နှစ် ၃၀ သက်တမ်းရင့်ဝိုင်! ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမသိတာ ဘယ်သူလဲ? ၂
Vol. 13 Ch. 190
ထိုစကားကြားလျှင် ချင်လင်မှာ လုံးဝစိတ်သက်သာရာရသွားသည်။ သူက_ ''လူကြီးမင်းလီ... အရင်ဆုံး ဝိုင်တွေတစ်ချက်ကြည့်ရအောင်လေ''
''ခင်ဗျားဒီလိုပြောမှာကို စောင့်နေတာ'' လီရှင်းက ချက်ချင်းဆိုသလို ထောင့်နားက ဝိုင်ပုလင်း ၁၀ လုံးနားလျှောက်သွားလိုက်သည်။
ထိုဝိုင်ပုလင်း ၁၀ လောက်က သက်တမ်းအရင့်ဆုံးဆိုတာ သိသာနေသည်။ ဆရာကျန်းပြောပုံအရ အဲဒီကာလအတွင်းက ဘာမှမဖြစ်သေးခင် သူတို့ဝိုင်လုပ်ငန်းထဲရွှေ့လာပုံရသည်။
လီရှင်းက ဝိုင်ပုလင်းကြီး ၁၀ ပုလင်းကိုမငှဲ့ခင် စစ်ဆေးကြည့်လိုက်၏။ ရွှံ့ပိတ်က ပြည့်စုံသည်။ သူတို့မဖွင့်ထားမှန်းသိသာ၏။ သူကရွှံ့ပိတ်ကိုစစ်ဆေးကြည့်ပြီး ဂရုတစိုက်ခေါက်ကာ အဖုံးဖွင့်လိုက်သည်။
ခဏအကြာ အထဲမှအနံ့တစ်မျိုးရလိုက်၍ သက်ပြင်းချကာ_ ''အသုံးမဝင်တော့ဘူး!''
အလေအလွင့်ဖြစ်သွားသောဝိုင်က အနံ့ဆိုးလေ့ရှိသည်။ ဆက်ပြီးစစ်ဆေးကြည့်ရန် မလိုတော့။
လီရှင်းက ဒုတိယပုလင်းကိုဆက်ဖွင့်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူကမျက်မှောင်ကြုတ်ကာ_ ''ဒါလည်း အသုံးမဝင်ဘူး"
ဒါကလည်း အယ်လ်ကိုဟောအလေအလွင့်ဖြစ်နှုန်းအလွန်မြင့်၍ သူ့ကိုအနံ့ဆိုးဆိုးပေးနေသည်။ ဒီ ၁၀ ပုလင်းက အလွန်သက်တမ်းရင့်နေပြီ။ အဲဒီအချိန်သိုလှောင်မှုအခြေအနေအရ အလေအလွင့်ဖြစ်နှုန်းက ၁၀၀ % ရှိ၏။
ထင်ထားသည့်အတိုင်း လီရှင်းက ဝိုင် ၁၀ ပုလင်းလုံးကိုဖွင့်ပြီးသည့်အခါ အားလုံးကအလေအလွင့်တွေချည်း။
ထို့နောက်သူက တခြားဝိုင်ပုလင်းဟောင်းများကို ကြည့်လိုက်သည်။

ဆရာကျန်းပြောပုံအရ ဝိုင်သိုလှောင်ခန်းထဲက ဝိုင်တချို့တဝက်ကို သူ့ဆရာထားခဲ့တာဆိုတော့ နှစ်တူမည်မဟုတ်။ တစ်ဖက်က ဆရာကျန်းနှစ်တိုင်းထားခဲ့သောအခြမ်းဖြစ်ပြီး နှစ်တွေလည်းမတူပေ။
အလဟဿဖြစ်သွားသောဝိုင်တွေတစ်ပုံကြီးတွေ့ပြီးနောက် လီရှင်းမှာ ခဲလေသမျှသဲရေကျရတော့သည်။ ထင်ထားသည့်အတိုင်း သက်တမ်းရင့်ဝိုင်တချို့က အလေအလွင့်ဝိုင်များဖြစ်နေဆဲ။
''ဟင်း... ဘာလို့အားလုံးက အသုံးမဝင်တာချည်းဖြစ်နေတာလဲ?'' ဆရာကျန်းက အလေအလွင့်ဖြစ်သွားသောဝိုင်ပုလင်းများကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
......
လီရှင်းက ဝိုင်ပုလင်းတစ်လုံးဆီလျှောက်သွားလိုက်သည်။ ဒီတစ်ကြိမ်တွင် ထိုပုလင်းကိုဖွင့်ပြီးသောအခါ သူကရုတ်တရက်အံ့သြသွားပုံနှင့်_ ''အာ... ဒီဝိုင်က အနံ့ကောင်းတယ်''
သူက ဝိုင်ပုလင်းနှုတ်ခမ်းနားကပ်ပြီး အနံ့ရအောင် သူ့လက်ဝါးနှင့် ယပ်ခတ်လိုက်သည်။ ထို့နောက် သူကလက်လှမ်းပြီး ဝိုင်ထဲလက်ညိုးနည်းနည်းနှစ်လိုက်ကာ ပါးစပ်ထဲထည့်ကြည့်သည်။ ခဏအကြာ သူက_ ''နှစ် ၃၀ သက်တမ်းရှိတဲ့ဝိုင်ပဲ... မူလဝိုင်က ၆၀° ကျော်တယ်... သောက်မယ်ဆို ရောဖို့တော့လိုတယ်''
''ဝိုင်နဲ့ရောမွှေတဲ့ကိရိယာတွေယူခဲ့မယ်'' ဆရာကျန်းက ချက်ချင်းပြေးထွက်သွားသည်။
လီရှင်းက အလျင်စလိုလှမ်းအော်လိုက်၏_ ''ဒါကိုရောဖို့ ဒီဝိုင်လုပ်ငန်းက အညံ့စားဝိုင်တွေမသုံးနဲ့... အလကားပဲ''
ဒီတော့မှ ဆရာကျန်းလည်း ဝိုင်လုပ်ငန်းကဝိုင်မှာ ဘာနဲ့တူလဲသတိရသွားပြီး ချက်ချင်းရပ်လိုက်သည်။
ချင်လင်က လီရှင်း၏စကားကိုကြားလျှင် သူ့မျက်လုံးများအရောင်တောက်သွား၏။
နှစ် ၃၀ သက်တမ်းရှိတဲ့ ဘယ်လောက်တန်မလဲ?
နှစ် ၃၀ မောက်ထိုက်ဝိုင်တွေက မတူညီသောအတန်းအစားတစ်ခုပင်။ ၅၀၀ မီလီလီတာတစ်ပုလင်းကို ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ ကြား တန်ဖိုးရှိသည်။
ဒီလိုမောက်ထိုက်မျိုးကိုဝယ်ရဖို့တောင် အလွန်ခက်၏။
ချင်းလင်ဆေးဖက်ဝင်ဝိုင်ရဲ့ဂုဏ်သတင်းနဲ့ဆို ဒီနှစ် ၃၀ ဝိုင်ပေါ်မှာ 'ချင်းလင်ဝိုင်'လို့တပ်လိုက်ရင် အရမ်းစျေးပေါရာမကျတော့ဘူး ဟုတ်တယ်မလား?
အဓိကအချက်မှာ အယ်လ်ကိုဟောအများကြီးရောစပ်နိုင်ခြင်းပင်။
ဒါကိုဝိုင်စိမ်ဖို့သုံးရင် ဆေးဖက်ဝင်ဝိုင်က ဘယ်လောက်တန်သွားမလဲ?
အရေးကြီးတာက ဒီလိုသက်တမ်းရှိတဲ့ဝိုင်တွေ သူ့ဆီမှာရှိတဲ့သတင်းသာပြန့်သွားရင် နောင်မှာ သက်တမ်းရင့်ဝိုင်တချို့ကို သူထုတ်ယူလာနိုင်ပြီ။ ဒါအကောင်းဆုံးအကာအကွယ်ဖြစ်သည်။ ဘယ်သူမှ ဒီအကြောင်းသိပ်တွေးတော့မည်မဟုတ်ပေ။
သို့သော် လီရှင်းက ဆရာကျန်း၏ဆရာထည့်ထားသောဝိုင်ပုလင်းအားလုံးကို ဖွင့်ပြီးသွားလေပြီ။

ဆရာကျန်း ဒီဝိုင်သိုလှောင်ခန်းကိုတွေ့တာ မကြာသေး။ ၁၀ နှစ်ကျော်ကျော်လောက်သာရှိဦးမည်။ သူထည့်ထားသောဝိုင်များကို ဖွင့်ကြည့်ရန်မလိုတော့ချေ။ အခုဖွင့်လျှင်အလေအလွင့်ဖြစ်ဦးမည်။ သက်တမ်းလုံလုံလောက်လောက်ရှိလျှင် နှစ်တိုင်း တစ်သုတ်တည်းပေါင်းသွားမည်။
နောင်မှာ သူဆက်ပြီး နှစ်တိုင်းတစ်သုတ်ချင်းထည့်သွားမည်။
နောက်ဆုံး ဝိုင်အများစုက အလေအလွင့်တွေဖြစ်နေဆဲ။ သို့သော် ဝိုင်ကောင်းတချို့တော့ရခဲ့သည်။ နှစ် ၃၀၊ နှစ် ၂၅ နှင့် နှစ် ၂၀ သုံးပုလင်းဖြစ်သည်။ အားလုံးက မူလလက်ဟောင်းဝိုင်များဖြစ်ကြ၏။
ဝိုင်ပုလင်းများက သိပ်မကြီး။ တစ်လုံးတစ်လုံးကို ကတ်တီ ၂၀၀ လောက်ရှိသည်။
တစ်နည်းဆိုရလျှင် နှစ် ၃၀ ဝိုင် ၂၀၀ ကတ်တီ၊ နှစ် ၂၅ ဝိုင် ၄၀၀ ကတ်တီနှင့် နှစ် ၂၀ ဝိုင် ၆၀၀ ကတ်တီရသည်။
ဒါတွေအားလုံးပေါင်းလိုက်ရင် တန်ဖိုးအလွန်မြင့်သွားမည်။ စီရင်စုသာ ဒီအကြောင်းသိရင် အပြစ်တင်ခံနေရတဲ့ကောင်တွေ ပိုပြီးရင်ထုမနာဖြစ်ဦးမည်။
သူမသိသေးတာက ဆရာကျန်းရဲ့ဆရာက ဘာလို့ဘာမှမပြောဘဲ ဒီထဲမှာဝိုင်တွေသိမ်းထားတာလဲ။
ဘယ်လိုပဲဖြစ်ဖြစ် ချင်လင်တို့သုံးယောက် အချိန်အတော်ကြာအောင် ဒီမေးခွန်းကိုအဖြေမထုတ်နိုင်။
သို့သော်လည်း လူတွေမှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့အပြုအမူတွေ စွဲလမ်းမှုတွေက ရှိတတ်စမြဲပင်။
လီရှင်းကလည်း ဝိုင်တွေလုပ်ပြီး သူ့ခြံထဲမှုမြှုပ်ထားသော တောင်သူကြီးတစ်ယောက်အကြောင်း ပြောပြသည်။
တောင်သူကြီးက သူဘာကြောင့်ဝိုင်တွေမြှုပ်လဲ သူမသိ။ သူကနှစ်တိုင်း တချို့တလေမြှုပ်ထားချင်စိတ်ကြောင့်သာ။ အဓိကအချက်မှာ သူ့အလုံပိတ်စွမ်းရည်က အလွန်ကောင်းခြင်းပင်။
နှစ် ၂၀ ကြာသော် ဝိုင်ကတန်ဖိုးအများကြီးတက်လာသည်။ နောက်ပိုင်း ထိုတောင်သူကြီးက ဝိုင်တွေရောင်းပြီး ထိုပိုက်ဆံများနှင့် ဝိုင်လုပ်ငန်းဖွင့်လိုက်၏။ ထို့နောက် ယခုထိုဝိုင်လုပ်ငန်းမှာ နာမည်ကျော်ဘရန်းစာရင်းဝင်သည်အထိ တိုးတက်လာသည်။
ထိုအချိန်တွင် ဆရာကျန်းက_ ''သူဌေး... ဒီဝိုင်တွေကို ပြင်ဆင်ပြီးမှအသုံးချနိုင်မှာ''
အရက်ပါဝင်မှုနှုန်းအလွန်မြင့်၍ တိုက်ရိုက်သောက်ရန်မသင့်တော်။ အရက်ပါဝင်မှုပမာဏကိုလျှော့ချရန် ပြင်ဆင်မှုလိုအပ်သဖြင့် ရေသန့်သန့်နှင့်တိုက်ရိုက်ရောစပ်နိုင်သည်။ အတွေ့အထိနှင့်အရသာက အလွန်ကွာခြားလိမ့်မည်။
ရောပြီးလျှင် မူလဝိုင်၏အရက်ပါဝင်မှုနှုန်းလျော့ကျသွားပြီး ပမာဏတိုးလာမည်။ တစ်နည်းဆိုရလျှင် ရောပြီးဝိုင်ပမာဏက လက်ရှိပမာဏထက်အများကြီးကျော်လွန်သွားမည်။
ထိုအချိန်တွင် လီရှင်းကအလျင်စလိုပြောလိုက်သည်_ ''သူဌေးချင်... ခင်ဗျားကို ဒီဝိုင်တွေကူရောပေးမယ်... ခင်ဗျား ဒီဝိုင်တွေသုံးပြီး ဆေးဖက်ဝင်ဝိုင်စိမ်ရင် ငွေအဆင့်ရှိလောက်တယ်မလား? ကျွန်တော့်ကို အရင်ဆုံးနှစ်ပုလင်းပေး''
''လေးပုလင်းပေးမယ်'' ချင်လင်က ချက်ချင်းပြောလိုက်သည်။
စနစ်ရှိရင် ကြေးညို၊ ငွေအဆင့်ဝိုင်ဆိုတာတွေက သူ့အတွက်ပြဿနာမဟုတ်။ သို့သော် ကိုယ်တိုင်ရောစပ်ရမည့်လီရှင်းအတွက်တော့ မတူပေ။
လီရှင်း၏ဝိုင်သုတေသနလုပ်ပုံက အလွန်ကောင်းသည်မှာအသေအချာ။ သူရောစပ်တဲ့ဝိုင်က ဝိုင်အနံ့နှင့်အတွေ့အထိကို သေချာပေါက်ထိန်းထားနိုင်မည်။ သူဒီဝိုင်ကိုသုံးပြီး ဝိုင်စိမ်လျှင် ဆေးဖက်ဝင်ဝိုင်၏အရည်အသွေးက ပိုကောင်းလာဦးမည်။
''အလုပ်ဖြစ်ပြီ'' လီရှင်းကတုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းကိုင်၍ခေါ်လိုက်သည်။
သူကအမှန်ပင် ဒီသက်တမ်းရင့်ဝိုင်များကိုရောစပ်ရန် စိတ်အားထက်သန်နေသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက်ရှားရှားပါးပါးအခွင့်အရေးလေ။
ဖုန်းဝင်ဝင်ချင်း လီရှင်းက_ ''ဥက္ကဌကျွမ်... ကျွန်တော်ပါ''