အရည်အသွေး ၃ သဘာဝဂျင်ဆင်း ၂
Vol. 13 Ch. 188
ဒါကအတွေးသက်သက်ပင်။ ရှက်စရာကောင်းလိမ့်မည်။
တစ်ဖက်တွင် သူ့သူငယ်ချင်းတစ်ယောက်ယောက် လိပ်ခေါင်းဖြစ်ခဲ့လျှင် ဝိုင်နည်းနည်းပေးနိုင်မည်။
ထို့အပြင် ဝိုင်စိမ်ပြီးလျှင် တချို့တဝက်ကို
အရောင်းစင်တာတွင်လည်းရောင်းနိုင်မည်။ ဒီလိုပစ္စည်းမျိုးကို စျေးကောင်းကောင်းနှင့်ရောင်းနိုင်ပြီး လိုအပ်သူအတော်များများရှိလိမ့်မည်။
ထိုအတွေးနှင့် ချင်လင်က ဂိမ်းကိုဖွင့်ပြီး စတင်တွက်ချက်လိုက်သည်။
ဒီတစ်ကြိမ်တွင် သဘာဝဂျင်ဆင်းတစ်ခုနှင့် ဂျင်ဆင်းခါး ၉ ခုရခဲ့၏။ ဂျင်ဆင်းနှင့်ဝိုင်အချိုးအရ ၁:၁၀ လောက်ရှိသည်။
တစ်နည်းဆိုရလျှင် ဤသဘာဝဂျင်ဆင်းကို ဝိုင် ၁၀ ကတ်တီနှင့်သာစိမ်နိုင်၏။ နောင်တွင် ဂိမ်းထဲ၌ သဘာဝဂျင်ဆင်းအသစ်ထပ်မထွက်လျှင် ဤ ၁၀ ကတ်တီသာရမည်။
သူစိတ်မကျေနပ်သော်လည်း ဆေးဖက်ဝင်ဝိုင် ၁၀ နှင့်ပင်လျှင် မရေမတွက်နိုင်သောလူချမ်းသာများကို ရူးသွပ်သွားစေနိုင်မှန်း ချင်လင်သိထားသည်။
ဂျင်ဆင်းခါး ၉ ခုကိုမူ ဆေးဖက်ဝင်ဝိုင် ၄၅ ကတ်တီနှင့်စိမ်နိုင်၏။
ဒီတစ်ကြိမ်တွင် ချင်လင်က ဝိုင်ဖြူဝယ်ဖို့ အလျင်မလိုတော့။ အကြောင်းမှာ စီရင်စု၏ဝိုင်လုပ်ငန်းကို သင်ယူတော့မည်ဖြစ်သောကြောင့်ပင်။ အချိန်ကျလျှင် စီရင်စု၏ဝိုင်သိုလှောင်ခန်းဟောင်းကိုရပြီး သဘာဝရနံ့နှင့်အရသာကောင်းရှိသောဝိုင်ဖြူတချို့လုပ်နိုင်တော့မည်။
ဒီလိုအခြေအနေနဲ့ အပြင်သွားပြီး သာမန်ဝိုင်ဖြူဝယ်ဖြစ်တော့မည်မဟုတ်။ မဟုတ်ရင် ဒီသဘာဝဂျင်ဆင်းကို နည်းနည်းအလေးမထားရာကျနေမည်။
ဆန္ဒရှိရင် အမှန်တကယ်ဖြစ်လာနိုင်တယ်ဆိုသော ဆိုရိုးရှိသည်။ နေ့လယ်မတိုင်ခင် ချန်လီက စာဖိုင်တစ်ခုကိုင်ပြီး လူတချို့နှင့်အတူ တံခါးပေါက်ဝရောက်လာ၏။ သူ့ရည်ရွယ်ချက်က ဝိုင်လုပ်ငန်းကိစ္စဖြေရှင်းရန်ပင်။

စီရင်စုက လုပ်ငန်းရဲ့ဝန်ထုပ်ဝန်ပိုးကို အလောတကြီးခါထုတ်ချင်ပြီလား? လေ့လာသိုမှီးမယ့်သူ့ထက်ပိုပြီးတော့လေ။
ချန်လီက ချင်လင်ကိုမြင်လျှင် သူ့လက်ထဲကစာဖိုင်ကိုလှမ်းပေးလိုက်ပြီး_ ''သူဌေးချင်... ဝိုင်လုပ်ငန်းအတွက် လုပ်ငန်းစဉ်တချို့တော့ ပြီးသွားပါပြီ... ဒီစာဖိုင်နဲ့စာချုပ်တွေကို တစ်ချက်ကြည့်လိုက်ပါဦး... လက်မှတ်ထိုးလိုက်ရုံပါပဲ... ဒီလူတွေက မှတ်တမ်းယူလိမ့်မယ်''
......
ချင်လင်က အချက်အလက်များကိုယူပြီး ကြည့်လိုက်သည်။ ခဏအကြာ သူကချန်လီကို အံ့သြစွာနှင့်ကြည့်လိုက်ပြီး_ ''အကြီးအကဲချန်... ဒီစာချုပ်က တစ်ခုခုမှားနေတယ်ထင်တယ်... ဘာလို့ ဝိုင်သိုလှောင်ခန်းကိုပဲရောင်းတာလဲ?''
ဝိုင်လုပ်ငန်းမှာ စီရင်စုလုပ်ငန်းဖြစ်သည်။ တန်ဖိုးဖြတ်ထားသည့်အထဲတွင် ဝိုင်သိုလှောင်ခန်းသက်သက်မဟုတ်၊ တခြားကဏ္ဍတန်ဖိုးများလည်းပါ၏။
ဒီဝိုင်သိုလှောင်ခန်းရဲ့တန်ဖိုးက နည်းနည်းနိမ့်ရုံသာမက ယုတ္တိလည်းမရှိပေ။
ချန်လီက ထိုစကားကြားလျှင် သက်ပြင်းချပြီး ရှင်းပြလိုက်သည်_ ''ဆရာကျန်းပြောတာ မှန်တယ်... ဝိုင်လုပ်ငန်းရဲ့စီမံရေးပိုင်းက တကယ်နည်းနည်းရှုပ်ထွေးတယ်... စီရင်စုက ဒီပြဿနာကိုဖြေရှင်းဖို့ အချိန်ယူရလိမ့်မယ်... တချိူ့ကွက်လပ်တွေကိုဖြည့်ဖို့ အချိန်ကြာဦးမယ်''
''အဲဒါကြောင့် စီရင်စုက ဝိုင်သိုလှောင်ခန်းနဲ့လုပ်ငန်းမြေပိုင်ဆိုင်ခွင့်ကိုခွဲခြားပြီး ချင်းလင်စံအိမ်ကိုရောင်းရတာပဲ... ပြီးရင် ဝိုင်လုပ်ငန်းကို ဒေဝါလီခံမယ်လို့ ကြေညာမယ်... ဒီနည်းနဲ့ လုပ်ငန်းစဉ်ကို တစ်ပတ်အတွင်းမှာ အပြီးသတ်နိုင်လိမ့်မယ်''
ချန်လီက ခရေစေ့တွင်းကျမပြောပြသော်လည်း ချင်လင်သဘောပေါက်သည်။
တစ်နည်းပြောရရင် ဒီလူတွေက တကယ့်အာပလာတွေ။
သို့သော်လည်း ချန်လီရှေ့မှာ သူ့ဖုန်းထုတ်လိုက်ပြီး အချက်အလက်နှင့်စာချုပ်ကို ဓာတ်ပုံရိုက်ယူလိုက်သည်။ ထို့နောက် Wechat တွင် စီနီယာအစ်ကိုချူကိုရှာပြီးပို့လိုက်ကာ_ ''စီနီယာအစ်ကိုချူကို ဒုက္ခပေးရဦးမယ်... ဒီစာချုပ်လေးတစ်ချက်ကြည့်ပေးပါဦး''
တစ်ချိန်တည်းမှာ သူက ယွမ် ၅၀၀၀ ပါလွှဲပေးလိုက်သည်။
ခဏအကြာ စီနီယာအစ်ကိုချူလည်း စာပြန်လာ၏_ ''ချင်လင်... မင်းရဲ့စီးပွားရေးက ကြီးသထက်ကြီးလာပါလား... မင်းစီရင်စုရဲ့ဝိုင်လုပ်ငန်းကို ဝယ်တော့မှာပေါ့လေ... လေးစားတယ်ကွာ''
ချင်လင်စာပြန်လိုက်သည်_ ''စီနီယာအစ်ကိုချူ... အားနာလိုက်တာ... ကိစ္စသေးသေးလေးပါ''
စီနီယာအစ်ကိုချူက အံ့အားသင့်သည့်ပုံပို့လိုက်ပြီး_ ''ငြင်းနေသေးတာလား? တက္ကသိုလ်အသင်းကကျောင်းသားတွေ ဘယ်လိုခံစားရမလဲ?''
''မင်းရဲ့စံအိမ်နဲ့အစားအသောက်ကုမ္ပဏီကို ငါဖြေရှင်းပေးပြီးသွားပြီ... မကြာခင် မင်းရဲ့တရားဝင်ပြဿနာတွေဖြေရှင်းဖို့ ကျွမ်းကျင်ရှေ့နေတစ်ယောက်လိုမယ်လို့ ငါထင်တယ်... ငါတို့ရဲ့စွမ်းအားဥပဒေကုမ္ပဏီကိုရော ဘယ်လိုသဘောရလဲ?''
ချင်လင်က ခဏတွေးကြည့်လိုက်ပြီး ချက်ချင်းစာပြန်လိုက်သည်_ ''စီနီယာအစ်ကိုချူ... အချိန်တန်ရင်တော့ အစ်ကို့ကို သေချာပေါက်လာရှာမှာပါ''
စီနီယာအစ်ကိုချူက ပြုံးနေသောပုံပို့ပြီး စာပြန်လိုက်သည်_ ''ဒါဆို အဲဒီကိစ္စပြီးပြီ... အခုစာချုပ်ကြည့်လိုက်ဦးမယ်''
သိပ်မကြာမီ_
စီနီယာအစ်ကိုချူက စာပြန်လာ၏။

စီရင်စုကပေးသောစာချုပ်မှာ ဘာပြဿနာမှမရှိ။ မြှုပ်ကွက်အန္တရာယ်မရှိပေ။ ရိုးသားမှုကိုတွေ့နိုင်သည်။
ထိုစာကြောင့် ချင်လင်ကတုံ့ဆိုင်းမနေဘဲ စာချုပ်ကိုလက်မှတ်တန်းထိုးလိုက်၏။ ထို့နောက် ချန်လီနှင့်အတူ လုပ်ငန်းနှင့်စီးပွားရေးဌာနတွင် နေ့ဝက်ခန့်အချိန်ကုန်သွားသည်။ နောက်ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ရန် နောက်ထပ်သုံးရက်အချိန်ကုန်ဦးမည်။
သို့သော် ဒီအချိန်တွင် ဝိုင်လုပ်ငန်းကိုအကောင်အထည်ဖော်ခွင့် ချင်လင်မှာရှိသည်။
ချင်လင်စံအိမ်ပြန်ရောက်သောအခါ လီရှင်းကချက်ချင်းသူ့ကိုလာရှာကာ_ ''သူဌေးချင်... စံအိမ်မှာကြားရတာ ခင်ဗျား အကြီးအကဲချန်နဲ့ထွက်သွားတာဆို... စာရွက်စာတမ်းတွေလက်မှတ်ထိုးပြီးပြီလား?''
ချင်လင်ကပြုံးပြီး_ ''ကြည့်ရတာ လူကြီးမင်းလီလည်း ဝိုင်သိုလှောင်ကိုကြည့်ဖို့ စိတ်လောနေတယ်ထင်တယ်''
လီရှင်းကမငြင်း။ သူကပြုံး၍_ ''အရေးကြီးတာပေါ့... ရုံချန်းစီရင်စုကတွေ့သွားပြီး ခင်ဗျားကိုစျေးမြှင့်လိုက်မှာသာမစိုးရင် အဲဒီတုန်းကပြောမှာပေါ့''
ချင်လင်က ထိုစကားကြားလျှင်ပြုံးလိုက်ပြီး လီရှင်းကို ဝိုင်လုပ်ငန်းဆီခေါ်သွားသည်။
စီရင်စုနှင့်စာချုပ်တွင် ဆရာကျန်းအပါအဝင် ဝိုင်လုပ်ငန်းမှဆရာများ ချန်ထားခဲ့မည်တဲ့။
သို့သော် လီရှင်းစကားကိုကြားပြီးလျှင် ဆရာကျန်းဘာဖြစ်နေသည်၊ ဝိုင်လုပ်ငန်းမှာ ဘာဖွက်ထားသည်ကို သူအဖြေရှာချင်လာ၏။
သူသာအဖြေမရှာရင် ဒီလူက သစ္စာရှိလား သစ္စာမဲ့လားဆိုတာ ဘယ်သူသိမှာလဲ?
ချင်လင်က လီရှင်းနှင့်အတူထွက်လာပြီး ဝိုင်လုပ်ငန်းတွင်ကားရပ်လိုက်ရာ ဆရာကျန်းနှင့်သူ့လူများ ရေလှောင်ကန်၏ရေသွယ်ပေါက်ကို ညှိနေကြသည်ကိုတွေ့သဖြင့် သူအံ့သြသွားသည်။
''သူဌေးချင်!'' ဆရာကျန်းက ချင်လင်ကိုတွေ့လျှင် အံ့သြသွားပုံနှင့် ရှေ့တိုးလာ၏။
''ဆရာကျန်း... ထပ်ဆုံကြပြန်ပြီနော်'' ချင်လင်က သူ့ကိုမြင်သွားမှန်းသိ၍ ဆရာကျန်းကိုနှုတ်ဆက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိုင်သိုလှောင်ခန်းအကြောင်း ဘယ်လိုမေးရမလဲဟု စဉ်းစားလိုက်၏။
ဘာပဲဖြစ်ဖြစ် ဆရာကျန်းသစ္စာရှိမရှိ သူမသိ၍ တိုက်ရိုက်ကြီးမေးလို့တော့မဖြစ်။
သို့သော် ဆရာကျန်းကအရင်မေးလာသဖြင့် သူအံ့သြမိသည်_ ''သူဌေးချင်... ရောက်လာပြန်ပြီနော်... စီရင်စုနဲ့ လက်မှတ်ထိုးပြီးသွားပြီလား?''
''အင်း... ကျွန်တော်ထိုးပြီးသွားပြီ'' ချင်လင်ကခေါင်းညိမ့်ပြီး ဘာမှထိမ်ချန်မထား။
''ထိုးပြီးပြီပေါ့... ကောင်းလိုက်တာ!'' ဆရာကျန်းက ထိုသတင်းကြားလျှင် သူ့မျက်နှာတစ်ခုလုံးဝင်းထိန်သွားသည်။ သူကချက်ချင်း လုပ်ငန်းအတွင်းဘက်ပြေးဝင်သွားပြီး တခြားဆရာများကိုအော်လိုက်၏_ ''အားလုံးပဲ ဒီနေ့အလုပ်ဆင်းလို့ရပြီ... သူဌေးချင်က ဝိုင်လုပ်ငန်းကိုဝယ်ပြီး အားလုံးကိုခဏအနားပေးလိုက်ပြီ... နောက်ကျရင် ဝိုင်လုပ်ဖို့ပစ္စည်းအသစ်တွေ သူဝယ်ပေးမှာ... ဒီအမှိုက်လိုဟာတွေ ထပ်မသုံးနဲ့တော့''
ထိုစကားကြားလျှင် ဆရာများကရပ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လမ်းလျှောက်ထွက်သွားသည်။ ချင်လင်ကနှုတ်ဆက်ပြီး တစ်ခုခုမေးချင်သည့်ပုံကိုမြင်လျှင် ဆရာကျန်းက ချက်ချင်းလှုံ့ဆော်လိုက်၏_ ''မြန်မြန်သွား... သူဌေးချင်ကိုမနှောင့်ယှက်နဲ့... မဟုတ်ရင် မင်းကိုအလုပ်ထုတ်ပစ်မယ်''
ဆရာကျန်းမှာ ထိုဝိုင်လုပ်သူများ၏မျက်လုံးထဲတွင် အလွန်သြဇာရှိနေဆဲ။ သူတို့ကဆက်မနေတော့ဘဲ မော်တော်ဆိုင်ကယ်များတန်းစီးကာ တောင်အောက်ဆင်းသွားကြသည်။
ဆရာကျန်းဘာတွေလုပ်နေသည်ကို ချင်လင်မမှန်းနိုင်သော်လည်း ထိုမြင်ကွင်းကိုမြင်လျှင် သူကမျက်မှောင်ကြုတ်လိုက်ပြီး_ ''ဆရာကြီးတွေ ဆိုင်ကယ်ကိုဒီလိုစီးတာ အန္တရာယ်များတယ်... ဝိုင်လုပ်ငန်းပြီးပြီဆိုရင် သူတို့ကိုတောင်အောက်ပို့ဖို့ သီးသန့်ကားတစ်စီးရှာပါ!''
''ကျုပ်တို့ သူဌေးကောင်းနဲ့ဆုံရတာပဲ'' ထိုစကားကြားလျှင် ဆရာကျန်းအလွန်ပျော်သွားပုံရသည်။ ထို့နောက် သူကချင်လင်ကို ဝိုင်သိုလှောင်ခန်းထဲ ဆွဲခေါ်သွားကာ_ ''သူဌေးချင်... ခင်ဗျားလက်မှတ်ထိုးပြီးပြီဆိုမှတော့ စီရင်စုက သူတို့စကားကိုပြန်ရုတ်သိမ်းလို့မရတော့ဘူး ဟုတ်တယ်မလား? ခင်ဗျားကို နေရာကောင်းပြစရာရှိတယ်''
ထိုသို့ပြောပြီး သူကထူးထူးဆန်းဆန်းပြုံးကာ_ ''သူဌေးချင်က ဝိုင်အကြောင်းနားလည်တဲ့သူပဲ... အရင်က သက်တမ်းရင့်ဝိုင်သောက်ဖူးမှာပေါ့ ဟုတ်တယ်မလား? ဒီနေ့ ခင်ဗျားကို ကျုပ်တို့ဝိုင်လုပ်ငန်းရဲ့သက်တမ်းရင့်ဝိုင်ပေးမြည်းမယ်''
ထိုစကားကြားသည်နှင့် ချင်လင်က လီရှင်းကိုသတိလက်လွတ်ကြည့်လိုက်မိပြီး သူဆိုလိုသည့်အဓိပ္ပါယ်ကိုချက်ချင်းသဘောပေါက်သွားလေသည်။