← Chapters

အရည်အသွေး ၃ ဝိုင်! ဖရဲမျိုးစေ့စိုက်ပျိုးခြင်းပြဿနာများ! ၁

Vol. 13 Ch. 194

အရည်အသွေး ၃ ဝိုင်! ဖရဲမျိုးစေ့စိုက်ပျိုးခြင်းပြဿနာများ! ၁

Vol. 13 Ch. 194

စံအိမ်ပင်မခန်းမထဲ၌_

လီရှင်းနှင့်သူ့ဇနီးက ပြတင်းပေါက်နားတွင် နေ့လယ်တိုင်အောင်မပြန်သေးသော ကျွမ်ရွေ့နှင့်အတူထိုင်နေသည်။

လင်းလျိုက အပြုံးနှင့်ပြောလိုက်သည်_ ''ယောက်ျား... ရုံချန်းစီရင်စုကသေးတယ်ဆိုပေမဲ့ တကယ်ပြည့်စုံတာပဲ... မိုချင်းက မနက်ပိုင်းစျေးလမ်းကိုခေါ်သွားပေးတယ်... မနက်အစောကြီးကို လူတွေအများကြီးပဲ... လူသွားလူလာက မင်မြို့တော်တချို့စျေးလမ်းထက်တော့မလျော့ဘူး''

''ပြီးတော့ ဝန်ဆောင်မှုအမျိုးစုံရှိတယ်... အလှပြင်ဆိုင် လက်သည်းပြင်ဆိုင် ဆံပင်ညှပ်ဆိုင် ကျန်းမာရေးစင်တာ စားသောက်ဆိုင်... မင်မြို့တော်မှာ နေရာတွေအများကြီးရှိသလို အားလုံး​​ပြည့်စုံသလိုခံစားရတယ်''

လီရှင်းကရှင်းပြလိုက်၏_ ''ဒီမြို့ငယ်လေးတွေကို လျှော့မတွက်နဲ့... အိမ်ခြံမြေစျေးဒီလောက်မြင့်တယ်ဆိုကတည်းက သူတို့ရဲ့ဖြုန်းအား အရမ်းကောင်းလို့ပဲ''

ဆရာလင်းက စားဖိုဆောင်မှဟင်းပွဲများနှင့်လူများခေါ်လာသည်။

နေ့လယ်ပိုင်းတွင် အရည်အသွေး ၂ သဘာဝငါး၊ ခရု၊ ငါးရှဉ့်နှင့် ပန်းပွင့်စိမ်းများရှိသည်။

ထိုဟင်းပွဲများကို ချင်လင်က အထူးစီစဉ်ထားခြင်းဖြစ်၏။

လီရှင်းမှာ မနက်ပိုင်းက မူလဝိုင်ကိုရောစပ်ဖို့ အတော်အားစိုက်ထုတ်ပြီး ကူညီခဲ့သည်။ နှစ်ဦးနှစ်ဖက်က ငွေဝိုင်ပုလင်း ၄ လုံးနှင့် သဘောတူညီပြီးလုပ်ခဲ့သည်ဆိုသော်လည်း မိတ်ဆွေဖြစ်မှုကို ဒီလိုပုံသေတွက်ချက်လို့မရသောအခါများလည်းရှိသည်။

ဟင်းပွဲများတည်ခင်းလာသည်ကို လီရှင်းမြင်လျှင် သူကကျွမ်ရွေ့အား_ ''ဥက္ကဌကျွမ်... ဒီနေ့ ခင်ဗျားပထမဆုံးလာလည်ပြီး ဒီလိုအစားကောင်းတွေစားနိုင်တာ ကံကောင်းတယ်လို့ဆိုရမယ်''

သူကပြောပြောဆိုဆို သူ့တူကောက်ကိုင်ပြီး ငါးရှဉ့်အသားနှပ်ကိုစစားတော့သည်။



ချန်ရှန်းဖေ၊ မာလဲ့ဝမ်တို့နှင့်အတူ လေးငါးနပ်စားပြီးနောက် ဒီငါးရှဉ့်အသားနှပ်က သူ့အကြိုက်ဆုံးပင်။

လင်းလျိုက ငါးစွပ်ပြုတ်တစ်ပန်းကန်ခပ်ပြီး သောက်လိုက်သည်။

......

ပေါ့ပေါ့ပါးပါးငါးခေါင်းတို့ဟူးစွပ်ပြုတ်က မယုံနိုင်လောက်အောင် အရသာရှိနေသည်။ ဒီဟင်းပွဲက အမျိုးသမီးတွေအကြိုက်။

ကျွမ်ရွေ့က လီရှင်း၏စကားကိုကြားလျှင် ချက်ချင်းသူ့တူကောက်ကိုင်လိုက်၏။ လေးငါးလုတ်စားကြည့်ပြီးနောက် သူမမေးဘဲမနေနိုင်တော့_ ''သခင်လေးလီ... ဒါအကြီးအကဲစားပွဲလား?''

လီရှင်းပြောသည့်အဓိပ္ပါယ်ကို သူသဘောပေါက်သည်။ ဒီဟင်းပွဲတွေက အံ့သြစရာကောင်းလောက်အောင်ကောင်းနေသည်။ သူဝန်မခံချင်သော်လည်း ဒီလောက်အရသာရှိတာမျိုး တစ်ခါမှမစားခဲ့ဖူးပေ။

…

တစ်ဖက်တွင်_

ချင်လင်က ဝိုင်ပုလင်းနှစ်လုံးနှင့် ဂိုဒေါင်ရောက်နေသည်။ ကားပါကင်ထိုးပြီးနောက် ဝိုင်ပုလင်းနှစ်လုံးနှင့် ဝိုင်လုပ်ငန်းမှယူလာသောဝိုင်ကို ကားအပြင်ထုတ်ကာ ဂိမ်းထဲယူလာခဲ့၏။

အခုသူ့မှာ ဝိုင်ကောင်းကောင်းရှိနေပြီဖြစ်၍ သဘာဝဂျင်ဆင်းနှင့်ဂျင်ဆင်းခါး ၉ ခုကို ဆေးဖက်ဝင်ဝိုင်စိမ်ရမည်။

နှစ် ၃၀ နှင့် နှစ် ၂၀ သက်တမ်းရှိသောဝိုင်ပေါ်မှမှတ်ချက်များကိုလည်း ချင်လင်တွေ့ရသည်:

(ချင်းလင်ဝိုင်: အရည်အသွေး ၃)

(ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းဟောင်းမှထုတ်လုပ်သော ဝိုင်ဖြူကြွယ်ဝသောဝိုင်ဖြစ်သည်။ နူးညံ့သောမွှေးရနံ့ရှိသည်။ ဆေးဖက်ဝင်ဝိုင်စိမ်ရန် အကောင်းဆုံးပါဝင်ပစ္စည်းဖြစ်သည်။ ဝိုင်ဖြူရနံ့ကြွယ်ဝခြင်း +၃၊ အတွေ့အထိ +၂။ ပမာဏအနည်းငယ်သောက်လျှင် ဇီဝဖြစ်ပျက်မှုမြန်စေခြင်း +၁ နှင့် သွေးလှည့်ပတ်မှုကောင်းစေခြင်း +၁!)

(ချင်းလင်ဝိုင်: အရည်အသွေး ၂)

(ဆယ်စုနှစ်ချီဝိုင်သိုလှောင်ခန်းဟောင်းမှထုတ်လုပ်သော ဝိုင်ဖြူကြွယ်ဝသောဝိုင်ဖြစ်သည်။ နူးညံ့သောမွှေးရနံ့ရှိသည်။ ဆေးဖက်ဝင်ဝိုင်စိမ်ရန် အကောင်းဆုံးပါဝင်ပစ္စည်းဖြစ်သည်။ ဝိုင်ဖြူရနံ့ကြွယ်ဝခြင်း +၊၂ အတွေ့အထိ +။၁ ပမာဏအနည်းငယ်သောက်လျှင် ဇီဝဖြစ်ပျက်မှုမြန်စေခြင်း +၁ နှင့် သွေးလှည့်ပတ်မှုကောင်းစေခြင်း +၁!)

ဝိုင်လုပ်ငန်းကို ချင်းလင်စံအိမ်ကပိုင်ခြင်းကြောင့် ဖြစ်ပုံရသည်။ စနစ်က ဝိုင်အမျိုးအစားနှစ်ခုကို ချင်းလင်ဝိုင်အဖြစ် တိတ်တဆိတ်အသိအမှတ်ပြုထား၏။

နောက်ပြီး ဒီသက်တမ်းနှစ်မျိုးနဲ့ဝိုင်က ချင်လင်လက်တွေ့ဘဝမှာမြင်ဖူးသမျှထဲ အရည်အသွေးအမြင့်ဆုံးဖြစ်မည်ထင်သည်။

ထိုအရည်အသွေးမှာ ဝိုင်ရနံ့ကြွယ်ဝခြင်းတစ်မျိုးတည်းသာဖြစ်၏။ တစ်မျိုးက +၃၊ နောက်တစ်မျိုးက +၂။ အထူးအရည်အသွေးတော့မဟုတ်။ ဝိုင်နံ့အရည်အသွေးမှာ တချို့ဝိုင်ဟောင်းများတွင်ရှိသောအနံ့ဖြစ်ပြီး စွမ်းရည်တစ်ခုမျှသာ။

ဆေးဖက်ဝင်ဝိုင်၏အထူးအရည်အသွေးနှင့်ယှဉ်ကြည့်လျှင် နောက်ထပ်အမည်ခံအဆင့်မြင့်အရည်အသွေးတစ်ခုဖြစ်သည်။ ဤအရည်အသွေး ၃ နှင့် ၂ က အများကြီးနိမ့်သည်။



အားလုံး နှစ် ၆၀ ကျော်သက်တမ်းရှိသော ဝိုင်သိုလှောင်ခန်းကို ကျေးဇူးတင်ရမည်။ ထုတ်လုပ်သောဝိုင်က ဝိုင်ရနံ့ကြွယ်ဝ၏။ နှစ် ၃၀ အရည်ကျပြီးနောက် ဝိုင်နံ့က ပိုပြီးနှစ်လိုဖွယ်ကောင်းသည်။ မူလပါဝင်ပစ္စည်းများနှင့်လည်း ပတ်သက်ကောင်းပတ်သက်မည်။

လီရှင်းလုပ်အားကြောင့်လည်းဖြစ်သည်ပေါ့။ အကယ်၍ မူလဝိုင်သာ ကောင်းကောင်းမစပ်ထားလျှင် ဝိုင်နံ့ကို သေချာပေါက်ပြီးပြည့်စုံအောင် ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။

ဒီတစ်ကြိမ် သူနှင့်ဆရာကျန်းသာ ကိုယ်တိုင်လုပ်မည်ဆိုလျှင် တခြားဝိုင် ဒါမှမဟုတ် ရေနှင့် ဒီအတိုင်းရောချင်ရောပစ်လိုက်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူကလုံးဝနားမလည်။ ဆရာကျန်းမှာ ဒီလိုအတွေ့အကြုံမျိုးရှိပုံမပေါ်။ တခြားလူသာလုပ်မည်ဆိုရင် ဝိုင်နံ့က +၃ တောင်မရှိနိုင်။

ဒါဆိုရင် ဒီနှစ် ၃၀ သက်တမ်းရင့်ဝိုင်ကို ကြီးကြီးမားမားသက်ရောက်မှုရှိသွားနိုင်သည်။

အတွေ့အထိအရည်အသွေးကမူ ပုံမှန်ဖြစ်သည်။ နှစ် ၂၀ သက်တမ်းရင့်ဝိုင်တွင် အတွေ့အထိ +၁ ရှိသည်။ အပြင်ကသူဝယ်တဲ့ဝိုင်အတော်များများမှာလည်း ၁၀ နှစ်ကျော်ကြာပြီးလျှင် ၁ တိုးလာသည်။

လက်ရှိနှစ် ၃၀ သက်တမ်းရင့်ဝိုင်က အတွေ့အထိ +၂ ရှိသည်။

ထို့အပြင် ဝိုင်သက်တမ်းနှစ်ခုလုံးတွင် ဇီဝဖြစ်ပျက်မှုတိုးစေခြင်း +၁ နှင့် သွေးလှည့်ပတ်မှုကောင်းစေခြင်း +၁ အရည်အသွေးရှိသည်။ နည်းနည်းသောက်ပြီး မူးလာရင်တော့ ဒါတွေဖြစ်လာမှာပဲပေါ့။

ဝိုင်ကောင်း ဒါပေမဲ့ လောဘမကြီးနဲ့!

ဒါအမှန်ပင်။

ဘာပဲဖြစ်ဖြစ် ဝိုင်ကလူတွေကို အသက်ရှည်စေနိုင်သလို အသက်လည်းတိုစေနိုင်သည်။

ဒီအရည်အသွေးအရ သက်တမ်းရင့်ဝိုင်တွေ ဘာလို့စျေးအရမ်းကောင်းလဲ သူသဘောပေါက်သည်။

ဝိုင်နှစ်မျိုး၏အချက်အလက်များကိုဖတ်ပြီးနောက် ချင်လင်ကခွက်နှစ်လုံးယူပြီး ဝိုင်ဖြည့်လိုက်သည်။

ထို့နောက် သဘာဝဂျင်ဆင်းကိုထုတ်၍ နှစ် ၃၀ သက်တမ်းရင့်ဝိုင် ၁၀ ကတ်တီထဲထည့်လိုက်သည်။

သဘာဝဂျင်ဆင်းကို ဝိုင်စိမ်လျှင် လှီးဖြတ်စရာမလို။ အာနိသင်အလုံးစုံလည်း ပိုကောင်းလာမည်။

ဒီသဘာဝဂျင်ဆင်းနှင့်ဆိုလျှင် နှစ် ၃၀ သက်တမ်းရင့်ဝိုင် ၁၀ ကတ်တီတန်ဖိုးက ချက်ချင်းထိုးတက်သွားမည်။

နှစ် ၃၀ သက်တမ်းရင့်ချင်းလင်ဝိုင်ကို နှစ် ၃၀ သက်တမ်းရှိသောမောက်ထိုက်ကဲ့သို့ အနည်းဆုံး ယွမ် ၂၀၀၀၀ နှင့်ရောင်းမည်ဆိုလျှင် သူ့ထက်အဆ ၅၀ တိုးရင်တောင် မရောင်းနိုင်သေး။

ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာ တစ်ကတ်တီအချိန်စီးတဲ့ နှစ် ၁၀၀ ဂျင်ဆင်းကို သူဌေးကြီးတစ်ဦးက ယွမ် ၉ သန်းနဲ့ဝယ်ခဲ့တာလေ။ ဘယ်လောက်တောင်အာနိသင်ရှိလဲမသိနိုင်။

ဤသည်က ဂိမ်းထုတ်ကုန်ဖြစ်သည်။ ဆေးဖက်ဝင်ဝိုင်တွင် အသက်ရှင်နိုင်စွမ်းအာနိသင် +၃ ရှိသည်။ လုံးဝအသက်ကယ်နိုင်၏။

နှစ် ၃၀ ဝိုင်တစ်ကတ်တီ ယွမ် ၂၀၀၀၀ ကို အဆ ၅၀ တိုးမှ ယွမ်တစ်သန်းသာရှိသေးသည်။

ရှားပါးသဘာဝဂျင်ဆင်း အသစ်ပြန်ပေါ်လာနှုန်းက အလွန်နည်းသည်။ နောင်မှာ ထပ်ပေါ်လာမည်၊ မပေါ်လာမည်ကို မသိရ၍ ၁၀ ကတ်တီတည်းသောရတနာဖြစ်၏။ တစ်ကတ်တီ ယွမ်တစ်သန်းတော့ မဖြစ်နိုင်။ ရောင်းဖို့လည်းမဟုတ်။

သူက ၁၀ ကတ်တီဆေးဖက်ဝင်ဝိုင်ခွက်ကို အလုံပိတ်ပြီး သိုလှောင်ခန်းထဲမှ စားပွဲပေါ်တင်ထားလိုက်သည်။

ဤဝိုင်တွင် ဝိုင်ရနံ့ကြွယ်ဝခြင်း +၃ နှင့် အတွေ့အထိ +၂ ရှိသည်။ နှစ် ၁၀၀ အဆင့်ဖြစ်သွားရင် ဘယ်လိုအာနိသင်တွေရှိလာမလဲ သူသိချင်မိသည်။



All Chapters