ဒီနေ့ ... ဒီကိစ္စ ဒီမှာတင် ပြီးပြီ။
Vol. 136 Ch. 1903
လင်းယွန်၏ ကျိန်ဆိုမှုသည် ပြင်းထန်ပြီး၊ မဟုတ် မမှန် သစ္စာဆိုသော် အပြစ် ခံရ ပေမည်။ မိုးကြိုး မထိခဲ့ လျှင်ပင် နှလုံး နတ်ဆိုးကြောင့်၊ ဒုက္ခ ရောက် ပေမည်။
ကျန့်ကျင်းရှန် တစ်ယောက် လျှပ်စီး တိမ်လွှာဓား ဂိုဏ်းတွင် ပိတ်မိ နေကဲ့သို့ ခံစား ရမည် ဖြစ်သည်။
ထို့ကြောင့် ပိုင်ရှုရင်မှာ ယဲ့ချင်းရှန်၏ ရူးသွပ်သော ကျိန်စာအား ကြားချိန်၌ တုန်လှုပ် သွားခဲ့သည်။
တစ်ဖက် လူ၏ မျက်ဝန်း အတွင်း သတ်ဖြတ်ရန် ရည်ရွယ်ချက်များ ပျောက်ကွယ် သွားသည်ကို သတိ ပြုမိသော အခါ မှသာ လင်းယွန်က သက်ပြင်းချ မိ၏။
ပိုင်ရှုရင် ခွန်အားသည် လိပ်နက် အသွင် ပြောင်းနည်းကို ကန့်သတ်ချက် အထိ၊ တွန်းပို့ နိုင်မည် မဟုတ် သော်လည်း၊ သံသယမျှ မဝင်စေသည်မှာ အကောင်းဆုံး ဖြစ်သည်။
“ နင်နဲ့ မဆိုင်တာ ... ကောင်းပါတယ်၊ ဒီကနေ့ ရှင်းရှင်း ရှင်းရှင်း သိရဖို့ ... ၊ ငါ ရောက် လာတာ၊ လွန်ခဲ့တဲ့ တစ်နှစ် တုန်းက ဖြစ်ပျက် ခဲ့တာနဲ့ ပတ်သက်ပြီး၊ ...
... နင့်ကို သတ်ချင် စိတ်က ခုထိ လျော့မသွား သေးဘူး၊ ငါ့ဆရာကို အသူရာ ဓား သူတော်စင်က တောင်းပန်ခဲ့ လို့သာ၊ နင့်ကို လွှတ်ပေး ခဲ့တာ၊ ...
... ငါ့ကို မနှောင့်ယှက်နဲ့ ... ၊ နင့်လို လူ အတွက် ... ငါ သဘောကျ လာ စရာ အကြောင်း မရှိဘူး၊ (၈) နှစ် သမီး တည်းက ... ငါ့ဓားနဲ့ လူတွေကို သတ်ခဲ့ ဖူးတယ်။ ”
ကျန်းယွီ၏ အဖြစ် အပျက်သည် ယဲ့ချင်းရှန်နှင့် မဆိုင် သော်လည်း၊ မနေ့က ရွတ်ဆို သွားသော ကဗျာကို၊ ဓား အစည်းဝေး ပွဲ၌ ရွတ်ဆို သွားဖူး သဖြင့်၊ သံသယ ပြန်ဝင် လာခဲ့သည်။
ယင်းကြောင့် ထိုသံသယကို ရှင်းရန် ရောက်ရှိ လာခြင်း ဖြစ်၏။ လင်းယွန်က ပခုံး တွန့်လျက် ပြုံးပြီး၊
“ စီနီယာ အစ်မ ... ၊ နည်းနည်းတော့ နာကျင်စရာ ကောင်းတယ် မဟုတ်လား၊ မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ။ ”
စကား ပြောနေသည့် အခိုက်တွင် ဓား ရောင်ခြည် တစ်စင်း သူ့ထံ ဝင်လာ၏။ လျင်မြန် လွန်းပြီး ဓား နှလုံးသား ကပင်၊ အချိန်မီ သတိ မပေးနိုင် ခဲ့ချေ။
“ ဝှစ် ... ။ ”
မှုန်ဝါးဝါး အလင်းကို မြင်လိုက် ရသော ကြောင့်၊ ဗီဇ အသိ အရ နောက်ပြန် ဆုတ်မိ ၏။ ဆံပင် အနည်းငယ် မြေပြင်ပေါ် ပြုတ်ကျ သွား လေသည်။
“ နင့် စကားက ... ၊ တကယ် ယုံချင် စရာပဲ။ ”
ပိုင်ရှုရင်က ဓားကိုင်လျက် လင်းယွန်ထံ အေးစက်စွာ စိုက်ကြည့် လာသည်။ လင်းယွန် တစ်ယောက် အဆင် မပြေသည့် အနေ အထားသို့ ရောက်ရှိ သွား၏။
ကောင်းကင် သန့်စင်ခြင်း ရင်ပြင်ရှိ သူတော်စင် တပည့်များ အားလုံးက အထင် သေးသော အကြည့်ဖြင့် ပြုံးလာ ကြသည်။
“ တောင်းပန် ပါတယ် ... ၊ တစ်စုံ တစ်ယောက်က ငါ့ကို ခိုးဝင် တိုက်ခိုက် တယ်လို့ ထင်ပြီး၊ အလိုလို တုံ့ပြန် မိတာပါ၊ လူတော်တော် များများက ငါ့ အရည် အချင်းကို၊ မနာလို ကြဘူး မဟုတ်လား။ ”
လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ယူလျက်၊
“ စီနီယာ အစ်မပိုင် ... မင်း ငါ့ကို နောက်တစ်ခေါက် လာစမ်း ကြည့်လို့ ရတယ်၊ ဒီတစ်ခါ ငါ လုံးဝ မရှောင်ဘူး။ ”
“ ရွှပ် ... ။ ”
ပိုင်ရှုရင်မှာ အားနာခြင်း မရှိ ခဲ့ချေ။ သူ့ စကားမဆုံးခင် ကပင် ဓားဖြင့် နှလုံးသားကို ထိုးသွင်း လိုက်၏။
ဤတစ်ကြိမ်တွင် သူမ၏ ဓားသည် နှေးကွေးလွန်း သဖြင့်၊ မည်သူ မဆို ဓားဖျား၏ ဦးတည်ရာ လမ်းကို မြင်နိုင်၏။
ဓားတွင် ပါဝင်သော စွမ်းအားသည် ယခင်ထက် များစွာ ပြင်းထန်လှ သော်လည်း၊ လင်းယွန်က ပြုံးလျက် စောင့်မျှော် နေခဲ့သည်။
“ ဒီကောင် ... တကယ် သေချင် နေတာပဲ။ ”
လူတိုင်း မျက်နှာများ ပြောင်းသွား၏။ ပိုင်ရှုရင်မှ ပြန်၍ ရုတ်သိမ်း လိုသော်မှ၊ အချိန် မရှိချေ။ ဆိုလို သည်မှာ လင်းယွန် မရှောင် တိမ်းပါက၊ မုချ သေမည် ဖြစ်၏။
ဓားဖျားက လင်းယွန် ရင်ဘတ်နှင့် နှစ်လက်မ အကွာတွင်၊ ရုတ်တရက် ရပ်တန့် သွားသည်။
ထို့ကြောင့် ဓားတွင် ပါလာသော အဟုန်သည် မိုးရေစက် သဖွယ် ချန်ဖန်အား ထိမှန် သွေးအန် သွား၏။
“ ဝေါ့ ... ။ ”
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ချန်ဖန် တစ်ယောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည်။
တုန့်ခနဲ ရပ်လိုက်ရ သဖြင့်၊ ဓား တုန်ခါ သံများ ထွက်ပေါ် လာပြီး၊ လူတိုင်း၏ နားစည် ထံ၊ အသံ လှိုင်းများ ရိုက်ခတ် သွား၏။
အကယ် ၍သာ ကျန်းယွီထံ စာပို့ခဲ့ သူသည် ယဲ့ချင်းရှန် ဖြစ်သော် သူမ ဆရာ တားခဲ့ လျှင်ပင် ပိုင်ရှုရင်မှ သတ်ပစ်မည် ဖြစ်သည်။
သို့သော် ၎င်းလက်ချက် မဟုတ် ပါက၊ ကောင်းကင် တာအို ဂိုဏ်း၌ နာမည် ဆိုးဖြင့်၊ ရှင်သန်ရ တော့ပေမည်။
ယဲ့ချင်းရှန် စကား များသည် အလိမ် အညာ များသာ ဖြစ်ကြောင်း ပြသရန်၊ ဓား နှစ်ချက် သုံး မိခဲ့၏။
သို့သော် လင်းယွန်မှ နောက်ဆုံး ဓားအား လုံးဝ ရှောင်ရန် မကြိုးစား သောကြောင့်၊ သူမ ရည်ရွယ်ချက် ပျက်စီး သွားသည်။
“ အစ်မ ပိုင် ... ၊ မင်း ... ငါ့ကို မသတ် ရက်ဘူး ဆိုတာ ငါ သိပါတယ်။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက် သဖြင့်၊ ပိုင်ရှုရင် ခမျာ ဒေါသ ထွက်လာပြီး၊ ရပ်ထား သော ဓားကို၊ ဆက်၍ ထိုးသွင်း ပစ်၏။
သို့သော် ချက်ချင်း နောင်တရ လာသည်။ ဒေါသကြောင့် အပြစ် ကင်းသော လူတစ်ဦးအား သတ်မိ ပေတော့မည် ဖြစ်၏။
ဓားသမား တစ်ယောက် အနေဖြင့် ဤသည်မှာ ကြီးစွာသော ချို့ယွင်းချက် တစ်ခု အဖြစ်၊ နှလုံးသား၌ စွဲထင် ချေမည်။
ထိုအတွေးကြောင့် ရပ်တန့် လိုခဲ့ သော်လည်း၊ နောက်ကျ သွား၏။ ဓားဖျားက ယဲ့ချင်းရှန် ရင်ဘတ်အား အလွယ် တကူ ထိုးဖောက် ဝင်ရောက် သွားသည်။
“ စွပ် ... ။ ”
သို့သော် လူသတ်မှု မှသည်၊ ဓားထိုးမှု အဖြစ်သို့၊ ပြောင်းလဲ သွားတော့၏။ ထိုမြင်ကွင်း ကြောင့် ပိုင်ရှုရင်မှာ မျှော်လင့်ချက်များ တောက်ပ လာသည်။
လင်းယွန်မှ ပြုံးလျက်၊ နောက်ဆုတ် သွားခဲ့ခြင်း ဖြစ်သည်။ သက်ပြင်း ချလျက် ယဲ့ချင်းရှန် အပေါ်၊ ဒေါသများ ပျောက်ဆုံး သွား၏။ အဆုံးတွင် ယဲ့ချင်းရှန်မှာ ရှောင်တိမ်းဆဲ ဖြစ်သည်။
ဤသို့ အရှက်မဲ့သော လူ တစ်ယောက်နှင့် ပြိုင်ကာ၊ ဒေါသ ထွက်ရန် မထိုက် တန်ကြောင်း ရုတ်တရက် သဘောပေါက် လာ၏။
၎င်းမှ မရှောင်ဟု ပြော သော်လည်း အဆုံးတွင် ရှောင်တိမ်းမြဲ ဖြစ်သည်။
“ သူက တကယ် အရှက် မရှိ တာပဲ၊ သူ့ကိုယ်သူ စီနီယာ အစ်မ ပိုင်နဲ့ ... ထိုက်တန် ရဲ့လား ဆိုတာ၊ တွေးကြည့် သင့်တယ်။ ”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက လင်းယွန်ကို လှောင်ပြောင် လာကြသည်။ ပိုင်ရှုရင် မှာမူ၊ စိတ် မဝင်စား တော့ဘဲ၊
“ ယဲ့ချင်းရှန် ... ကျိန်ဆိုပြီး တည်းက၊ ငါ နင့်ကို မသတ်တော့ဘူး၊ ဒါပေမယ့် ဒီလို အရှက် မဲ့တဲ့ စကား တွေကို၊ ထပ် မပြောတာ ပိုကောင်း မယ်၊ ...
... ငါ့ဓားကို ရှောင် လိုက်တာ ရှက်စရာ မဟုတ်ဘူး၊ သေမှာ ကြောက်တာ လူ့ သဘာဝပဲ၊ နောက်ဆုံးတော့ လူတိုင်းရဲ့ အသက်က တစ်ခုပဲ ရှိတယ်၊ အစား ... ပြန် မရဘူး။ ”
-ဟု ဆိုလိုက် တော့သည်။
သို့သော် လင်းယွန် အပြုံးက ယခင်ထက် ပို၍ သိမ်မွေ့ လာ၏။
“ သေရ မှာကို ... ကြောက်လို့၊ ငါ ရှောင်ခဲ့တာ မဟုတ်ဘူး စီနီယာ အစ်မ ပိုင် ... ၊ မင်းမျက်လုံး ထဲက နောင်တ တေွကို မြင်မိလို့ ရှောင်တိမ်း ခဲ့တာပါ၊ မင်းက ငါ့ကို တကယ် မသတ် ချင်ဘူး ဆိုတာ ... ငါ သိတယ်။ ”
လင်းယွန် ပြောသည်ကို ကြားပြီးနောက် ပိုင်ရှုရင်မှာ ပြောစရာ စကားများ ပျောက်ဆုံး သွား သည်။
“ ငါ သေသွားလည်း ကောင်းပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ သေခြင်းက ဓားသမား ဖြစ်တဲ့ စီနီယာ အစ်မ ပိုင်ရဲ့ နှလုံးသားကို၊ မထိခိုက် စေချင်ဘူး၊ မဟုတ်ရင် အစ်မ ပိုင်က၊ ...
... နောင်တ တွေနဲ့၊ တစ်ဘဝလုံး ရှင်သန်နေရ လိမ့်မယ်၊ ဒီကမ္ဘာမှာ ဝမ်းနည်း နေတဲ့ ... ၊ ပန်းချီကားတွေ အများကြီး ရှိ ပါတယ်၊ ဒါပေမယ့် ... ။ ”
လင်းယွန်က စကားကို ရပ်ကာ၊ အဝေးမှ တောရိုင်းပန်း တစ်ပွင့်ကို လက်လှိုင်းဖြင့် လှမ်း ယူပြီး၊ အရွက်များ သန့်စင်လျက်၊ ပိုင်ရှုရင်၏ နားကြားထဲ ပန်ပေး လိုက်သည်။
“ စီနီယာ အစ်မ ပိုင်လို ... လှပတဲ့ ကောင်မလေး တစ်ယောက်က၊ အဲဒီ ပန်းချီကား တွေလို ... ဝမ်းနည်း မနေသင့် ပါဘူး၊ စိတ်ချပါ ... မင်း မကြိုက်ရင် ... နောက်နောင် ငါထပ်ပြီး၊ မပြော တော့ဘူး။ ”
ပြီးသည်နှင့် လင်းယွန်မှ ချက်ချင်း ဆုတ် သွား၏။ ပိုင်ရှုင်ရင် တစ်ယောက် သတိ ပြန်ဝင် လာချိန်၌ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေပြီး၊ သူမထံ ကြည့်နေပြီ ဖြစ်သည်။
လူအုပ်ကြား ထဲမှ အိုယန်ဟဲပင် ပိုရှုရင် ပန်ထားသော တောရိုင်း ပန်းအား၊ မယုံကြည် နိုင်စွာ ကြည့်နေ မိ၏။
၎င်းသည် သာမန် တောရိုင်းပန်း တစ်ပွင့် မျှသာ ဖြစ်သော်လည်း၊ ပိုင်ရှုရင် ဦးခေါင်း ထက် တွင်၊ ပနံတင့် နေသည်။
သူမ ဟူသည် ငရဲ သစ်ခွ ခြံဝင်း၏ သန့်ရှင်းသော သမီးတော် ဖြစ်၏။ မည်သူမျှ ဤသို့ ရဲရင့်စွာ မလုပ်ဆောင် ဝံချေ။
လူများ စွာမှ၊ ပန်းပေးရန် ဆန္ဒ ရှိနေ ကြသည်။ သို့သော် မည်သူမျှ မအောင်မြင်ချေ။ မြင်ကွင်းသည် ယုံနိုင်စရာ မရှိ သဖြင့်၊ ချန်ဖန် တစ်ယောက် မျက်လုံးပြူး သွားသည်။
ထို့နောက် ပြုံးစိစိ ဖြစ်လာပြီး ဤသည်မှာ သူသိသော စီနီယာ အစ်ကို ဖြစ်ကြောင်း ဂုဏ် ယူစွာ တွေးမိ လာ၏။
“ ဒါက အဓိပ္ပါယ် မရှိ ပါဘူး။ ”
ရုတ်တရက် လူအုပ်ထဲမှ မနာလိုသော အသံ တစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အသိ ပြန်ဝင် လာပြီး၊ လင်းယွန် အပေါ် ရန်လို လာကြသည်။
“ ယဲ့ချင်းရှန် ... မင်း တော်တော် ရဲရင့် လာပြီပဲ၊ အရင်တုန်း ကတော့ ခိုးကြောင် ခိုးဝှက် ချောင်းကြည့် ဖို့ပဲ သတ္တိ ရှိခဲ့တာ မဟုတ်လား။ ”
ယဲ့ဖေးဖန်က ချန်ကျွယ်နှင့် တပည့်ငယ် အချို့ ခြံရံလျက်၊ လှမ်းထွက် လာသည်။ သူ့အသံ တွင် သိုင်း ရည်ရွယ်ချက်များ ထည့်သွင်းကာ၊ လင်းယွန်၏ စိတ်ဝိညာဉ် အတွင်းသို့၊ ဝင်ရောက် စေခဲ့၏။
သို့သော် လင်းယွန်က ၎င်းအား လွယ်လင့် တကူ ဖယ်ရှားပြီး၊
“ ဘာပဲ ဖြစ်ဖြစ်၊ ငါက ရဲရင့် သေးတယ်၊ မင်းလို ခိုကြောင် ခိုးဝှက်နဲ့၊ တစ်စုံ တစ်ယောက် နာကျင်အောင် မကြိုးစား ဖူးဘူး။ ”
-ဟု ပြန်ပြော လိုက်သည်။
ယဲ့ဖေးဖန်မှာ အံ့အားသင့် သွား၏။ တစ်ဖက်လူသည် မရဏ တတိယ အဆင့် တွင်သာ ရှိနေသည် မဟုတ် ပါလော။
သို့သော် ချက်ချင်း တည်ငြိမ်အောင် ထိန်းလျက်၊
“ မင်းမှာ ... ကောင်းကင် အမိုးဓား ရှိတယ် ဆိုတာ ကြားလို့ ... ငါ စမ်းကြည့် လိုက်တာ။ ”
-ဟု စကား လှအောင် ပြောပြီး၊ လင်းယွန်အား လျစ်လျူရှုကာ၊ ပိုင်ရှုရင်ထံ လှည့် သွား တော့သည်။
“ ဒီလို လူယုတ်မာ တစ်ယောက်က ငါ့မိသားစုဝင် ဖြစ်နေတဲ့ အတွက် ... တောင်းပန် ပါတယ်၊ ဒီနေ့ပဲ သူ့ကို သင်ခန်းစာ တစ်ခု သင်ပေး လိုက်ပါ့မယ်။ ”
“ ဟုတ်တယ် စီနီယာ အစ်မ ပိုင်၊ ဒီကောင် ယဲ့ချင်းရှန်က လူယုတ်မာ တစ်ယောက်ပဲ၊ ဒီနေ့ သင်ခန်းစာ မပေးရင် ... နောင်မှာ ပိုဆိုး လာ လိမ့်မယ်။ ”
ချန်ကျွယ် ကပါ ဝင်ပြော၏။ သူတို့ နှစ်ဦးလုံးက ယဲ့ချင်းရှန်အား မနာလိုချေ။ အထူး သဖြင့် ပိုင်ရှုရင်ကို သဘော ကျနေသော ချန်ကျွယ် ဖြစ်သည်။
“ ငါ သူ့ကို သတ်ချင်ရင် ... ဓား တစ်ချက် တည်းနဲ့ လုံလောက် ပါတယ် ... ၊ ဘယ်သူ့ အကူ အညီမှ မလိုဘူး၊ ဒီကိစ္စ ဒီမှာတင် ပြီးပြီ။ ”
“ သန့်ရှင်းသော သမီးတော်က အလွန် ကြင်နာ တတ်တာပဲ၊ ဒါကြောင့် သူ့ကို ဒီနေ့ ငါ လွှတ်ပေး လိုက်ပါ့မယ်။ ”
ယဲ့ဖေးဖန်က ပြုံးလျက် လှည့်ထွက် သွားသဖြင့်၊ ချန်ကျွယ် သည်လည်း လိုက်ပါ သွားရ တော့သည်။
သတ္တိ တစ်ရာ ရှိလျှင်ပင်၊ ချန်ကျွယ်မှာ လင်းယွန်အား မတိုက်ဝံ့ချေ။ ၎င်းတို့ ထွက်သွား ပြီးနောက် ချန်ဖန်က သက်ပြင်း ချကာ၊
“ ဟူး ... စီနီယာ အစ်မ ပိုင်က ... သဘောထား ကြီးလို့ ... ၊ ငါတို့ ကံကောင်း သွားတယ် အစ်ကိုကြီး ။ ”
-ဟု ညည်းတွား လိုက်သည်။
ယဲ့ဖေးဖန်၏ ကျင့်ကြံ မှုသည် နိဗ္ဗာန် -စတုတ္ထ အဆင့် ဖြစ်ပြီး၊ ကျန်းယွီထက် ပိုသန်မာ အားကောင်းသည်။
ယဲ့ မိသားစု၏ ကောင်းကင်ကို အံတု နိုင်သော ပါရမီရှင် တစ်ပါး ဖြစ်၏။ သို့သော် လင်းယွန် အမြင်၌ တကယ် တိုက်ခဲ့သော်၊ မည်သူ အနိုင် ရမည်ကို မသိ သေးချေ။
ချန်ဖန်က လင်းယွန်အား အလွန် လေးစားသော အသွင်ဖြင့်၊
“ အစ်ကိုကြီး ... အဲဒါကို မင်း ဘယ်လို လုပ်လိုက် တာလဲ၊ ကျေးဇူးပြုပြီး ငါ့ကို သင်ပေး ပါလား။ ”
-ဟု တောင်းဆို လိုက်သည်။
“ ဘာလို့လဲ ... ၊ မင်းက ကောင်းကင် ယင်နန်းတော်ရဲ့ ... သန့်ရှင်းသော သမီးတော်ကို ပိုးပန်း မလို့ လား။ ”
လင်းယွန်မှ ပြုံးပြီး ပြန်မေး၏။
“ မဟုတ်ဘူး ... ငါက ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်ကို ... ဘယ်လို လုပ် ပိုးပန်း ဝံ့မှာလဲ၊ ငါက သူနဲ့ မထိုက်တန် ပါဘူး။ ”
ချန်ဖန်မှ အမြန် ငြင်းဆန် လာသည်။ လင်းယွန်က ပြုံးပြီး ဆက် မပြော တော့ချေ။ ပိုင်ရှုရင်အား ခိုးကြည့်လျက်၊ ကူကယ်ရာမဲ့ လာသည်။
ဤနေ့ ပဋိပက္ခ ဖြစ်ပွား ပြီးနောက်၊ ကောင်းကင် တာအို ဂိုဏ်း၌၊ နိမ့်ချစွာ နေနိုင် တော့မည် မဟုတ်ကြောင်း နားလည်၏။
ထို့ပြင် သည်ကနေ့၊ အဖြစ် အပျက်များ ကဲ့သို့ ဟန်ဆောင်သည့် လုပ်ရပ်များ မလုပ်လို တော့ချေ။
ယင်းကြောင့် သူမနှင့် ဝေးဝေး နေထိုင် ရပေမည်။ မဟုတ်သော် တစ်နေ့တွင် သူ မည်သူ မည်ဝါ ဖြစ်မည်ကို သိရှိ သွားနိုင်၏။
ထိုအချိန်တွင် ကောင်းကင် သန့်စင်ခြင်း တောင်သို့ သွားရာ တံခါးများ ပွင့်လာ တော့ သည်။
“ ... .. ။ ”
မြေပြင် တုန်ဟည်းလျက် တောင် တစ်ခုလုံးကို ဖုံးလွှမ်း ထားသော အတား အဆီး အသက် ဝင်လာ၏။
လင်းယွန် သည်လည်း၊ လူတိုင်း နည်းတူ တောင်ပေါ်သို့ လှမ်းတက် လာသည်။ ကြယ်ဓား ရလိုသော် ဤနေရာသို့ လာရ မည်ဟု၊ မူလ နဂါး မဟာ သူတော်စင်မှ ဆိုထား၏။
ထို့ကြောင့် သဘာဝ အတိုင်း သူ့ မျှော်လင့်ချက်များ တောက်ပ လာတော့သည်။
***