← Chapters

အရည်အသွေး ၃ သဘာဝဂျင်ဆင်း ၁

Vol. 13 Ch. 187

အရည်အသွေး ၃ သဘာဝဂျင်ဆင်း ၁

Vol. 13 Ch. 187

မှတ်ချက်ကိုမြင်သောအခါ ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။

မုန်လာဥပုံကိုမြင်လျှင် ဂျင်ဆင်းဟုခန့်မှန်းမိသော်လည်း တကယ်ဖြစ်နေမည်ဟုထင်မထားပေ။

ဤမထင်မှတ်ထားသောရရှိလိုက်မှုကြောင့် သူကစိတ်လှုပ်ရှားစွာနှင့် ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်ထဲဆက်လျှောက်သွားစေလိုက်သည်။

တောင်တန်းထွက်ကုန်ကို သူရထားပြီ။ ဒီသဘာဝဂျင်ဆင်းပဲရမှာတော့မဟုတ်ဘူးမလား?

ခဏအကြာ ဂိမ်းဇာတ်ကောင်ဖန်သားပြင်ပေါ်တွင် နောက်ထပ်မုန်လာဥကာတွန်းပုံလေးပေါ်လာပြန်သည်။

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုမြန်မြန်ထိန်းပြီး ရှေ့တိုးကာ ခူးစေလိုက်၏။

(သဘာဝဂျင်ဆင်းခါးကိုရသည့်အတွက် ဂုဏ်ယူပါတယ်!)

သဘာဝဂျင်ဆင်းမဟုတ်တော့ဘူး။ ဂျင်ဆင်းခါးတဲ့။

နှစ်မျိုးစလုံးက ဂျင်ဆင်းဖြစ်သော်လည်း ဂျင်ဆင်းနှစ်မျိုး၏အာနိသင်က တော်တော်ကလေးကွာခြားသည်။ သူတို့က မျိုးရင်းလည်းမတူကြချေ။ မည်သို့အာနိသင်ရှိသည်ဖြစ်စေ အားလုံးက ပစ္စည်းကောင်းများဖြစ်ကြသည်။

ဒိပစ္စည်းက အနည်းဆုံးတော့ ချူကီနှင်းဆီနှင့်ပျဉ်းမထက် အဆင့်ပိုမြင့်မည်မဟုတ်လား?

ဒီအတောအတွင်း နိုထရီဒိန်းတောင်က တောင်တန်းထွက်ကုန် ချင်လင်ဘာမှမရခဲ့။ ဒီနေ့ပစ္စည်းကောင်းပေါ်လာမည်ဟုမထင်မိပေ။

သူက ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်အတွင်းထဲထိ သွားစေလိုက်သည်။ ခဏအကြာ နောက်ထပ်မုန်လာဥကာတွန်းပုံပေါ်လာ၏။

နောက်ထပ်ရပြန်ပြီ။

......



(သဘာဝဂျင်ဆင်းခါးကိုရသည့်အတွက် ဂုဏ်ယူပါတယ်!)

(သဘာဝဂျင်ဆင်းခါးကိုရသည့်အတွက် ဂုဏ်ယူပါတယ်!)

…

(သဘာဝဂျင်ဆင်းခါးကိုရသည့်အတွက် ဂုဏ်ယူပါတယ်!)

နောက်ဆုံးတော့။

ဂိမ်းဇာတ်ကောင်က နိုထရီဒိန်းတောင်ကိုလှည့်ပတ်သွားပြီး နောက်ဆုံးဂျင်ဆင်းခါးကိုခူးလိုက်သည်။

ဒီတစ်ကြိမ် သဘာဝဂျင်ဆင်းနှင့်ဂျင်ဆင်းခါးသာပြန်ပေါ်လာပြီး စုစုပေါင်းအပင် ၁၀ ပင်ရလိုက်၏။

နောက်ပြီး သဘာဝဂျင်ဆင်းက တစ်ပင်တည်းဖြစ်၍ ကျန် ၉ ပင်မှာ ဂျင်ဆင်းခါးများဖြစ်သည်။

ဒီလောက်ဆို ချင်လင်ဝမ်းသာပြီ။ အထူးသဖြင့် သဘာဝဂျင်ဆင်းပေါ့။

အမှန်အတိုင်းဆိုရလျှင် သူ့ဘဝမှာဂျင်ဆင်းအကြောင်းအများကြီးကြားဖူးသော်လည်း အရင်ကဂျင်ဆင်းတစ်ခါမှမစားဖူး။ နည်းနည်းတော့အောက်တာပေါ့။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်လာစေလိုက်၏။ ထို့နောက် အတွေးနှင့် ဂိမ်းထဲချက်ချင်းဝင်လိုက်သည်။

ခဏအကြာ ဂျင်ဆင်းခါးနှစ်ပင်နှင့် သူ့မျက်နှာမှာ လုံးဝမယုံနိုင်အောင်ဖြစ်နေသည်။ ကတ်တီဝက်နီးပါးရှိနေ၏။

ဂျင်ဆင်းခါးကို ဒီလောက်ကြီးတာတွေ့ရဖို့ အလွန်ရှားသည်။

သို့သော် သဘာဝဂျင်ဆင်းကိုယူလိုက်သည့်အခါ ချင်လင်အံ့အားသင့်သွား၏။ အရွယ်အစားက မုန်လာဥအလုံးသေးလောက်ရှိပြီး အဓိကပင်စည်နှင့်အမြစ်က တစ်ကတ်တီခန့်ရှိမည်။

သဘာဝဂျင်ဆင်းတစ်ကတ်တီဆိုတာ ဘာအဓိပ္ပါယ်လဲ?

ဒီနေ့မော်ဒန်ခေတ်မှာ ဒီလောက်ကြီးတဲ့သဘာဝဂျင်ဆင်းမျိုးက အရမ်းရှားသွားပြီမလား?

နှစ် ၁၀၀ သက်တမ်းရှိလောက်သည်။

တစ်ခါကသတင်းထဲတွင် နှစ် ၁၀၀ သက်တမ်းရှိသဘာဝဂျင်ဆင်းကို သူဌေးကြီးတစ်ဦးက ယွမ် ၉ သန်းနှင့်ဝယ်သွားသည်ဟု ဖတ်ဖူးသည်။

ဒီပစ္စည်းက သူစနစ်ကိုစသုံးကတည်းက ရခဲ့သောပစ္စည်းများအနက် တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်၏။

ချင်လင်ကချက်ချင်းအာရုံစိုက်ပြီး သဘာဝဂျင်ဆင်း၏အရည်အသွေးကိုကြည့်လိုက်သည်။

(ရှားပါး - သဘာဝဂျင်ဆင်း: အရည်အသွေး ၃)

(သဘာဝဂျင်ဆင်းဖြစ်သည်။ အရေအတွက်နည်းနည်းသာရှိပြီး ဂိမ်းထဲတွင်ရှားပါးပစ္စည်းဖြစ်သည်။ ဤပစ္စည်းအသစ်ပြန်ပေါ်နိုင်စွမ်းမှာ အလွန်နည်း၏။ Zach ကိုရောင်းချလျှင် ရွှေပြားအမြောက်အများရရှိနိုင်သည်။ ဝိုင်စိမ်ရန်အကောင်းဆုံးပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ စိမ်ထားသောဆေးဖက်ဝင်ဝိုင်တွင် အောက်ပါအာနိသင်များရှိမည်:

သြဇာဓာတ်ပြည့်ဝစေခြင်း +၃၊ သရက်ရွက်နှင့်အဆုတ်အားကောင်းစေခြင်း +၃၊ စိတ်ခွန်အားတိုးစေခြင်း +၂... ရင်တုန်ခြင်း - ၁၊ ညအိပ်မပျော်ခြင်းနှင့်သတိမေ့ခြင်း - ၁!)



သဘာဝဂျင်ဆင်း၏အရည်အသွေးများကိုမြင်သောအခါ ချင်လင်အံ့သြသွားသည်။

''ပစ္စည်းအသစ်ပြန်ပေါ်နိုင်စွမ်းအလွန်နည်းသည်''နှင့် ''ရှားပါး''ဟူသော မှတ်ချက်စကားလုံးများအရ ဤပစ္စည်းမှာ ဂိမ်းထဲတွင်တောင် အလွန်ရှားပါးသောပစ္စည်းဖြစ်ကြောင်းသိနိုင်၏။

အဓိကအချက်ကတော့ သူကံကောင်း၍ပင်။ ရှန်းရွှေလက်ဆောင်ဆန်၏မျိုးကူးနှုန်းအလွန်နည်းခြင်းကြောင့် မကြုံကြိုက်ရသော်လည်း အသစ်ပြန်ပေါ်နှုန်းအလွန်နည်းသော ဤရှားပါးသဘာဝဂျင်ဆင်းကိုမူ ကြုံကြိုက်ခဲ့ရသည်။

ဤသည်မှာ တံခါးပိတ်တစ်ချပ်ပိတ်သွားလျှင် နောက်တစ်ဖက်မှာပွင့်လိမ့်မည်ဆိုသည့်သဘောဖြစ်ပုံရ၏။

ထို့အပြင် ဤရှားပါးအရည်အသွေး ၃ ဂျင်ဆင်း၏အာနိသင်များက အံ့သြဖို့ကောင်းသည်။ အာနိသင် ၂၀ နီးနီးရှိ၏။ သို့သော်လည်း +၂ နှင့် +၁ အာနိသင်များပါသေးသည်။ နောက်ပြီး အများစုက +၁ အာနိသင်များဖြစ်၏။

+၂ အာနိသင်က အဓိကအာနိသင်ဖြစ်ပြီး +၁ အာနိသင်က ဖြည့်စွက်အာနိသင်ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဆေးဖက်ဝင်ပင်အတော်များများကို အဓိကအာနိသင်ရော အရံအာနိသင်ပါ အသုံးချနိုင်သည်။

ဤသဘာဝဂျင်ဆင်းအကြောင်း အထင်ကြီးမိဆုံးအချက်မှာ အရည်အသွေး ၃ ရှိနေဆဲဖြစ်သောကြောင့်ပင်။

သူ့အသက်ရှင်နိုင်စွမ်းက ဘယ်လောက်လဲ?

တရုတ်တိုင်းရင်းဆေးသိပ္ပံနည်းအရ အသက်ရှင်နိုင်စွမ်းမှာ လူသားမျိုးနွယ်အတွက်အခြေခံတစ်ရပ်ဖြစ်သည်။

ထို့ကြောင့် ဂျင်ဆင်းက အသက်ရှင်နိုင်စွမ်းကိုပြန်လည်မြှင့်တင်နိုင်သည်ဟူသော ဒဏ္ဍာရီများစွာရှိ၏။

အထူးသဖြင့် နှစ် ၁၀၀ သက်တမ်းကျော်တဲ့ဂျင်ဆင်းက အသက်ရှင်နိုင်စွမ်းကိုပြည့်ဝစေသောအာနိသင်ရှိသည်ဟုဆိုကြသည်။ သေလုဆဲဆဲလူနာ၏ခန္ဓာကိုယ်ကို အသက်ရှင်နိုင်စွမ်းထိထိရောက်ရောက်ပြန်လည်ဖြည့်တင်းပေးပြီး တဖန်ရှင်သန်လာစေ၏။ ထို့ကြောင့် လူ့သက်တမ်းရှည်စေရန် အသုံးပြုနိုင်သည်။

ဒီအကြောင်း ကောလာဟလတွေတောင်ရှိသည်။လောင်းကစားစီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး သေခါနီးအချိန်တွင် ခွဲစိတ်ခံဖို့ခံနိုင်ရည်အားအလုံအလောက်မရှိ၍ သူ့အသက်ရှင်နိုင်စွမ်းကိုပြန်လည်ဖြည့်တင်းရန် ဂျင်ဆင်းနှင့်စိမ်ထားသောဆေးဖက်ဝင်ဝိုင်ကိုတောင် ဝယ်ခဲ့သေးသည်။

ဤသည်က ကောလာဟလသက်သက်ဖြစ်၍ ဘယ်သူမှအမှန်မသိချေ။

သို့သော် ဂိမ်းမှထုတ်သောအရည်အသွေး ၃ သဘာဝဂျင်ဆင်းက ပြန်လည်ဖြည့်တင်းပေးသောအာနိသင်ကောင်းကောင်းရှိပြီး +၃ တောင်ဖြစ်မည်ဟု ချင်လင်သေချာပေါက်ယုံကြည်ထားသည်။

ဤပစ္စည်းက အရေးပေါ်အချိန်မှာ အသက်ကယ်နိုင်မည့်ပစ္စည်းပင်။ ဖြစ်ချင်တော့ ဒီတစ်ခုတည်းသာရှိသည်။ ၁၀ ခုလုံးသာ ဒါမျိုးဖြစ်လိုက်ရင် ဘယ​လောက်ကောင်းမလဲ?

သို့သော် ''ပစ္စည်းအသစ်ပြန်ပေါ်နိုင်စွမ်းအလွန်နည်းသည်''နှင့် ''ရှားပါး''ဟူသော စကားလုံးများအရ သူစိတ်ကူးယဉ်နေမှန်း သူသိသည်။

ထို့နောက် ချင်လင်က တခြားဂျင်ဆင်းခါး ၉ ခုကိုကြည့်လိုက်သည်။

ထိုဂျင်ဆင်းခါး ၉ ခုမှာ စနစ်မှပြန်ပေါ်လာခြင်းဖြစ်သည့်အတွက် အရွယ်အစားက အတူတူ၊ မှတ်ချက်များလည်း အတူတူပင်။

(သဘာဝဂျင်ဆင်းခါး: အရည်အသွေး ၂)

(အထူးသဘာဝဂျင်ဆင်းခါးဖြစ်သည်။ ဝိုင်စိမ်ရန်အကောင်းဆုံးပါဝင်ပစ္စည်းဖြစ်သည်။ စိမ်ထားသောဆေးဖက်ဝင်ဝိုင်တွင် အလွန်ထိရောက်သောဆေးဖက်ဝင်အာနိသင်များရှိသည်: ဝက်ခြံပျောက်စေခြင်း +၂၊ အတွင်းလိပ်ခေါင်းသက်သာစေခြင်း +၂၊ ပြင်ပအနာများနှင့် ကျွံကျခြင်းကိုသက်သာစေခြင်း +၂၊ အပူနှင့်စိုထိုင်းခြင်းကိုဖယ်ရှားပေးခြင်း +၁... နှင်းခူ -၁၊ အနာစိုများ -၁၊ အရေပြားယားယံခြင်း -၁!)

ဤဂျင်ဆင်းခါးထဲတွင် အာနိသင်အများကြီးရှိသေးသည်။ ၁၀ မျိုးကျော်ကျော်ရှိပြီး အများစုက +၁ များဖြစ်၏။

သို့သော် အဓိက +၂ လုပ်ဆောင်ချက်နှစ်ခုကိုတွေ့လျှင် ချင်လင်ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီဂိမ်းစီစဉ်တဲ့သူက တစ်ခုခုတော့မှားနေပြီ။

ဒီဇာတ်အသုံးအဆောင်ပစ္စည်းကိုဖန်တီးတုန်းက အဲဒီလူမှာ လိပ်ခေါင်းများရှိနေသလားဟုတောင် သူသံသယဝင်မိသည်။

လိပ်ခေါင်းသက်သာစေခြင်း +၂၊ အတွင်းလိပ်ခေါင်းသက်သာစေခြင်း +၂၊ ပြင်ပအနာများသက်သာစေခြင်း +၂။ ဒီအရည်အသွေးတွေပေါင်းစပ်လိုက်ရင် ဂိမ်းစီစဉ်သူရဲ့အခြေအနေက တော်တော်လေးပြင်းထန်ပုံရသည်။

ဒီဂျင်ဆင်းခါးတွေကို ဆေးဖက်ဝင်ဝိုင်စိမ်လိုက်ရင်ရော လိပ်ခေါင်းအတွက် အထူးထိရောက်မှုရှိဦးမလား?



All Chapters