← Chapters

ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်! သဘာဝဂျင်ဆင်း! ၁

Vol. 13 Ch. 185

ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်! သဘာဝဂျင်ဆင်း! ၁

Vol. 13 Ch. 185

လျိုယီက အံ့အားသင့်ပြီး မတ်တပ်ရပ်လိုက်သည်။ သခင်လေးလီ၊ ချန်ရှန်းဖေနှင့် မာလဲ့ဝမ်တို့ကြိုဆိုရလောက်တဲ့လူက စီရင်စုထဲမှာ လူနည်းစုပဲရှိတာ။

ဒီလူငယ်လေးက သူတို့ထဲကတစ်ယောက်များလား?

လီရှင်းက ချင်လင်ဆီလျှောက်သွားပြီး ဂန္တဝင်ငွေနှင့်တူသောဝိုင်ပုလင်းကိုစိုက်ကြည့်ကာ_ ''သူဌေးချင်... ဒီဝိုင်လား?''

သူက အမှန်တကယ်ဝိုင်ချစ်သူတစ်ယောက်။ ဝိုင်ကိုချစ်လိုက်ပုံက သူ့ဇနီးကိုချစ်တာထက် နည်းနည်းလေးပဲလျော့မည်။

နောက်ပြီး ဒီဝိုင်က သူဌေးချင်ပြောသလိုသာ တကယ်အထက်တန်းကျရင် မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုရဲ့ဆေးဖက်ဝင်ဝိုင်ထက်တောင် လုံးဝသာသွားမည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ဒီအကြောင်းသိထား၍ အရမ်းတက်ကြွနေကြသည်။

သူဌေးချင်က ဝိုင်ကောင်းတွေဘယ်လောက်များများဝှက်ထားသေးလဲ သူတို့မသိနိုင်။

''လူကြီးမင်းလီ ဒီမှာပါ!'' ချင်လင်က လီရှင်း၏စိတ်လောနေသောပုံစံကိုကြည့်ရင်း သူ့လက်ထဲကဝိုင်ကိုပေးလိုက်သည်။

လီရှင်းကဝိုင်ပုလင်းယူပြီး လေ့လာကြည့်လိုက်၏။

ပုလင်းက ဂန္တဝင်ကြေးညိုပုလင်းပုံစံနှင့် တစ်ထပ်တည်းဖြစ်သော်လည်း ကြေးညိုရောင်မှ ငွေရောင်ပြောင်းသွားသည်။ နောက်ပြီး ငွေကအစစ်မှန်းသိသာ၍ ပိုအထက်တန်းကျကာ ခံ့ခံ့ညားညားရှိနေ၏။



''လီရှင်း... ဒီဝိုင်ကိုမြန်မြန်စမ်းကြည့်ရအောင်'' ချန်ရှန်းဖေက ချက်ချင်းတိုက်တွန်းလိုက်သည်။

မာလဲ့ဝမ်ကလည်း_ ''လီရှင်း... ငါတို့ရင်းနှီးမှုကိုထောက်ရင် မင်းဘာသာသိမ်းထားလို့တော့ မရဘူးနော်''

လီရှင်းက သူတို့နှစ်ယောက်ကို မျက်လုံးလှန်ကြည့်လိုက်ပြီး ဝိုင်ပုလင်းကိုင်၍ စားပွဲဆီပြန်သွားလိုက်သည်။ မာလဲ့ဝမ်က ကြေးညိုအဆင့်ဆေးဖက်ဝင်ဝိုင်ကိုသိမ်းလိုက်တာက သူ့ရမယ့်ဆုကိုမျက်စိကျနေလို့မလား?

......

လီရှင်းက ပြန်ထိုင်လိုက်ပြီး မျှော်လင့်အားကြီးစွာနှင့် ဝိုင်ကိုဖောက်လိုက်သည်။

ထိုအချိန်တွင် လျိုယီလည်း လီရှင်းတို့စိတ်အားထက်သန်စွာကြိုဆိုနေကြခြင်းမှာ ဝိုင်ကြောင့်မှန်းသဘောပေါက်သွား၏။ သူတို့သုံးယောက်ကို ဒီလိုပုံစံပေါက်အောင်လုပ်နိုင်တယ်ဆိုတော့ ငွေပုလင်းထဲကဝိုင်က သေချာပေါက်ကြေးညိုထက်ကောင်းမယ်ဆိုတာ ပြောစရာမလိုတော့။

လျိုယီတပည့်တွေလည်း ပွစိပွစိဖြစ်ကုန်ကြသည်။

''သူတို့ယူလာတဲ့ဝိုင်ပုလင်းက မတူဘူးထင်တယ်''

''တစ်ခုက ငွေပုလင်းနဲ့... နောက်တစ်ခုက ကြေးညိုပုလင်းနဲ့ဆိုမှတော့... ငွေကပိုပြီး အဆင့်မီမှာပေါ့''

''ဒီကြေးညိုပုလင်းတောင် ဒီလိုအာနိသင်ရှိနေတာ... အဆင့်ပိုမြင့်တာရှိသေးလား?''

လျိုယီက ထိုစကားကြားလျှင် ဆတ်ခနဲထ၍ ချင်လင်ဆီလျှောက်သွားလိုက်၏။ လီရှင်းတို့ပြောနေတာကို အခုပဲသူကြားလိုက်ရသည်။ ဒီသူဌေးချင်က စံအိမ်ရဲ့ပိုင်ရှင်ဖြစ်ရမည်။

''မင်္ဂလာပါ သူဌေးချင်'' လျိုယီက ချင်လင်ဆီလျှောက်သွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။ သူကလုပ်ငန်းကတ်တောင်ထုတ်လိုက်ပြီး ချင်လင်ဆီပေးကာ သူ့ကိုယ်သူမိတ်ဆက်လိုက်၏_ ''ကျုပ်က လျိုယီပါ... သူဌေးချင်နဲ့တွေ့ရတာ ဂုဏ်ယူစရာပါ''

ဆက်ဆံရေးတစ်ခုမှာ ပထမဆုံးအမြင်က အလွန်အရေးကြီးမှန်း သူကောင်းကောင်းသိထားသောကြောင့် သူ့သဘောထားကို တသမတ်တည်းထားလိုက်သည်။

လီရှင်းတို့သဘောထားကိုကြည့်လျှင် သူဌေးချင်က ပေါင်းသင့်ပေါင်းထိုက်တဲ့သူမှန်း သူအတပ်​ပြောနိုင်သည်။ နောင်မှာ ဝိုင်အတွက်တောင်းဆိုဖို့လည်း လာချင်လာရမည်ဖြစ်သောကြောင့် သူ့မျက်နှာကိုအရင်ပြထားတာကောင်းမည်မဟုတ်လား?

ချင်လင်လည်း လျိုယီကိုသိထားသည်။

စံအိမ်ရဲ့နောက်ခံမှာ စာရင်းသွင်းထားတဲ့သူက ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့လို အဆင့်အတန်းရှိတဲ့သူဌေးတစ်ယောက်။

ဒီမှာရောက်နေပြီမှန်း ထင်မထားရုံသာ။

ချင်လင်က လုပ်ငန်းကတ်ကိုယူပြီး လျိုယီနှင့်ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် သူ့လုပ်ငန်းကတ်ကိုထုတ်ပြီး လက်လှမ်းပေးလိုက်ကာ_ ''လူကြီးမင်းလျို ကြိုဆိုပါတယ်... ဒါက ကျွန်တော့်လုပ်ငန်းကတ်ပါ... စံအိမ်မှာ လိုအပ်တာရှိရင် ကျွန်တော့်ကိုတန်းဆက်သွယ်နိုင်ပါတယ်''



တစ်ဖက်လူက ဒီလိုအဆင့်ရှိတဲ့သူဌေးဆိုမှတော့ သူ့ကိုမျက်နှာသာပေးရမည်။

နောက်ပြီး တစ်ဖက်လူက သူ့ကိုပထမဆုံးတွေ့တွေ့ချင်းမှာ မသက်မသာဖြစ်စေတာမျိုးမရှိ။

ယဉ်ကျေးမှုနှင့်လေးစားမှုက အပြန်အလှန်ဖြစ်ရမည်။

ဥပမာ လုကျန်းရှန်ဆိုပါစို့။ သူကပြုံးပြနေတယ်ဆိုရင်တောင် သူဟန်လုပ်နေတာနဲ့ မသက်မသာခံစားချက်ကို ကိုယ်ကခံစားရဦးမည်။

လျိုယီက လုပ်ငန်းကတ်ကိုယူပြီး ချင်လင်ရှေ့တွင် တည်တည်ငြိမ်ငြိမ်သိမ်းလိုက်ပြီးမှ သူကမေးလိုက်သည်_ ''သူဌေးချင်... အခုသခင်လေးလီကိုပေးလိုက်တဲ့ဝိုင်မျိုးရှိသေးလား? ကျုပ်လည်း တစ်ပုလင်းလောက်တောင်းဆိုချင်တယ်''

ချင်လင်က လျိုယီရဲ့လှုပ်ရှားမှုကို ခန့်မှန်းမိပြီးဖြစ်၍ ပြုံးကာ_ ''လူကြီးမင်းလျို... ဒီလိုဝိုင်မျိုးရှိသေးရင် ခင်ဗျားကိုရောင်းချင်တာပေါ့ဗျာ... ဒါပေမဲ့ ဒီငွေဝိုင်ပုလင်းက ကြေးညိုပုလင်းထက်ရှားတယ်... လောလောဆယ် ဒီတစ်ပုလင်းတည်းရှိတာ... ကျွန်တော် လူကြီးမင်းလီနဲ့အလောင်းအစားလုပ်ထားလို့ သူကဒီပုလင်းကို ဆုအဖြစ်ရသွားတာ... ကြေးညိုပုလင်းတွေကတော့ အများကြီးရှိပါတယ်... နောက်ရရင် လူကြီးမင်းလျိုကို အသိပေးပါမယ်''

သူကအရင်ဆုံး လျိုယီကိုမျက်နှာသာပေးထားပြီး လုံးလုံးလျားလျားတော့မငြင်းပယ်။ လောလောဆယ်တော့ ငွေတစ်ပုလင်းပဲရှိသေးတယ်ဆိုတာ နောက်ကျအများကြီးရှိလာနိုင်တယ်ဆိုတဲ့သဘော။

ဘယ်အချိန်ရမလဲဆိုတာကတော့ သူ့စိတ်အခြေအနေနဲ့ ဂိမ်းထဲမှာဘယ်လောက်များများရမလဲအပေါ်မူတည်နေသည်။

''ကျေးဇူးတင်ပါတယ် သူဌေးချင်... နောင်မှာ ဒီလိုငွေပုလင်းမျိုး နောက်ထပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်'' လျိုယီက ချင်လင်၏စကားကြားလျှင် သက်ပြင်းချပြီး မတိုက်တွန်းတော့ချေ။

ဒီလိုဝိုင်မျိုးက တကယ်ရှားတာ သူသိသည်။ သူဌေးချင်မှာ တချို့တလေရှိမယ်ဆိုတာ သူသိသော်လည်း ဒီအတွက်တောင်းဆိုရမရက ကိစ္စတစ်ရပ်ပင်။

မင်စီရင်စုတရုတ်တိုင်းရင်းဆေးမိသားစုနှစ်ခုထုတ်တဲ့ဆေးဖက်ဝင်ဝိုင်က နှစ်တိုင်းလက်ကျန်မရှိတာ တကယ်လား?

မဖြစ်နိုင်ဘူးလေ။

သို့သော်လည်း မျက်နှာထိန်းထားရသည်။ ဘာပဲဖြစ်ဖြစ် လူတချို့နဲ့ဆက်ဆံရေးကို ဆက်ပြီးထိန်းထားဖို့လိုသေးသည်။ သူတို့မှာ ချန်ထားတဲ့ဝိုင်နည်းနည်းမှမရှိတာတော့မဖြစ်နိုင်။

တချို့က မတောင်းဆိုနိုင်ကြခြင်းမှာ သူတို့ချင်းရင်းနှီးမှုမရှိခြင်း သို့မဟုတ် သူတို့ဂုဏ်ပုဒ်နှင့်မကိုက်ညီခြင်းကြောင့်ပင်။

တခြားစားပွဲ၌_

လီရှင်းကချက်ချင်း သူ့အတွက်နှင့် ချန်ရှန်းဖေတို့အတွက် ခွက်သေးတစ်ခွက်စီငှဲ့လိုက်သည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့သောက်ရန်စောင့်နေကြပုံမှာ ကလေးနှစ်ယောက်စောင့်နေသလိုပင်။ ဝိုင်ကိုငှဲ့ပြီးပြီးချင်း ခွက်ကိုကောက်ကိုင်၍ သောက်လိုက်ကြသည်။

တစ်ဖက်တွင် လီရှင်းက လုပ်နေကျအတိုင်း ဝိုင်ခွက်ကိုင်လိုက်၏။

နည်းနည်းလေးငုံလိုက်ရုံနှင့် ဝိုင်၏ထူးခြားမှု သူအရသာခံနိုင်သည်။

အနည်းဆုံးသက်တမ်း ၂၀ လောက်ရှိတဲ့ သက်တမ်းရင့်ဝိုင်ပဲ။ အရသာက သက်တမ်း ၁၀ နှစ်ရှိတဲ့ကြေးညိုဝိုင်ထက် အများကြီးပိုပြင်းသည်။

အတွေ့အထိသက်သက်မဟုတ်။ ဝိုင်ထဲမှာ ဆေးဖက်ဝင်ပစ္စည်းတွေလည်း ပိုပြီးတိတိကျကျပေါင်းစပ်နေသည်။ အာနိသင်ကလည်း ပိုမြန်၏။

အားလုံးထဲမှာမှ ၁၀ နှစ်ဝိုင်က နှစ် ၂၀ ဝိုင်နှင့် တစ်တန်းတည်းမဟုတ်ပေ။



All Chapters