ဒီလူငယ်လေးက ဘယ်သူလဲ? ၂
Vol. 13 Ch. 184
လျိုယီက အောင့်သီးအောင့်သက်နှင့်_ ''ဥက္ကဌချင်... ဒီဝိုင်က ပစ္စည်းကောင်းပါ... ဒါပေမဲ့ ကျုပ်လည်း စည်းရှိပါတယ်... ကျောက်ဖူရုံက စည်းမရှိဘူး... သူကဝိုင်သက်သက် ၆၀၀၀၀ ပေးဝယ်တာ... အကြီးအကဲစားပွဲကိုသူမလိုချင်ဘူး... ဒီတန်ဖိုးက များလွန်းတယ်''
မာလဲ့ဝမ်က ထိုစကားကြားလျှင် ချက်ချင်းပြန်ပြောလိုက်သည်_ ''သူက အစစ်အမှန်အိမ်ခြံမြေကလေ... ပုံစံအသစ်ထွင်တာမျိုးပဲ''
''ဒီလိုကြောင့်လား?'' လျိုယီက သံယောင်လိုက်လိုက်သည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ပုံစံအရ ချင်းလင်ဆေးဖက်ဝင်ဝိုင်က တကယ်ကောင်းတယ်ဆိုသောသက်သေပင်။
ထိုပုံစံကြောင့် သူ့ကို ပိုပြီးမျှော်တလင့်လင့်ဖြစ်စေသည်။
…
ချင်လင်က ဝိုင်ပုလင်းကို သူ့ရုံးခန်းထဲယူလာပြီး တံခါးလော့ချလိုက်၏။ ထို့နောက် အတွေးနှင့် ပုလင်းကိုဂိမ်းထဲယူသွားလိုက်သည်။
ဝိုင်ထုတ်တဲ့နေရာမှာ ဒီဝိုင်ရဲ့အားသာချက်အားနည်းချက်တွေကို လီရှင်းဆီကသင်ယူခဲ့ရ၏။ သို့သော်သူက လူပြိန်းဖြစ်၍ လီရှင်းဆီကကြားရသည်မှာ အရိပ်ပြလို့အကောင်မမြင်။ ဂိမ်းထဲကအချက်အလက်ကိုကြည့်လိုက်သောအခါ ပိုပြီးမြင်လွယ်သဘောပေါက်လွယ်လာသည်။
ဤသည်က သူလည်းဝိုင်အကြောင်းတချို့တဝက်သိသည်ကို သတိပေးလိုက်သလိုပင်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဆေးဖက်ဝင်ဝိုင်က နောင်မှာ ချင်းလင်စံအိမ်ရဲ့အမှတ်အသားဝိုင်တစ်ခုဖြစ်လာလိမ့်မည်။ လီရှင်းတို့အားလုံးက သူ့ကိုဆရာဟုထင်နေကြမည်ဖြစ်၍ အနည်းဆုံးတော့ သူတို့ကိုလှည့်စားနိုင်ဖို့ ဝိုင်လုပ်နည်းတချို့တော့ သိထားမှဖြစ်မည်။
သို့သော် ဝိုင်ကိုကြည့်လိုက်သောအခါ ချင်လင်ကြောင်သွားသည်။
(ရနံ့မွှေးသောဝိုင်ဖြူ: အရည်အသွေး ၁ - အမည်မရှိ)
(ရနံ့မွှေးသောဝိုင်ဖြူ: အရည်အသွေး ၁ - အမည်မရှိ)
…
......
(ရနံ့မွှေးသောဝိုင်ဖြူ: အရည်အသွေး ၁ - အမည်မရှိ)
အကြမ်းဖျင်းကြည့်လိုက်ရာ ဤဝိုင်မှာ အမှန်ပင်အရည်အသွေး ၁ ရှိကြောင်းသိလိုက်ရသည်။
ဒါမျိုးရှိတယ်လား?
အားလုံးက အမှန်တကယ်အရည်အသွေး ၁ ရှိနေသည်။ စီရင်စုဝိုင်လုပ်ငန်းကို မွှေတတ်သောမန်နေဂျာတချို့လက်ထဲအပ်ခဲ့သည်ဆိုလျှင်တောင် ဒီလိုအခြေအနေအထိရောက်အောင် ကျသွားစရာအကြောင်းမရှိပေ။
သူကချက်ချင်း အသေးစိတ်ကြည့်လိုက်သည်။
(ဝိုင်သိုလှောင်ခန်းဟောင်းမှထွက်သော ဝိုင်ဖြူကြွယ်ဝသည့်ထုတ်ကုန်ဖြစ်သည်။ နူးနူးညံ့ညံ့မွှေးရနံ့ရှိပြီး ဝိုင်ဖောက်ရန်အကောင်းဆုံးပါဝင်ပစ္စည်းဖြစ်သည်။ ဝိုင်ဖြူရနံ့ကြွယ်ဝခြင်း +၁)
ချင်လင်က ဝိုင်ပုလင်းတချို့၏အသေးစိတ်အချက်အလက်ကိုကြည့်လိုက်ရာ အားလုံးအတူတူပင်ဖြစ်ကြောင်းသိလိုက်ရသည်။ ပုလင်းတိုင်းက ဝိုင်ဖြူရနံ့ကြွယ်ဝခြင်း +၁ နှင့်ပြည့်နေ၏။
ဤသည်ကလည်း အရည်အသွေး ၁ ဝိုင်ဖြစ်ရခြင်းအကြောင်းတစ်ရပ်ပင်။
သို့သော် ယုတ္တိတော့ရှိသည်။ ဝိုင်နံ့ဘယ်လောက်ကောင်းကောင်း အရသာကောင်းသည်မဟုတ်။
ဂိမ်းအတော်များများအတိုင်းပင်။ တချို့ထိပ်တန်းဂိမ်းများ၏အရည်အသွေးက သုံးမရရင်တောင် အဆင့်ကထိပ်တန်းဖြစ်နေဆဲ။ တချို့ထိပ်တန်းအရည်အသွေးများမှာ ထိရောက်မှုရှိဖို့လိုအပ်နေသေးသည်။

ဤသည်က လက်ရှိဝိုင်လုပ်ငန်းမှ အရည်အသွေး ၁ ဝိုင်၏ပြဿနာဖြစ်၏။ ဝိုင်နံ့မွှေးခြင်းမှာ ဝိုင်သိုလှောင်ခန်းဟောင်းကြောင့်ဖြစ်သော်လည်း ဝိုင်နံ့သက်သက်ရှိရုံနှင့် မလုံလောက်ပေ။
ဘယ်လောက်ပဲမွှေးမွှေး သောက်လေ့ရှိကြသလား? ဆန်ဆိုရင်တော့ တစ်မျိုးပေါ့။
ဒီဝိုင်အရသာကို ဒီ +၁ ဝိုင်ရနံ့နှင့်သာ ပေါင်းစပ်နိုင်ရင် ဝိုင်တစ်ခုလုံးအရည်အသွေးတက်လာလိမ့်မည်။
လီရှင်းနှင့်ဆရာကျန်းအရဆိုလျှင် ဤဝိုင်အရသာအရမ်းဆိုးခြင်းမှာ အညံ့စားပစ္စည်းများနှင့် ဝိုင်စိမ်ထားခြင်းကြောင့်ဖြစ်သည်။ အကယ်၍ အရည်အသွေးမြင့်ပစ္စည်းများနှင့်သာစိမ်နိုင်လျှင် အရသာက သေချာပေါက်တိုးတက်လာမည်။
အဓိကအချက်မှာ မှတ်ချက်က ဤဝိုင်ကို ဆေးဖက်ဝင်ဝိုင်စိမ်ရန်အတွက် ပါဝင်ပစ္စည်းကောင်းဟုဆိုထားသည်။
အရင်သူစိမ်ခဲ့သောဆေးဖက်ဝင်ဝိုင်မှာ အပြင်မှာရောင်းသော တော်ရိလျော်ရိဝိုင်များဝယ်သုံးခဲ့ခြင်းဖြစ်၏။
သူဝိုင်လုပ်ငန်းကိုလက်လွှဲယူပြီးရင် ချင်းလင်ဆေးဖက်ဝင်ဝိုင်၏အရည်အသွေးက နောင်မှာထပ်တက်လာဦးမည်။
အခုတော့ ဝိုင်လုပ်ငန်းလုပ်ဖို့ သူနည်းနည်းပိုပြီး စိတ်အားထက်သန်လာသည်။
ချင်လင်က အတွေးတွေပြန်ရုတ်သိမ်းလိုက်ပြီး ခဏအကြာ အတွေးတစ်ချက်နှင့် ဂိမ်းထဲမှထွက်လိုက်၏။ ဂန္တဝင်ငွေပုလင်းနှင့်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းကိုလည်း ယူလာခဲ့သည်။
ဤဆေးဖက်ဝင်ဝိုင်မှာ ပထမအသုတ်စိမ်ထားသောဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အချိန်အချိုးအရ ဝိုင်၏မျှော်မှန်းသက်တမ်းမှာ နှစ်ရက်အတွင်း နောက်ထပ်တစ်နှစ်တိုးလာပြီဖြစ်၏။
သက်တမ်း ၂၃ နှစ်ခန့်ရှိလောက်ပြီ!
ဒီအတွေ့အထိက ကြေးညိုပုလင်းပုံစံနှင့်လုံးဝယှဉ်လို့ရမည်မဟုတ်ပေ။
လက်တွေ့ဘဝထဲပြန်ရောက်လာပြီး ချင်လင်ကရုံးခန်းမှထွက်ကာ ဝိုင်ပုလင်းကို လီရှင်းဆီသွားပေးလိုက်သည်။
…
ချင်းလင်စံအိမ်ခန်းမဟောင်းထဲတွင်_
လီရှင်း၏စားပွဲဝိုင်းနှင့် လျိုယီ၏စားပွဲဝိုင်းတို့တွင် ငါးတို့ဟူးစွပ်ပြုတ်ပွဲကြီးတည်ခင်းထားသည်။ စွပ်ပြုတ်နှစ်ပွဲလုံးက အဖြူရောင်ဖြစ်ပြီး ကြက်သွန်မိတ်စိမ်းစိမ်းများနှင့် အလှဆင်ထား၏။ တစ်အိုးတည်းချက်ထားပုံရသည်။
ငါးတို့ဟူးစွပ်ပြုတ်မှာ အတွေ့ရများသောငါးချက်နည်းတစ်မျိုးဖြစ်ပြီး အလွန်ရိုးရှင်းသည်။
သို့သော် ပါဝင်ပစ္စည်းကောင်းသုံးလျှင် ပါဝင်ပစ္စည်းအထက်တန်းကျလေလေ ပါဝင်ပစ္စည်းများ၏အရသာကိုထိန်းထားဖို့ ပိုလွယ်လေလေပင်။
လီရှင်းနှင့်ချန်ရှန်းဖေတို့က ဒီလိုသဘာဝငါးများကို တစ်ကြိမ်မကစားခဲ့ဖူးသည်။ အရသာရှိသည်ဆိုလျှင်တောင် သူတို့ကတည်ငြိမ်နေကြ၏။
သို့သော် လျိုယီ၏စားပွဲဝိုင်းနှင့်မတူ။
လျိုယီက ငါးစွပ်ပြုတ်တစ်ပွဲရပြီး ငါးတစ်တုံးကောက်စားလိုက်ရုံရှိသေး သူ့မျက်လုံးများအရောင်တောက်သွားတော့သည်။
သူကငါးကြိုက်သူဖြစ်၍ နံ့သာတစ်ရာပွဲကြည့်စင်ကိုသွားတိုင်း သူ့အတွက် အထက်တန်းကျသောငါးတချို့ကိုပြင်ဆင်ထားခိုင်းလေ့ရှိ၏။ နံ့သာတစ်ရာပွဲကြည့်စင်မှာ သဘာဝငါးစားဖူးတာ ပထမဆုံးအကြိမ်လည်းမဟုတ်။
ဒါက မဟုတ်သေးဘူး။
နံ့သာတစ်ရာပွဲကြည့်စင်မှာလည်း သဘာဝငါးတွေပဲ။ ဒါဆို ချင်းလင်စံအိမ်ကပစ္စည်းတွေနဲ့ ဘာကွာနေတာလဲ? သူ့အရသာနဲ့အထိအတွေ့က ဘယ်လိုလုပ်ပြီး နံ့သာတစ်ရာပွဲကြည့်စင်ထက်သာနေတာလဲ?
နံ့သာတစ်ရာပွဲကြည့်စင်ရဲ့သဘာဝပစ္စည်းတွေထက်သာတာ ရှိသေးတယ်လား?
ထို့အတူ လျိုယီ၏တပည့်များလည်း အံ့အားသင့်သွားကြသည်။
မျက်မှန်နှင့်လူက လောလောလောလောနှင့် ပြောလိုက်သည်_ ''ဥက္ကဌလျို... အခုကျွန်တော် အပေါ်ယံကြည့်လွန်းသွားတယ်ထင်ပါတယ်... ချင်းလင်စံအိမ်က တစ်ခုခုတော့ထူးနေတယ်... ဒီငါးက နံ့သာတစ်ရာပွဲကြည့်စင်ထက်ပိုပြီး အရသာရှိနေတယ်''
တခြားတစ်ယောက်ကလည်း_ ''အမှန်ပဲ... သူတို့လည်း သဘာဝငါးတွေပဲ... အရင်နံ့သာတစ်ရာပွဲကြည့်စင်ကို ဥက္ကဌလျိုနဲ့သွားတုန်းကဟာက ဒီထက်အများကြီးညံ့တယ်''
သူတို့အသည်းအသန်ဆွေးနွေးနေကြစဉ် စားပွဲထိုးခေါင်းဆောင်က ဂန္တဝင်ပုံစံကြေးညိုပုလင်းနှင့်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းကို ဧည့်ခန်းထဲယူလာသည်ကိုတွေ့လိုက်ရသည်။
လျိုယီ၏မျက်လုံးများတွင် ချက်ချင်းမျှော်လင့်ရိပ်များသမ်းလာ၏။
နောက်ဆုံးတော့ ဒီပစ္စည်းရောက်လာပြီ။
ကောင်းယောင်ယောင်က ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းကို လျိုယီစားပွဲပေါ်တင်လိုက်ကာ_ ''လူကြီးမင်းလျို... ဒါကချင်းလင်ဆေးဖက်ဝင်ဝိုင်ပါ''

ပြီးလျှင် နောက်ထပ်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းကို လီရှင်းစားပွဲဆီပို့လိုက်သည်။
လျိုယီက ပုလင်းကိုကြည့်ပြီး ချက်ချင်းကောက်ကိုင်လိုက်၏။ ပုလင်းကတကယ် လိုင်းပေါ်ကကောလာဟလတွေအတိုင်း အလွန်အထက်တန်းကျနေသည်။
သူကပုလင်းကိုဖွင့်ပြီး သူ့အတွက်တစ်ဖန်ခွက်နှင့် သူ့လူတွေအတွက် တစ်ခွက်စီငှဲ့ပေးလိုက်ကာ_ ''မြည်းကြည့်ဦး မင်းတို့ရော... ဒီအရည်က ဘာနဲ့တူလဲကြည့်ရအောင်''
သူတပည့်တွေကလည်း ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို အင်တာနက်ပေါ်မှာပြောထားသလို မျက်လှည့်ဆန်မဆန် အလွန်သိချင်နေကြ၏။
လျိုယီလည်း သူ့ဆေးဖက်ဝင်ဝိုင်ခွက်ကိုယူပြီး သောက်လိုက်သည်။ တစ်ငုံသောက်ပြီးလျှင် ဒီဝိုင်အရသာကောင်းကြောင်း၊ သက်တမ်းတချို့ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
သို့သော် ဒီအတွေ့အထိသက်သက်အရဆိုလျှင် သူ့အိမ်က အဖိုးတန်မောက်ထိုက်အတော်များများလည်း ဒီအတွေ့အထိရှိမည်ထင်သည်။
သို့သော်လည်း ဒီဝိုင်ကဆေးဖက်ဝင်ဝိုင်မှန်း သူသိထား၏။ နောက်ပြီး အာနိသင်က မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုမှစိမ်သော ဆေးဖက်ဝင်ဝိုင်နှင့် တန်းတူရည်တူရှိသည်။ သူ့အရသာသက်သက်နှင့် ဆုံးဖြတ်၍မရနိုင်။
သိပ်မကြာမီ လျိုယီက သူ့ခန္ဓာကိုယ်အနှံ့ ပြောမပြတတ်သောနွေးထွေးမှုတစ်ခုစီးဝင်နေမှန်း သိလိုက်ရသည်။ အထူးသဖြင့် သူ့ခါးတဝိုက်တွင်ဖြစ်ပြီး အလွန်သက်သောင့်သက်သာရှိနေသည်။
''အာနိသင်က အရမ်းအားကောင်းတာလား?'' လျိုယီအံ့အားသင့်သွားသည်။
မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုမှစိမ်သော ဆေးဖက်ဝင်ဝိုင်ကို သူသောက်ဖူးသည်။ ထိုဆေးဖက်ဝင်ဝိုင်က အလွန်အာနိသင်ရှိ၏။ သောက်ပြီးမကြာမီ တစ်ကိုယ်လုံးပူနွေးလာလိမ့်မည်။ ကျောက်ကပ်အားဖြစ်စေသောအာနိသင်ကလည်း သူ့ခါးတဝိုက်ကိုနွေးနေစေသည်။
သို့သော် ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်က မိသားစုနှစ်ခုရဲ့အာနိသင်ထက် နည်းနည်းပိုမြန်ပုံရသည်။
လျိုယီ၏တပည့်တွေလည်း ထိုအတိုင်းခံစားလိုက်ရပြီး အားလုံးက မယုံနိုင်သောအကြည့်များနှင့်ကြည့်လိုက်ကြ၏။
''ခံစားမိလား? နွေးနေတဲ့ခံစားချက်လေ?''
''အင်း... သောက်လိုက်တာနဲ့ ဒီလိုအာနိသင်မျိုးရတာ မယုံနိုင်စရာပဲ''
''ဟုတ်တယ်... ဒီနွေးတဲ့ခံစားချက်က အရမ်းသက်သောင့်သက်သာရှိတယ်''
''ဒီဝိုင်မြည်းခွင့်ရတာ မင်းတို့ကံကောင်းတယ်'' လျိုယီက နောင်တရသံနှင့်ပြောလိုက်သည်။ ဒီဝိုင်မျိုးက သောက်ချင်တိုင်းသောက်လို့မရတဲ့ဝိုင်မှန်းသိထားကြ၏။
မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်စုမှ ဝိုင်တချို့တောင် ကံကောင်းမှရသည်။ နောက်ပြီး မင်စီရင်စုထဲမှာ ထိုဝိုင်ကိုစောင့်ကြည့်နေသော အထက်တန်းလူကုံထံအဆင့်ဆင့်လည်း အတော်အသင့်ရှိနေသည်။
ဒီတစ်ကြိမ်တွင် ချင်းလင်စံအိမ်ပေါက်မဲနှစ်မဲကို ကံကောင်းပြီးဝယ်နိုင်ခဲ့သည်။ လူအများကြီးမသိသေးသည်ကိုသာ ကျေးဇူးတင်ရဦးမည်။ မဟုတ်ရင် ချင်းလင်စံအိမ်ဝိုင်က နောင်မှာ မိသားစုနှစ်ခုကဝိုင်လို ရဖို့သေချာပေါက်ခက်လာတော့မည်။
''ဥက္ကဌလျို... နောက်တစ်ခွက်လောက်ပါ'' မျက်မှန်နှင့်လူက မျှော်လင့်ချက်ပြည့်သောမျက်လုံးများနှင့် ရုတ်တရက်ခွက်ထိုးပေးလာသည်။
တခြားလူများလည်း ထို့အတူပင်။ တစ်ခွက်သောက်ပြီး အာသာမပြေ။
''...'' လျိုယီက သူ့တပည့်တွေဒီခေါ်လာမိတာ ရုတ်တရက်နောင်တရသွားသည်။ မြည်းရုံပဲလို့ သူတို့ပဲသဘောတူထားတယ်မလား?
သို့သော်လည်း ဒီလူတွေက ကုမ္ပဏီ၏အမာခံကျောရိုးတွေဖြစ်နေသောကြောင့် ဝိုင်တစ်ခွက်နှင့် ကပ်တွက်နေ၍မရ။ ကြိတ်မှိတ်သည်းခံပြီး နောက်တစ်ခွက်ငှဲ့ပေးလိုက်ရတော့၏။
ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကို သူနည်းနည်းမနာလိုဖြစ်မိသည်။ ဒီစံအိမ်ကဝိုင်ကို သူတို့နှစ်ယောက် ဘယ်လောက်များရထားပြီးပြီလဲမသိ။
ထိုအကြောင်းတွေးရင်း ချန်ရှန်းဖေစားပွဲဝိုင်းကို လှမ်းကြည့်လိုက်ရာ ထိုစားပွဲပေါ်တွင် ဝိုင်မတွေ့၍ အံ့သြသွားသည်။ စောစောကလာတင်သွားသောဝိုင်ပုလင်းမှာ စားပွဲပေါ်တွင်မရှိတော့။ ယူသွားပြီဖြစ်မည်။
ဒီလောက်လိုလို့လား?
ဝိုင်ဘယ်လောက်ကောင်းကောင်း သူတို့ကလူချမ်းသာတွေပဲ။ ပေးမသောက်နိုင်ရအောင် ဒီလောက်ပဲသေးသိမ်ရလား?
လျိုယီတွေးနေစဉ် လီရှင်းရုတ်တရက်မတ်တပ်ရပ်လိုက်သည်ကိုတွေ့ရသည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း မတ်တပ်ရပ်ပြီး တံခါးကိုကြည့်လိုက်ကြ၏။
ထို့ကြောင့် သူလည်းစူးစမ်းကြည့်လိုက်သည်။ လူငယ်တစ်ယောက် ခန်းမထဲဝင်လာနေ၏။
တစ်ခုခုတော့ မှားနေပြီ။
လီရှင်း၊ ချန်ရှန်းဖေနှင့် မာလဲ့ဝမ်တို့က အတူတူရပ်လိုက်ပြီး ထိုလူငယ်ကိုအပြုံးနှင့် ကြိုဆိုကြသည်ကို လျိုယီတွေ့လိုက်ရသည်။
''???'' လျိုယီကြောင်သွား၏။ ဘာတွေဖြစ်နေတာလဲ?
ဒီသုံးယောက်လုံးက မင်စီရင်စုမှာ အရေးပါအရာရောက်တဲ့ပုဂ္ဂိုလ်တွေလေ။ အထူးသဖြင့် လီရှင်း၊ သခင်လေးလီပေါ့။ အခုသူတို့သုံးယောက်က လူငယ်တစ်ယောက်ကို ဒီလောက်လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြတယ်လား?
သူတို့က ဝိုင်မဖွင့်ဘဲ သိမ်းထားလိုက်တာ ဒီလူငယ်ကိုစောင့်နေကြတာလား?
ဒီလူငယ်က ဘယ်သူလဲ?
တကယ်တော့ လီရှင်းတို့က ဝိုင်ကိုကြိုဆိုနေကြမှန်းတော့ သူမသိပါချေ!