← Chapters

ကမ္ဘာခွဲနတ်မိစ္ဆာဓား၏စွမ်းအား

Vol. 44 Ch. 864

ကမ္ဘာခွဲနတ်မိစ္ဆာဓား၏စွမ်းအား

Vol. 44 Ch. 864

ယန်ယဲ့၏ခွန်အားသည် ယခုအချိန်တွင် ပေထင်းဟွမ် ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ သူသည် တစ်ကွက်လှုပ်ရှားရန်အတွက် ခွန်အား၏ ၈၀ ရာခိုင်နှုန်း ကို သုံးသည်မှာ ဝိညာဉ်ခွဲချောက်အတွင်းတွင် သူနှင့်အဂူးတို့တိုက်ခိုက်သည်ကို ကျောက်တုံးအနောက်တွင် ချောင်းကြည့်ခဲ့သည့် ပေထင်းဟွမ်နှင့် မတူပေ။

ပေထင်းဟွမ်သာ သူ့လက်ထဲမှ ကမ္ဘာခွဲနတ်မိစ္ဆာဓားကိုရင်ဆိုင်ရဲလျှင် အကျိုးဆက်မှာ ဆိုးဝါးသွားလိမ့်မည်။

မရေမတွက်နိုင်သောအလင်းတန်းများ ထွက်ပေါ်လာကာ တောင်တစ်ခု လုံးလင်းသွားပြီး ရေများလည်း အဘက်ဘက်တွင်ပြည့်နေသည်။ ပေထောင်ချီ မြင့်သောလှိုင်းလုံးများသည် ယန်ယဲ့ရှိသည့်နေရာသို့ မလာရဲကြပေ။ ဦးခေါင်း အထက်မှ ကောင်းကင်ဟုခေါ်သည့်အရာသည် သည်တစ်ကြိမ်တွင် အက်ကြောင်းပေါ်လာကာ ကောင်းကင်အလင်းတန်း ကျရောက်လာသည်။ ယန်ယဲ့သည် ခန္ဓာကိုယ်ထဲမှ စွမ်းအားငြိမ်ကျသွားသည်ကို မစောင့်တော့ဘဲ ရှုပ်ထွေးနေသောလှိုင်းနှင့်တူသည့်မှော်စွမ်းအားကိုထုတ်ပြီး လက်ထဲမှ ကမ္ဘာခွဲ နတ်မိစ္ဆာားကိုရစ်ပတ်ကာ အပေါ်သို့ ရိုက်ချလိုက်သည်။

သူသည် ပေထင်းဟွမ်အား လက်တစ်ဖက်ဖြင့် နူးညံ့စွာ ပွေ့ဖက်ထားကာ နောက်တစ်ဖက်ဖြင့် ကမ္ဘာခွဲနတ်မိစ္ဆာဓားကို ကိုင်ထားသည်။ အက်ကြောင်းမှာ ကွဲသွားလေပြီ။

ဘုန်း.. အုန်း..

ဆူညံသည့်အသံထွက်ပေါ်လာသည်မှာ ပေထင်းဟွမ်၏နားများကို ယန်ယဲ့ကာထားသည့်တိုင်အောင် ကြားနေရတုန်းပင်ဖြစ်သည်။ သူမသည် ရုတ်တရက် စွမ်းအင်နှင့်သွေးများ ဆူပွက်လာသည်ကို ခံစားမိကာ ယန်ယဲ့၏ ရင်ခွင်ထဲသို့ ပိုပိုပြီးတိုးဝင်လိုက်သည်။

ပြိုကွဲသည့်အသံထွက်ပေါ်လာပြီး နေရာတစ်ခုလုံးသည် အမှန်တကယ် ပင် ကွဲသွားလေသည်။ လေလှိုင်းနှင့် မြေအောက်မှရေများသည် အတူတကွ တက်လာကာ ကောင်းကင်ဆီသို့ လှိုင်းလုံးအကြီးအဖြစ်တက်သွားသည်မှာ ယန်ယဲ့၏ မှော်စွမ်းအားဖြင့်ပင် ဖိနှိပ်၍မရတော့ဘဲ မိုးအကာအဆီသို့ ထိုးတက် သွားလေသည်။

ကြီးမားသောလှိုင်းလုံးများ ကောင်းကင်ဆီသို့ တည့်တည့်ပျံတက်သွား ကာ မြေကြီးသည် အဆက်မပြတ်ပြိုလဲကာ ထိုလူ၏ခန္ဓာကိုယ်ဆီသို့ အနား မကပ်နိုင်လောက်အောင်ဖြစ်စေသည်။ ရေပေါ်ပြေးဘုတ်ပြားကဲ့သို့ဖြစ်နေသည့် စွမ်းအင်ဘောင်သည် သူ့ခြေထောက်အောက်တါင်ရှိနေပြီး နောက်ထပ်ကြီးမား သော လှိုင်းကြီးထွက်ပေါ်လာပြန်သည်။ ထိုလူသည် သူချစ်သောမိန်းကလေးကို ရင်ခွင်ထဲထွေးပွေ့ထားသည်။ ကြီးမားသောလှိုင်းလုံးကြီးသည် ကောင်းကင်ဆီ သို့ ရုတ်တရက်ပြေးဝင်လေသည်။

နွေးထွေးသောနေရောင်သည် သူမခန္ဓာကိုယ်ပေါ်သို့ကျရောက်လာပြီး ပေထင်းဟွမ်သည် မျက်လုံးဖွင့်ကာ ငုံ့ကြည့်မိသည်။ အဆုံးမရှိသော သားရဲတောတွင် ဤအချိန်တွင် သူတို့သည် ရွှံ့နွံတော၏ကောင်းကင်ထက်တွင် ရှိကာ မြေကြီးသည် တစ်လက်မစီပြိုကျပြီး နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိ ရှေးသစ်ပင်များ ကျိုးကျေပြီး မြေကြီးပေါ်တွင်လဲလျောင်းပြီး ဖုန်မှုန့်များနှင့် ပြည့်နေသည်။ သည်အချိန်တွင် ငှက်နှင့်သားရဲများသည် အသက်လုပေးနေကြ ပြီး အဆင့်မြင့်သားရဲများသည် တောင်များပေါ်သို့ ရေးကြီးသုတ်ပျာပြေးကာ ထိုဦးတည်ဘက်သို့ကြည့်ကြလေသည်။

ကောင်းကင်ပြိုကျပြီး မြေကြီးကွဲအက်နေသည်မှာ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။

ကမ္ဘာပျက်သည့်အသံများသည် ကောင်းကင်ကိုဖြတ်ကျော်ကာ ကြားနေ ရသည်။ နေရာတစ်ခုလုံးပြိုကျသည်မှာ ကြီးမားသောစွမ်းအင်အတက်အကျကို ဖြစ်ပေါ်စေသည်။ ထိုအချိန်တွင် မူလကကြည်လင်နေသောကောင်းကင်တွင် မှင်ရောင်တိမ်တိုက်များစုပုံလာပြီး တိမ်တိုက်များအနောက်တွင် လျှပ်စီးများ လက်နေသည်။ ချောင်းကြည့်နေသည့်နတ်ဘုရားတစ်ပါး၏ မျက်လုံးများ အလား ဤဘေးဆိုးဒုက္ခကိုဖြစ်စေသည့် လူသားများကို စိုက်ကြည့်နေသည်။

လေဟာနယ်ကွဲအက်မှုသည် ရွှံ့နွံအထက်တွင် ဖြစ်ပေါ်လာကာ မတူညီ သောအချိန်နှင့်နေရာမှ စီးဆင်းလာသောရှုပ်ထွေးမှုသည် ကမ္ဘာကြီးကို မွှေနှောက်နေသည်။ အားကောင်းသော အဆင့်မြင့်သားရဲများပင် သားရဲတော အပြင်ဘက်သို့ စတင်နေပြးနေကြပြီဖြစ်ကာ ရွှံ့နွံချောက်တစ်ခုလုံးသည် ကမ္ဘာ ပျက်နေသည်။

“ယဲ့ ပြဿနာရှိလို့လား” ထိုလှုပ်ရှားမှုသည် ဤမျှကြီးမားလိမ့်မည်ဟု ပေထင်းဟွမ် ထင်မထားပေ။

ယန်ယဲ့ခေါင်းညိတ်လေသည်။ ခရမ်းရောင်မျက်လုံးတစ်စုံသည် ရွှံ့နွံချောက်တစ်ခုလုံးကို ဖြတ်ပြေးသွားကာ သူ့မျက်လုံးများသည် ကြီးမားသော စွမ်းအင်သယ်ဆောင်လာသည့်အလားပင်။ သူကြည့်နေသည့်နေရာများသည် ငြိမ်ကျသွားကာ တိမ်တိုက်မည်းများပင် ရွေ့သွားသလိုပင် “အဲဒီလူတွေကို အချက်ပေးသလိုဖြစ်မှာစိုးတယ်”

သူသည် သဲ့သဲ့ပြုံးကာ ပေထင်းဟွမ်၏ဆံပင်ကို နူးညံ့စွာသပ်ပေးနေသည် “ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး အချိန်ပိုဲတာ ငါတို့တွေ့တဲ့အချိန်ဆိုတာ ရှိလာမှာပါ”

All Chapters