← Chapters

လိပ်ခေါင်းကုသခြင်း! ဇိမ်မကျလွန်းဘူးလား? ၂

Vol. 13 Ch. 193

လိပ်ခေါင်းကုသခြင်း! ဇိမ်မကျလွန်းဘူးလား? ၂

Vol. 13 Ch. 193

ချင်လင်ခွင့်ပြုသည်နှင့် ကျွမ်ရွေ့က ဝိုင်သိုလှောင်ခန်းကို ဓာတ်ပုံတစ်စုံစာရိုက်ပြီး Wechat တွင်တင်လိုက်သည်။ သူရေးလိုက်သောခေါင်းစဉ်မှာ: ''ချင်းလင်စံအိမ်ရဲ့ နှစ် ၆၀ သက်တမ်းရှိ ဝိုင်သိုလှောင်ခန်း... အရမ်းအားကျတာပဲ... တကယ်ခံစားကြည့်ချင်တယ်''

ကျွမ်ရွေ့က ဓာတ်ပုံများနှင့် အမြတ်ထုတ်ခြင်းမဟုတ်။

ဓာတ်ပုံအမြတ်ထုတ်ခြင်းဆိုသည်မှာ ပုံတချို့တင်ပြီးနောက် ဓာတ်ပုံထဲမှပစ္စည်းတွေက သူတို့နှင့်သက်ဆိုင်သလိုလို လူအထင်လွဲအောင် လမ်းကြောင်းသည့်ခေါင်းစဉ်များရေးသားခြင်းဖြစ်သည်။

ဥပမာ ဇိမ်ခံကားဓာတ်ပုံများရိုက်ယူပြီး သူများကားကို ကိုယ့် Wechat အခိုက်အတန့်များတွင်တင်ပြီး ကိုယ့်ကားဟုအများအထင်အောင် လမ်းကြောင်းသောစာများရေးခြင်းဖြစ်၏။

ဤသည်က အနိမ့်စားဓာတ်ပုံအမြတ်ထုတ်ခြင်းသာရှိသေးသည်။ အမြင့်စားဓာတ်ပုံအမြတ်ထုတ်ခြင်းမှာ မာယွင်၏ဓာတ်ပုံကိုရိုက်ယူပြီး သူတို့အခိုက်အတန့်များတွင်တင်ကာ မာယွင်နှင့်သိသလိုလိုအထင်လွဲအောင်ရေးသားပြီး ယွမ်သန်းချီလိမ်လည်ကြခြင်းမျိုးဖြစ်သည်။

ဆရာကျန်းက မနေ့ကဖွင့်ထားသော နှစ် ၃၀၊ ၂၅၊ ၂၀ သက်တမ်းရှိသောဝိုင်များကို ယူလာသည်။ ရောစပ်ကိရိယာများရှေ့တွင် သူကသေသေချာချာထားလိုက်၏။

''ဆရာကျန်း... ရောစပ်မယ့်ဝိုင်ယူလာခဲ့ပါ'' လီရှင်းက ဆရာကျန်းကိုညွှန်ကြားလိုက်ပြီး ဝိုင်ပုလင်းများရှေ့ ငုတ်တုပ်ထိုင်ချကာ ဂရုတစိုက်ပြန်ဖွင့်လိုက်သည်။

ကျွမ်ရွေ့က သူကိုယ်တိုင်လာရခြင်းမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်း စူးစမ်းချင်၍ပင်။ သူကချက်ချင်း လီရှင်းဘေးနားရောက်လာပြီး_ ''သခင်လေးလီကိုယ်တိုင် မူလဝိုင်ကိုရောစပ်မှာ မြင်ရခဲလိုက်တာ... ဒီဝိုင်က သက်တမ်းတော်တော်ရနေပြီ ဟုတ်တယ်မလား?''

လီရှင်းကစလိုက်သည်_ ''အားလုံးက သက်တမ်းရင့်ဝိုင်တွေပဲ... ဒီပုလင်းက နှစ် ၃၀... ခင်ဗျားလည်း ဒီဝိုင်မျိုးရှာနိုင်ရင် ကျွန်တော်ကိုယ်တိုင်စပ်ပေးမယ်''

ကျွမ်ရွေ့က ထိုစကားကြားလျှင် မတတ်သာပုံနှင့်_ ''ဒီလိုဖြစ်လာဖို့ နှစ် ၂၀ လောက်စောင့်ရလိမ့်မယ်''

ဟာသပဲ။ နှစ် ၃၀ သက်တမ်းရှိတဲ့ဝိုင်ကို ဒီလောက်လွယ်လွယ်နဲ့ ရပါ့မလား? ဒီလိုသက်တမ်းရှိတဲ့ဝိုင်ကိုရထားတဲ့ ဘယ်ကုမ္ပဏီမဆို အစောကြီးကတည်းက ကြေညာပြီးပြီပေါ့။ တခြားကုမ္ပဏီကိုရောင်းလိုက်ဖို့မဖြစ်နိုင်။

နှစ် ၃၀ သက်တမ်းရှိတဲ့ဘရန်းအဟောင်းတွေတောင် ရှားသွားပြီ။ သူတို့ကို စျေးကွက်မှထွက်ထွက်ချင်း အခြေခံအားဖြင့် ခွဲခြားထားသည်။



သူတို့ဟန်ကျွမ်ဝိုင်ကုမ္ပဏီက တိုးတက်လာတာ သိပ်မကြာသေး။ အလယ်အလတ်အဆင့်ဝိုင်တွေကို ရောစပ်နေဆဲဖြစ်သည်။ အစပိုင်းတွင် အကျိုးအမြတ်အဓိကထားခဲ့၏။ သက်တမ်းရင့်ဝိုင်အစီအစဉ်လုပ်ဖို့ သူတို့အတွက်မဖြစ်နိုင်။

......

ကုမ္ပဏီက သက်တမ်းရင့်ဝိုင်သိုလှောင်ရေးအစီအစဉ်စခဲ့တာ ၁၀ နှစ်သာရှိသေးသည်။

အခုသူ့ဝိုင်က အထက်တန်းစားဝိုင်တွေထဲတိုးဝင်နိုင်မယ့်အကြောင်းရင်းကလည်း ၁၀ နှစ်သက်တမ်းရှိသောဝိုင်ကြောင့်ဖြစ်သည်။

နှစ် ၃၀ သက်တမ်းရင့်ဝိုင်တဲ့လား? သူနောက်ထပ် နှစ် ၂၀ တောင်စောင့်ရဦးမှာပေါ့ မဟုတ်ဘူးလား?

''နှစ် ၂၀ ဆို ခင်ဗျားရှိပါဦးမလားမသိ'' လီရှင်းက အတည်ပေါက်နှင့်မေးလိုက်သည်။

ကျွမ်ရွေ့က ဘာပြန်ပြောရမှန်းမသိသော်လည်း အလျှော့မပေးဘဲ_ ''ကျွန်တော့်မှာ သားရှိပါသေးတယ်... သူ့ကိုမှတ်ထားခိုင်းလိုက်မယ်''

လီရှင်းကပြုံးလိုက်ပြီး ရောစပ်ကိရိယာယူပြီး အလုပ်စလိုက်သည်။

ဝိုင်နှစ်မျိုးကိုရောစပ်ပုံမှာ အလွန်ခက်ခဲသည်ဟု မထင်ရ။ သောက်သုံးနိုင်သောအဆင့်ရောက်အောင် အယ်လ်ကိုဟောပမာဏလျှော့ချရန်အတွက် ဝိုင်နှစ်မျိုးကိုအတူတူပေါင်းစပ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက် လေအလုံပိတ်ပုလင်းထဲလောင်းထည့်လိုက်၏။

သို့သော် ကြည့်ရတာအလွန်ရိုးရှင်းသည်ဟုထင်ရသော အလွန်လေးနက်သည့်ကိစ္စများရှိတတ်သည်။ လူအမျိုးမျိုးတွင် မတူညီသောအတွေ့အထိနှင့်ဝိုင်ရနံ့ရှိတတ်စမြဲ။

ကျွမ်ရွေ့ကမနေနိုင်ဘဲဖုန်းထုတ်ကာ ဝိုင်ပုလင်းတချို့ကို ဗီဒီယိုရိုက်ယူလိုက်၏။ သူက Wechat အခိုက်အတန့်များတွင် ထပ်တင်လိုက်သည်: ချင်းလင်စံအိမ်က သက်တမ်းရင့်ဝိုင်ကတ်တီ ၁၂၀၀ ရှိတဲ့ ၆ ပုလင်းကို တစ်ထိုင်တည်းထုတ်။ အရမ်းအားကျနေပြီ။

ထို့နောက် သူ့ကိရိယာကိုချကာ သူ့ဘေးမှခွက်ကိုယူပြီး လီရှင်းရောထားသောဝိုင်ကို ခွက်သေးနှင့်ဖြည့်လိုက်သည်။

''ဒီဝိုင်နံ့...'' ကျွမ်ရွေ့က အနံ့ရသည်နှင့် မနေနိုင်ဘဲ တစ်ကျိုက်တည်းသောက်ပစ်လိုက်သည်။ သူကရီဝေဝေအသံနှင့်_ ''နှစ် ၃၀ ဝိုင်နဲ့ သခင်လေးလီကိုယ်တိုင်ရောစပ်တဲ့ဝိုင်... တကယ်အံ့သြစရာပဲ... နောက်နှစ် ၂၀ လောက်ဆို ကျွန်တော့်ဝိုင်လုပ်ငန်းမှာ ဒါမျိုးရှိလာဖို့မျှော်လင့်မိတယ်''

နေ့တဝက်လုံးအချိန်ယူပြီး လီရှင်းက နှစ် ၃၀ သက်တမ်းရှိမူလဝိုင်ကို ဝိုင်ပုလင်းထဲထည့်လိုက်သည်။ ကတ်တီ ၂၀၀ ရှိသော နှစ် ၃၀ မူလဝိုင်မှာ ဝိုင်ဖြူ ၅၄% နှင့် ၂၈၄ ကတ်တီရလာသည်။

မူလဝိုင် ၈၄ ကတ်တီမှာလည်း နှစ် ၃၀ သက်တမ်းရင့်ဝိုင်အဖြစ်သို့ လုံးဝအဆင့်တက်သွားသည်။

ရောစပ်ပြီးနောက် ချင်လင်နှင့်ဆရာကျန်းက အထူးဝိုင်လှောင်ပုလင်းများကို ချက်ချင်းပိတ်လိုက်ကြ၏။ ဒီဝိုင်ကို ဝိုင်ပုလင်းများထဲထည့်ပြီး ရောင်းချရမည်။

ထို့အပြင် ဒီဝိုင်ပုလင်းများအတွက် အော်ဒါအပ်ချိန်ကျပြီလည်းဖြစ်သည်။ နောင်မှာ ဒီဝိုင်လုပ်ငန်းထုတ်ဝိုင်များအတွက် ဝိုင်ပုလင်းအသစ်သေချာပေါက်ရှိရမည်။ ထိုအချိန်ကျလျှင် သာမန်ချင်းလင်ဝိုင်ကို ကျယ်ကျယ်ပြန့်ပြန့်ထုတ်ရမည်။ ဂိမ်းကိုပဲအားထားနေ၍မဖြစ်။

အရေးအကြီးဆုံးအချက်မှာ ချင်းလင်ဘရန်းကို မြှင့်တင်ရန်ဖြစ်သည်။ ထိုသာမန်ချင်းလင်ဝိုင်ပုလင်းကိုပေါ့ပေါ့ပါးပါးလုပ်မည်မဟုတ်။ ဒီဇိုင်းက ပိုပြီးအထက်တန်းကျ၊ စတိုင်ကျရမည်။ ရုံချန်းစီရင်စုမှာ သူ့လိုအပ်ချက်နဲ့ကိုက်ညီမယ့်ကုမ္ပဏီရှိမရှိ သူသိချင်လာ၏။

ချင်ရန်စတူဒီယိုက ဒီအတွက်လေလံဆွဲဖို့ ကူညီကောင်းကူညီနိုင်မည်။

လီရှင်းက ၂၅ နှစ်သက်တမ်းရှိသော ဒုတိယပုလင်းကို စတင်ရောစပ်နေပြီဖြစ်သည်။



သက်တမ်းရင့်ဝိုင်အားလုံးကို နေ့လယ်မရောက်ခင် လီရှင်းရောစပ်ပြီးသွားသည်။ ထို့နောက်သူက မတ်တပ်ရပ်ပြီး အညောင်းဆန့်လိုက်၏။ ချင်လင်ကိုလည်း မပျက်မကွက်မှာလိုက်သည်_ ''သူဌေးချင်... ငွေပုလင်းနဲ့ နှစ် ၂၀ သက်တမ်းရှိတဲ့ဆေးဖက်ဝင်ဝိုင် ၄ လုံးနော်''

ချင်လင်ကရှေ့တိုးပြီး လီရှင်းကိုရေတစ်ခွက်ကမ်းပေးလိုက်ကာ_ ''ပြန်ရောက်ရင် လူကြီးမင်းလီကိုပေးမယ်''

လီရှင်းကအံ့သြသွားပြီး မေးလိုက်သည်_ ''ကျွန်တော်တို့ပြန်ရောက်တာနဲ့ ချက်ချင်းပေးမှာလား? သူဌေးချင်မှာ ပစ္စည်းရှိမှန်းသိသားပဲ''

အရင် သူ၊ ချန်ရှန်းဖေနဲ့ မာလဲ့ဝမ်က ငွေပုလင်းတစ်လုံးပဲရှိတယ်ဆိုတာ မယုံခဲ့။

''လေးပုလင်းပဲရှိတာ... ခင်ဗျားကိုအကုန်ပေးမယ်'' ချင်လင်က အတည်ပြောလိုက်သည်။

''သူဌေးချင်... ခင်ဗျားကိုယုံတယ်!'' လီရှင်းက အလေးအနက်ပြန်ပြောလိုက်၏။

ချင်လင်ကပြုံးပြီး ဆရာကျန်းအားညွှန်ကြားလိုက်သည်_ ''ထည့်စရာတစ်ခုခုပေးပါဦး... ဝိုင်တချို့သိမ်းထားချင်တယ်... အပြန်ကျယူသွားပြီး ဆေးဖက်ဝင်ဝိုင်စိမ်ရအောင်... ကျွန်တော့်အတွက် ထည့်ပေးပါ... နှစ် ၃၀ ဝိုင် ၁၀ ကတ်တီနဲ့ နှစ် ၂၀ ဝိုင် ၄၅ ကတ်တီ''

ဤဝိုင်မှာ သဘာဝဂျင်ဆင်းနှင့် ဂျင်ဆင်းခါး ၉ ခုစိမ်လျှင်သုံးရန်ဖြစ်သည်။

ပထမသူ့အတွေးက အားလုံးကို နှစ် ၃၀ ဝိုင်နှင့်စိမ်မည်ဟုရည်ရွယ်ထားသော်လည်း နှစ် ၃၀ သက်တမ်းရှိမောက်ထိုက်ကို ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ တန်ဖိုးရှိကြောင်းတွေးမိသောအခါ လိပ်ခေါင်းကုသရန်အတွက် နှစ် ၃၀ ဝိုင်ကိုအသုံးပြုခြင်းမှာ ဖြုန်းတီးလွန်းရာကျနေသည်။

နှစ် ၂၀ သက်တမ်းရှိမောက်ထိုက်တောင် တစ်ပုလင်းကို အနည်းဆုံးယွမ် ၆၀၀၀ ကျမည်။ နှစ် ၂၀ သက်တမ်းရှိဝိုင်ကို ဂျင်ဆင်းခါးစိမ်လျှင်တောင် အလွန်ဖြုန်းတီးပုံပေါက်နေသေးသည်။

သို့သော် လိပ်ခေါင်းခံစားရပုံကိုတွေးမိလျှင် အာနိသင်ရှိတဲ့ဆေးဖက်ဝင်ဝိုင်ပုလင်းတစ်လုံးကို ယွမ် ၆၀၀၀ ဆိုလျှင် လုံးဝလက်ခံနိုင်မည်ထင်သည်။

ဆရာကျန်းကချက်ချင်း ခွက်သေးတချို့ရှာပြီး နှစ် ၃၀၊ ၂၀ သက်တမ်းရှိဝိုင်များဖြည့်လိုက်၏။

ခွက်သေးအတော်များများကို ခွဲထားလိုက်သည်။ ချင်လင်၏ကားနှင့် ဆံ့သေးသည်။

ထိုခွက်သေးများကို ကားပေါ်ရွှေ့ပြီးနောက် ချင်လင်က ဆရာကျန်းအား ဆက်လုပ်ရမည့်ကိစ္စတချို့ပြောပြီး ဝိုင်လုပ်ငန်းမှ လီရှင်းနှင့်အတူပြန်ထွက်လာကာ စံအိမ်ပြန်လာခဲ့သည်။

တစ်ချိန်တည်းမှာ ချင်းလင်စံအိမ်ဆေးဖက်ဝင်ဝိုင်အကြောင်းသတင်းများ မင်မြို့တော်ထဲ၌ လျင်လျင်မြန်မြန်ပြန့်သွားလေသည်:

ချင်းလင်စံအိမ်က ချင်းလင်ဆေးဖက်ဝင်ဝိုင်စိမ်နိုင်ခြင်းမှာ နှစ် ၆၀ ကျော်သက်တမ်းရှိသော ဝိုင်သိုလှောင်ခန်းဟောင်းရှိခြင်းကြောင့်ဟူသောသတင်း။ ထို့အပြင် အလယ်သိုလှောင်ခန်းဖြစ်သည်ဟူသောသတင်း။

ချင်းလင်စံအိမ်၏ဝိုင်သိုလှောင်ခန်းဟောင်းမှ ဒီနေ့ သက်တမ်းရင့်ဝိုင် ကတ်တီ ၁၂၀၀ တောင်ထုတ်လိုက်သည်ဟူသောသတင်း။ နှစ် ၃၀ သက်တမ်းရင့်ဝိုင်တောင်ရှိသည်ဆိုသောသတင်းများပင်။

ဤသည်မှာ ကျွမ်ရွေ့ကြောင့်ဖြစ်သည်။ သူက Wechat အခိုက်အတန့်များတွင် နှစ်ခုတင်ခဲ့ပြီး သူ့မိတ်ဆွေအများစုက ဝိုင်လုပ်ငန်းမှဖြစ်သောကြောင့် ထိုနှစ်ခုတင်လိုက်သောအခါ သတင်းမလိုက်မိဖို့မဖြစ်နိုင်။

သူတို့မြင်သည်နှင့် နားလည်သွားကြ၏။ ချင်းလင်ဆေးဖက်ဝင်ဝိုင် ဒီလောက်စျေးကြီးတာ အံ့သြစရာမရှိတော့။

ကျွမ်ရွေ့က သူတို့နောက်လိုက်ပြီး ချင်းလင်စံအိမ်ရောက်လျှင် Wechat ဖွင့်ကြည့်လိုက်ရာ ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမေးထားသောစာများပြည့်နေသည်ကို တွေ့လိုက်ရသည်။ ဝိုင်ကဘယ်လောက်ရေပန်းစားကြောင်းသိနိုင်၏။

တချို့လူများက ချင်းလင်စံအိမ်ဝိုင်လုပ်ငန်းက ဘယ်နေရာမှာလဲဟုတောင် မေးထားကြပြီး အလည်သွားချင်ကြောင်းပြောထားကြသည်။

ကျွမ်ရွေ့က ထိုမေးခွန်းကိုဖြေဖို့ စိတ်ရှုပ်မခံတော့ချေ။ သူဖြေရင် သူ့ကိုယ်သူဒုက္ခပေးရာကျမည်။ ဒီမေးခွန်းမေးသူကလည်း ဖြေရလောက်အောင် မတန်။

သူများဝိုင်ထုတ်တဲ့နေရာကို စိတ်တိုင်းကျလည်ပတ်လို့ရတယ်များထင်နေလား?



All Chapters