နတ်အဆင့် ဒါပေမဲ့အချိန်လိုတယ်
Vol. 44 Ch. 866
ယန်ယဲ့၏အကြည့်သည် ပေထင်းဟွမ်၏ ဗိုက်အောက်ပိုင်းကိုငုံ့ကြည့်ပြီး အရိပ်တစ်ခုမြင်ယောင်လသဖြင့် လည်ချောင်းရှင်းပြီး ဆက်ပြောလေသည် “မင်လင်ရှန်းက ဒီပုတီးစေ့ကို လေဟာနယ်ထဲကိုပစ်ခဲ့တယ် ပြီးတော့ သူ့ကိုယ် သူ ဖောက်ခွဲပြီးအသေခံခဲ့တယ်၊ ကောင်းကင်နဲ့မြေကြီးကြားမှာ မှော်စွမ်းအင် ရော ဝိညာဉ်စွမ်းအင်ရောမရှိတော့တဲ့အချိန်ကျ ဖြည်းဖြည်းချင်း သေဆုံးသွားမှာ ပဲ၊ အချိန်မှီပဲ ကမ္ဘာမြေကြီးမိခင်ရောက်လာပြီး ဒီပုတီးစေ့ကို ဆွဲားခဲ့တယ်၊ သူမ က မင်လင်ကျိုထဲက ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး ကစဥ့်ကလျားနတ်အရင်း အမြစ်ထဲကို ထည့်ဖို့ပြင်ဆင်ခဲ့တယ်၊ အဲဒါကြောင့် ဒီကမ္ဘာက သူ့ဘာသာသူ ဖန်ဆင်းလိုက်တာနဲ့၊ အစ်ကိုကြီးနှစ်ယောက်လုံးရဲ့ သေဆုံးမှုက သူမကို တော်တော်ရိုက်ခတ်သွားတယ်၊ သူမက အစိတ်အပိုင်းသေးလေးတစ်ခုပဲ ပြီးမြောက်သွားတယ်၊ နောက်ဆုံးတော့ သူမကိုယ်သူမ ဖောက်ခွဲခဲ့တယ် သေဆုံးတဲ့အချိန်မှာလည်း သူမရဲ့အတွေးတွေရှင်းသွားတယ်”
မောင်နှမသုံးယောက်လုံး သေဆုံးသွားခဲ့သည်။ ၎င်းသည် ပတ္တမြားကမ္ဘာ ဖန်ဆင်းရေးနတ်ဘုရား၏ အဆုံးသတ်ပင်ဖြစ်သည်။ နတ်ဘုရားများပင် ကံကြမ္မာဆီမှ မလွတ်မြောက်နိုင်ဘဲ အဆုံးတွင် သေခြင်းတရားနှင့်ရင်ဆိုင်ခဲ့ရ သည်။
ပေထင်းဟွမ်သည် သူမအတွက် သက်ပြင်းပင်မချနိုင်ပေ။ သူမသည် အကြောထဲရှိ ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုစိတ်ပူကာ မင်လင်ကျိုကို မည်သို့သုံးရမည်ကို စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် နှစ်တစ်ဝက်လောက် ရတနာအဖြစ် သယ်သွားနေသည့် ကစဥ့်ကလျားနတ်အရင်းအမြစ်ပင်ဖြစ်၏။ ယခုချိန်ထိ ၎င်းကို သားရဲများကို ထိန်းကျောင်းရာနှင့် လေ့ကျင့်ရာတွင် အသုံးပြု သော်လည်း အားစိုက်မှုတစ်ဝက်သာထုတ်လိုက်သည်နှင့် ရလဒ်မှာ နှစ်ဆရ သည်။ ၎င်းသည် ကောင်းကင်ကိုဆန့်ကျင်နေပုံပေါက်သော်လည်း သူမ ဟွမ်ကျို့ကိုမြင်ပြီးကတည်းက၊ သူမတူသော ချပ်ဝတ်တန်ဆာအရည်အချင်းကို မြင်ပြီးနောက် ၎င်းသက်ရောက်မှု၏ တစ်ထောင်ပုံတစ်ပုံပင် မသုံးလိုက်ရသလို ပင်။
“ယဲ့ ကစဥ့်ကလျားနတ်အရင်းအမြစ်အကြောင်း ဘယ်လောက်သိလဲ” ပေထင်းဟွမ်သည် ယန်ယဲ့၏ ဝမ်းဗိုက်အောက်ကိုကြည့်လေသည် “နတ်မိစ္ဆာ နတ်ဘုရားကျန်းတန့်ကို ဘယ်လိုသွားဆွမိတာလဲ၊ အဲဒါက ဖန်ဆင်းရေးနတ် ဘုရားချန်ထားခဲ့တဲ့ဟာဆိုရင် အရည်အချင်းတော်တော် ထူးခြားမယ်လို့ထင် တယ်၊ ဒါပေမဲ့ အခုကစဥ့်ကလျားနတ်အရင်းအမြစ်အကြောင်း ဘာမှမသိသေး ဘူး”
ထိုအရာကို လူအများစောင့်ကြည့်နေတုန်းပင်ဖြစ်သည်။ သူမ၏ ခွန်အား သည် တစ်ရက်မျှမတိုးတက်လျှင် ကစဥ့်ကလျားနတ်အရင်းအမြစ်မှ အကျိုးအမြတ်ရမည်မဟုတ်ဘဲ နောက်ဆုံးတွင် သူမ သေဆုံးသွားမည်ဖြစ်၏။ ၎င်းသည် ပျော်ရွှင်ဖွယ်ရာပင်။
ယန်ယဲ့၏ခန္ဓာကိုယ်သည် နောက်သို့ဆုတ်သွားကာ သူ၏ဝမ်းဗိုက် အောက်ပိုင်းကို ပေထင်းဟွမ်စိုက်ကြည့်ချိန်တွင် ကြက်သီးထသွား၏။ သူသည် ပေထင်းဟွမ်အားရင်ခွင်ထဲဆွဲသွင်းပြီး ပြုံးကာပြောလိုက်သည် “မင်းပြောတာ ဟုတ်တယ်၊ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ဘယ်လိုသုံးရမလဲဆိုတာ မင်း လုပ်ရမယ့်အိမ်စာဖြစ်နိုင်တယ်၊ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကျွမ်းကျင် အောင်လုပ်ရမှာ မင်းအတွက် အခြေခံသဘောတရားပဲ၊ တခြားလုပ်ဆောင် ချက်တွေကို လှုံ့ဆော်ချင်ရင် အမွေဆက်ခံတာကို ပြီးမြောက်အောင်လုပ်ရမယ်၊ ဒါပေမဲ့ မင်း နတ်အဆင့်ရောက်ပြီးမှ ဒီအမွေကိုဆက်ခံလို့ရမှာ”
“နတ်အဆင့်ဟုတ်လား” ပေထင်းဟွမ်သည် သက်ပြင်းချလိုက်သည်။ ထိုသို့ဆိုလျှင် သူမသည် စောင့်ဆိုင်းရုံသာရှိမည်။ ယခုအခါ သူမသည် စောင့်မျှော်ရန် စိတ်ခွန်အားမရှိကာ ဤကမ္ဘာသို့ပထမဆုံးရောက်စဉ်ကအတိုင်း ခံဏားနေရသည်။ သူမအတွက်က နတ်ဘုရားအဆင့်သည် အချိန်လိုဦးမည်။
ရွှံ့နွံပြိုပျက်ကာ မြေပေါ်မှရေသည် မြင့်တက်လာသည်။ သန့်စင်သော ရွှံ့နွံနယ်မြေအနားတွင် နေထိုင်သည့် သားရဲများသည် အဆင့်မည်မျှပင် မြင့်စေ ကာမူ သူတို့ မည်မျှပင် အားကောင်းစေကာမူ ဤကပ်ဘေးမှလွတ်မြောက်ရန် ပြန့်ကျဲသွားလေသည်။
“မြန်မြန် မြန်မြန် ဒီလူရောက်လာပြန်ပြီ သူက ဆူဆူညံညံတွေလုပ်မလို့ပဲ ဖြစ်မယ်”
“ဘုရားရေ သူက ဘာလို့သုံးရက်တစ်ခါ ဒီကိုလာနေတာလဲ၊ ငါသွားတော့ မယ် ဒီမှာအသေမခံနိုင်ဘူး”
“ထူးဆန်းလိုက်တာ သန့်စင်တဲ့ရွှံ့နွံနယ်မြေမှာ ပြဿနာရှိတဲ့အချိန်တိုင်း မြူခိုးမည်းနေရာက ဘာလို့ ဘာမှမဖြစ်တာလဲ”
ဝိညာဉ်ခွဲချောက်အတွင်းပိုင်းတွင် အဆင့်မြင့်သောသားရဲ အများစုရှိ၏။ ထိုသားရဲများသည် တစ်ကောင်နှင့်တစ်ကောင်တွေ့သည်နှင့် ကိုက်တိုက်ကြပြီး ကပ်ဘေးနှင့်ရင်ဆိုင်ရသည့်အခါ အတူတကွထွက်ပြေးသည်မှာရှားပါးလှသည်။ သို့သော် ဤအခိုက်အတန့်တွင် မျက်လုံးတစ်စုံသည် ထိုလူများကို စိုက်ကြည့် နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အဆင့်မြင့်သားရဲများသည် ဝိညာဉ်ခွဲချောက်မှထွက်သွားလျှင် အပြင်တွင် မည်သို့သောသက်ရောက်မှုနှင့်တွေ့မည်ကို မသိကြပေ။ ၎င်းသည် တွေးကြည့် ရန်ခက်ခဲလှသည်။
ကောင်းကင်ပေါ်မှ မရေမတွက်နိုင်သော ငွေရောင်ဓားပျော့များဝန်းရံကာ အရိပ်မည်းတစ်ခုဆင်းသက်လာကာ မြေပေါ်တွင်ပြေးလွှားနေသော သားရဲများ ဆီသို့ ရိုက်ချလေသည် “ဘယ်ပြေးကြမလို့လဲ”