ဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်းကိုသန့်စင်ချင်တာ လား
Vol. 44 Ch. 862
စွမ်းအင်ဘောင်သည် ယန်ယဲ့၏မှော်စွမ်းအားဖြင့်ပြုလုပ်ထားခြင်းဖြစ်ကာ သူ၏အတွေးနှင့်မောင်းနှင်ပြီး လှေတစ်ဆင်းသဖွယ် သူတို့နှစ်ယောက်ကို သယ်ဆောင်ကာ တောင်ထိပ်ဆီသို့သွားလေသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်ထိပ်ဆီသို့ရောက်လေသည်။
ယန်ယဲ့သည် စွမ်းအင်ဘောင်ပေါ်မှခုန်ဆင်းကာ တောင်ပေါ်ရှိ ကောက် နေသော သစ်ပင်တစ်ပင်ဘေးတွင်ရပ်လိုက်သည်။ သူ့အတွေး၏ညွှန်ကြားမှု အောက်တွင် စွမ်းအင်ဘောင်သည် ပေထင်းဟွမ်အားရစ်ပတ်ကာ သူ့ဆီသို့ ပို့ဆောင်ပေးလေသည်။ ယန်ယဲ့သည် ပေထင်းဟွမ်အား ရင်ခွင်ထဲတွင် ပွေ့ဖက် ကာ တောင်ဆီသို့ တစ်ဆင့်ချင်းဆီလျှောက်သွားလေသည်။
ယန်ယဲ့၏အသွင်အပြင်သည် မြင့်မားပြီး ပေထင်းဟွမ်သည်လည်း မိန်းကလေးများထဲတွင် အရပ်ရှည်သည်ဟု ဆိုနိုင်သည်။ သို့သော် သူ့ရင်ခွင်ထဲ ရောက်နေသည့်အချိန်တွင် ပေထင်းဟွမ်သည် ကလေးတစ်ယောက်သဖွယ်ဖြစ် နေသည်။ ထိုခံစားချက်သည်လည်း ပေထင်းဟွမ်အတွက် စိမ်းသက်လှကာ အနည်းငယ် မသက်မသာဖြစ်စေသည်။
သူမသည် ကမ္ဘာတစ်ခုကိုဖန်တီးရန် သူမ၏ကိုယ်ပိုင်စွမ်းရည်ကိုမှီခိုကာ သူမကိုယ်သူမ မိန်းကလေးဟု မသတ်မှတ်ခဲ့ဖူးပေ။ သူမ မစ်ရှင်လုပ်သည့်အချိန် တွင် သူမသည် မိန်းကလေးဖြစ်နေသည့်အတွက် အသင်းဖော်များကို ဒုက္ခမဖြစ် စေပေ။ ၎င်းမှာခက်ခဲလှသော်လည်း သူမသည် လူအများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် တော်လွန်းလှသည်မဟုတ်ပေ။
“ကျွန်တော်ဆင်းချင်တယ် ကျွန်တော်ကလေးမဟုတ်တော့ဘူး” ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲတွင်ရုန်းကန်လေသည်။ တောင်လမ်း သည် မငြိမ်သဖြင့် အားထည့်ပြီးရုန်းမရပေ။
“မင်းကို ခဏလောက်ပဲ ဖက်ထားတာပါ” ယန်ယဲ့သည် သူမ၏နားထင် မွေးကိုနမ်းလိုက်သည်။ မြေကြီးမှာ ကျောက်စရစ်ခဲများနှင့်အပြည့်ရှိနေရာ သူမ ကို ဤကဲ့သို့ခံစားခိုင်းမည်မဟုတ်ပေ “မလှုပ်နဲ့၊ ကွာနေတာများရှိမလားလို့ ကြည့်လိုက်ဦးမယ် ဒီမှာရောင်ဝါသိပ်မရှိဘူး”
မူလကထူထဲပြီး စီးဆင်းရန်ခက်ခဲသည့်ရောင်ဝါသည် ဤကဲ့သို့ အတားအဆီးများသောလေဟာနယ်ထဲရှိ လှိုင်းလုံး၏ဖိအားအောက်တွင် စုစည်း ထားခြင်းဖြစ်မည်။ သို့သော် ဤအိုက်အတန့်တွင် ထူးဆန်းစွာပင် ပေထင်းဟွမ် သည် ပေါများသောရောဝါမည်သည့်နေရာတွင်ရှိသည်ကို မခံစားမိပေ။
ပေထင်းဟွမ်သည် ထိုအရာကိုစုပ်ယူလိုက်ခြင်းမဟုတ်သည်မှာထင်ရှား သည်။ ဤကဲ့သို့ အပြောင်းအလဲတွင် အရင်ဘဝ၏အတွေ့အကြုံနှင့်ဆိုလျှင် ပေထင်းဟွမ်သည် ချက်ချင်း တုံ့ပြန်မိမည်ဖြစ်သည်။ သို့သော် ယန်ယဲ့မှ အရင်ဦးစွာ သတိပေးလာသည်။
တစ်ယောက်နှင့်တစ်ယောက် မှီခိုရာ သူ၏တုံ့ပြန်မှုနှင့် နားလည်နိုင်စွမ်း သည် ပို၍နှေးလာသည်။
ပေထင်းဟွမ်၏ပြောင်းလဲမှုကို အာရုံခံမိသဖြင့် ယန်ယဲ့သည် အကြောင်း အရင်းမရှိ စိတ်မကောင်းဖြစ်ကာ လက်ကိုတင်းကြပ်လိုက်ပြီး ဤတားဆီးထား သည့် လေဟာနယ်ထဲတွင် အနည်းငယ်နက်သည့်အသံနှင့်ပြောလေသည် “ငါနဲ့ အတူနေ၊ ဘာတွေတွေးနေတာလဲ၊ ဘာကိုမှစိတ်မပူနဲ့ ဘာတွေပဲဖြစ်လာဖြစ် လာ ငါရှိတယ်”
“ဒါပေမဲ့ ယန်ယဲ့ ချွေတာတာကနေ လက်ဖွာဖို့ကလွယ်တယ် ဒါပေမဲ့ လက်ဖွာတာကနေ ချွေတာဖို့ကမလွယ်ဘူး၊ ရှိသမျှကိစ္စတွေမှာ ခင်ဗျားကို မှီခို နေရင် ဒီလိုကမ္ဘာမျိုးမှာ ကျွန်တော် မြန်မြန်သေဖို့ပဲရှိတယ်” ပေထင်းဟွမ်သည် သူမကိုပွေ့ဖက်ပြီး တောင်ပေါ်သို့ တစ်ဆင့်ချင်းတက်ခွင့်ပေးလိုက်သည်။
ကောင်းကင်ကြီးသည် နိမ့်ပြီးရင်းနိမ့်လာကာ ယန်ယဲ့သည် ခေါင်းငုံ့ပြီး ခန္ဓာကိုယ်ကို ကိုင်းလေသည်။ နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ ဆောင့်ကြောင့်ထိုင်ကာ ပေထင်းဟွမ်ကို ဘေးသို့ချလိုက်သည်။ ကမ္ဘာဖြုတ် နတ်မိစ္ဆာဓားသည် သူ့လက်ထဲတွင်ရောက်နေပြီဖြစ်ကာ ပေထင်းဟွမ်အား နောက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားသည်။
တောင်ထိပ်တွင် အကာအဆီးမှာ အဟပင်မရှိပေ။ ဤသဘာဝနယ်မြေကို မည်သို့တည်ထောင်ထားသည်တော့မသိပေ။ ပေထင်းဟွမ်သည် ဝတ္ထုများတွင် သာမြင်ဖူးသဖြင့် ယန်ယဲ့အားမေးလေသည် “ဘာတွေဖြစ်နေလဲဆိုတာသိလား၊ ကျွန်တော်တို့ ဘယ်လိုထွက်ရမှာလဲ”
“ဒါကမင်းလက်ကောက်ဝတ်က လက်ပတ်လိုပဲ နတ်ဘုရားတွေက သူတို့ ဘာသာ လက်မှုရတနာကို သန့်စင်ပြီး မြေကြီးထဲမျာမြှုပ်ခဲ့တာ အဲဒါကို တည်ဆောက်မှုနဲ့ဖြန့်လိုက်တော့ နှစ်ပေါင်းတစ်သောင်းလောက် ထာဝရမြဲနေ တာ” ယန်ယဲ့သည် ဂရုမမူသလိုပြောလေသည်။
“အဲဆိုဆိုရင် ကျွန်တော်တို့က အခု ကိုယ်ပိုင်ကမ္ဘာရှိတဲ့ အဆောက်အဦး ရတနာထဲမှာနေနေတပေါ့၊ အဲဒါကို သန့်စင်ပြီး အသုံးပြုလို့ရလား” ပေထင်းဟွမ်သည် ဆော့ကစားကြည့်နေသည်။
“မရဘူး” ယန်ယဲ့၏ခရမ်းရောင်မျက်လုံးများသည် လူငယ်တစ်ယောက်၏ ချောမောသောပုံရိပ်ထင်ဟပ်နေကာ သူမအား စပ်စုလိုသည့်ကလေးတစ်ဦးလို ကြည့်ပြီး မြတ်နိုးစွာပြောလေသည် “နတ်ဘုရားသေသွားရင်တောင် ရတနာကို ကာကွယ်ဖို့ နတ်အာရုံအစိတ်အပိုင်းထားခဲ့ပေးတယ်၊ အဲဒါက မင်းအခုပြီးပြည့် စုံအောင်မလုပ်နိုင်တဲ့အရာပဲ၊ ငါဆိုရင်တောင် အချိန်တစ်ခုကြာတဲ့အထိ မဖြစ် နိုင်ဘူး၊ ပြီးတော့ မင်းမှာက လက်ပတ်နေရာရှိနေပြီပဲ ဒီဂူသင်္ချိုင်းအိမ်တော်ကို ဘာလုပ်ဖို့လိုတော့မှာလဲ”