သန့်ရှင်းသော သမီးတော်၏ သံသယ။
Vol. 136 Ch. 1902
“ အဆင့် သတ်မှတ်ချက် ... တိုက်ပွဲ ရှိတာလား။ ”
လင်းယွန်က စူးစမ်း ဟန်ဖြင့် ရေရွတ် လိုက်သည်။
“ ဟုတ်တယ် ... ၊ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲကို တစ်နှစ်မှာ၊ နှစ်ကြိမ် ကျင်းပပေးတယ်၊ ပထမ တစ်ကြိမ်က အတွင်း တပည့်တွေ အတွက် ဖြစ်ပြီး၊ ...
... ဒုတိယ အကြိမ်က ... သူတော်စင် တပည့်တွေ အတွက် ဖြစ်တယ်၊ ပေးအပ်တဲ့ ဆုလာဘ်ချင်း ယှဉ်ရင်၊ သဘာဝ အတိုင်း၊ သူတော်စင် တပည့် တွေရဲ့၊ ဆုလာဘ်က သာတယ်၊ အရင် ကတော့ ...
... အစ်ကို ကြီးက သူတော်စင် တပည့် အဆင့် သတ်မှတ်ချက် ပြိုင်ပွဲ ဝင်ဖို့၊ အဆင့် မမီ ခဲ့ဘူး၊ အခုတော့ ဝင်ခွင့် ရပြီ ... ။ ”
“ ဟုတ်လား ... ။ ”
ချန်ဖန်မှ ခေါင်းညိမ့် လိုက်ကာ၊
“ သူတော်စင် တပည့်တွေ အတွက်၊ အဆင့် သတ်မှတ် တိုက်ပွဲကို ထျန်း၊ ဒီ၊ ရွှမ်နဲ့ ဟွမ် ဆိုပြီး (၄)ဆင့် ခွဲထားတယ်၊ ဟွမ် အဆင့် အတွက်က ဝင်ပြိုင် ချင်ရင်၊ အမြင့်ဆုံး မရဏ အဆင့် အထွတ် အထိပ်မှာ ရှိရမယ်၊ ...
... ‘ရွှမ်’က နိဗ္ဗာန်-ဒုတိယ အဆင့် ဖြစ်ပြီး၊ ‘ဒီ’အတွက် နိဗ္ဗာန်-စတုတ္ထ အဆင့်နဲ့ ... ၊ ‘ထျန်း’ ကိုတော့ နိဗ္ဗာန် အဆင့်က၊ မည်သူ မဆို ဝင်ပြိုင် နိုင်တယ်၊ သူက ...
... သူတော်စင် တိုက်ရိုက် တပည့်တွေ အတွက်၊ ရည်ရွယ်တဲ့ ပြိုင်ပွဲ ဖြစ်လို့၊ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တယ်။ ”
ကောင်းကင် တာအို ဂိုဏ်းတွင် နှစ်စဉ် သူတော်စင် တပည့် နှစ်ရာမှ သုံးရာခန့် လက်ခံ ကြ၏။
ထို့ကြောင့် နှစ်ပေါင်း များစွာ ကြာသော် သူတော်စင် တပည့်များ မြောက်များစွာ ရှိလာ ပေသည်။
အချို့သော သူတော်စင် တပည့် များသည် အသက် ငါးဆယ် အထက်တွင် ရှိနေပြီး၊ တစ်ရာ မပြည့်သေး သရွေ့၊ သူတော်စင် တပည့်များ အဖြစ်၊ ဆက်လက် တည်ရှိ နေနိုင်၏။
နိဗ္ဗာန် အဆင့်သို့ ရောက်ပြီးနောက် လူတိုင်း၏ သက်တမ်း တိုးလာ လေရာ၊ တစ်ရာ ပြည့် လျှင်ပင် အလား အလာများ ကျန်ရှိ နေသေး သည်ဟု ယူဆ ကြသည်။
ထို့ကြောင့် သူတော်စင် တပည့် များ၏၊ အဆင့် သတ်မှတ်ချက်ကို၊ ကျင့်ကြံမှု အလိုက် ခွဲခြား ကျင်းပ ရခြင်း ဖြစ်၏။
မဟုတ်သော် တပည့်ကြီး များက တပည့်ငယ် များကို တိုက်ခိုက် ခြင်းဖြင့်၊ ဒဏ်ရာ များ ရကြပေ လိမ့်မည်။
“ ဟွမ် အဆင့် ပြိုင်ပွဲမှာ၊ ထိပ်ဆုံး (၁၀)ဦး ဝင်ရင်၊ နိဗ္ဗာန် ဆေးလုံး တစ်သောင်းနဲ့ အကျိုး ဆောင် အမှတ် တစ်သောင်း ရမယ်၊ ...
... ရွှမ် အဆင့်က ထိပ်တန်း ဆယ်ယောက် ကိုတော့ ... နိဗ္ဗာန် ဆေးလုံးနဲ့၊ အကျိုးဆောင် အမှတ် ငါးသောင်း၊ ...
... ဒီ အဆင့် အတွက်က နိဗ္ဗာန် ဆေးလုံး တစ်သိန်းနဲ့၊ အကျိုးဆောင် အမှတ် တစ်သိန်း ... ၊ ထျန်းအဆင့် ဆယ်ယောက် ကိုတော့၊ အမည်ခံ သူတော်စင် ဆေးလုံးနဲ့၊ အကျိုးဆောင် အမှတ် နှစ်သိန်း ချီးမြှင့် ကြတယ်၊ ...
... အကျိုးဆောင် အမှတ် တွေကို ... သူတော်စင် ရှေးဟောင်း ပစ္စည်းတွေ၊ လျှို့ဝှက် နည်းပညာတွေ၊ စစ်မှန်သော နဂါး သူတော်စင် သွေး ရည်ကြည်၊ နိဗ္ဗာန် ဆေးလုံး၊ အမည်ခံ သူတော်စင် ဆေးလုံးနဲ့၊ နဂါး သူတော်စင် ဆေးလုံး တွေနဲ့၊ ပြန်ပြီး လဲလှယ် နိုင်တယ်။ ”
ချန်ဖန်မှ မေးစရာ မလိုအောင်၊ စုံလင်စွာ ရှင်းပြ လာသည်။ ၎င်းသည် ထိပ်တန်း ဆယ်ဦး အဆင့် ဝင်ရုံဖြင့် ရမည် ဖြစ်သည်။ ချန်ပီယံများ အတွက်မူ၊ ဆိုဖွယ် မရှိချေ။
“ အစ်ကိုကြီး ခွန်အားနဲ့ ဆိုရင်တော့ ... ၊ ရွှမ်အဆင့် (၁၀)ယောက် ဖြစ်လာဖို့ ... မခက်ခဲ လောက် ပါဘူး။ ”
ချန်ဖန်မှ လင်းယွန်အား လှည့်ကြည့်ကာ သုံးသပ် လိုက်သည်။ လင်းယွန်က ပြုံးရုံသာ ပြုံး လိုက်၏။
အခြား သူများ အမြင်တွင်၊ သူသည် မရဏ တတိယ အဆင့် ဖြစ်သဖြင့်၊ ရွှမ် အဆင့် တွင်ပင်၊ ထိပ်တန်း (၁၀) ဦး ဝင်ရန်၊ မသေချာချေ။
ထို့ကြောင့် ချန်ဖန် စကားမှာ၊ သူ့အား အကောင်းမြင် လွန်းရာ ရောက်သည်။ အဘယ် ကြောင့် ဆိုသော်၊ ဂိုဏ်း၌ မရေ မတွက် နိုင်သော သူတော်စင် တပည့် များစွာ ရှိ၏။
မရဏ-တတိယ အဆင့် ဟူသည်၊ အသုံး မဝင်ချေ။ ဂိုဏ်း၌ တံခါးပိတ် ကျင့်ကြံ နေသော သူတော်စင် တပည့် များနှင့်၊ ခရီးကြမ်း နှင် နေသော သူများလည်း ရှိသည်။
ပြိုင်ပွဲမှ ချီးမြင့်သော ဆုလာဘ်သည် အထက်ပါ တပည့် များအား ထွက်လာ စေရန် ဆွဲဆောင် နိုင်ပေ၏။
“ ပြိုင်ပွဲ ဘယ်တော့ စမှာလဲ။ ”
“ နှစ်လ လောက် ... လိုဦးမယ်။ ”
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ကောင်းကင် သန့်စင်ခြင်း တောင် ပေါ်သို့၊ ပုံရိပ် တစ်ရိပ် ပျံဝဲ လာကာ၊ မြေပြင်သို့၊ ဆင်းသက် လာ လေသည်။
ခရမ်းရောင် ၀တ်ရုံဖြင့် လျှပ်စီးများ လက်နေသော အသက် (၄၀) အရွယ်၊ လူငယ် တစ်ယောက် ဖြစ်၏။
“ အိုယန် ... ပြန်လာပြီ။ ”
“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ လျှပ်စီး ရည်ရွယ်ချက်လဲ၊ သုံးနှစ် ကုန်လွန်လာ ပြီးတဲ့နောက် ... ဒီနှစ်ကို လက်လွတ် မခံချင် တော့တဲ့ ပုံပဲ။ ”
အိုယန်ဟဲ ပေါ်လာသော အခါ၊ လင်းယွန် အပါအဝင်၊ သူတော်စင် တပည့် များစွာက လှည့် ကြည့်ကြသည်။
ဤလူသည် နဂါး မူလကို အသုံး မပြုဘဲ၊ လျှပ်စီး စွမ်းအင်ဖြင့် ပျံသန်း လာခြင်း ဖြစ်လေ သည်။
ဆိုလို သည်မှာ ၎င်း၏ လျှပ်စီး ရည်ရွယ် ချက်သည် ပဉ္စမတန်းတွင် ဖြစ်ပြီး၊ ကျွမ်းကျင်မှု မှာ၊ မယုံနိုင် လောက်အောင် မြင့်မား ခေျ၏။
“ သူက ဘယ်သူလဲ၊ သူ့ရဲ့ လျှပ်စီး ရည်ရွယ်ချက်က တကယ်ကို ... အစွမ်း ထက် လွန်းတယ်။ ”
လင်းယွန်မှ မေးသည်။
“ စီနီယာ အစ်ကို၊ သူက ယင်နန်းတော်ရဲ့ သူတော်စင် တပည့် အိုယန်ဟဲပဲ၊ လွန်ခဲ့တဲ့ နှစ် (၂၀)က၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်မှာ၊ ...
... တတိယ ရခဲ့တယ်၊ သူတော်စင် တပည့် အဖြစ်၊ သူ့ကို ... ရာထူး တိုးပေး တုန်းက ဆိုရင်၊ ကျွန်တော်က အတွင်း တပည့်တောင် မဖြစ် သေးဘူး၊ အနှစ် နှစ်ဆယ်ကျော် သွားပြီ၊ သူ့ ကျင့်ကြံမှု ဘယ် အဆင့်လဲ သိချင်သား။ ”
ချန်ဖန်က လေးနက်သော အမူအရာဖြင့် ပြောကြား လိုက်သည်။
“ နိဗ္ဗာန် စတုတ္ထမြောက် အဆင့် ... ။
လင်းယွန်မှ ပြောပြ လိုက်သည်။
“ သူက သန်မာ ပါတယ်၊ ဒါပေမယ့် ထျန်းအဆင့်မှာ ထိပ်တန်း ဆယ်ယောက် ထဲကို ဝင်ဖို့က လွယ်မှာ မဟုတ်ဘူး၊ ထျန်း အဆင့်က အသက် ကန့်သတ်ချက် မရှိဘူး။ ”
ချန်ဖန်က ဆိုသည်။
“ ထျန်း အဆင့်ကို မပြိုင်ဘဲ၊ ဒီ အဆင့် ဆိုရင်ရော။ ”
“ ဒါဆို ရင်တော့ ... ၊ အနည်း ဆုံးတော့ ထိပ်ဆုံး (၃) နေရာကို ... ၊ လွယ်လွယ် ကူကူ ရောက်နိုင် ပါတယ်၊ ကံကောင်းရင် ပထမ တောင် ရနိုင်မယ်။ ”
ချန်ဖန်မှ အထင် ကြီးသော လေသံဖြင့် သုံးသပ် လာသည်။
“ ထိပ်ဆုံး သုံးနေရာ ဆိုရင်တော့ ဖြစ်နိုင်တယ်၊ ပထမတော့ ... ဖြစ်လာမှာ မဟုတ် ပါဘူး။ ”
လင်းယွန်က ပြန်ပြော လိုက်၏။ ချန်ဖန်မှ ခေါင်း ကုတ်ပြီး၊ သူ့အစ်ကိုကြီး စကား များမှာ၊ ထူးဆန်း နေသည်ဟု၊ ခံစား လိုက်ရသည်။
သို့သော် မည်သည့် နေရာ၌၊ မှားယွင်း နေမှန်း မသိဘဲ၊
“ အစ်ကိုကြီး ... ၊ မင်း ... ယင် နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော် အကြောင်း ပြောနေ လား၊ သူ ... ဆိုရင်တော့ ဖြစ်နိုင် ပါတယ်၊ သူက နိဗ္ဗာန်-စတုတ္ထ အဆင့်ပဲ၊ ‘ဒီ’အဆင့်မှာ ပထမ ရနိုင်တယ်။ ”
-ဟု သူ ထင်ရာကို ပြောလိုက်သည်။
ထိုစကားကို ကြားသော အခါ လင်းယွန်က အံ့အားသင့် သွားပြီး၊
“ ယင် နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က နိဗ္ဗာန်-စတုတ္ထ အဆင့် မှာပဲ ရှိသေး တာလား။ ”
-ဟု မေးမြန်း လိုက်မိ၏။
“ အစ်ကို ကြီး ... ၊ မင်း မမှတ် မိတော့ ... ပြန်ဖူးလား၊ ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က ပါရမီရှင် တစ်ဦးပါ၊ အခုမှ (၁၉)နှစ်ပဲ၊ ရှိပါ သေးတယ်။ ”
ချန်ဖန်က စိတ်လှုပ်ရှားသော အသံဖြင့် ပြောလာ၏။ သူ အသွင် အရ၊ ယင် နန်းတော်မှ သန့်ရှင်းသော သမီးတော်အား နှစ်သက် ကြောင်း မြင်နိုင်သည်။
“ အစ်ကိုကြီး ... ၊ ချန်ကျွယ် လည်း ရောက်လာပြီ။ ”
ချန်ဖန်က ပြုံးလျက် ချန်ကျွယ်ထံ လှမ်း ကြည့်လိုက်သည်။ ချန်ကျွယ်သည် တစ်ချိန်က မရဏ မိုးကြိုး တောင်ထိပ်မှ တပည့် များကို၊ မကြာ ခဏ အနိုင်ကျင့် ဖူး၏။
လင်းယွန်က ချန်ဖန် မပြောခင်၊ ရှေးမစွ တည်းကပင်၊ တွေ့ရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူ့ အကြည့်မှာ ချန်ကျွယ်အား ကျော်ကာ၊ ဘေးတွင် ရပ်နေသော လူငယ်ထံ ကျရောက် သွား၏။
ထိုသူသည် အသက် (၂၀) ကျော်ကာ၊ ယဲ့ချင်းရှန်နှင့် ရုပ်ချင်း ဆင်သည်။ ၎င်းလူငယ် က လင်းယွန် အကြည့်ကို သတိ ထားမိပြီး၊ ပြန်လှည့် ကြည့်လာ၏။
“ ဒီလူ ... အပြင် ထွက်လာ တာလား။ ”
သူ့ဘေးရှိ ချန်ဖန်က မျက်နှာ ပြောင်းလဲ သွားသည်။
“ သူက ဘယ်သူ မို့လဲ ... ။ ”
“ ယဲ့ဖေးဖန်ပဲ၊ လွန်ခဲ့သည့် နှစ်နှစ်က သူတော်စင် တိုက်ရိုက် တပည့် ဖြစ်လာပြီး၊ ယဲ့ မျိုးနွယ်ရဲ့ ... ပထမ တန်းစား ပါရမီရှင် အဖြစ်၊ သတ်မှတ် ထားတယ်၊ ...
... သူ့ ကျင့်ကြံမှုက၊ နိဗ္ဗာန်-တတိယ အဆင့်မှာ ရှိပေမယ့်၊ နိဗ္ဗာန်-ပဉ္စမ အဆင့် ပြိုင်ဘက်ကို၊ အနိုင်ယူ ခဲ့ဖူးတယ်။ ”
ချန်ဖန်က သူ့အသံကို ထိန်းကာ ပြောပြ လာ၏။ ယဲ့ဖေးဖန် ဟူသည် ယဲ့ချင်းရှန်အား မြင် သည်နှင့်၊ သင်ခန်းစာ ပေးလေ့ ရှိသူ ပေပင်။
ယဲ့ချင်းရန် အပေါ်၊ သူနှင့် မိသားစု တစ်ခုတည်း အဖြစ်၊ လုံးဝ မယူဆ ထားချေ။ နိဗ္ဗာန် အဆင့် အသွင် ကူးပြောင်းမှု တိုင်းသည် နိဗ္ဗာန် ရောင်ဝါကို သိသာစွာ ခိုင်ခံ့ စေ၏။
ထို့ကြောင့် ယဲ့ဖေးဖန်သည် နိဗ္ဗာန်-ပဉ္စမ အဆင့်တွင် ရှိသော ပြိုင်ဘက်ကို၊ အနိုင် ယူနိုင် ခဲ့သည်မှာ၊ အထင်ကြီး ကောင်း ချေပြီ။
“ ယဲ့ချင်းရှန် ... ၊ နင်က ... ကျန်းယွီကို မကြောက် သလို၊ နင့် ... မိသားစုက ... ဒီလူကို လည်း၊ မျက်လုံးထဲ မထည့် ထားဖူး မဟုတ် လား။ ”
ပိုင်ရှုရင်က ပြုံးလျက်၊ ရုတ်တရက် စကား ဆိုလာပြီး၊ လင်းယွန် အနား လျှောက်လှမ်း လာ လေသည်။ လင်းယွန်က လှည့်ကြည့် ကာ၊
“ စီနီယာ အစ်မပိုင် ... ၊ မင်း ... ငါ့ကို အထင်လွဲ နေပြီ၊ ငါက ... အမြဲတမ်း နှိမ့်ချပြီး၊ နေတတ် သူပါ ... ၊ ဘယ်လိုလုပ် ... ငါက ဒီလူကို၊ ဂရု မစိုက်ဘဲ နေဝံ့ မှာလဲ။ ”
-ဟု ပြန်ပြော လိုက်၏။
“ နင်က အမြဲတမ်း နှိမ့်ချပြီး၊ နေတတ်တဲ့ သူလား။ ”
ပိုင်ရှုရင်မှ လှောင်ပြောင် လိုဟန်ဖြင့် သံယောင်လိုက် ရေရွတ် တော့၏။ ပြီးနောက်၊
“ ကောင်းကင် တာအို ဂိုဏ်း ထဲမှာ ... ၊ နင့်လောက် ... မျက်နှာ ပြောင်တိုက် ဝံ့တဲ့ ... ၊ လူမျိုး တစ်ယောက်မှ မရှိဘူး၊ ...
... လွန်ခဲ့တဲ့ နှစ်ရက်က၊ နင် ဘယ်လောက်တောင် ... ၊ မာန ထောင်လွှားခဲ့လဲ ဆိုတာ ... ၊ ငါ မြင်နေ တာပဲ။ ”
လင်းယွန်နှင့် ဆယ်လှမ်း အကွာ၌ ရပ်လိုက်ပြီး၊ ပိုင်ရှုရင်မှ ပြောသည်။ အဖြူရောင် ဝတ်ရုံကို ဆင်မြန်းလျက်၊ ခရမ်းရောင် ခါးပတ် ချည်နှောင်ကာ၊ ဘောင်းဘီ အပြာအား၊ ၀တ်ဆင် ထားသည်။
ယင်းကြောင့် သူမ အသွင် အပြင်သည်၊ ပုံမှန်ထက် ပို၍ ကြော့ရှင်း နေကာ၊ သူရဲကောင်း ဆန်သော ခံစားချက်မျိုး ပေးစွမ်း နေ၏။
ချန်ဖန်က စကား ဝိုင်းကို နားထောင် နေလျက်မှ၊ နှုတ်ခမ်း တွန့်ရုံ လှောင်ပြုံး ပြုံး လိုက်မိသည်။
စီနီယာ အစ်ကိုသည် သူ့ကိုယ်သူ နှိမ့်ချစွာ နေတတ် သူဟု ဆိုနေ၏။ ယင်းသည် ကြားရသူ တိုင်း အတွက်၊ ရယ်စရာ ကောင်းသော ပြက်လုံး တစ်ပုဒ် ဖြစ်ကြောင်း၊ ၎င်း သိပုံ မရချေ။
သို့သော် သူ့ အတွေးသည်၊ အခြား တစ်ဖက်သို့ ရောက်ရှိ သွားပြန်၏။ ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် သည်သာ၊ အစ်ကိုကြီးထံ ကျရှုံးသွား ပါက၊ တပည့် မည်မျှ အသည်းကွဲ ကြဦး မည်ကို၊ တွက်ဆ နိုင်မည် မဟုတ်ချေ။
လင်းယွန် အတွက်မူ၊ ချန်ဖန် ထင်သလို ကောင်းမွန်ခြင်း မရှိ ခဲ့ချေ။ ပိုင်ရှုရင် ထံမှ သတ် ဖြတ်လိုသော ဆန္ဒကို ခံစား နေရသည်။
ထို့ကြောင့် သတိ အနေ အထားဖြင့် စကားလုံးများ ရွေးချယ်ကာ၊ ပြန်ဖြေ လိုက် ရသည်။
“ ဖြောင့်မတ်သူ တစ်ယောက် အနေနဲ့ ... ကျန်းယွီလို အကျင့် စရိုက် ရှိတဲ့၊ တပည့် မျိုးကို သင်ခန်းစာ တစ်ခု သင်ပေး ရမယ်၊ ဒါကို ဘာလို့ ငါက မောက်မာတယ် မြင်နေရ တာလဲ၊ ...
... ပြီးတော့ သူက စီနီယာ အစ်မပိုင် ကိုတောင်၊ စော်ကားချင် နေတာ ... ၊ ဒါကြောင့် ငါလက် နည်းနည်း လွန်သွား မိတာပါ၊ ငါ့ကိုယ် ငါလည်း နားလည် ပါတယ်။ ”
သူ့ စကားကြောင့် ပတ်ဝန်းကျင်မှ စောင့်ကြည့် နေသော တပည့်များမှာ၊ ရုတ်ရုတ် သဲသဲ ဖြစ်သွားပြီး၊ လင်းယွန်အား ရန်လို လာ တော့သည်။
ယဲ့ချင်းရှန် ဟူသည်၊ တစ်စုံ တစ်ယောက် အပေါ်၊ သင်ခန်းစာ ပေးရန်၊ မည်သည့် အချိန်မှ စ၍၊ အရည်အချင်း ရှိလာ သည်နည်း။
“ ဒါဆို ... ၊ ငါက မင်းကို ကျေးဇူးတင် ရမှာပေါ့ ... ဒီလိုလား။ ”
“ မလို ပါဘူး ... ၊ နေနဲ့ လက ... ငါ့ ခံစားချက် တွေကို နားလည်ပြီး သက်သေခံ ပါလိမ့်မယ်။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။ ထိုစကားနှင့် သူ့အမူ အရာကြောင့် ပိုင်ရှုရင်၏ လူသတ်ချင် စိတ်မှာ၊ ပို၍ တိုးလာ တော့၏။
“ ယဲ့ချင်းရှန် ... ၊ ငါ မရှင်းလို့ ... မေးပါ ရစေဦး၊ နင်က ကျန်းယွီကို ထောင်ချောက်ဆင် ခဲ့တဲ့ လူလား။ ”
ကျန်းယွီ ပါးစပ်မှ ချိန်းဆိုသူ အမည်ကို ထုတ်ပြော လိုက်ပြီးနောက်၊ သူ့အား ပိုင်ရှုရင်မှ သံသယ ဝင်လာ မည်ကို၊ လင်းယွန် သိ၏။
သို့သော် ဝန်ခံ၍ မရချေ။ အပြစ် ကင်းသူ တစ်ဦး ကဲ့သို့ ပြင်ယူကာ၊
“ ရှုရင် ... မင်း အပေါ် ထားတဲ့ ... ၊ ငါ့ နှလုံးသားကို နေနဲ့ လက သက်သေပြ နိုင်တယ် လို့ ပြောခဲ့တယ် မဟုတ်လား၊ ဒီလို မင်းရဲ့ ဂုဏ် သတင်းကို ညှိုးနွမ်း စေမယ့်၊ အပြု အမူမျိုး၊ ...
... ငါ လုပ်မယ် ထင်လား၊ ငါသာ တကယ် လုပ်ခဲ့ရင် ... ယဲ့ချင်းရှန် တစ်ယောက် မိုးကြိုးပစ် ခံရပြီး၊ အတွင်း နတ်ဆိုး တိုက်စားခြင်း ခံရ ပါစေ။ ”
ဤသည်မှာ လှည့်ဖျားသော ကျိန်ဆိုမှု ဖြစ်သည်။ သို့သော် သူ ကျိန်ဆို သည်ကို ကြား ပြီးနောက်၊ ပိုင်ရှုရင်၏ မျက်ဝန်းများ မှေးကျဉ်း လျက်၊ ငြိမ်သက်သွား တော့၏။
***