လိမ္မာတယ် မကြည့်နဲ့
Vol. 44 Ch. 863
ထိုအရာကို ယန်ယဲ့နားမလည်ခြင်းပင်။ ဒီကောင်မလေးက အမြဲတမ်း ပိုက်ဆံလိုနေတာလား။ လူသေကိုမြှုပ်ဖို့အတွက်ပဲကောင်းတဲ့ တခြားသူရဲ့ ဂူသင်္ချိုင်းက ဘာတွေများအသုံးဝင်လို့လဲ။
“နတ်ဘုရားတွေချန်ထားခဲ့တဲ့ပစ္စည်းတွေက ပင်မတိုက်ကြီးက ရတနာ အများစုထက်တောင်ကောင်းတယ်မလား” ပေထင်းဟွမ်သည် သဘာဝကျကျ ပင်ပြောလေသည် “ဒါက တည်ဆောက်ထားတဲ့ရတနာလို့ပြောတယ်နော်.. ဒီမှာ ရတနာတွေများတာကို ဘယ်သူသိမယ်လို့ထင်လဲ”
သိတဲ့အတိုင်းပင်။ သူမရဲ့အရင်ဘဝက သေရေးရှင်ရေးတွေကျော်ဖြတ်ပြီး ကျည်ဆံတွေကြားမှာ အလောင်းတွေကို နင်းပြီး သွေးပင်လယ်ထဲမှာ ပြေးလွှား ခဲ့ရတာ ပိုက်ဆံရှာဖို့ပဲမဟုတ်ဘူးလား။
ယန်ယဲ့သည် သူမကြုံတွေ့ဖူးသမျှကို မသိပေ။ သို့သော် ရင်ထဲတွင် နာကျင်မိသည် “ဟွမ်အာ ငါ့နန်းတော်ထဲမှာ ရှားပါးတဲ့ရတနာတွေအများကြီးရှိ တယ်၊ အဲဒါတွေက နောက်ဆိုရင် မင်းအပိုင်ဖြစ်တော့မှာ”
ပေထင်းဟွမ်သည် ပျော်လွန်း၍ထခုန်မည်ဟု ယန်ယဲ့ထင်ထားသည်။ သို့သော် မည်သူသိမည်နည်း။ သူမသည် ထိုစကားကိုကြားသောအခါ ခေါင်းခါ လေသည် “ကျွန်တော်က အဲလောက်ရတနာအများကြီးကို ဘာလုပ်ဖို့လိုချင်ရ မှာလဲ၊ ရတနာတွေကို ကိုင်ထားရတာကို အသားမကျဘူး ပြီးတော့ ကျွန်တော် လိုချင်တာကို ကိုယ့်ဘာသပဲရှာမယ်”
ခွန်အား၊ အရည်အချင်းကိုသုံးပြီး သူမလိုချင်သည့်အရာကိုယူမည်။
“ကောင်းတယ်” ယန်ယဲ့သည် သူမအား နှစ်လိုစွာကြည့်လိုက်သည် “မင်း လက်ပတ်ရဲ့ လေဟာနယ်ထဲမှာ အသက်သလင်းကျောက်ကြောရှိတယ်၊ မင်း လက်နက်တွေ ဘယ်လိုသန့်စင်ရမလဲဆိုတာ သင်ပြီးသွားရင် မင်းလိုချင်တဲ့ အသက်သလင်းကျောက်သန့်စင်ဖို့ အဲဒီအသက်သလင်းကျောက်ကြောကို သုံးလို့ရတယ်၊ မင်းလိုချင်တဲ့အိမ်တော်က တခြားဂူသင်္ချိုင်းအိမ်တော်ထက် ပိုသန်မာတယ်၊ ဖန်ဆင်းရေးနတ်ဘုရားတောင်မှ ဒီလေဟာနယ်မှာပဲ တည်ဆောက်နိုင်တယ်ဆိုတာကို မှတ်ထားဦး၊ ကမ္ဘာပေါင်း သုံးထောင်မှာ လေဟာနယ်တွေတွေ့ပြီး မျိုးနွယ်စုတွေလည်းအများကြီးရှိတယ်၊ နတ်ဘုရား အစစ်အမှန်ဆိုတာမရှိနိုင်ဘူး၊ ခွန်အားကိုကျင့်ကြံပြီး အဆင့်တစ်ခုကိုရောက်လို့ နာမည်အတပ်ခံရတဲ့ နတ်ဘုရားတွေပဲရှိတယ်”
ပေထင်းဟွမ်သည် ထိုအမှန်တရားကို နားလည်သည်။ တကယ်တော့ သူမသည် ဖန်ဆင်းရေးနတ်ဘုရားချန်ထားခဲ့သော ဂူသင်္ချိုင်းကို မသန့်စင်လို ပေ။ ဖန်ဆင်းရေးနတ်ဘုရားဂူသင်္ချိုင်းထဲတွင် ရတနာများစွာရှိပြီး တစ်ခုချင်းစီ ယူရန်အတွက် အားစိုက်ထုတ်ရမည်ဟု သူမ တွေးသည်။ ၎င်းသည် ခြင်းတောင်း ထဲမှ ကြက်ဥတစ်လုံးချင်းစီထုတ်သည်နှင့်တူသည်။ ခြင်းတောင်းထဲသို့ ကြက်ဥ တစ်လုံးစီကောက်ထည့်ရမည်ကမှ ပိုကောင်းဦးမည်။
သို့သော် ဤကမ္ဘာတွင် မည်သည့်အကျိုးအမြတ်မှမရှိနိုင်သည်ကိုသိ၏။ အထူးသဖြင့် ဤကဲ့သို့ အကျိုးအမြတ်ကြီးပင်။ သူမတွင် ခွန်အားမရှိသဖြင့် ထို ကိစ္စကို အချိန်တစ်ခုလောက် စဉ်းစားမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဤဂူသင်္ချိုင်းသည် ဤနေရာတွင်ရှိနေရာ သူမသည် အနာဂတ်တွင် ထပ်လာဦး မည်ဖြစ်သည်။
ယခု ပထမဆုံးမေးခွန်းမှာ သူမနှင့်ယန်ယဲ့တို့ မည်သို့ထွက်ကြမည်နည်း။ ရေအမြင့်သည် တဟုန်ထိုးတက်လာရာ မကြာမီတွင် ရပ်စရာနေရာပင်ရှိတော့ မည်မဟုတ်ပေ။
ယန်ယဲ့သည် ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်ထားပြီး သူ့ခန္ဓာ ကိုယ်မှ အမှောင်မှော်စွမ်းအားများထွက်လာသည်။ လက်ထဲမှ ကမ္ဘာခွဲနတ်မိစ္ဆာ ဓားသည် ရေမျက်နှာပြင်တစ်ခုလုံးကို ဖိအားပေးကာ စွမ်းအင်အတက်အကျကို ဖြစ်ပြီး လိမ့်တက်စေသည်မှာ ရေထဲတွင် မြွေပွေးကြီးတစ်ကောင် သွားလာနေ သလိုပင်။
ယန်ယဲ့ အရင်ကသုံးသည့်၊ တံခါးပေါက်ဖွင့်ခဲ့သည့် ဓားနှင့်ယှဉ်လျှင် သည်တစ်ခေါက်သုံးသည့်ဓားသည် ပို၍ပြင်းထန်သည်။ လက်ဖွာလွန်းသည်ဟု ဖော်ပြရမလားပင်။
ဘုန်း...
အမှောင်စွမ်းအင်သည် ကူးခတ်နေသည့်နဂါးအလားပင်၊ အဆုံးမရှိသော ဓားစွမ်းအင်သည် အကာအဆီးနှင့်ဆက်စပ်နေသော တောင်ထိပ်ဆီသို့ ထိုး တက်သွားပြီး မီးပွားများပွင့်ထွက်လာသည်။ ပေထင်းဟွမ်သည် မျက်စိရှေ့တွင် ဝေဝါးသွားပြီးနောက် မီးတောက်များလိုက်လာသည်ကိုသာ ခံစားမိလေသည်။ ယန်ယဲ့သည် သူမ၏မျက်လုံးနှင့်နားများကိုကာပေးကာ ကမ္ဘာမြေကွဲအက်သည့် ကျယ်လောင်သောအသံကို သူ၏နူးညံ့သောအသံသည် လွှမ်းမိုးသွားကာ သူမ၏ နားဆီသို့ရောက်လေသည် “မကြည့်နဲ့ လိမ္မာတယ်”
အသံသည် မှော်စွမ်းအားရှိနေသလိုပင်။ စွမ်းအင်အတက်အကျကြောင့် တရစက်ထိုးနှက်ခံထားရသော ပေထင်းဟွမ်သည် နားစည်များထုံပြီး ခေါင်းမူး လာကာ မျက်လုံးများသည် ကြယ်များဖြင့်ပြည့်နှက်သွားသည်။ ထိုအသံကို ကြားပြီးနောက် မကောင်းသောသက်ရောက်မှုများ ထွက်ပေါ်လာသည်။ မှီခိုကင်းသည့် နေရာတွင်ရှိနေသဖြင့် ယန်ယဲ့၏ခန္ဓာကိုယ်မှ ကြာပန်းရနံ့သည် သူမ၏နှာခေါင်း ထဲသို့ တိုးဝင်လာက သူမကို စိတ်သက်သာရာရစေသည်။