ယဲ့ချင်းရှန်၏ မိန်းကလေး။
Vol. 136 Ch. 1904
တောင်ခါးပန်း နေရာသို့ အရောက်တွင် လူအများ အပြားက မျက်စိ မှိတ်ပြီး၊ တရား ထိုင် လိုက် ကြ၏။
အတွင်း တပည့်များ သာမက အချို့သော သူတော်စင် တပည့်များ သည်လည်း အပါအဝင် ဖြစ်သည်။ အားလုံးက ဆက်တက်ရန် ဆန္ဒ မရှိ တော့ချေ။
“ ကောင်းကင် သန့်စင်ခြင်း တောင်က၊ တစ်နှစ်မှာ တစ်ကြိမ်ပဲ ဖွင့်လှစ်တယ်၊ အများစု ကတော့ ပြီးခဲ့တဲ့ နှစ်တွေ တည်းက၊ ဒီနေရာကို ရောက်ခဲ့ ကြတယ်၊ ဒါကြောင့် သဘာဝ အတိုင်း စမ်းသပ်မှု တေွကို၊ ထပ်ဖြေ စရာ မလိုပဲ၊ တိုက်ရိုက် တက်လာ နိုင်တယ်၊ ...
... ပြီးတော့ ဒီကနေ ... နားလည်မှု ရလာအောင်၊ ကြိုးစားနိုင် သလို၊ အခြား သူတွေ ဘယ်အဆင့် အထိ၊ တက်လှမ်း နိုင်သလဲ ဆိုတာ ကိုလည်း မြင်နိုင်တယ်။ ”
၎င်းသည် လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း၏ အဆင့် (၁၃)ခု စမ်းသပ်မှုနှင့် ဆင်တူ၏။ ခဏ အကြာတွင်၊
“ မင်းရော ဘယ်လောက် အထိ ရောက်နေပြီလဲ။ ”
-ဟု လင်းယွန်မှ မေးလိုက်သည်။
“ ပထမ စမ်းသပ်မှု ... ။ ”
ချန်ဖန်က အဆင် မပြေစွာ ပြုံးပြီး ပြန်ဖြေ လိုက်သည်။
“ နိဗ္ဗာန် အဆင့် အောက်က လူတိုင်း ... ၊ ပထမ စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ခက်တယ်၊ သူက သိုင်း ရည်ရွယ်ချက်၊ ကိုယ်ပိုင် စွမ်းရည်၊ နားလည် နိုင်စွမ်းနဲ့ ... ဉာဏ် ပညာကို စမ်းသပ်တာ။ ”
တောင်ထိပ် တစ်နေရာရှိ၊ တိမ်ပင်လယ် ကြီးထံ၊ လင်းယွန်မှ မော့ကြည့် လိုက်မိသည်။ လူ(၁၀) ယောက်ခန့် ခုန်တက် သွားသည်ကို မြင်လိုက် ရ၏။
ရှေ့ဆုံးမှ ဦးဆောင် သူမှာ၊ တစ်ကိုယ်လုံး လျှပ်စီးများ လက်နေသည့် လူငယ် တစ်ယောက် ဖြစ်ပြီး၊ လူတိုင်းထက် ပို၍ မြန်ဆန် နေသည်။
“ စီနီယာ အစ်ကို အိုယန်က ... ၊ ဒီတစ်ကြိမ်တော့ ... တတိယ စမ်းသပ်မှုကို ဖြတ်ကျော် နိုင်မှာပါ။ ”
လူအုပ်ကြီးက စိတ်ဝင် တစားဖြင့်၊ ဆွေးနွေးလာ ကြသည်။ ၎င်းတို့ တရားထိုင် နေရာ၊ ရင်ပြင် ထောင့် တစ်နေရာ၌၊ ကေျာက်တိုင် တစ်ခု ရှိနေ၏။
ကျောက်တိုင် ပေါ်တွင် အဆင့်များ ခွဲခြားလျက်၊ နာမည်များ ရေးထိုး ထားသည်။ ဤသည်မှာ စမ်းသပ်မှု အောင်မြင် သူများ၏ အမည် မှတ်တမ်း ဖြစ်၏။
“ ဝှစ် ... ။ ”
အချိန် အနည်းငယ်မျှ စောင့်ကြည့် ပြီးနောက်၊ ၎င်းအား စမ်းကြည့်ရန် လင်းယွန်က တိမ်ပင်လယ် ထဲသို့၊ ပျံတက် သွားမိသည်။
အလွန် လျင်မြန်စွာ ပျံသန်း နေစဉ်၊ လေးလံသော ဖိအား တစ်ခု ဆင်းသက် လာနေ သည်ကို ခံစား လိုက်ရ၏။
လမ်း တစ်လျှောက်၌၊ လူများစွာသည် ထိုဖိအားကြောင့် ပြုတ်ကျ ကုန်သည်။ မသေ သော်လည်း ဒဏ်ရာများ ရရှိ နိုင်၏။
လင်းယွန်က ဓား ရည်ရွယ်ချက်ဖြင့်၊ ခုခံ ထားသည်။ ဓား ရည်ရွယ်ချက် (၂၀%) ကုန်ခမ်း သွား ပြီးနောက်၊ နန်းတော် တစ်လုံးကို မြင် လိုက် ရ၏။
နန်းတော်သည် လျှို့ဝှက် ဆန်းကြယ်ပုံ ရသဖြင့်၊ ဆင်းသက် သွား သူတိုင်းက ဆက်ကာ မသွား သေးဘဲ၊ တရား ဝင်ထိုင် ကြ၏။
အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် မျှကြာ သော အခါ၊ လင်းယွန် ရှေ့၌ ပန်းချီကား များစွာ ပေါ်လာသည်။
ပန်းချီကား တိုင်းသည်၊ အစွမ်း ထက် လွန်သော သူတော်စင် ရောင်ဝါများ ထုတ်လွှတ် နေ၏။
လမ်း တစ်လျှောက် ခံစားခဲ့ ရသော ဖိအားများမှာ ဤပန်းချီကား များမှ၊ ထွက်ပေါ် လာခြင်း ဖြစ်သည်။
ရုတ်တရက် ပန်းချီကား တစ်ချက် ပွင့်လာကာ၊ သူ့အား စုပ်ယူ တော့သည်။ အမြင် အာရုံများ ပြန်လည် ရရှိ လာချိန်၌၊ အဖြူဝတ် ဓားသမား တစ်ယောက်ကို မြင်လိုက် ရ၏။
“ တံခါး စောင့်လား။ ”
လင်းယွန်က မေးသည်။
“ ဟုတ်တယ် ... ပထမ အကြိမ် စမ်းသပ်ချက်ကို အောင်မြင် လိုရင်၊ လှုပ်ရှားမှု တစ်ရာ အတွင်း ... ၊ ငါ့ကို အနိုင် ယူပါ။ ”
အဖြူဝတ် ဓားသမားမှ ပြန်ဖြေသည်။
“ ဒါက မခက် ပါဘူး ... ။ ”
“ ဒါဆို လာစမ်း ပါဦး ... ၊ ငါ မင်းကို မှတ်မိတယ်၊ အရင် တုန်းက ငါ့ဆီ ကနေ ဓား တစ်ချက်တောင် ... မင်း မခံ နိုင်ခဲ့ဘူး။ ”
အဖြူဝတ် ဓားသမားက အထင် အမြင် သေးစွာဖြင့် ပြောသည်။
“ အခုက ... မတူတော့ ပါဘူး။ ”
လင်းယွန်က ပြုံးပြီး အဖြူဝတ် ဓားသမားအား တည်ငြိမ်စွာ ကြည့်လိုက် သည်။
“ ဟား ဟား ဟား ... ။ ”
အဖြူဝတ် ဓားသမားက သူ့ လက်ကို ဝှေ့ယမ်းပြီး၊ ဓားတစ်လက်အား တိမ်တိုက် ထဲမှ ပျံသန်း လာစေ၏။
“ ရွှပ် ... ။ ”
ဓားကို ဆွဲကိုင်ကာ၊ လျှပ်ပြက်သွား ကဲ့သို့၊ မျက်စိ တစ်မှိတ် အတွင်း ဓားချက် (၁၈)ချက်ထိ၊ ထုတ်လွှတ် လာသည်၊
ဓားချက် တိုင်းသည် သေစေ နိုင်သော အစိတ်အပိုင်း များထံ ဦးတည်၏။
“ ပိုးစုန်းကြူး ရောင်ခြည် ပဲ။ ”
ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား၏ ပထမဓား ဖြစ်ကြောင်း သိလိုက်သည်။ ရိုးရှင်း သဖြင့် အလွယ် တကူ ရှောင်တိမ်း နိုင်ခဲ့၏။
“ မဖြစ် နိုင်တာ ... ။ ”
အဖြူဝတ် ဓားသမားက အံ့သြ သွား တော့သည်။ ယဲ့ချင်းရှန် ဟူသည် အမှိုက် မျှသာ ဖြစ်ပြီး၊ ထိုစဉ်က ဒူးထောက် တောင်းပန်ကာ၊ ခိုးကြောင် ခိုးဝှက်ဖြင့်၊ ပြန်လည် တိုက်ခိုက် လာသူမျိုး ဖြစ်သည်။
“ စွပ် ... ။ ”
ယင်းကြောင့့် ၎င်းအား မှတ်မိ နေခြင်း ဖြစ်၏။ လင်းယွန်က စကား မဆိုဘဲ ဓားဆွဲပြီး၊ အဖြူဝတ် ဓားသမား၏ ရင်ဘတ် ထဲသို့ ထိုးသွင်း လိုက်သည်။
“ ပိုးစုန်းကြူး ရောင်ခြည် .. ၊ မင်း ... မင်းလို အမှိုက်က ပိုးစုန်းကြူး နတ်ဓားကို ဘယ်လိုများ လေ့လာ နိုင်တာလဲ။ ”
လင်းယွန်မှာ သက်ပြင်းချ လိုက်၏။ ယဲ့ချင်းရှန် တစ်ယောက်၊ ထိုစဉ်က မည်မျှ ညံဖျင်းခဲ့ မည်ကို၊ တွေးမိ လာစေသည်။
“ သုံးလနဲ့ ... လူ တစ်ယောက်ကို ပြောင်းလဲပစ်ဖို့ ... လုံလောက် ပါတယ်၊ အခုက တစ်နှစ် တောင် ရှိသွား ပြီလေ။ ”
လင်းယွန်က လေးနက်စွာ စကား ဆိုပြီး၊ အဖြူဝတ် ဓားသမားကို ဖြတ်ကျော် သွားတော့ သည်။
မမြင်နိုင်သော နံရံ တစ်ရပ်ကို ဖြတ်သွား သလို ခံစားလိုက် ရ၏။ ခေါင်းမော့ ကြည့်လိုက် သော အခါ၊ အဖြူဝတ် ဓားသမားနှင့် တိုက်ခိုက် နေသော တပည့် များကို၊ မြင်နေ ရသည်။
အများစုသည် ကျရှုံးကုန် သဖြင့် ပန်းချီကားများ ပိတ်ကာ၊ ပျောက်ကွယ် သွား၏။ လူ ခုနစ်ယောက် ခန့်သာ အောင်မြင် ခဲ့သည်။
လင်းယွန်က ရှေ့ဆက် လာခဲ့သည်။ များမကြာခင် အဆုံးကို မမြင်ရသော လှေကား ထစ်များထံ ရောက်ရှိ လာသည်။
လှေကားမှာ မြင့်မားပြီး၊ ထူးထူး ခြားခြား တစ်စုံ တစ်ရာ မရှိချေ။ ဓားဖြင့် တောင့်ခံ ထားရုံဖြင့်၊ တက်ရောက်နိုင် ပေမည်။
ထိုစဉ် အမျိုးသမီး တစ်ယောက် သူ့အနား ပြုံးပြီး လျှောက်လှမ်း လာ၏။ ရုပ်ရည် အသွင် အပြင် အရ၊ သာမန် မျှသာ ဖြစ်သော်လည်း၊ ကျင့်ကြံမှု မြင့်မား ချေပြီ။
“ ယဲ့ချင်းရှန် ... ၊ ငါတို့ မတွေ့တာ တစ်နှစ်တောင် ရှိပြီနော်၊ ဓားတစ်ချက် တည်းနဲ့ ပထမ စမ်းသပ်မှုကို ... နင် ခုလို ကျော်ဖြတ် နိုင်လိမ့် မယ်လို့ ... ၊ ငါ မထင် ထားဘူး။ ”
“ ဒါက ပထမ စမ်းသပ်မှု လေးပဲ ... မထူးဆန်း ပါဘူး။ ”
အမျိုးသမီးသည် သူ့ထက် ငယ်ကာ၊ လှပသော မျက်ဝန်း တစ်စုံကို ပိုင်ဆိုင် ထား၏။
“ နိဗ္ဗာန် အဆင့်ကို မရောက်ခင်၊ ပထမ စမ်းသပ်မှုကို ဖြတ်ကျော် နိုင်တာက၊ တုန်လှုပ် စရာပဲ မဟုတ်လား။ ”
လင်းယွန်က စကား မဆို တော့ဘဲ အမျိုးသမီးအား ထားရစ်ကာ လျှောက်လာခဲ့ တော့သည်။
“ ဖျပ် ... ။ ”
အမျိုး သမီးက အလွတ် မပေးချေ။ သူ့အနားသို့ အလျင်အမြန် လိုက်ပါ လာပြီး ပြုံးရယ်လျက်၊
“ ယဲ့ချင်းချန် ... နင်က သူတော်စင် တပည့် ဖြစ်တဲ့ နေ့မှာပဲ၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ တပည့် ဖြစ်လာ ရတယ် ဆိုတော့ ... ၊ ငါ့ကို မေ့သွား ပြီလား။ ”
-ဟု ပြုံးလျက် မေးလာသည်။
“ ဒါပေမယ့် ငါက မင်းနဲ့ မထိုက်တန် သေးပါဘူး၊ ငါထက် ... ပိုသန်မာ တပည့်တွေ အများကြီး ရှိပါတယ်။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။ ဤအမျိုးသမီကို သူတော်စင် တပည့် လက်ခံပွဲ ကတည်း ကပင်၊ သတိ ထားမိသည်။
ယဲ့ချင်းရှန်နှင့် တနည်းနည်း ပတ်သတ် နေနိုင် သဖြင့်၊ သတိ ကြီးစွာ ရှောင်ဖယ် လိုခဲ့ သည်။
“ နင် ... ဘယ်သူ့ အကြောင်း ပြောနေ တာလဲ၊ အရင်က ပြောခဲ့တာ တွေကို မမှတ်မိ တော့ဖူးလား။ ”
သို့သော် အမျိုး သမီးက နူးညံ့သော အပြုံးဖြင့် ဆက်ပြော လာသည်။
“ ဘာပြော ခဲ့လို့လဲ ... ။ ”
“ နင့် နှလုံးသား ထဲမှာ ... ၊ ငါ ... တစ်ယောက်ပဲ ရှိတယ်၊ ငါ ရေငတ်တဲ့ အချိန် တိုင်းမှာ၊ ယန်နန်းတော်ရဲ့ ... သူတော်စင် ရေစင်ကို ယူပေးမယ်၊ ငါ မပျော်ရင် ပျော်ရွှင်အောင် လုပ်ပေး မယ်။ ”
အမျိုးသမီး စကားကြောင့်၊ လင်းယွန်မှာ စကား မပြောနိုင် တော့ချေ။ အချိန် အနည်းငယ် တွေးတော ပြီးနောက်၊
“ အတိတ် အကြောင်း မပြော နဲ့တော့ ... ။ ”
-ဟု စကား ဖြတ်လိုက်၏။
“ နင် ... ပြောင်းလဲ သွားပြီ။ ”
အမျိုးသမီးက ဝမ်းနည်းသော လေသံဖြင့် ပြောသည်။
“ ဟား ဟား ဟား ... ၊ ဒါဆို လွန်ခဲ့တဲ့ တစ်နှစ်က ... ငါ အနိုင်ကျင့် ခံရတုန်း ... ၊ နင် ဘယ်ရောက် သွားလဲ။ ”
လင်းယွန်က ရယ်လျက် မေးလိုက်သည်။ ဤအမျိုး သမီးသည် ပထမဆုံး စမ်းသပ်မှုအား လွန်ခဲ့သော တစ်နှစ် တည်းက အောင်မြင် ခဲ့ပြီး ဖြစ်သဖြင့်၊ ယဲ့ချင်းရှန်ထက် ပိုမို အားကောင်း ရပေမည်။
သူမသာ ကူညီလို စိတ် ရှိသော်၊ ယဲ့ချင်းရှန် တစ်ယောက် ဤမျှ အထိနာ ခဲ့မည် မဟုတ်ချေ။
“ ငါတို့ အားလုံးက ... သူငယ်ချင်းတွေ ဆိုတော့ ... နင့်ကို ဘယ်လိုလုပ် ကူညီ နိုင်မှာလဲ၊ ဒါပေမယ့် ... ငါ့နှလုံးသား ထဲမှာ၊ နင်က အရေး ပါဆုံး ဆိုတာ ... နင် သိပါတယ်။ ”
အမျိုး သမီးက သက်ပြင်းချကာ ပြောလာသည်။ လင်းယွန်မှ လှောင်ပြုံး ပြုံးမိ ၏။
ဤအမျိုး သမီးသည် ငါးမျှား ရသည်ကို ကြိုက်ပုံ ရသည်။ သည်မတိုင်မီ သူ့အား စောင့် ကြည့်နေ ခဲ့ပြီး၊ မဟာ သူတော်စင်၏ တိုက်ရိုက် တပည့် ဖြစ်သွား သည်ကို မြင်ပြီးနောက်၊ သူမထံ မလာသော အခါ၊ ကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် အမျိုးသမီးအား လျစ်လျူရှု လျက်၊ ရှေ့ဆက် သွားမိသည်။ ဤကောင်းကင် တာအို ဂိုဏ်းတွင်၊ အမျိုးသမီး တပည့် အများ အပြား ရှိကာ၊ သူမသည် သာမန် ဖြစ်၏။
လမ်းဆုံးတွင် ခေျာက်ကမ်းပါး တစ်ခု ရှိနေပြီး၊ အောက်ကို ငုံ့ကြည့် လိုက်သော အခါ၊ လူပေါင်း များစွာအား၊ မြင်လိုက် ရသည်။
ဤသည်မှာ ကောင်းကင် သန့်စင်ခြင်း တောင် ခါးပန်းတွင်၊ ကျန်ရစ် ခဲ့သည့် ချန်ဖန်တို့ လူတသိုက် ဖြစ်သည်။
ချောက်ကမ်းပါး တစ်ဘက်တွင်၊ ခမ်းနားသော နန်းတော် တစ်လုံးရှိပြီး၊ ၎င်းအား သံကြိုး ရှည်ရှည် များနှင့်၊ ချိတ်ဆက် ထား၏။
လေပြေ တိုက်ခတ် ချိန်တိုင်း၊ သံကြိုးများ တချွင်ချွင် လှုပ်ခါ သွားသည်။ ဦးစွာ ရောက်ရှိနေ သူများက၊ သံကြိုး များပေါ် စတင် လျှောက် လှမ်းနေပြီ ဖြစ်သည်။
“ ဒီစမ်းသပ်မှုမှာ ... သံကြိုး တွေပေါ် ဖြတ်လျှောက် သွားရမယ်၊ တခြား နည်းလမ်း မရှိဘူး။ ”
အမျိုးသမီးက အနား ရောက်လာပြီး နန်းတော်ထံ ညွှန်ပြကာ၊
“ ဟိုမှာ ... ၊ ကျီးကန်းတွေ တွေ့လား၊ သူတို့ကို ဂိုဏ်းက မွေးထားတာ၊ သွေးကျီးကန်း လို့ ခေါ်တယ်၊ နန်းတော်ဆီ ပျံသန်းတဲ့ လူတိုင်း ရဲ့ မျက်လုံးကို၊ ထိုးဖောက်ဖို့ တာဝန် ပေးထားတယ်။ ”
-ဟု ရှင်းပြ လာသည်။
“ သူတို့က ကြောက်စရာ ကောင်းလို့လား။ ”
လင်းယွန်က အံ့သြသော လေသံဖြင့် ပြန်မေး လိုက်သည်။
“ ကောင်း တာပေါ့ ... ။ ”
အမျိုးသမီးက ပြန်ဖြေ၏။
“ အမည်ခံ သူတော်စင် တစ်ပါးတောင် ဒီသွေးကျီးကန်း တွေကို ... ဘာမှ မလုပ် နိုင်ဘူး၊ ဒါကြောင့် ဘယ်သူမှ စမ်းသပ် ပျံသန်း ကြည့်ဖို့ မဝံ့ကြ တာပဲ ... ။ ”
“ ပြုတ်ကျရင် ဘာဖြစ် မလဲ။ ”
“ ပြုတ်ကျရင် သက်တမ်း တစ်ဝက် ပေးလိုက်ရ လိမ့်မယ်၊ ချောက်ကမ်းပါး ထဲမှာ မမြင်နိုင်တဲ့ ... ဓား ရည်ရွယ်ချက် ဆူးချွန်တွေ ရှိတယ်၊ ဒါက လူတိုင်းရဲ့ နဂါး မူလကို ခွဲထုတ် ပစ်နိုင်တယ်။ ”
“ နောက်ဆုတ်မယ် ဆိုရင်ရော။ ”
“ နင့် ကြည့်ရတာ အများကြီး မေ့သွားပုံ ရတယ်၊ နင့်ခါးက တံဆိပ်နဲ့ ... ကောင်းကင် ကြိုးကြာကို ပြန်ခေါ် ခိုင်းလိုက်လေ။ ”
အမျိုး သမီးက ပြုံးကာ ပြောသည်။ သူမသည် သာမာန် ပုံပေါက် သော်လည်း အပြုံးမှာ ဆွဲဆောင်မှု ရှိ၏။
ဤအရာက လင်းယွန်အား အံ့အား သင့်စေသည်။ သို့သော်လည်း ၎င်းကို အလွန် အမင်း စိတ်မ၀င်စား ခဲ့ချေ။
“ ချွင် ... ချွင် ချွင်။ ”
သံကြိုး တစ်ချောင်းကို ရွေးကာ ဦးတည် လိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းတက် လိုက် သည်နှင့်၊ သံကြိုးက ပြင်းစွာ လှုပ်ယမ်း လာ၏။
ထို့ကြောင့် ခဏ ရပ်နား လိုက်စဉ်၊ နောက်မှလိုက် လာသော အမျိုးသမီးက သူ့အား လိုက်မီ လာသည်။
“ အား ... ။ ”
ထိုအချိန်တွင် အခြားသော သံကြိုး ပေါ်မှ တပည့် တစ်ဦးက ထိတ်လန့်စွာ ဟစ်အော်ပြီး၊ ပြုတ်ကျ သွားတော့သည်။
***