Chapters

မျောက်လေးတစ်ကောင်မွေးပြီးမှ အပြင်ထွက်ကြမလား

Vol. 44 Ch. 861

မျောက်လေးတစ်ကောင်မွေးပြီးမှ အပြင်ထွက်ကြမလား

Vol. 44 Ch. 861

မျက်နှာပူစရာကောင်းလှသည်။

ပေထင်းဟွမ် သူ့ကို စိုက်ကြည့်နေသည်ကို သိသဖြင့် ယန်ယဲ့သည် သူမ၏ မျက်လုံးများနှင့် မဆုံရဲဘဲ ရှက်ကိုးရှက်ကန်းပြောလေသည် “ဟွမ်အာ အပြင် မထွက်ချင်ဘူးလား”

ပေထင်းဟွမ်သည် နှာမှုတ်ပြီး ဒေါသတကြီးပြောလေသည် “ခင်ဗျားက အပြင်မထွက်ချင်ဘဲ ဒီမှာပဲနေပြီး မျောက်လေးတွေမွေးဖို့ မျောက်မ,ရှာချင်နေ တယ်လို့ထင်နေတာ”

ယန်ယဲ့သည် ပေထင်းဟွမ်၏ အမူအကျင့်ကိုလိုက်တုကာ နှာခေါင်းကို လက်ဖြင့်ထိလေသည်။ ထို့အပြင် နတ်မိစ္ဆာဧကရာဇ်ပင်လျှင် မည်သည့် မိန်းကလေးနှင့်မှ မနီးစပ်ဖူးသဖြင့် အသားချင်းထိသည့် ရည်းစားထားနည်းမျိုး မသိပေ။ ယန်ယဲ့ မည်မျှပင် အရေထူစေကာမူ အနည်းငယ် ရှက်မိတုန်းပင်ဖြစ် သည်။

“ဒီမှာ ဘယ်မျောက်မမှမရှိဘူး၊ ဟွမ်အာ စိတ်မရှိရင် ငါလုပ်နိုင်တာကို လုပ်ဖို့ ဆန္ဒရှိ...” ယန်ယဲ့စကားမဆုံးခင်မှာပင် ပေထင်းဟွမ်၏မျက်နှာမှာ တဖြည်းဖြည်းမည်းနက်လာသည်ကိုမြင်သောအခါ ကမန်းကတန်း အပြောရပ် ကာ လည်ချောင်းရှင်းပြီး ကိုးရိုးကားယားနှင့် အမြန်ဖုံးလိုက်ရသည်။

“ဝန်လေးနေတာလား” ပေထင်းဟွမ်သည် ရုတ်တရက် အသံကိုမြှင့်လိုက် သည်။ သူမသည် ဤလူနှင့် ကလေးယူရန် စိတ်မကူးဖူးသော်လည်း သူ့ကို စက်ဆုပ်စရာမလိုပေ။

ယန်ယဲ့သည် ပေထင်းဟွမ်အား ရင်ခွင်ထဲဆွဲသွင်းကာ သူမ၏နဖူးလေးကို အနမ်းပေးကာ မွှေးပျံ့သည့်ရနံ့ကို ရှူရှိုက်လိုက်သည် “မင်း မျောက်ကလေး မွေးပေးချင်ရင်တောင် ဒီမှာမနေနိုင်ဘူးမလား၊ အရင်ဆုံး အပြင်ထွက်ဖို့ နေရာ ရှာရအောင်”

လိုရင်းကိုရောက်လာသဖြင့် ပေထင်းဟွမ် အလန့်တကြားဖြစ်သွား၏ “ဘယ်လိုထွက်ရမလဲဆိုတာ မသိဘူးလား”

“ငါလည်း အခုမှရောက်ဖူးတာလေ သေချာပေါက် ဘယ်သိမလဲ” ထိုသို့ဆို တောင် ယန်ယဲ့၏နှလုံးသည် အမှန်တကယ်ပင် ကြီးလှသည်။ သူမသည် ပျာယာခတ်မပြဘဲ ဤလေဟာနယ်၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက် သည်။ သူသည် ပေထင်းဟွမ်၏လက်ရှိအခြေအနေကို စိတ်ပူ၍သေနိုင်သည်။ သူ ကိစ္စများကို မထိန်းချုပ်နိုင်လျှင် မည်သို့ဖြစ်မည်နည်း။

၎င်းသည် ပြဿနာကြီးပင်ဖြစ်သည်။

သို့သော် ယန်ယဲ့သည် ယုံကြည်စရာမကောင်းဟု ပေထင်းဟွမ်မထင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဤလူသည် သူ၏ခွန်အားကြောင့် မည်သည့်အချိန် တွင်မဆို ပျာယာခတ်ခြင်းမရှိပေ။ ဤအချိန်တွင် စွမ်းအင်ဘောင်သည် ရေမြင့် လာသည်နှင့် ဆက်တက်လိုက်မြင့်ကာ ပေထင်းဟွမ်အရပ်လောက်ထိမြင့်လာ ရာ သူမ၏ဦးခေါင်းသည် ခေါင်မိုးနှင့်ထိလုမတတ်ဖြစ်သွားသည်။

သူမ လှည့်ပတ်ကြည့်ရာ လေလာသည့်အရိပ်အယောင်လည်း မမြင်ရပေ။ ထိုအချိန်တွင် မြေပေါ်ရှိအရာများအားလုံးသည် ရေအောက်တွင်မြုပ်နေပြီဖြစ် ရာ ထိုရေများမည်သည့်နေရာမှလာသည်ကို မသိရပေ။

“ဒီကနေထွက်ရအောင်”

ယန်ယဲ့သည် ဂူသင်္ချိုင်းအိမ်တော်တည်ရှိသည့် တောင်ကိုညွှန်ပြလေ၏။ ၎င်းသည် အမြင့်ဆုံးတောင်ဖြစ်ကာ ခေါင်မိုးနှင့်တူညီသောအမြင့်တွင်ရှိသည်။ ပေထင်းဟွမ်သည် ယန်ယဲ့၏အစီအစဉ်ကိုမသိသော်လည်း ယန်ယဲ့နောက်သို့ လိုက်ရသည့်အတွက် တစ်ခုကောင်းသည်မှာ ဘာကိုမှစိုးရိမ်စရာမလိုခြင်းပင် ဖြစ်သည်။

ခေါင်းညိတ်လိုက်သည်။ သေချာပေါက် ပေထင်းဟွမ်သည် မငြင်းဆန်ပေ။ ယန်ယဲ့နှင့်ဆိုလျှင် မည်သည့်မတော်တဆမှုမျိုးမှ မဖြစ်နိုင်ဟု သူမ ယုံကြည်၏။

ထိုယုံကြည်မှုသည် မည်သည့်နေရာမှလာသည်ကိုမသိသော်လည်း သူတို့ ပထမဆုံးတွေ့စဉ်ကတည်းက တစ်ခါပြီးတစ်ခါ သူမ အလိုအပ်ဆုံးအချိန်တွင် ရှိနေပေးခဲ့ခြင်းကြောင့်ဖြစ်မည်။ သူသည် သူမ ဤကမ္ဘာပေါ်တွင် ပြန်လည် မွေးဖွားပြီးကတည်းက မှီခိုရာ ပထမဆုံးခွန်အားဖြစ်ခဲ့သည်။