပဲ ... အားကိုး ရတော့ မှာပဲ။ ”
ဘဝ-သုံးပါး နယ်မြေ အတွင်း၊ ဓားရေး များအား စတင် လေ့ကျင့် လိုက်တော့သည်။
“ ပိုးစုန်းကြူး ရောင်ခြည်တော် ... ။ ”
“ အာရုဏ်ဦး ရောင်ခြည်။ ”
“ ဆည်းဆာ ရောင်ခြည်။ ”
“ လကွယ် ည ... ။ ”
“ ကောင်းကင် ဘုံက နှင်းတောင်။ ”
“ သွေး ငွေရောင် ... ။ ”
နဂါးပြာ မီးတောက် သုံးပါးမှ ထိုးထွင်း သိမြင်မှုများကို အားကိုးပြီး ပိုးစုန်းကြူး နတ်ဓား ၏ ဆဋ္ဌမမြောက် ဓားကို လေ့လာ ခဲ့သည်။
ပိုးစုန်းကြူး နတ်ဓားတွင်၊ စုစုပေါင်း ဓားပုံစံ (၁၆)မျိုး ပါရှိ၏။ ၎င်းအား မရဏ အဆင့် မျှဖြင့် လေ့ကျင့်ရန် မဖြစ် နိုင်ချေ။
သို့သော် သူသည် ဆဋ္ဌမဓား ပုံစံအား ကျွမ်းကျင်နေပြီ ဖြစ်ရာ၊ နိဗ္ဗာန် အဆင့် မရောက် ရှိမီ၊ (၁၂)ကွက် အထိ၊ နားလည် လာမည်ဟု ယုံကြည်၏။
လင်းယွန် မသိ သည်မှာ၊ အကြင် သူသည် နိဗ္ဗာန် အဆင့်၌၊ ဓား(၃)ကွက် ကျွမ်းကျင်အောင် စွမ်းဆောင် နိုင်လျှင်ပင်၊ အံ့ဖွယ် ကောင်းနေ ပေလိမ့်မည်။
သူ့ အရှိန်မှာ ဓားဘီလူး တစ်ကောင် အဖြစ် သတ်မှတ် နိုင်ချေ၏။ ပထမ ပုံစံ (၁၂) မျိုးသည်၊ အခင်းအကျင်း မျှသာ ဖြစ်ပြီး၊ ကျန်ပုံစံ များမှ သာလျှင်၊ စစ်မှန်သော စွမ်းအား ဖြစ်သည်။
ပိုးစုန်းကြူး နတ်ဓားသည် ဓားနှလုံးသား အပေါ်၊ ကျွမ်းကျင်မှု တိုးစေ၏။ ထို့ကြောင့် ဓား အသိမှာ၊ ပွင့်ထွက် တော့မည့် ပိုးအိမ် ကဲ့သို့ ကြည်လင် လာခဲ့သည်။
ဤပြောင်းလဲမှုသည် ထူးထူး ဆန်းဆန်း ဖြစ်ပြီး၊ အသူရာ ဓား သူတော်စင်ပင် နားမလည် နိုင်သော အရာ ဖြစ်၏။
ဆိုလို သည်မှာ လင်းယွန် တစ်ယောက် ကိုယ်ပိုင် လမ်းစဉ်ပေါ်၊ ခြေချ နေမိပြီ ဖြစ်သည်။ ဆက်လျှောက်လေ အဖော်မဲ့ လေပင်။
ဘဝ-သုံးပါး နယ်မြေမှ ထွက်လိုက်သော အခါ၊ လက်ထဲရှိ သစ်သီးမှာ မှိန်ဖျော့ သွားတော့ သည်။ ခရမ်းငယ်က ဖီးနစ် သစ်ပင် အောက်တွင် ကျင့်ကြံ နေရာမှ လင်းယွန်အား ပြန်ကြည့်၏။
“ ဘယ်နှစ်ရက် ရှိပြီလဲ ... ။ ”
လင်းယွန်မှ မေးလိုက်သည်။
“ တစ်ရက် ... ။ ”
“ မဆိုး ပါဘူး ... ။ ”
ဘဝ-သုံးပါး ဘုံတွင် နှစ်လကြာ နေခဲ့သော်လည်း၊ အပြင်၌ တစ်ရက်သာ ရှိချေ ၏။
“ မင်း ... အပြင် သွားမို့လား။ ”
ခရမ်းငယ်က နဂါးလေးအား ခေါ်ကာ၊ ဓားသတ္တာ အတွင်းမှ ထွက်ရန် ပြင်နေ သဖြင့်၊ လင်းယွန်မှ မေးလိုက်သည်။
“ ရှင်းနေ တာပဲ၊ မေးစရာ လိုသေး လို့လား။ ”
ခရမ်းငယ်က မကျေ မနပ်ဖြင့် ပြန်ဖြေသည်။
“ နေ-လ နတ်ရူရ်ကို ... ရှာဖို့၊ နင့် ခေါင်းထဲမှာ ... မရှိမှတော့ ... ၊ ငါ ကိုယ်တိုင် သွားရ တော့ မှာပေါ့။ ”
“ မင်းကို သူတို့ တွေ့ဦးမယ်၊ သတိ ထားပါ။ ”
“ ငါ့ကို လျော့ မတွက်နဲ့၊ အဲဒီ သူတော်စင် တွေကို၊ အနိုင် မယူနိုင် ပေမယ့်၊ သူတို့ မတွေ့ အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ ”
“ ကောင်းပြီ ... ၊ ရော့ ... ဒါ ... မင်း အပိုင် ဖြစ်သွားပြီ။ ”
လင်းယွန်က ငွေလမင်း မျက်နှာဖုံးအား ထုတ်ကာ၊ ကမ်းပေး လိုက်သည်။ ခရမ်းငယ်မှာ ချက်ချင်း ဆွဲယူ လိုက်ပြီး၊
“ နင် တကယ် ပြောတာလား။ ”
-ဟု ဝမ်းသာ အားရ ပြန်မေး၏။
ဤသည်မှာ မိုမိသားစု၏ ရတနာ ဖြစ်ပြီး၊ အစ်ကို ဖုန်းကျွယ်မှ လက်ဆောင် ပေးထားခြင်း ဖြစ်သည်။
ခရမ်းငယ် အမြင် ၌မူ၊ သူမကို ဤမျက်နှာဖုံးမှ ပို၍ လှပစေ သည်ဟု ခံစား မိ သောကြောင့် မက်မောခြင်း ဖြစ်၏။
“ မဟုတ်ဘူး ... ၊ ငါ မှားပြောတာ ပြန်ပေး။ ”
လင်းယွန်က ပြုံးပြီး၊ သူမ ထံမှ ပြန်ဆွဲယူ လိုက်သည်။
“ ဟမ့် ... ၊ ငါ့ပစ္စည်း ဖြစ်သွားပြီ၊ မစဉ်းစားနဲ့။ ”
သူ့လက် မရောက်ခင် ကပင်၊ ခရမ်းငယ် တစ်ယောက် ပြုံးလျက် ထွက်ပြေး သွားတော့ သည်။
လင်းယွန်က ခေါင်းယမ်းလျက် ခြံထဲမှ လှမ်းထွက်ကာ၊ ချန်ဖန်ထံ ဆက်သွယ် ခေါ်ယူ လိုက်သည်။
“ ချန်ဖန် ... ၊ ကောင်းကင် သန့်စင်ခြင်း တောင် အကြောင်း ... ငါ သိချင်တယ်။ ”
“ ကောင်းကင် တာအို ဂိုဏ်းမှာ၊ ဓား ရည်ရွယ်ချက် မြှင့်တင်ဖို့ ... ၊ နည်းလမ်း သုံးမျိုး ရှိတယ်၊ ပထမ နှစ်ခုက သဘာဝ အတိုင်း ကောင်းကင် ဓားနဲ့၊ ...
... တာအို ဓားတောင် တွေပဲ၊ ဒါပေမယ့် အဲဒီတောင် နှစ်လုံးကို ယန်နန်းတော်နဲ့ ... ယင် နန်းတော်က ပိုင်တယ်၊ သူတော်စင် တိုက်ရိုက် တပည့် ဖြစ်ရင် တောင်မှ ဝင်ခွင့် မရှိဘဲ။ ”
“ ဒါဆို ကောင်းကင် သန့်စင်ခြင်း တောင် ဆိုတာက တတိယ တောင်ပေါ့။ ”
လင်းယွန်က ခေါင်းညိမ့် လိုက်၏။
“ ဟုတ်တယ် ... အဲဒီ တောင်က ... ၊ ကောင်းကင် တာအို ဂိုဏ်းရဲ့၊ အကောင်း မွန်ဆုံး ကျင့်ကြံမှု နယ်မြေပဲ၊ နန်းတော် နှစ်လုံးရဲ့ တပည့် တွေတောင် ... မကြာ-မကြာ သွား ကြတယ်။ ”
ယဲ့ချင်းရှန် တစ်ယောက် မှတ်ဉာဏ် ပျောက်ဆုံးသွား သည်ဟု ယူဆ ထားခဲ့ သဖြင့်၊ ချန်ဖန်မှ အသေးစိတ် ရှင်းပြ လိုက်သည်။
“ လာ ... ၊ အစ်ကိုကြီး ငါ လိုက်ပို့ ပေးမယ်။ ”
စကား တပြောပြောနှင့် ကောင်းကင် သန့်စင်ခြင်း တောင်သို့ လျှောက်လှမ်း လာခဲ့ ကြသည်။ တောင်ခြေသို့ ရောက်သော အခါ၊ ချန်ဖန်က သူ့နဖူး သူပြန် ရိုက်ပြီး၊
“ သေစမ်း ... ၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲက မကြာခင် စတင် တော့မယ် ဆိုတာ ငါ မေ့သွားတယ်၊ ဒါဖြင့် သူတော်စင် တိုက်ရိုက် တပည့်တွေ အားလုံး ရောက်နေတော့ မှာပဲ။ ”
-ဟု ညည်းတွား လိုက်တော့၏။
***