← Chapters

ဒီလူငယ်လေးက ဘယ်သူလဲ?

Vol. 13 Ch. 183

ဒီလူငယ်လေးက ဘယ်သူလဲ?

Vol. 13 Ch. 183

လီရှင်း၊ ချန်ရှန်းဖေ၊ မာလဲ့ဝမ်တို့နှင့်အတူ ချင်လင်စံအိမ်သို့ပြန်ရောက်လာချိန်မှာ မွန်းတည့်ခါနီးပြီဖြစ်သည်။

ကားပါကင်ထိုးပြီး ဝိုင်လုပ်ငန်းမှ သူယူလာခဲ့သောဝိုင်ပုလင်းနှင့် ကားထဲမှထွက်လာပြီးနောက် သူတို့သုံးယောက်ကို ခန်းမအဟောင်းထဲခေါ်လာခဲ့၏။

ခန်းမထဲတွင်_

ချူရှင်း၊ လင်းလျိုနှင့် ထန်ဝမ်တို့မှာ ပြတင်းပေါက်နား စားပွဲဝိုင်းတွင်ထိုင်နေကြသည်။ ပန်းပင်လယ်ထဲလည်ပတ်ပြီးနောက် သူတို့အမျိုးသားတွေ တောင်ပေါ်တက်သွားမှန်းသိလိုက်ရသည်။ ဒီတော့ ပျင်းခြောက်ခြောက်နှင့်ထိုင်ပြီး စကားပြောနေကြရုံသာ။

သူတို့ရှေ့တွင် အသီးအနှံတစ်ပန်းကန်လည်းရှိသည်။ အရောင်းစင်တာထဲတွင်ရောင်းသော တစ်ကတ်တီယွမ် ၂၀၀ တန်စတော်ဘယ်ရီသီးများဖြစ်၏။

ချူရှင်းက စတော်ဘယ်ရီတစ်လုံးကောက်ယူလိုက်စဉ် အဝတ်အစားနှင့် သူ့ရှေ့မှာအိတ်တစ်လုံးနှင့် ရှဉ့်တစ်ကောင်ကိုတွေ့လိုက်ရသည်။

ထိုရှဉ့်က သူမအာရုံကိုဆွဲဆောင်လိုက်၏။

လင်းလျိုနှင့်ထန်ဝမ်လည်း ရှဉ့်ကိုစိတ်ဝင်စားသွားကြသည်။

''မွေးနီ... ဧည့်သည်တွေကို မနှောင့်ယှက်နဲ့'' ကျောက်မိုချင်းက စားဖိုဆောင်ထဲမှ ဖရဲသီးပန်းကန်နှင့်ထွက်လာ၏။

သူမယောက်ျားက သူတို့ယောက်ျားသုံးယောက်ကိုတောင်ပေါ်ခေါ်သွားပြီဖြစ်၍ သူတို့ကိုကောင်းကောင်းဧည့်ခံပေးရမည်။

''ကောင်းသားပဲ!'' ချူရှင်းက သူ့လက်ကိုယမ်းပြပြီး မေးလိုက်သည်_ ''မိုချင်း... သူ့နာမည်က မွေးနီလား?''

''ဒီကောင်လေးနာမည် မွေးနီတဲ့'' ကျောက်မိုချင်းကခေါင်းညိမ့်ပြီး သူမလက်ထဲမှဖရဲသီးပန်းကန်ကို စားပွဲပေါ်တင်လိုက်သည်။



လင်းလျိုက ရုတ်တရက်အံ့သြစွာနှင့်_ ''ကြည့်ရတာ စတော်ဘယ်ရီကိုကြည့်နေတာထင်တယ်... စတော်ဘယ်ရီစားတော့မလို့လား?''

......

ဟုတ်လား?

ဒီကေင်လေးက စားပွဲပေါ်ကစတော်ဘယ်ရီသီးတွေကိုစိာက်ကြည့်နေမှန်း လင်းလျိုနှင့်ထန်ဝမ်လည်း သဘောပေါက်သွားသည်။

ချူရှင်းက အံ့သြပုံနှင့် စတော်ဘယ်ရီကို မွေးနီရှေ့ယမ်းပြလိုက်၏။

ထိုစတော်ဘယ်ရီက အရည်အသွေး ၂ ရှိသည်။ မွေးနီ၏အကြည့်က ချက်ချင်းစတော်ဘယ်ရီနောက်လိုက်နေ၏။ သူ့ကြောင်တောင်တောင် ချစ်စရာအမူအရာက အမျိုးသမီးသုံးဦးကို ရယ်မောစေသည်။

''မင်းကိုမစတော့ပါဘူး'' ချူရှင်းက စတော်ဘယ်ရီကို မွေးနီရှေ့ချပေးလိုက်၏။

သူကအမြန်နှုန်းနှင့် သူနှင့်စာလျှင် နည်းနည်းကြီးနေသော စတော်ဘယ်ရီကိုပိုက်လိုက်ပြီး တမြုံ့မြုံ့စားနေသည်။

''ကျွိကျွိ!'' မွေးနီ၏သွားရည်များ စတော်ဘယ်ရီပေါ်စီးကျသွားပြီး သူကပျော်ရွှင်စွာနှင့် တကျွိကျွိအော်လိုက်၏။ ပျော်ရွှင်လွန်း၍ သူ့မျက်လုံးပေါက်တောင်မပေါ်တော့။

ရှဉ့်များလည်း အရည်အသွေး ၂ စတော်ဘယ်ရီကို စွဲလမ်းနှစ်သက်ကြသည်။

ထိုလူသားဆန်ဆန်ပုံစံကြောင့် အမျိုးသမီး ၃ ဦးက ထပ်ပြီးအံ့သြသွားပြန်သည်။

ထိုပုံစံကိုမြင်လျှင် ကျောက်မိုချင်းက မွေးနီကိုဂရုမစိုက်တော့ဘဲ နောက်ပြန်လှည့်လာရာ ချင်လင်က ချန်ရှန်းဖေတို့အား ခန်းမထဲခေါ်လာသည်ကို တွေ့လိုက်ရသည်။

''ပြန်လာပြီလား? ရှင်တို့ဘာလို့ တောင်ပေါ်တက်သွားကြတာလဲ?'' ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်၏။

''စီရင်စုက တို့ကို ဝိုင်လုပ်ငန်းတစ်ခုလက်လွှဲယူစေချင်နေတာ... အဲဒီဝိုင်လုပ်ငန်းကို တစ်ချက်သွားကြည့်တာ'' ချင်လင်က ရှင်းပြလိုက်ပြီး လီရှင်းအား_ ''နေ့လယ်ရောက်တော့မယ်... နေ့လယ်စာအရင်စားကြမလား? လူကြီးမင်းလီရဲ့ဆုလည်း သွားယူလိုက်ဦးမယ်''

''သူဌေးချင်ပြောတဲ့အတိုင်းပါပဲ'' လီရှင်း၏မျက်လုံးများမှာ မျှော်လင့်စောင့်စားခြင်းတို့နှင့် တောက်ပနေသည်။

''ဟုတ်ယ်... သူဌေးချင်ပြောတဲ့အတိုင်းပဲ!''

''သူဌေးချင်... လုပ်သာလုပ်လိုက်ပါတော့''

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က လောင်းကြေးထပ်ထားသောအကြောင်းကြားလျှင် ချက်ချင်းမျှော်လင့်အားကြီးပုံနှင့် သံယောင်လိုက်လိုက်ကြသည်။

ဂန္တဝင်ငွေပုလင်းပုံစံ အဆင့်အတန်းပိုမြင့်သောဝိုင်ရှိမှန်းသိပြီးနောက် အပြန်လမ်းတလျှောက်လုံး ထိုအကြောင်းတွေးလာကြ၏။

ချင်လင်ကခေါင်းညိမ့်ပြီး ကျောက်မိုချင်းအား_ ''ဆရာလင်းကို လူကြီးမင်းလီတို့အတွက် ချက်ခိုင်းလိုက်ပါဦး''



''ရပြီ... ကျွန်မတာဝန်ထား'' ကျောက်မိုချင်းက ခေါင်းညိမ့်လိုက်သည်။

ဒီတော့မှ ချင်လင်က ဝိုင်လုပ်ငန်းမှပြန်ယူလာခဲ့သောဝိုင်ပုလင်းနှင့် ခန်းမထဲမှထွက်လာပြီး သူ့ရုံးခန်းဆီထွက်လာခဲ့၏။

လီရှင်းတို့လည်း ပြတင်းပေါက်နားစားပွဲကိုသွားပြီး သူတို့ဇနီးများဘေးတွင် ဝင်ထိုင်လိုက်သည်။

ကျောက်မိုချင်းက ဖုန်းကောက်ကိုင်၍ ဆရာလင်းတို့ကိုချက်ပြုတ်ခိုင်းရန် စီစဉ်လိုက်၏။ ဖုန်းချပြီးလျှင် ကောင်းယောင်ယောင်က လူတချို့ခေါ်ပြီး ဝင်လာသည်ကိုတွေ့ရသည်။

''အစ်မမိုချင်း!'' ကောင်းယောင်ယောင်က ကျောက်မိုချင်းကိုတွေ့လျှင် ရှေ့ရောက်လာပြီး အစီရင်ခံလိုက်သည်_ ''ဒါက လူကြီးမင်းလျိုပါ... သူကလည်း အကြီးအကဲစားပွဲနှစ်ပွဲဝယ်ထားပါတယ်... အခု သူ့ကုမ္ပဏီကလူတွေကိုခေါ်လာတာပါ... သူကစားသောက်ဆိုင်ထဲမစားချင်တဲ့အတွက် ဒီခေါ်လာခဲ့တာပါ''

''အင်း!'' ကျောက်မိုချင်းကခေါင်းညိမ့်ပြီး လူကြီးမင်းလျိုကိုပြုံးပြလိုက်ကာ_ ''လူကြီးမင်း ကြိုဆိုပါတယ်... ဒီမှာထိုင်ပါဦး''

ပေါက်မဲကို ဘယ်သူဝယ်ထားမှန်း သူမသိသည်။ ဒါမင်မြို့တော်သူဌေး လျိုယီဖြစ်မည်။

သူမက လျိုယီကို စားပွဲတစ်ဝိုင်းဆီခေါ်သွားပြီး နေရာချပေးလိုက်သည်။

လျိုယီက ဒီနေ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကြောင့် လာခဲ့ခြင်းဖြစ်သည်။

အရင် သခင်ကြီးလီရသောဝိုင်မှာ ချင်းလင်စံအိမ်မှဆေးဖက်ဝင်ဝိုင်ဖြစ်မည်ဟု ချန်ရှန်းဖေမှတဆင့် သူကကောက်ချက်ချခဲ့၏။

လျိုယီနောက်တွင် မျက်မှန်တပ်ထားသောလူက ထိုင်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ_ ''ဥက္ကဌလျို... ချင်းလင်စံအိမ်ရဲ့ဆေးဖက်ဝင်ဝိုင်က တကယ်ပဲဒီလောက်ကောင်းလို့လား? ဒီကိုတကူးတကလာရတာလား? ခန်းမထဲကအခြေအနေကတော့ သိပ်မဟန်ဘူး... ကျွန်တော်စိုးရိမ်မိတာ ဒီဆေးဖက်ဝင်ဝိုင်ရဲ့အာနိသင်ကလည်း...''

''တိတ်စမ်း!'' လျိုယီက ထိုလူကိုစိုက်ကြည့်လိုက်ပြီး ရုတ်တရက်မတ်တပ်ရပ်ကာ ပြတင်းပေါက်နားစားပွဲဆီလျှောက်သွားလိုက်သည်။

သူက ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် လီရှင်းတို့ကိုတွေ့သွား၏။

ထိုအချိန်တွင် တခြားလူများကလည်း ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုမြင်သွားပြီး အနည်းနှင့်အများအံ့သြသွားကြသည်။ ဒီလူနှစ်ယောက်က သူတို့သူဌေးနှင့်အဆင့်တူမှန်း သိထားကြ၏။

လျိုယီက ချန်ရှန်းဖေတို့စားပွဲရောက်လျှင် သူတို့ကို အပြုံးနှင့်နှုတ်ဆက်လိုက်သည်_ ''ဥက္ကဌချန် ဥက္ကဌမာ သခင်လေးလီ... ခင်ဗျားတို့ကို ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး''

''ဥက္ကဌလျိုလည်း ရောက်နေတာကိုး'' ချန်ရှန်းဖေကမတ်တပ်ရပ်ပြီး လျိုယီကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။

မာလဲ့ဝမ်လည်း အတူတူပင်။

သူတို့က လျိုယီ၏လုပ်ငန်းနှင့် သိပ်အဆက်အစပ်မရှိသော်လည်း အားလုံးမှာကုမ္ပဏီအင်အားရှိသည်။ အဆင့်တူသူချင်း ရံဖန်ရံခါဆုံမိကြသည်ဖြစ်၍ အသိအကျွမ်းတွေဟုလည်း ယူဆနိုင်၏။

တစ်ဖက်တွင် လီရှင်းကပြုံးပြီး ဆိုလိုက်သည်_ ''ဥက္ကဌလျို... ခင်ဗျားရဲ့တပည့်က သိပ်လုပ်နိုင်ပုံမပေါ်ဘူးနော်... သူကစိတ်ရှည်ရှည်မထားဘဲနဲ့ ပြီးစလွယ်ကောက်ချက်ချတတ်တာပဲ''

''သခင်လေးလီပြောတာ မှန်ပါတယ်!'' လျိုယီက သူ့တပည့်ကိုကြည့်လိုက်သည်။

သူ့တပည့်လုပ်ရည်ကိုင်ရည်ကို သူသိသော်လည်း ဒီနေ့သူတပည့်က အမှန်ပင်ပြဿနာရှာထား၏။

တစ်ဖက်တွင် မာလဲ့ဝမ်က သိချင်စိတ်နှင့်မေးလိုက်သည်_ ''ဥက္ကဌလျို... ခင်ဗျားပေါက်မဲဘယ်နှစ်မဲဝယ်ထားလဲ?''

လျိုယီကပြုံးပြီး ရှင်းပြလိုက်၏_ ''နှစ်မဲပါ... ကြည့်ရတာ ဥက္ကဌမာနဲ့ဥက္ကဌချန်က ပေါက်မဲတွေအများကြီးဝယ်ထားတဲ့ပုံပဲ ဟုတ်လား?

ချန်ရှန်းဖေက ညည်းတွားပြလိုက်သည်_ ''ဥက္ကဌလျို... ခင်ဗျားကဘာလို့အပျော်ဝင်ပါချင်ရတာလဲ? လောင်မာနဲ့ကျုပ်က ပေါက်မဲရဲ့တဝက်စီကိုဝယ်မယ်ဆိုပြီးတော့ ညှိထားကြတာ... ခင်ဗျားဝင်ပါလိုက်တော့ သုံးမဲပဲဝယ်လို့ရတယ်... ဒီနေ့ကျုပ်လက်ထောက်ကဝယ်လို့ရရဲ့လား သိချင်လိုက်တာ''



All Chapters