မင်လင်ကျို
Vol. 44 Ch. 865
ပတ္တမြားကမ္ဘာတစ်ခုလုံးသည် နေက်ဆုံးတွင် လွန်ခဲ့သည့်နှစ်တစ်သောင်း က နတ်မိစ္ဆာဧရာဇ်ကြောင့် တိုက်ကြီးသုံးခုအဖြစ်ကွဲခဲ့သည်။ သူသည် မှော်စွမ်းအင်ဖြင့် ဤကဲ့သို့လှုပ်ရှားမှုကြီးလုပ်ရာ အဆင့်တစ်ဆင့်သို့ရောက်နေ သည့် အိုမင်းသန်မာသောလူများပင် ထိုအရာကိုအာရုံခံမိလေသည်။
ယန်ယဲ့ပြောလိုက်သော “အဲလူတွေ” ဆိုသည်မှာ မေးရန်မလိုအောင်ပင် ပေထင်းဟွမ်လည်းသိလိုက်သည်။ ယန်ယဲ့ပြောသည့် ထိုလူများဆိုသည်မှာ ဗိမာန်မှရောက်လာမည့် ရန်သူများဖြစ်သည်။
စီရင်ချက်ဗိမာန်မှလူများသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ဘာကြောင့် ထိုမျှ စွဲလမ်းနေသည်ကို သူမ မေးကြည့်ရန်ပင်မလိုပေ။ ၎င်းသည် ဖန်ဆင်းရေးနတ်ဘုရားမှချန်ထားခဲ့ခြင်းဖြစ်ကာ ယခုအခါ ကစဥ့်ကလျား နတ်အရင်းအမြစ်ကို ပေထင်းဟွမ်နားလည်သည်မှာ ကနဦးအဆင့်ပင်မရောက် သေးသော်လည်း ကစဥ့်ကလျားနတ်အရင်းအမြစ်၏ ကောင်းကင်ကိုအံတုသည့် လက္ခဏာကို နက်ရှိုင်းစွာခံစားမိသည်။
အနည်းဆုံးတော့ ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့်ဆိုလျှင် သူမသည် တခြားသူများထက် အသက်ရှည်မည်။ အရေးကြီးသည့်အချိန်ဆိုလျှင် ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူမကိုကယ်ခဲ့သည်။
မူလက အမွေဆက်ခံသည့်စွမ်းအင်သည် ကစဥ့်ကလျားနတ်အရင်းအမြစ် နှင့်ဆက်စပ်နေလျှင်ကောင်းမည်ဟု မျှော်လင့်ခဲ့သည်။ နောက်ဆုံးတွင် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မထားပေ။ ဤအခွင့်အရေးသည် အလဟဿဖြစ်သွားသည်။
“ယဲ့ ကျွန်တော် စွမ်းအင်အမွေဆက်ခံတာရော ဘယ်လိုဖြစ်မှာလဲ၊ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဘယ်လိုလုပ်မလဲ၊ ဒါအဓိပ္ပာယ်မရှိဘူး၊ လုံးဝကို ယုံလို့ကိုမရဘူး ကျွန်တော့်ကိုတောင် သတ်မိတော့မလိုဖြစ်သွားတာ၊ နောက်ဆုံးမှာ အမွေဆက်ခံတာတွေဘာတွေတော့ ပြောမနေနဲ့” ပေထင်းဟွမ် သည် ရုတ်တရက် မကျေမနပ်ဖြစ်သွားသည်။
နောက်ဆုံးတွင် သူမ၏သရုပ်မှန် ပေါ်သွားနိုင်သည်။ သူမခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ် ပေါ်ပေါက်သွားလျှင် ကမ္ဘာတစ်ခုလုံးမှ လူများ ၏ လိုက်ခြင်းကိုခံရနိုင်သည်။ သူမ မကြောက်သော်လည်း တစ်စုံတစ်ယောက် သာ သူမကိုတိုက်ခိုက်ရဲလျှင် သူမကိုပေါ်ပေါ်ထင်ထင်မသတ်နိုင်လျှင်တောင် တိတ်တဆိတ်သတ်သွားနိုင်သည်။
သူမသည် ပြဿနာများကို အနည်ငယ်ကြောက်ရွံ့ကာ ထိုအချိန်ရောက် လာသည်နှင့် ဆွေမျိုးများနှင့်သူငယ်ချင်းများကို ဂရုစိုက်ရမည်ဖြစ်သည်။
ပေထင်းဟွမ်သည် ဤကဲ့သို့အချိန်မျိုးတွင် စွမ်းအင်ဆက်ခံမှုကို တွေးနေ လိမ့်မည်ဟု ယန်ယဲ့ ထင်မထားပေ။ သူသည် ပေထင်းဟွမ်၏ မျက်နှာတွင် ညစ်ပေသည့်အရာ ကပ်နေသကဲ့သို့ ထူးဆန်းစွာကြည့်လေသည်။ သူမ၏ မျက်နှာကိုသုတ်ပြီး မပျော်မရွှင်ဖြင့်ပြောလိုက်သည် “ကျွန်တော့်ကို ဘာမြင်လို့လဲ”
“မင်းရဲ့အကြောထဲမှာ သူ့ဘာသာဝင်သွားတဲ့ ပုတီးစေ့ကဘာလဲ” ယန်ယဲ့ သည် သူမ၏လက်ကိုဆွဲပြီး မျက်နှာကိုသုတ်ပေးနေသော်လည်း ထိခိုက်သွား မည်စိုးသဖြင့် ညင်သာလွန်းသည် “ငါ့ခန္ဓာကိုယ်ရဲ့ ဝိညာဉ်စွမ်းအင်က ဘယ်လို ရောက်လာတယ်ထင်လဲ၊ အဲဒါက မင်လင်ကျိုဆီက ဆက်ခံထားတာပဲ၊ မင်လင်ကျိုထဲက ဝိညာဉ်စွမ်းအင်က ဒီတိုက်ကြီးက ဝိညာဉ်စွမ်းအင်နဲ့မတူဘူး၊ အဲထဲမှာ မူလစွမ်းအင်ပါတယ်”
ထိုအချိန်တွင် ပေထင်းဟွမ် နားလည်သွားသည်။ မင်လင်ရှန်းသည် နတ်ဘုရားမှဆင်းသက်လာပြီး ပတ္တမြားကမ္ဘာမှ ဝိညာဉ်စွမ်းအင်သည် သူ့ဆီမှ လာခြင်းဖြစ်သည်။ ဓာတ်ဆီကို ကားမောင်းရန်အသုံးပြုပြီး မြေကြီးမှ ထွက်လာသည်မှာလည်း ဆီဖြစ်သည်။ သို့သော် ဆီမှဓာတ်ဆီကို ထုတ်ခြင်းဖြစ် သည်။ သဘာဝတရားအားဖြင့် ကွာခြားမှုမရှိပေ။
ထို့နောက် ယန်ယဲ့သည် ထိုစဉ်က မပြီးပြတ်သေးသည့် ဇာတ်လမ်းကို ဆက်ပြောလေသည် “ငါမှန်းတာမှန်ရင် ဒီအောက်ကဂူသင်္ချိုင်းက မင်လင်ရှန်း မြှုပ်ထားတဲ့နေရာဖြစ်မယ်၊ အဲတုန်းက နတ်မိစ္ဆာနတ်ဘုရားက သူ့ကိုယ်သူ ဖောက်ခွဲပြီးသေသွားခဲ့တယ်၊ လင်ရှန်းက အစကမလုပ်ခဲ့မိတာကို နောင်တရခဲ့ တာကိုသိလိုက်တယ်၊ သူ့ညီအရင်းနဲ့ အကျိုးအမြတ်ကြောင့် တစ်ယောက်နဲ့ တစ်ယောက်သတ်ခဲ့တာကို နောင်တရခဲ့တယ်၊ နတ်မိစ္ဆာဧကရာဇ်က သူ့လူတွေ ကို ဒီကိုပို့လိုက်တာကို သူမြင်လိုက်တယ်၊ အဲဒါကြောင့် ဒီကမ္ဘာကိုဖျက်ဆီးပြီး သူ့ညီနဲ့အတူမြှုပ်နှံချင်ခဲ့တာပဲ၊ သူက သူ့ဘဝတစ်ခုလုံးရင်းပြီး ဒီမင်လင်ကျိုထဲ ကို ပျော်ဝင်အောင် ကျင့်ကြံခဲ့တာပဲ”
ပေထင်းဟွမ်သည် အကြောထဲထိ ပုတီးစေ့ကို အလိုလိုသွားထိမိသည်။ ၎င်းသည် ပစ္စည်းကောင်းဟုဆိုသော်လည်း ထိုပုတီးစေ့ကို အနည်းငယ်ကြောက် မိသည်။ အဲဒါက အခွင့်ကောင်းယူပြီး မပြင်မဆင်ဖြစ်နေတဲ့သူမရဲ့ စွမ်းအင်ကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ။
“နောက်ကျဘာဖြစ်သွားလဲ” ပေထင်းဟွမ်သည် အလိုလိုမေးမိ၏။