← Chapters

အရည်အသွေး ၃ ဝိုင်! ဖရဲမျိုးစေ့စိုက်ပျိုးခြင်းပြဿနာများ! ၂

Vol. 13 Ch. 195

အရည်အသွေး ၃ ဝိုင်! ဖရဲမျိုးစေ့စိုက်ပျိုးခြင်းပြဿနာများ! ၂

Vol. 13 Ch. 195

တခြားသူတွေအတွက် နှစ် ၁၀၀ သက်တမ်းရင့်ဝိုင်ကို လက်လှမ်းမီနိုင်ဖို့ခက်ခဲသည်။ သူတို့ရဲ့သိုလှောင်နည်းစနစ်က အကန့်အသတ်ရှိနေသည်။

သူ့ဂိမ်းရဲ့ထူးခြားချက်အရ သူသာသေမှာမကြောက်ရင် အပူအပင်မရှိ နှစ် ၁၀၀ သက်တမ်းရင့်ဝိုင်ကို ရိုးရိုးရှင်းရှင်းဖန်တီးပြီး သက်တမ်းရင့်ဝိုင်စျေးကွက်တန်ဖိုးကို တန်းလျှော့ချပစ်နိုင်သည်။

သေမှာတော့ ကြောက်တာပေါ့။

အခုအချိန်မှာ လျှို့ဝှက်ပြီးလုပ်ထားရင် အဆင်ပြေသည်။ သေလုနီးနီးဖြစ်မှာ ဒုက္ခရောက်မှာ လုံးဝကြောက်စရာမရှိ။

ထို့နောက် ချင်လင်က ဂျင်ဆင်းခါး ၉ ခုကိုထုတ်လိုက်သည်။

ဂျင်ဆင်းခါးနှင့်သဘာဝဂျင်ဆင်း နှစ်မျိုးလုံးက ဂျင်ဆင်းဖြစ်ပြီး အသွင်အပြင်ပုံစံအလွန်ဆင်တူသည်ဆိုသော်လည်း ဂျင်ဆင်းနှစ်မျိုးမှာ မျိုးရင်းအုပ်စုမတူကြချေ။ ဂျင်ဆင်းခါးကို ဂျင်ဆင်းဟုတောင် အပြည့်အဝမဆိုနိုင်။ အာနိသင်များက တခြားစီပင်။

နောက်ပြီး တစ်မျိုးက အားဆေး၊ နောက်တစ်မျိုးက လိပ်ခေါင်းအတွက်။

ချင်လင်က နှစ် ၂၀ ဝိုင်ကိုလည်း ခွက်ထဲထည့်လိုက်သည်။ ထို့နောက် ဓားယူပြီး ဂျင်ဆင်းခါးကိုအပိုင်းပိုင်းဖြတ်ကာ ဝိုင်ထဲထည့်လိုက်၏။

ဤသည်ကလည်း သဘာဝဂျင်ဆင်းနှင့်ဂျင်ဆင်းခါးကြားကွာခြားချက်တစ်ခု​​ဖြစ်သည်။ ဂျင်ဆင်းခါးကိုခုတ်ထစ်ပြီးမှဝိုင်စိမ်လျှင် ဆေးဖက်ဝင်အာနိသင်ပိုကောင်းသည်။

ဘာပဲဖြစ်ဖြစ် နှစ် ၂၀ သက်တမ်းရင့်ဝိုင်က ယွမ် ၆၀၀၀ တော့တန်မည်။ ဆေးဖက်ဝင်ဝိုင်ဖြစ်သွားရင် ပိုတန်သွားမည်မဟုတ်လား?

ဆေးဖက်ဝင်ဝိုင်နှစ်ခုလုံးစိမ်ပြီးနောက် ချင်လင်က စိုက်ပျိုးမွေးမြူရေးခြံမှအိမ်ထဲ လျှောက်သွားလိုက်သည်။ အထဲတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်အတွက်ပြင်ဆင်ထားသော ဂန္တဝင်ကြေးညိုနှင့်ငွေဝိုင်ပုလင်းများရှိသည်။

အချိန်လွန်သည်နှင့်အမျှ နောင်မှာ သတ္တုပိုတူးရဦးမည်။

......

ချင်လင်က ဂန္တဝင်ပုံစံငွေဝိုင်ပုလင်း ၄ လုံးယူပြီး ပထမအသုတ်စိမ်ထားသော ဆေးဖက်ဝင်ဝိုင်စည်ထဲမှဖြည့်လိုက်သည်။ ထို့နောက် အိတ်တစ်လုံးယူ၍ ဝိုင်ကိုထုတ်လိုက်၏။ ပြီးလျှင် အတွေးနှင့် ဂိမ်းထဲမှထွက်လိုက်သည်။

ဒီဝိုင် ၄ ပုလင်းက လီရှင်းကိုပေးထားတဲ့ကတိအတွက်။

ချင်လင်က စံအိမ်ပင်မခန်းမထဲပြန်ရောက်သောအခါ လီရှင်း၊ ကျွမ်ရွေ့တို့က နေ့လယ်စာစားပြီး ဖရဲသီးအချိုပွဲတည်းနေကြသည်။

ချင်လင် ဝိုင်ပုလင်း ၄ လုံးသယ်ပြီး ဝင်လာသည်ကိုမြင်လျှင် လီရှင်းမျက်လုံးများအရောင်တောက်သွား၏။ သူကချက်ချင်းမတ်တပ်ရပ်ပြီး ချင်လင်ဆီလျှောက်သွားကာ_ ''သူဌေးချင်... ကျွန်တော်ထင်တာမမှားရင် ခင်ဗျားကျွန်တော့်ဝိုင် ၄ ပုလင်းကိုသယ်လာတာမလား?''

''လူကြီးမင်းလီအထင်မှန်ပါတယ်'' ချင်လင်ကပြုံးပြီး ဝိုင် ၄ ပုလင်းကိုပေးလိုက်သည်။



လီရှင်းက ဝိုင် ၄ ပုလင်းကိုယူပြီး စားပွဲပေါ်တွင် ရတနာကဲ့သို့ချထားလိုက်၏။ သူကပုလင်းများကိုထုတ်၍ စီထားလိုက်သည်။ ဝိုင် ၄ ပုလင်းကိုကြည့်ရင်း ပြီးမြောက်အောင်မြင်သောခံစားမှုမျိုးကိုရလာ၏။

မူလနိုင်ထားသောဝိုင်ပုလင်းပါဆိုလျှင် လက်ရှိ ၅ ပုလင်းရထားပြီဖြစ်သည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်သာ ဒီအကြောင်းသိရင် အရမ်းမနာလိုဖြစ်နေကြမှာ အသေအချာ။

ကျွမ်ရွေ့က လီရှင်း၏တန်ဖိုးထားနေပုံကိုကြည့်ရင်း မနေနိုင်ဘဲရှေ့တိုးလာသည်။ သူကဝိုင်ပုလင်းကို စပ်စပ်စုစုကြည့်ပြီး မေးလိုက်၏_ ''သခင်လေးလီ... ဒါအကြီးအကဲစားပွဲထဲက ချင်းလင်ဆေးဖက်ဝင်ဝိုင်လား?''

လီရှင်းကပြုံးပြီး ပြန်မေးလိုက်သည်_ ''ခင်ဗျားဝိုင်လုပ်ငန်းမှာ အထက်တန်းစားထဲကို တိုးဝင်နိုင်မယ့်ဝိုင်မျိုးရှိတယ်မလား?''

''အမှန်ပဲ!'' ကျွမ်ရွေ့က ချက်ချင်းခေါင်းညိမ့်ကာ တုံ့ပြန်လိုက်သည်။

နောက်ဆုံးတော့ သခင်လေးလီက သူ့မှာအထက်တန်းစားထဲတိုးဝင်မယ့်ဝိုင်မျိုးရှိတာ သတိရပြီပေါ့။

လီရှင်းက အတည်ပေါက်နှင့်ရှင်းပြလိုက်၏_ ''ခင်ဗျားရဲ့အထက်တန်းစားဝိုင်က အကြီးအကဲစားပွဲထဲက ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့ပဲ ယှဉ်လို့ရမယ်... အခုဒီဝိုင်ပုလင်း ၄ လုံးက စားပွဲထဲကထက်ပိုကောင်းတယ်... ဒါနဲ့ယှဉ်ရင် ခင်ဗျားရဲ့အထက်တန်းစားဝိုင်က အမှိုက်ပဲ''

“…” ကျွမ်ရွေ့။

သခင်လေးလီရဲ့နှိုင်းယှဉ်ပြပုံက ရှင်းလင်းပြီး နားလည်လွယ်သည်။ ဒီဝိုင်ရဲ့တန်ဖိုးကို သူလွယ်လွယ်သိသွားသည်။ ဒါပေမဲ့ သူဘာလို့ စကားရှာမရဖြစ်သွားတာလဲ?

သခင်လေးလီက သူ့ကိုယ်ပိုင်ဝိုင်ကိုသုံးလို့ သူနည်းနည်းအံ့သြမိပေမဲ့ သခင်လေးလီက ဝိုင်နဲ့ပတ်သက်ရင်အလေးအနက်ရှိမှန်း သူသိသည်။ ဒီလိုနှိုင်းယှဉ်မှုမျိုးလုပ်နိုင်တယ်ဆိုကတည်းက ဝိုင်ကတကယ်ကောင်းလို့ပဲ။

ကျွမ်ရွေ့က ငွေဆေးဖက်ဝင်ဝိုင်ပုလင်း ၄ လုံးကိုကြည့်ရင်း တောင်းဆိုချင်စိတ်ပေါက်လာသည်။ အထူးသဖြင့် ချင်းလင်ဆေးဖက်ဝင်ဝိုင်၏ ယောက်ျားထုအပေါ် အာနိသင်ရှိပုံကိုတွေးမိပြီး ဒီငွေပုလင်းက အင်တာနက်ပေါ်ကပုလင်းထက် သေချာပေါက်ပိုကောင်းမှာပဲ ဟုတ်တယ်မလား?

သို့သော် နောက်ဆုံး သူပြန်ထိန်းထားလိုက်သည်။

သူကဝိုင်လုပ်တဲ့သူ။ အထက်တန်းစားဝိုင်ရော။ တခြားသူရဲ့ဝိုင်ဆွဲဆောင်တာ ခံရလို့မဖြစ်။ သူ့ကိုယ်ပိုင်ဝိုင်ကိုပဲ သူသုံးရန်ဆုံးဖြတ်ချက်ချထားသည်။

ဒါသူ့စည်းမျဉ်းပဲ။

သူများမိန်းမတွေဘယ်လောက်လှလှ သူများရဲ့မိန်းမပဲလေ။ သူ့မိန်းမက သူ့မိန်းမပေါ့။ ဒီမိန်းမနဲ့အတူတူအိပ်မှပဲ သူမဘယ်လောက်ကောင်းကြောင်း သက်သေပြနိုင်မည်။ သူ့ကိုယ်ပိုင်ဝိုင်ကိုသူသောက်မှပဲ သူ့ဝိုင်ကဘယ်လိုကောင်းကြောင်း တခြားသူတွေကိုပြောပြနိုင်မည်။

ကျွမ်ရွေ့က ဝိုင်ကိုမကြည့်ရန် သူ့ကိုယ်သူတိုက်တွန်းလိုက်သည်။ တစ်ချိန်တည်းမှာ ဒီဝိုင်က သူ့အထက်တန်းစားဝိုင်လောက်မကောင်းဟု သူ့ကိုယ်သူသတိပေးနေ၏။ သူ့မှာ အထက်တန်းစားဝိုင်ရှိသည်။

လီရှင်းက ဝိုင်အိတ်ကိုအမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး အတွန့်မတက်ဘဲမနေနိုင်တော့_ ''သူဌေးချင်... ဒီလိုဝိုင်ကောင်းကိုထည့်ဖို့ အဲလိုအညံ့စားအိတ်သုံးရလား... ခင်ဗျားက ဝိုင်ကိုသိက္ခာချနေတာပဲ''

ချင်လင်ပြုံးလိုက်သည်။ လီရှင်းက ဝိုင်နဲ့ပတ်သက်ရင် အရမ်းထူးခြားတာပဲ။ သူ့ဇနီးတောင် တစ်ခါတလေ ဝိုင်ကိုသဝန်တိုမလားဟု သူတွေးမိသည်။

လီရှင်းက ဝိုင်ကိုသေချာမလိုက်ပြီး ထိုဆေးဖက်ဝင်ဝိုင်ပုလင်း ၄ လုံးကို လင်းလျိုအားသိမ်းထားခိုင်းလိုက်သည်။ လင်းဖန်က ခြံဝင်းထဲမှ ဝမ်ချိုင်နှင့်အတူထွက်လာ၏။

ဝမ်ချိုင်က ဂိမ်းထဲဝင်ပြီး ပန်းကန်ပြားဖမ်းလေ့ကျင့်ပြီးကတည်းက ပန်းကန်ပြားဖမ်းနည်းကို ထူးထူးခြားခြားသဘောကျနေသည်။ ခရီးများကမြင်လျှင် ဓာတ်ပုံများရိုက်ကြ၏။

လင်းဖန်လည်း ဝမ်ချိုင်ကို စံအိမ်ထဲမှမဖွံ့ဖြိုးသေးသောကွင်းပြင်များဆီခေါ်ပြီး ပန်းကန်ပြားဖမ်းဆော့ပေးသည်။ ခွေးနှင့်ကစားရင်း သူမပါလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွား၏။

“ဝု!''

ဝမ်ချိုင်ကထွက်လာပြီး ချင်လင်ကိုမြင်လျှင် သူ့ခြေထောက်နားပြေးလာကာ ပွတ်သပ်နေသည်။ သူကသွားဖြဲပြီး သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်တို့ပြည့်နေ၏။

ချင်လင်က ထိုပုံကိုမြင်လျှင် လက်လှမ်းပြီး ခွေးခေါင်းကိုလက်နှင့်ပွတ်သပ်လိုက်သည်။

ကျေနပ်သွားသောဝမ်ချိုင်က သူ့ကိုလှည့်ပတ်ပြေးနေ၏။



ဒီခွေးဂိမ်းထဲကထွက်ပြီးမှ ပိုပြီးချစ်စရာကောင်းအောင်လုပ်တတ်နေသည်။ ခွေးကြီးမျိုးဖြစ်သော်လည်း ခွေးပေါက်စကဲ့သို့ ပွေ့ဖက်ပေးရန်တောင်းဆိုတတ်သည်။

လင်းဖန်က ခရီးသည်များထိတ်လန့်မည်စိုး၍ ဝမ်ချိုင်လက်ကိုဆွဲထားလိုက်ပြီးနောက် တစ်ခုခုကိုသတိရသွားဟန်နှင့် ချင်လင်အား_ ''ရှောင်လင်... မင်းရဲ့အစိမ်းရောင်မှန်လုံအိမ်ထဲက ဖရဲနွယ်တွေကို ငါသွားကြည့်ခဲ့တာ... အရမ်းခြောက်နေတဲ့ပုံပဲ''

ချင်လင်က သူ့အမေဘာပြောချင်သည်ကိုသဘောပေါက်၍ ခြံဝင်းထဲချက်ချင်းလျှောက်သွားလိုက်သည်။

လီရှင်းက သူ့နောက်လိုက်ပြီး အထဲဝင်လာသည်။

အစိမ်းရောင်မှန်လုံအိမ်ထဲကဖရဲနွယ်ပင်တွေက သူဌေးချင်ပျိုးထောင်ထားတဲ့ မျိုးကူးဖရဲမျိုးစေ့မှန်း သူသိသည်။

ချင်လင်က အစိမ်းရောင်မှန်လုံအိမ်ထဲဝင်ပြီး မျက်မှောင်ကြုတ်သွား၏။

ဖရဲနွယ်အတော်များများက အဝါရောင်ပြောင်းနေသည်။

သူကရှေ့တိုးစစ်ဆေးကြည့်လိုက်ရာ အရွက်တင်မဟုတ်ကြောင်း သိလိုက်ရသည်။ အမြစ်တချို့ပါ ပုပ်မည့်လက္ခဏာပြနေ၏။ ဒီလိုသာဆက်သွားရင် အသက်ရှင်နိုင်မည်မဟုတ်။

ဒါကစမ်းသပ်ချက်ပြဿနာဆိုသော်လည်း စာအုပ်ထဲကအတိုင်း တစ်ဆင့်ချင်းလုပ်ခဲ့ခြင်းဖြစ်ပြီး သတိလည်းတော်တော်ထားခဲ့သည်။

နောက်ပြီး ဖရဲမျိုးစေ့တွေက ပုံမှန်အတိုင်းကြီးထွားလာပြီး ဖရဲသီးတောင်ခူးခဲ့ရသေးသည်။

ဒါမှမဟုတ် စာအုပ်ထဲပါအကြောင်းအရာကလည်းမမှား၊ သူလုပ်ခဲ့တဲ့အဆင့်တွေကလည်းမမှား။ သို့သော် သူအသုံးပြုတဲ့ဂိမ်းမျိုးစေ့က သာမန်မျိုးစေ့တွေနဲ့ကွာခြားပြီး မှားသွားတာဖြစ်မည်။

ဤသည်က ချင်လင်ကို ရုတ်တရက်သတိလက်လွတ်ဖြစ်စေ၏။

ကြည့်ရတာ ဒီနယ်ပယ်မှာ စာအုပ်လေးငါးခေါက်ဖတ်ရုံနဲ့ ကျွမ်းကျင်သူဖြစ်လာနိုင်မည်မထင်။

ဘာပဲဖြစ်ဖြစ် သူကအင်တာနက်ပေါ်မှာမဟုတ်။ စာပိုဒ်တစ်ပိုဒ်မြင်လျှင် သူနားလည်နိုင်သည်ဟုယူဆပါက လိုက်လုပ်နိုင်မည်ထင်ခဲ့သည်။ လက်တွေ့ဘဝက ဒီလောက်မရိုးရှင်းပေ။

''ပြဿနာရှိလို့လား?'' လီရှင်းကဝင်လာပြီး ခြောက်သွေ့နေသောဖရဲနွယ်များကိုတွေ့လျှင် အခြေအနေမကောင်းမှန်းသိလိုက်သည်။

''ဟုတ်တယ်!'' ချင်လင်ကခေါင်းညိမ့်ပြီး_ ''ကျွန်တော်ပေါ့ဆတာ... စာအုပ်အတိုင်းလုပ်တာတောင် တကယ်တမ်းကျ အပြောင်းအလဲတွေအများကြီးရှိသေးတယ်''

စံအိမ်ချဲ့ထွင်ပြီးလျှင် လုံခြုံရေးခေါင်းဆောင်ချန်တပေမှာ အလုပ်များလာသည်။ သူက လုံခြုံရေးအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နေသော ခေါင်းဆောင်ဟုန်နှင့် ပတ္တရောင်လှည့်ပြီး တချို့ခရီးသည်ပဋိပက္ခများဖြေရှင်းနေရသည်။ သူ့ကိုကူပြီး ခြံဝင်းထဲမကြည့်ပေးနိုင်တော့။

ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဝိုင်လုပ်ငန်းနှင့်အလုပ်ရှုပ်နေသဖြင့် ဒီလိုပုံစံပျက်လာတာ သူသတိမထားမိခဲ့။ အရင်ထွက်လာသော အရွက်ခြောက်များကို သိပ်အာရုံမစိုက်မိပေ။ အဲဒီအချိန်ကတည်းက တစ်ခုခုဖြစ်နေပုံရသည်။(အခန်း ၁၃၈)

''သူဌေးချင်... စိတ်မပူပါနဲ့... သူ့ကိုကယ်နိုင်မယ့်နည်းရှိမှာပါ'' လီရှင်းချက်ချင်းနှစ်သိမ့်လိုက်သည်။

ဒီမျိုးစေ့တွေက နောက်ဆုံးပဲဟု ချင်လင်ပြောပြဖူးသည်။ အောင်အောင်မြင်မြင်မပျိုးထောင်နိုင်ရင် မျိုးတုန်းသွားလိမ့်မည်။

နောက်ပြီး ဒီဖရဲမျိုးစေ့ကိုပျိုးထောင်နိုင်ရင် ဘယ်လောက်အသုံးဝင်မယ်ဆိုတာ သူလည်းအသိ။ ထို့ကြောင့် ချင်လင်ကိုနှစ်သိမ့်ပြီးလျှင် သူက_ ''သူဌေးချင်... ကျွန်တော်အိမ်ပြန်ပြီး ကျွန်တော့်ဦးလေးကို တစ်ချက်လာကြည့်ခိုင်းရင်ရော? သူက စိုက်ပျိုးရေးသုတေသနကျွမ်းကျ​င်လေ... ကျွန်တော့်ဦးလေးက ဒီမျိုးစေ့ရဲ့လျှို့ဝှက်ချက်ကိုမပေါ်စေရဘူးဆိုတာရော ပုံစံမယူဘူးဆိုတာရော ကျွန်တော်အာမခံတယ်''

''လူကြီးမင်းလီ... ကျွန်တော် အဲဒါကိုမပူပါဘူး'' ချင်လင်က အလျင်စလိုပြောလိုက်သည်_ ''ခင်ဗျားရဲ့ဦးလေး ဒုက္ခများနေမှာကိုပဲတွေးတာပါ''

ဒီအခြေအနေကိုဘယ်လိုဖြေရှင်းရမလဲ သူတကယ်မသိ။

သူဖတ်ထားတဲ့ မျိုးစေ့ပျိုးထောင်ခြင်းအကြောင်းစာအုပ်ထဲမှာ ဒါမျိုးမဖော်ပြထား။

ကျွမ်းကျင်သူက ကွင်းထဲတစ်ချက်လာကြည့်ပေးရင်ကောင်းလိမ့်မည်။

အရင်က လီရှင်းတို့ပြောတာကြားဖူးသည်။ လီရှင်း၏ဦးလေးက စိုက်ပျိုးရေးသုတေသနဆင်းဖြစ်ပုံရသည်။ သူသာလာကြည့်ပေးမယ်ဆိုရင် ခရီးသွားမေဂျာသူ့ထက်တော့ ပိုသာမှာပင်။

လီရှင်းကပြုံးပြီး_ ''ကျွန်တော့်ဦးလေးအကျင့်အရတော့ မင်မြို့တော်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှာ သုတေသနလုပ်နေဖို့ကလွဲရင် ဒီကိုလာဖို့ လုံးဝပျင်းနေမှာပဲ... ဒါပေမဲ့ သူဌေးချင်မပူပါနဲ့... မနက်ဖြန် သန်ဘက်ခါ သူ့ကိုဒီခေါ်လာဖို့ ကျွန်တော့်မှာနည်းလမ်းရှိတယ်''

လီရှင်းက ကတိပေးပြီးလျှင် သူ့စကားသူတည်တတ်သောသူမျိုးပင်။ နေ့လယ်ပိုင်းတွင် သူကချင်လင်ကိုနှုတ်ဆက်ပြီး မင်မြို့တော်သို့ သူ့ဇနီးနှင့် သူ့ဝိုင်နှင့် ပြန်ထွက်သွားသည်။

ကျွမ်ရွေ့လည်း သူနှင့်အတူပါသွားလေသည်။



All Chapters